စစ်ကိုင်းတိုင်း၊ ချောင်ဦးမြို့နယ်ရှိနေအိမ်များပေါ်သို့ လက်လုပ်စိန်ပြောင်းများ ကျရောက်ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး (၂)ဦးသေဆုံး

1404

NP News - ဇွန် ၂၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်၊ တမာမြိုင်ရပ်ကွက်ရှိ လူနေ အိမ်များပေါ်သို့ လက်လုပ်စိန်ပြောင်းကျည်များ ကျရောက်ပေါက်ကွဲခဲ့ခြင်းကြောင့် အမျိုးသမီး(၂)ဦးသေဆုံးခဲ့ပြီး အမျိုးသား(၂)ဦးနှင့်အမျိုး သမီးတစ်ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း နစက၏ ဇွန်လ(၂၄)ရက်ညပိုင်ထုတ်ပြန်ချက်အရသိရသည်။
အဆိုပါဖြစ်စဉ်သည် ဇွန်လ ၂၃ ရက်၊ ည ၉ နာရီ ၁၅ မိနစ်အချိန်တွင် ဖြစ် ပွားခဲ့ခြင်းဖြစ်ပြီး လက်နက်ကိုင်ဆောင်ထားသည့် အဖွဲ့တစ်ဖွဲ့မှချောင်း ဦးတောင်ရပ်ကွက်၊ ချောင်းဦး-အမြင့်လမ်းဆုံဘက်မှနေ၍ ချောင်းဦးမြို့ တွင်းသို့ လက်လုပ်စိန်ပြောင်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းကြောင့်စစ်တပ်နှင့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ၎င်းတို့၏ ထုတ်ပြန်ချက်အရ သိရသည်။
တမာမြိုင်ရပ်ကွက်ရှိ လူနေအိမ်များပေါ်သို့ လက်လုပ်စိန်ပြောင်းကျည်များ ကျရောက်ပေါက်ကွဲခဲ့ခြင်းကြောင့် ရပ်ကွက်နေသူများဖြစ်သည့် မြို့နယ်စည်ပင်သာယာဦးစီးဌာနမှ စာရေးဝန်ထမ်းဖြစ်သူ ဒေါ်ဝါဝါမိုး(၂၃)နှစ်နှင့် ဒေါ်ပေါက်ပေါက်(၅ဝ)နှစ် တို့တွင် ဗုံးစထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး ဦးကြည်လွင် (၅ဝ) နှစ် ၊ ပညာရေးဝန်ထမ်းဖြစ်သူ ဦးမောင်မောင်ကျော်(၄၁)နှစ် ၊ ဒေါ်နွယ်စန်း(၅၃)နှစ်နှင့် ဒေါ်မိုးမိုးအောင် (၃၅) နှစ်တို့တွင် ဗုံးစထိမှန်ဒဏ်ရာများရရှိခဲ့ကြောင်း နစကမှ ထုတ်ပြန်ထားသည်။
ထို့ပြင် ထိခိုက်ဒဏ်ရာရရှိသူများအား ဆေးကုသနိုင်ရေးအတွက် ချောင်း ဦးမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
ယခင်ကလည်း ချောင်းဦးမြို့နယ်အတွင်းရှိ ရွာများမီးလောင်ပျက်စီးမှုရှိခဲ့ပြီး လက်ရှိအချိန်ထိ ကျေးရွာ (၁၁)ရွာ မီးလောင်ပျက်စီးထားပြီးဖြစ် ကြောင်း သိရသည်။ မီးလောင်ပျက်စီးသည့်ရွာများတွင် ယာကြီးတော၊ ဝယာ၊ ဆီပန်းကန်၊ အင်းမ၊ ရွှေလှေ၊ တပယ်အင်း၊ ကုန်းသာ၊ နဂါးဗိုလ်၊ ဘလွေ၊ မကျီးတန်းနဲ့ တောကျောင်းလေးကျေးရွာတို့ဖြစ်ကြောင်း ချောင်းဦးမြို့နယ်ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ၏ ထုတ်ပြန်ချက်အရ သိရသည်။
https://npnewsmm.com/news/62b69863cec44854d15ccd77

ပုံစာ- ယခင်က မီးလောင်ပျက်စီးခဲ့သည့် ကျေးရွာအချို့
zawgyi version
စစ္ကိုင္းတိုင္း၊ ေခ်ာင္ဦးၿမိဳ႕နယ္ရွိေနအိမ္မ်ားေပၚသို႔ လက္လုပ္စိန္ေျပာင္းမ်ား က်ေရာက္ ေပါက္ကြဲမႈျဖစ္ပြားခဲ့ၿပီး (၂)ဦးေသဆုံး
NP News - ဇြန္ ၂၅
စစ္ကိုင္းတိုင္းေဒသႀကီး၊ ေခ်ာင္းဦးၿမိဳ႕နယ္၊ တမာၿမိဳင္ရပ္ကြက္ရွိ လူေန အိမ္မ်ားေပၚသို႔ လက္လုပ္စိန္ေျပာင္းက်ည္မ်ား က်ေရာက္ေပါက္ကြဲခဲ့ျခင္းေၾကာင့္ အမ်ိဳးသမီး(၂)ဦးေသဆုံးခဲ့ၿပီး အမ်ိဳးသား(၂)ဦးႏွင့္အမ်ိဳး သမီးတစ္ဦး ထိခိုက္ဒဏ္ရာမ်ားရရွိခဲ့ေၾကာင္း နစက၏ ဇြန္လ(၂၄)ရက္ညပိုင္ထုတ္ျပန္ခ်က္အရသိရသည္။
အဆိုပါျဖစ္စဥ္သည္ ဇြန္လ ၂၃ ရက္၊ ည ၉ နာရီ ၁၅ မိနစ္အခ်ိန္တြင္ ျဖစ္ ပြားခဲ့ျခင္းျဖစ္ၿပီး လက္နက္ကိုင္ေဆာင္ထားသည့္ အဖြဲ႕တစ္ဖြဲ႕မွေခ်ာင္း ဦးေတာင္ရပ္ကြက္၊ ေခ်ာင္းဦး-အျမင့္လမ္းဆုံဘက္မွေန၍ ေခ်ာင္းဦးၿမိဳ႕ တြင္းသို႔ လက္လုပ္စိန္ေျပာင္းမ်ားျဖင့္ ပစ္ခတ္တိုက္ခိုက္ခဲ့ျခင္းေၾကာင့္စစ္တပ္ႏွင့္ အျပန္အလွန္ပစ္ခတ္မႈျဖစ္ပြားခဲ့ေၾကာင္း ၎တို႔၏ ထုတ္ျပန္ခ်က္အရ သိရသည္။
တမာၿမိဳင္ရပ္ကြက္ရွိ လူေနအိမ္မ်ားေပၚသို႔ လက္လုပ္စိန္ေျပာင္းက်ည္မ်ား က်ေရာက္ေပါက္ကြဲခဲ့ျခင္းေၾကာင့္ ရပ္ကြက္ေနသူမ်ားျဖစ္သည့္ ၿမိဳ႕နယ္စည္ပင္သာယာဦးစီးဌာနမွ စာေရးဝန္ထမ္းျဖစ္သူ ေဒၚဝါဝါမိုး(၂၃)ႏွစ္ႏွင့္ ေဒၚေပါက္ေပါက္(၅ဝ)ႏွစ္ တို႔တြင္ ဗုံးစထိမွန္ဒဏ္ရာမ်ားရရွိကာ ေသဆုံးသြားခဲ့ၿပီး ဦးၾကည္လြင္ (၅ဝ) ႏွစ္ ၊ ပညာေရးဝန္ထမ္းျဖစ္သူ ဦးေမာင္ေမာင္ေက်ာ္(၄၁)ႏွစ္ ၊ ေဒၚႏြယ္စန္း(၅၃)ႏွစ္ႏွင့္ ေဒၚမိုးမိုးေအာင္ (၃၅) ႏွစ္တို႔တြင္ ဗုံးစထိမွန္ဒဏ္ရာမ်ားရရွိခဲ့ေၾကာင္း နစကမွ ထုတ္ျပန္ထားသည္။
ထို႔ျပင္ ထိခိုက္ဒဏ္ရာရရွိသူမ်ားအား ေဆးကုသႏိုင္ေရးအတြက္ ေခ်ာင္း ဦးၿမိဳ႕နယ္ျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္ထားရွိေၾကာင္း သိရသည္။
ယခင္ကလည္း ေခ်ာင္းဦးၿမိဳ႕နယ္အတြင္းရွိ ႐ြာမ်ားမီးေလာင္ပ်က္စီးမႈရွိခဲ့ၿပီး လက္ရွိအခ်ိန္ထိ ေက်း႐ြာ (၁၁)႐ြာ မီးေလာင္ပ်က္စီးထားၿပီးျဖစ္ ေၾကာင္း သိရသည္။ မီးေလာင္ပ်က္စီးသည့္႐ြာမ်ားတြင္ ယာႀကီးေတာ၊ ဝယာ၊ ဆီပန္းကန္၊ အင္းမ၊ ေ႐ႊေလွ၊ တပယ္အင္း၊ ကုန္းသာ၊ နဂါးဗိုလ္၊ ဘေလြ၊ မက်ီးတန္းနဲ႔ ေတာေက်ာင္းေလးေက်း႐ြာတို႔ျဖစ္ေၾကာင္း ေခ်ာင္းဦးၿမိဳ႕နယ္ျပည္သူ႔ကာ ကြယ္ေရးတပ္ဖြဲ၏ ထုတ္ျပန္ခ်က္အရ သိရသည္။
https://npnewsmm.com/news/62b69863cec44854d15ccd77