နိုင်ငံတစ်ဝန်းတွင် ကျောက်မျက်လုပ်ငန်းလိုင်စင် (၅၇၀၀)နီးပါးထုတ်ပေးထား

 113

ပြည့်ဖြိုး (NP News) - ဇွန် ၂၀

တစ်နိုင်ငံလုံးအတိုင်းအတာအရ ကျောက်မျက်ရတနာလုပ်ငန်းနှင့် သက်ဆိုင်သည့် လုပ်ငန်းလိုင်စင်ပေါင်း (၅၇၀၀)နီးပါးကို ခွင့်ပြုထုတ်ပေးထားပြီးဖြစ်ကြောင်း မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်းမှ သိရသည်။

လက်ရှိတွင် ကျောက်မျက်ရတနာရောင်းဝယ်ခြင်း လုပ်ငန်းဆောင်ရွက်လိုသူများအနေဖြင့် မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်းရုံးချုပ် (နေပြည်တော်)၊ ရန်ကုန်၊ မန္တလေး၊ မြစ်ကြီးနားနှင့် မိုင်းရှူးမြို့တို့ရှိ မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်းရုံးခွဲများတွင် လုပ်ငန်းလိုင်စင်များ လျှောက်ထားနိုင်ကြောင်း သိရသည်။

“ကျွန်တော်တို့ အခုထိတော့ သက်တမ်းရှိ လိုင်စင်ပေါ့၊ မြန်မာတစ်နိုင်ငံလုံးအနေနဲ့ ၅၆၈၇ ခုကို ခွင့်ပြုထုတ်ပေးထားပြီး ဖြစ်ပါတယ်။ အသက် ၁၈ နှစ်ပြည့်ပြီးတဲ့ မြန်မာနိုင်ငံသား မည်သူမဆို မိမိတို့ဆောင်ရွက်လိုတဲ့ လုပ်ငန်းအလိုက် လိုင်စင်တွေကို လျှောက်ထားရယူနိုင်ပါတယ်” ဟု မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ကျောက်မျက်လုပ်ငန်းအတွက် လိုင်စင်ကို (၃)မျိုးထုတ်ပေးလျက်ရှိပြီး အဆိုပါ လိုင်စင်များမှာ ကျောက်မျက်ရတနာများကို ရတနာဆိုင်ဖွင့်၍ ရောင်းဝယ်လိုပါက ကျောက်မျက်ရတနာအချောထည်နှင့် လက်ဝတ်ရတနာ ရောင်းဝယ်ခြင်း လုပ်ငန်းလိုင်စင်(ရတနာဆိုင်လိုင်စင်) ၊ ကျောက်မျက်ရတနာများကို အချောထည်ပြုလုပ်ခြင်းအတွက် ကျောက်မျက်ရတနာ အချောထည်နှင့် ရုပ်တုရုပ်ကြွင်းပြုလုပ်ခြင်းလုပ်ငန်း လိုင်စင်၊ ကျောက်မျက်ရတနာအရိုင်း၊ အချောများရောင်းဝယ်ခြင်းလုပ်ငန်းလိုင်စင်တို့ဖြစ်ကြောင်း သိရသည်။

အထက်ပါ လိုင်စင်(၃)မျိုးအနက် တစ်မျိုးမျိုးကိုလျှောက်ထားပါက လိုင်စင်သက်တမ်းအနေဖြင့် တစ်နှစ်သက်တမ်း ခွင့်ပြုပေးနေပြီး သက်တမ်းမကုန်မီ (၃)လအလိုတွင် သက်တမ်းတိုးနိုင်ကြောင်းလည်း သိရသည်။

zawgyi version
ႏိုင္ငံတစ္ဝန္းတြင္ ေက်ာက္မ်က္လုပ္ငန္းလိုင္စင္ (၅၇၀၀)နီးပါးထုတ္ေပးထား
ျပည့္ၿဖိဳး (NP News) - ဇြန္ ၂၀

တစ္ႏိုင္ငံလုံးအတိုင္းအတာအရ ေက်ာက္မ်က္ရတနာလုပ္ငန္းႏွင့္ သက္ဆိုင္သည့္ လုပ္ငန္းလိုင္စင္ေပါင္း (၅၇၀၀)နီးပါးကို ခြင့္ျပဳထုတ္ေပးထားၿပီးျဖစ္ေၾကာင္း ျမန္မာ့ေက်ာက္မ်က္ရတနာေရာင္းဝယ္ေရးလုပ္ငန္းမွ သိရသည္။

လက္ရွိတြင္ ေက်ာက္မ်က္ရတနာေရာင္းဝယ္ျခင္း လုပ္ငန္းေဆာင္႐ြက္လိုသူမ်ားအေနျဖင့္ ျမန္မာ့ေက်ာက္မ်က္ရတနာ ေရာင္းဝယ္ေရးလုပ္ငန္း႐ုံးခ်ဳပ္ (ေနျပည္ေတာ္)၊ ရန္ကုန္၊ မႏၲေလး၊ ျမစ္ႀကီးနားႏွင့္ မိုင္းရႉးၿမိဳ႕တို႔ရွိ ျမန္မာ့ေက်ာက္မ်က္ရတနာ ေရာင္းဝယ္ေရးလုပ္ငန္း႐ုံးခြဲမ်ားတြင္ လုပ္ငန္းလိုင္စင္မ်ား ေလွ်ာက္ထားႏိုင္ေၾကာင္း သိရသည္။

“ကြၽန္ေတာ္တို႔ အခုထိေတာ့ သက္တမ္းရွိ လိုင္စင္ေပါ့၊ ျမန္မာတစ္ႏိုင္ငံလုံးအေနနဲ႔ ၅၆၈၇ ခုကို ခြင့္ျပဳထုတ္ေပးထားၿပီး ျဖစ္ပါတယ္။ အသက္ ၁၈ ႏွစ္ျပည့္ၿပီးတဲ့ ျမန္မာႏိုင္ငံသား မည္သူမဆို မိမိတို႔ေဆာင္႐ြက္လိုတဲ့ လုပ္ငန္းအလိုက္ လိုင္စင္ေတြကို ေလွ်ာက္ထားရယူႏိုင္ပါတယ္” ဟု ျမန္မာ့ေက်ာက္မ်က္ရတနာေရာင္းဝယ္ေရးလုပ္ငန္းမွ တာဝန္ရွိသူတစ္ဦးကေျပာသည္။

ေက်ာက္မ်က္လုပ္ငန္းအတြက္ လိုင္စင္ကို (၃)မ်ိဳးထုတ္ေပးလ်က္ရွိၿပီး အဆိုပါ လိုင္စင္မ်ားမွာ ေက်ာက္မ်က္ရတနာမ်ားကို ရတနာဆိုင္ဖြင့္၍ ေရာင္းဝယ္လိုပါက ေက်ာက္မ်က္ရတနာအေခ်ာထည္ႏွင့္ လက္ဝတ္ရတနာ ေရာင္းဝယ္ျခင္း လုပ္ငန္းလိုင္စင္(ရတနာဆိုင္လိုင္စင္) ၊ ေက်ာက္မ်က္ရတနာမ်ားကို အေခ်ာထည္ျပဳလုပ္ျခင္းအတြက္ ေက်ာက္မ်က္ရတနာ အေခ်ာထည္ႏွင့္ ႐ုပ္တု႐ုပ္ႂကြင္းျပဳလုပ္ျခင္းလုပ္ငန္း လိုင္စင္၊ ေက်ာက္မ်က္ရတနာအ႐ိုင္း၊ အေခ်ာမ်ားေရာင္းဝယ္ျခင္းလုပ္ငန္းလိုင္စင္တို႔ျဖစ္ေၾကာင္း သိရသည္။

အထက္ပါ လိုင္စင္(၃)မ်ိဳးအနက္ တစ္မ်ိဳးမ်ိဳးကိုေလွ်ာက္ထားပါက လိုင္စင္သက္တမ္းအေနျဖင့္ တစ္ႏွစ္သက္တမ္း ခြင့္ျပဳေပးေနၿပီး သက္တမ္းမကုန္မီ (၃)လအလိုတြင္ သက္တမ္းတိုးႏိုင္ေၾကာင္းလည္း သိရသည္။

Related news

© 2021. All rights reserved.