တက်စလာကုမ္ပဏီ ဒေဝါလီခံရဖွယ်ရှိသည်ကို စိုးရိမ်ဟု ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် အမေရိကန်သူဋ္ဌေးကြီး အီလွန်မတ်ပြော

1282

Htay Oung (NP News) - ဇွန် ၂၅
တက်စ်လာအနေနဲ့ ကုမ္ပဏီရဲ့ စက်ရုံသစ်များ၊ ထောက်ပံ့ရေးကွင်းဆက်ပြဿနာများနဲ့ COVID ကပ်ရောဂါ တားဆီးရေး လော့ခ်ဒေါင်းသတ်မှတ်မှုများကြောင့် ဒေါ်လာဘီလျံပေါင်းများစွာ ဆုံးရှုံးနေရကြောင်း စီးပွားရေး လုပ်ငန်းတစ်ခုလုံး ဒေဝါလီခံရဖွယ် အလားအလာများကို အမှုဆောင်အရာရှိချုပ် အီလွန်မတ်က မကြာသေးမီအင်တာဗျူးတစ်ခုမှာ ပြောပြတယ်လို့ CNN က ယနေ့(ဇွန်လ ၂၅ ရက်)မှာရေးသားပါတယ်။
"လွန်ခဲ့တဲ့ နှစ်နှစ်ဟာ ထောက်ပံ့ရေးကွင်းဆက်ပြတ်တောက်မှုရဲ့ အိပ်မက်ဆိုးတစ်ခုပါပဲ၊ လာလိုက်တဲ့ ပြဿနာ တစ်ခု ပြီးတစ်ခုပါ။ ကျွန်တော်တို့က အဲ့ဒါတွေကို မရှင်းနိုင်သေးဘူး၊ စက်ရုံတွေ လည်ပတ်နေဖို့နဲ့ ဒေဝါလီမခံယူပဲ လူတွေကို ပိုက်ဆံဘယ်လို ပေးနိုင်မလဲဆိုတာ စိတ်မှာ အမြဲလွှမ်းမိုးနေတယ်”ဟု တက်စ်လာပိုင်ရှင်များအုပ်စုနဲ့ အင်တာဗျူးမှာ မတ်က ရှင်းပြပါတယ်။
ထောက်ပံ့ရေးကွင်းဆက်ပြဿနာဟာ ဂျာမနီနဲ့ အမေရိကန် တက္ကဆက်မှာရှိတဲ့ တက်စ်လာစက်ရုံတွေကို ထိခိုက်စေတယ်လို့ မတ်က ဆိုပါတယ်။ အင်တာဗျူးမှာ သူပြောတာက အတိသယဝုတ္တိ အလွန်အကျူး သဘောဆောင်နေပြီး ဒေဝါလီခံရတဲ့အထိ အန္တရာယ်ရှိနေတယ်လို့ ရည်ညွှန်းထားပါတယ်။ ဥပမာ ယေဘုယျအားဖြင့် ကားထုတ်လုပ်သူတွေ အနေနဲ့ ဘဏ္ဍာရေးဆိုင်ရာအကျပ်အတည်းတွေ့နေရကြောင်း ပေါ်လွင်ထင်ရှားအောင် ပြောဖို့ထက် ကြံမိကြံရာ ဒေဝါလီ ခံဖို့ ရောက်နေပါတယ်။
သို့သော် ဘဏ္ဍာရေးအရပြောရလျှင် ကုမ္ပဏီအနေနဲ့ နှစ်နှစ်ကျော်အတွင်း အခက်ခဲဆုံး သုံးလပတ်ရဲ့ အဆုံးကို ရောက်ရှိ လာတော့မှာ ဖြစ်ပါတယ်။
တရုတ် ရှန်ဟိုင်းမှာရှိတဲ့ တက်စ်လာစက်ရုံဟာ မြို့တော်မှာ COVID ကပ်ရောဂါနဲ့ ပတ်သက်ပြီး လော့ဒေါင်းချမှတ် မှုများကြောင့် ရက်သတ္တပတ်အတော်များများ ပိတ်ထားခဲ့ရပါတယ်။ ဒီအတွက် ဂျာမနီနဲ့ တက္ကဆက်မှာရှိတဲ့ စက်ရုံနှစ်ရုံမှာ သုံးလပတ်ထုတ်ကုန်အတွက် ထောက်ပံ့ရေးကွင်းဆက်ပြဿနာတက်ပြီး ကုမ္ပဏီကို ဒေါ်လာဘီလျံနဲ့ချီပြီး အရှုံးပေါ်စေတယ်လို့ မတ်က ထုတ်ဖော်ပြောဆိုပါတယ်။
လူသိများထင်ရှားသူ အမှုဆောင်အရာရှိချုပ်ဟာ ကုမ္ပဏီ ဒေဝါလီခံနိုင်ခြေရှိကြောင်း မကြာသေးခင် က လူတွေ့မေးမြန်းမှုမှာ ပြောဆိုခဲ့ပါသေးတယ်။ အဲ့ဒါတွေအားလုံး မကြာခင်ပြေလည်သွားမှာပါလို့ မေလ ၃၁ ရက်က ပြောခဲ့တာဖြစ်ပြီး ပြေလည်ခြင်း ရှိ၊ မရှိ ယခုအင်တာဗျူးမတိုင်ခင် ဗုဒ္ဓဟူးနေ့(ဇွန်လ ၂၂ ရက်)နှောင်းပိုင်းအထိ ရှင်းပြခဲ့တာ မရှိခဲ့ပါဘူး။
တက်စ်လာအပေါ် ပျစ်ပျစ်နှစ်နှစ်ဝေဖန်လေ့ရှိသူတစ်ဦးကဆိုလျှင် ကုမ္ပဏီအနေနဲ့ အများစု ထင်မှတ်နေ ကြတာထက် ပိုမိုကြီးမားတဲ့ ငွေကြေးပြဿနာများနဲ့ ရင်ဆိုင်ရတယ်လို့ မြင်ပါတယ်။ “ သူတို့အတွက် တကယ့်အန္တရာယ်က ဒေဝါလီ ခံရမယ့် အခြေဆိုက်နေတာပါဘဲ” လို့ ဂျီအယ်လ်ဂျေသုတေသနဋ္ဌာန လေ့လာသူတစ်ဦးက CNN ကို ပြောပြပါတယ်။
"ဘာကြောင့်လဲဆိုတော့ သူတို့ငွေအမြောက်အများဟာ တရုတ်နိုင်ငံမှာ ပိတ်လှောင်မိနေတယ်။ တရုတ်ပြည်မှာ ကုမ္ပဏီ မရောက်ခင်တုန်းက အမြတ်အစွန်း မရရှိခဲ့ဘဲ နိုင်ငံတွင်းက ရရှိတဲ့ ဒေါ်လာတွေကို တရုတ်က ပြန်ပို့ခွင့်မပေးတာဟာ တက်စ်လာအတွက် တကယ့်ပြဿနာတစ်ခု ဖြစ်နေပါတယ်”လို့ ဆိုပါတယ်။
ကုမ္ပဏီရဲ့ လျှပ်စစ်မော်တော်ကား မိုဒယ်- အက်စ်အတွက် စူပါချာဂျင်စတေရှင်တွေဖွင့်ဖို့ တက်စ်လာမှာ ရင်းနှီးမြှုပ်နှံ နေရပါသေးတယ်။ ကုမ္ပဏီဝန်ထမ်းတွေရဲ့ လစာမှာ ၁ဝ ရာခိုင်နှုန်း ဖြတ်တောက်လိုက်ရတာဟာ အဲ့ဒီပြဿနာကို ညွှန်ပြနေပြီး နာရီအလိုက် ထုတ်လုပ်ရေးလုပ်သားများကို ဆက်လက်ငှားရမ်းနေရတာဟာ နောက်ထပ်ပြဿနာ ရှိနေသေးကြောင်း အရိပ်လက္ခဏာ ပြနေသလိုပါဘဲလို့ လေ့လာသူက ထောက်ပြပါတယ်။
ဒါပေမယ့် ဝန်ထမ်းတွေရဲ့ လစာမှာ ဖြတ်တောက်တဲ့ ကုမ္ပဏီအများစုဟာ ဒေဝါလီခံဖို့အထိ နီးနီးကပ်ကပ် ရောက်လေ့ မရှိပါဘူး။ ကမ္ဘာတစ်ဝှမ်းလုံးမှာရှိတဲ့ အခြားထုတ်လုပ်သူအများစုတို့ဟာ ထောက်ပံ့ရေးကွင်းဆက် ပြဿနာများနဲ့ ရပ်တန့်နေကြပေမဲ့ တက်စ်လာကတော့ အမြတ်အစွန်းတွေ ဆက်လက်ရရှိနေလိမ့်မယ်လို့ အခြားလေ့လာသုံးသပ်သူအားလုံး နီးပါးက ခန့်မှန်းခဲ့ကြပါတယ်။
ကိုဗစ်ကာလ အကျပ်အတည်းများမှ ပြန်လည်ထူထောင်ဖို့ ကြိုးစားနေတဲ့ ကွန်ပျူတာ မက္ကရိုချစ်ပ်ထုတ်လုပ်သူတွေဟာ ရုရှားက သူ့ရဲ့ ရှားပါးဓါတ်ငွေ့တင်ပို့မှုကို ကန့်သတ်လိုက်တဲ့ အခက်အခဲနဲ့ ရင်ဆိုင်နေရပါတယ်။ နီယွန်နဲ့ အာဂွန်တို့လို့ ရှားပါးဓါတ်ငွေ့ သုံးမျိုးရဲ ပြည်ပတင်ပို့မှု့ကို မော်စကိုက တားဆီးကန့်သတ်လိုက်ကြောင်း TASS သတင်းဌာန အဆိုအရ သိရပါတယ်။ ဒီအတွက် ဆီမီးကွန် ဒတ်တာထုတ်လုပ်သူတွေရဲ့ အခက်အခဲဟာ တက်စ်လာလို လျှပ်စစ်မော်တော်ကား ထုတ်လုပ်သူအတွက် ထောက်ပံ့ရေးကွင်းဆက်ပြတ်တောက်မှု ပြဿနာဖြစ်လာရပါတယ်။
ဆုံးရှုံးယုံကလွဲပြီး ဘာမျှမရှိလို့ နှစ်ပေါင်းများစွာ သတင်းထွက်ပေါ်ခဲ့တဲ့ တတ်စ်လာဟာ ၂ဝ၁၈ ခုနှစ် နှောင်းပိုင်းကတည်းက အမြတ်အစွန်းရရှိခဲ့တာပါ။ လွန်ခဲ့တဲ့ နှစ်နှစ် ယခင်ကာလများနှင့် နှိုင်းယှဉ်ပါက သုံးလတစ်ကြိမ် အမြတ်အစွန်းများ တိုးလာကြောင်း ကုမ္ပဏီက အစီရင်ခံခဲ့ဖူးပါတယ်။ ဆက်တိုက် မြင့်တက်လာတဲ့ အမြတ်အစွန်းတွေဟာ မကြာမီ အဆုံးသတ်တော့မှာဖြစ်ကြောင်း ထင်ရှားပါတယ်။
နှစ်စကတည်းက သုံးပုံတစ်ပုံနီးပါး ကျဆင်းခဲ့တဲ့ တက်စ်လာရဲ့ အစုရှယ်ယာတွေဟာ ကြာသပတေးနေ့ (ဇွန်လ ၂၃ ရက်)နေ့လယ်ပိုင်း အရောင်းအဝယ်မှာ အကြမ်းဖျင်း (၂) ရာခိုင်နှုန်း ထပ်မံကျဆင်းသွားခဲ့ကြောင်း တွေ့ရှိရပါတယ်။
https://www.business-standard.com/article/international/elon-musk-says-he-s-worried-about-keeping-tesla-out-of-bankruptcy-122062401267_1.html
https://www.dw.com/en/russian-sanctions-and-the-global-supply-chain/av-61210646
https://www.cnn.com/2022/06/17/tech/russia-noble-gases-exports-semiconductors/index.html
https://edition.cnn.com/2022/06/17/tech/russia-noble-gases-exports-semiconductors/index.html

zawgyi version
တက္စလာကုမၸဏီ ေဒဝါလီခံရဖြယ္ရွိသည္ကို စိုးရိမ္ဟု ကမာၻ႔အခ်မ္းသာဆုံးပုဂၢိဳလ္ အေမရိကန္သူေ႒းႀကီး အီလြန္မတ္ေျပာ
Htay Oung (NP News) - ဇြန္ ၂၅
တက္စ္လာအေနနဲ႔ ကုမၸဏီရဲ႕ စက္႐ုံသစ္မ်ား၊ ေထာက္ပံ့ေရးကြင္းဆက္ျပႆနာမ်ားနဲ႔ COVID ကပ္ေရာဂါ တားဆီးေရး ေလာ့ခ္ေဒါင္းသတ္မွတ္မႈမ်ားေၾကာင့္ ေဒၚလာဘီလ်ံေပါင္းမ်ားစြာ ဆုံးရႈံးေနရေၾကာင္း စီးပြားေရး လုပ္ငန္းတစ္ခုလုံး ေဒဝါလီခံရဖြယ္ အလားအလာမ်ားကို အမႈေဆာင္အရာရွိခ်ဳပ္ အီလြန္မတ္က မၾကာေသးမီအင္တာဗ်ဴးတစ္ခုမွာ ေျပာျပတယ္လို႔ CNN က ယေန႔(ဇြန္လ ၂၅ ရက္)မွာေရးသားပါတယ္။
"လြန္ခဲ့တဲ့ ႏွစ္ႏွစ္ဟာ ေထာက္ပံ့ေရးကြင္းဆက္ျပတ္ေတာက္မႈရဲ႕ အိပ္မက္ဆိုးတစ္ခုပါပဲ၊ လာလိုက္တဲ့ ျပႆနာ တစ္ခု ၿပီးတစ္ခုပါ။ ကြၽန္ေတာ္တို႔က အဲ့ဒါေတြကို မရွင္းႏိုင္ေသးဘူး၊ စက္႐ုံေတြ လည္ပတ္ေနဖို႔နဲ႔ ေဒဝါလီမခံယူပဲ လူေတြကို ပိုက္ဆံဘယ္လို ေပးႏိုင္မလဲဆိုတာ စိတ္မွာ အၿမဲလႊမ္းမိုးေနတယ္”ဟု တက္စ္လာပိုင္ရွင္မ်ားအုပ္စုနဲ႔ အင္တာဗ်ဴးမွာ မတ္က ရွင္းျပပါတယ္။
ေထာက္ပံ့ေရးကြင္းဆက္ျပႆနာဟာ ဂ်ာမနီနဲ႔ အေမရိကန္ တကၠဆက္မွာရွိတဲ့ တက္စ္လာစက္႐ုံေတြကို ထိခိုက္ေစတယ္လို႔ မတ္က ဆိုပါတယ္။ အင္တာဗ်ဴးမွာ သူေျပာတာက အတိသယဝုတၱိ အလြန္အက်ဴး သေဘာေဆာင္ေနၿပီး ေဒဝါလီခံရတဲ့အထိ အႏၲရာယ္ရွိေနတယ္လို႔ ရည္ၫႊန္းထားပါတယ္။ ဥပမာ ေယဘုယ်အားျဖင့္ ကားထုတ္လုပ္သူေတြ အေနနဲ႔ ဘ႑ာေရးဆိုင္ရာအက်ပ္အတည္းေတြ႕ေနရေၾကာင္း ေပၚလြင္ထင္ရွားေအာင္ ေျပာဖို႔ထက္ ႀကံမိႀကံရာ ေဒဝါလီ ခံဖို႔ ေရာက္ေနပါတယ္။
သို႔ေသာ္ ဘ႑ာေရးအရေျပာရလွ်င္ ကုမၸဏီအေနနဲ႔ ႏွစ္ႏွစ္ေက်ာ္အတြင္း အခက္ခဲဆုံး သုံးလပတ္ရဲ႕ အဆုံးကို ေရာက္ရွိ လာေတာ့မွာ ျဖစ္ပါတယ္။
တ႐ုတ္ ရွန္ဟိုင္းမွာရွိတဲ့ တက္စ္လာစက္႐ုံဟာ ၿမိဳ႕ေတာ္မွာ COVID ကပ္ေရာဂါနဲ႔ ပတ္သက္ၿပီး ေလာ့ေဒါင္းခ်မွတ္ မႈမ်ားေၾကာင့္ ရက္သတၱပတ္အေတာ္မ်ားမ်ား ပိတ္ထားခဲ့ရပါတယ္။ ဒီအတြက္ ဂ်ာမနီနဲ႔ တကၠဆက္မွာရွိတဲ့ စက္႐ုံႏွစ္႐ုံမွာ သုံးလပတ္ထုတ္ကုန္အတြက္ ေထာက္ပံ့ေရးကြင္းဆက္ျပႆနာတက္ၿပီး ကုမၸဏီကို ေဒၚလာဘီလ်ံနဲ႔ခ်ီၿပီး အရႈံးေပၚေစတယ္လို႔ မတ္က ထုတ္ေဖာ္ေျပာဆိုပါတယ္။
လူသိမ်ားထင္ရွားသူ အမႈေဆာင္အရာရွိခ်ဳပ္ဟာ ကုမၸဏီ ေဒဝါလီခံႏိုင္ေျခရွိေၾကာင္း မၾကာေသးခင္ က လူေတြ႕ေမးျမန္းမႈမွာ ေျပာဆိုခဲ့ပါေသးတယ္။ အဲ့ဒါေတြအားလုံး မၾကာခင္ေျပလည္သြားမွာပါလို႔ ေမလ ၃၁ ရက္က ေျပာခဲ့တာျဖစ္ၿပီး ေျပလည္ျခင္း ရွိ၊ မရွိ ယခုအင္တာဗ်ဴးမတိုင္ခင္ ဗုဒၶဟူးေန႔(ဇြန္လ ၂၂ ရက္)ေႏွာင္းပိုင္းအထိ ရွင္းျပခဲ့တာ မရွိခဲ့ပါဘူး။
တက္စ္လာအေပၚ ပ်စ္ပ်စ္ႏွစ္ႏွစ္ေဝဖန္ေလ့ရွိသူတစ္ဦးကဆိုလွ်င္ ကုမၸဏီအေနနဲ႔ အမ်ားစု ထင္မွတ္ေန ၾကတာထက္ ပိုမိုႀကီးမားတဲ့ ေငြေၾကးျပႆနာမ်ားနဲ႔ ရင္ဆိုင္ရတယ္လို႔ ျမင္ပါတယ္။ “ သူတို႔အတြက္ တကယ့္အႏၲရာယ္က ေဒဝါလီ ခံရမယ့္ အေျခဆိုက္ေနတာပါဘဲ” လို႔ ဂ်ီအယ္လ္ေဂ်သုေတသန႒ာန ေလ့လာသူတစ္ဦးက CNN ကို ေျပာျပပါတယ္။
"ဘာေၾကာင့္လဲဆိုေတာ့ သူတို႔ေငြအေျမာက္အမ်ားဟာ တ႐ုတ္ႏိုင္ငံမွာ ပိတ္ေလွာင္မိေနတယ္။ တ႐ုတ္ျပည္မွာ ကုမၸဏီ မေရာက္ခင္တုန္းက အျမတ္အစြန္း မရရွိခဲ့ဘဲ ႏိုင္ငံတြင္းက ရရွိတဲ့ ေဒၚလာေတြကို တ႐ုတ္က ျပန္ပို႔ခြင့္မေပးတာဟာ တက္စ္လာအတြက္ တကယ့္ျပႆနာတစ္ခု ျဖစ္ေနပါတယ္”လို႔ ဆိုပါတယ္။
ကုမၸဏီရဲ႕ လွ်ပ္စစ္ေမာ္ေတာ္ကား မိုဒယ္- အက္စ္အတြက္ စူပါခ်ာဂ်င္စေတရွင္ေတြဖြင့္ဖို႔ တက္စ္လာမွာ ရင္းႏွီးျမႇဳပ္ႏွံ ေနရပါေသးတယ္။ ကုမၸဏီဝန္ထမ္းေတြရဲ႕ လစာမွာ ၁ဝ ရာခိုင္ႏႈန္း ျဖတ္ေတာက္လိုက္ရတာဟာ အဲ့ဒီျပႆနာကို ၫႊန္ျပေနၿပီး နာရီအလိုက္ ထုတ္လုပ္ေရးလုပ္သားမ်ားကို ဆက္လက္ငွားရမ္းေနရတာဟာ ေနာက္ထပ္ျပႆနာ ရွိေနေသးေၾကာင္း အရိပ္လကၡဏာ ျပေနသလိုပါဘဲလို႔ ေလ့လာသူက ေထာက္ျပပါတယ္။
ဒါေပမယ့္ ဝန္ထမ္းေတြရဲ႕ လစာမွာ ျဖတ္ေတာက္တဲ့ ကုမၸဏီအမ်ားစုဟာ ေဒဝါလီခံဖို႔အထိ နီးနီးကပ္ကပ္ ေရာက္ေလ့ မရွိပါဘူး။ ကမာၻတစ္ဝွမ္းလုံးမွာရွိတဲ့ အျခားထုတ္လုပ္သူအမ်ားစုတို႔ဟာ ေထာက္ပံ့ေရးကြင္းဆက္ ျပႆနာမ်ားနဲ႔ ရပ္တန႔္ေနၾကေပမဲ့ တက္စ္လာကေတာ့ အျမတ္အစြန္းေတြ ဆက္လက္ရရွိေနလိမ့္မယ္လို႔ အျခားေလ့လာသုံးသပ္သူအားလုံး နီးပါးက ခန႔္မွန္းခဲ့ၾကပါတယ္။
ကိုဗစ္ကာလ အက်ပ္အတည္းမ်ားမွ ျပန္လည္ထူေထာင္ဖို႔ ႀကိဳးစားေနတဲ့ ကြန္ပ်ဴတာ မကၠ႐ိုခ်စ္ပ္ထုတ္လုပ္သူေတြဟာ ႐ုရွားက သူ႔ရဲ႕ ရွားပါးဓါတ္ေငြ႕တင္ပို႔မႈကို ကန႔္သတ္လိုက္တဲ့ အခက္အခဲနဲ႔ ရင္ဆိုင္ေနရပါတယ္။ နီယြန္နဲ႔ အာဂြန္တို႔လို႔ ရွားပါးဓါတ္ေငြ႕ သုံးမ်ိဳးရဲ ျပည္ပတင္ပို႔မႈ႕ကို ေမာ္စကိုက တားဆီးကန႔္သတ္လိုက္ေၾကာင္း TASS သတင္းဌာန အဆိုအရ သိရပါတယ္။ ဒီအတြက္ ဆီမီးကြန္ ဒတ္တာထုတ္လုပ္သူေတြရဲ႕ အခက္အခဲဟာ တက္စ္လာလို လွ်ပ္စစ္ေမာ္ေတာ္ကား ထုတ္လုပ္သူအတြက္ ေထာက္ပံ့ေရးကြင္းဆက္ျပတ္ေတာက္မႈ ျပႆနာျဖစ္လာရပါတယ္။
ဆုံးရႈံးယုံကလြဲၿပီး ဘာမွ်မရွိလို႔ ႏွစ္ေပါင္းမ်ားစြာ သတင္းထြက္ေပၚခဲ့တဲ့ တတ္စ္လာဟာ ၂ဝ၁၈ ခုႏွစ္ ေႏွာင္းပိုင္းကတည္းက အျမတ္အစြန္းရရွိခဲ့တာပါ။ လြန္ခဲ့တဲ့ ႏွစ္ႏွစ္ ယခင္ကာလမ်ားႏွင့္ ႏႈိင္းယွဥ္ပါက သုံးလတစ္ႀကိမ္ အျမတ္အစြန္းမ်ား တိုးလာေၾကာင္း ကုမၸဏီက အစီရင္ခံခဲ့ဖူးပါတယ္။ ဆက္တိုက္ ျမင့္တက္လာတဲ့ အျမတ္အစြန္းေတြဟာ မၾကာမီ အဆုံးသတ္ေတာ့မွာျဖစ္ေၾကာင္း ထင္ရွားပါတယ္။
ႏွစ္စကတည္းက သုံးပုံတစ္ပုံနီးပါး က်ဆင္းခဲ့တဲ့ တက္စ္လာရဲ႕ အစုရွယ္ယာေတြဟာ ၾကာသပေတးေန႔ (ဇြန္လ ၂၃ ရက္)ေန႔လယ္ပိုင္း အေရာင္းအဝယ္မွာ အၾကမ္းဖ်င္း (၂) ရာခိုင္ႏႈန္း ထပ္မံက်ဆင္းသြားခဲ့ေၾကာင္း ေတြ႕ရွိရပါတယ္။
https://www.business-standard.com/article/international/elon-musk-says-he-s-worried-about-keeping-tesla-out-of-bankruptcy-122062401267_1.html
https://www.dw.com/en/russian-sanctions-and-the-global-supply-chain/av-61210646
https://www.cnn.com/2022/06/17/tech/russia-noble-gases-exports-semiconductors/index.html
https://edition.cnn.com/2022/06/17/tech/russia-noble-gases-exports-semiconductors/index.html