ဒေါ့မွန် ကွင်းလယ်လူ ဘယ်လင်ဟမ်ကို ခေါ်ယူနိုင်မည်ဟု လီဗာပူးအသင်း ယုံကြည်မှုမြင့်မားနေ

 631

ဖြိုးခန့် (NP News) - ဇွန် ၂၆
မန်စီးတီးအသင်းသည် လိဒ်ယူနိုက်တက် ကွင်းလယ်လူ ကယ်ဗင်ဖီးလစ်ကို ပြောင်းရွှေ့ကြေး ပေါင် ၄၅ သန်းဖြင့် ခေါ်ယူရန် သဘောတူညီလိုက်သည့်အတွက် လီဗာပူးလ်အသင်းသည် မန်စီးတီးအသင်းနှင့်အပြိုင် ကြိုးပမ်းနေ သည့် ဒေါ့မွန်အသင်း၏ကွင်းလယ်ကစားသမား ဘယ်လင်ဟမ်ကို ခေါ်ယူနိုင်မည်ဟု ယုံကြည်နေကြောင်း သိရသည်။

လီဗာပူးလ်အသင်းနည်းပြ ကလော့သည် ဒေါ့မွန်အသင်းကြယ်ပွင့်ကစားသမား ဘယ်လင်ဟမ်၏ အမာခံ ပရိသတ်တစ်ဦးဖြစ်ပြီး လာမည့် ၁၂ လအတွင်း ကွင်းလယ်ကစားသမား ဘယ်လင်ဟမ်ကို ခေါ်ယူရန် အဓိက ဦးစားပေးအဖြစ်သတ်မှတ်ထားကြောင်း သိရသည်။
မန်စီးတီးအသင်းနည်းပြ ပက်ဂွါဒီယိုလာသည် အသက် ၁၈ နှစ်အရွယ် ကစားသမား၏ခြေစွမ်းကို နှစ်သက် သဘောကျနေသူဖြစ်ပြီး မကြာသေးမီက ခေါ်ယူထားသော တိုက်စစ်မှူး ဟာလန်းသည် ကွင်းလယ်ကစားသမား ဘယ်လင်ဟမ်နှင့် ရင်းနှီးသူများဖြစ်ရာ ဟာလန်းကြောင့် ဘယ်လင်ဟမ်ကို ခေါ်ယူနိုင်မည်ဟု မျှော်လင့်နေသည်။

ဟာလန်းနှင့် ဘယ်လင်ဟမ်တို့နှစ်ဦးသည် ဒေါ့မွန်အသင်း၏အဝတ်လဲခန်းထဲတွင် အချင်းချင်း ဘေးချင်းကပ်ထိုင် နေခဲ့ကြပြီး ဟာလန်းသည် ၎င်း၏ကစားဖော်ကို မန်စီးတီးသို့ပြောင်းရွှေ့ရန် ဆွဲဆောင်ပေးနိုင်မည်ဟု မန်စီးတီး အသင်းက မျှော်လင့်နေသည်။

ဘယ်လင်ဟမ်ကိုခေါ်ယူရန် မန်စီးတီးနှင့် လီဗာပူးအသင်းတို့ အပြိုင်ကြိုးပမ်းနေချိန်တွင် မန်စီးတီးအသင်းသည် လိဒ်ယူနိုက်တက် ကွင်းလယ်လူ ကယ်ဗင်ဖီးလစ်ကို ပေါင် ၄၅ သန်းဖြင့်ခေါ်ယူရန် သဘောတူညီမှုရရှိခဲ့ပြီးနောက် မန်စီးတီးအသင်း၏ ဘယ်လင်ဟမ်ကိုခေါ်ယူရေး ကြိုးပမ်းမှုများ အားလျော့လာဖွယ်ရှိနေရာ လီဗာပူးအသင်းက ဘယ်လင်ဟမ်ကို ခေါ်ယူနိုင်မည်ဟု ရေပန်းအစားဆုံးဖြစ်နေသည်။

လီဗာပူးလ်အသင်းနည်းပြ ကလော့သည် ယခုနွေရာသီအပြောင်းအရွှေ့တွင် တိုက်စစ်မှူးတစ်ဦးကို ခေါ်ယူရန် စီစဉ်ခဲ့ပြီး တိုက်စစ်မှူး ဆာဒီယိုမာနေး၏နေရာတွင် အစားထိုးရန် ဘင်ဖီကာအသင်းတိုက်စစ်မှူး ဒါဝင်နူနက်စ်ကို ပေါင် ၈၅ သန်းဖြင့် အောင်မြင်စွာခေါ်ယူနိုင်ခဲ့ကြောင်းသိရသည်။

လီဗာပူးလ်အသင်းသည် လာမည့် အပြောင်းအရွှေ့ကာလအတွက် အစီအစဉ်များရေးဆွဲနေရာ ကွင်းလယ် ကစားသမား ဘယ်လင်ဟမ်ကို ၎င်းတို့ခေါ်ယူမည့်ကစားသမားများထဲ အဓိကဦးစားပေးကစားသမားအဖြစ် ထည့်သွင်းသတ်မှတ်ထားကြောင်း သိရသည်။

ဒေါ့မွန်အသင်းသည် ကွင်းလယ်ကစားသမား ဘယ်လင်ဟမ်ကို ယခုနွေရာသီအပြောင်းအရွှေ့တွင် ရောင်းထုတ်မည် မဟုတ်ကြောင်းအခိုင်အမာပြောဆိုခဲ့သည်။

https://www.the-sun.com/sport/5640831/liverpool-jude-bellingham-man-utd-man-city-kalvin-phillips/

Zawgyi Version;
ေဒါ့မြန္ ကြင္းလယ္လူ ဘယ္လင္ဟမ္ကို ေခၚယူႏိုင္မည္ဟု လီဗာပူးအသင္း ယုံၾကည္မႈျမင့္မားေန
ၿဖိဳးခန္႔ (NP News) - ဇြန္ ၂၆
မန္စီးတီးအသင္းသည္ လိဒ္ယူႏိုက္တက္ ကြင္းလယ္လူ ကယ္ဗင္ဖီးလစ္ကို ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၄၅ သန္းျဖင့္ ေခၚယူရန္ သေဘာတူညီလိုက္သည့္အတြက္ လီဗာပူးလ္အသင္းသည္ မန္စီးတီးအသင္းႏွင့္အၿပိဳင္ ႀကိဳးပမ္းေန သည့္ ေဒါ့မြန္အသင္း၏ကြင္းလယ္ကစားသမား ဘယ္လင္ဟမ္ကို ေခၚယူႏိုင္မည္ဟု ယုံၾကည္ေနေၾကာင္း သိရသည္။

လီဗာပူးလ္အသင္းနည္းျပ ကေလာ့သည္ ေဒါ့မြန္အသင္းၾကယ္ပြင့္ကစားသမား ဘယ္လင္ဟမ္၏ အမာခံ ပရိသတ္တစ္ဦးျဖစ္ၿပီး လာမည့္ ၁၂ လအတြင္း ကြင္းလယ္ကစားသမား ဘယ္လင္ဟမ္ကို ေခၚယူရန္ အဓိက ဦးစားေပးအျဖစ္သတ္မွတ္ထားေၾကာင္း သိရသည္။
မန္စီးတီးအသင္းနည္းျပ ပက္ဂြါဒီယိုလာသည္ အသက္ ၁၈ ႏွစ္အ႐ြယ္ ကစားသမား၏ေျခစြမ္းကို ႏွစ္သက္ သေဘာက်ေနသူျဖစ္ၿပီး မၾကာေသးမီက ေခၚယူထားေသာ တိုက္စစ္မွဴး ဟာလန္းသည္ ကြင္းလယ္ကစားသမား ဘယ္လင္ဟမ္ႏွင့္ ရင္းႏွီးသူမ်ားျဖစ္ရာ ဟာလန္းေၾကာင့္ ဘယ္လင္ဟမ္ကို ေခၚယူႏိုင္မည္ဟု ေမွ်ာ္လင့္ေနသည္။

ဟာလန္းႏွင့္ ဘယ္လင္ဟမ္တို႔ႏွစ္ဦးသည္ ေဒါ့မြန္အသင္း၏အဝတ္လဲခန္းထဲတြင္ အခ်င္းခ်င္း ေဘးခ်င္းကပ္ထိုင္ ေနခဲ့ၾကၿပီး ဟာလန္းသည္ ၄င္း၏ကစားေဖာ္ကို မန္စီးတီးသို႔ေျပာင္းေ႐ႊ႕ရန္ ဆြဲေဆာင္ေပးႏိုင္မည္ဟု မန္စီးတီး အသင္းက ေမွ်ာ္လင့္ေနသည္။

ဘယ္လင္ဟမ္ကိုေခၚယူရန္ မန္စီးတီးႏွင့္ လီဗာပူးအသင္းတို႔ အၿပိဳင္ႀကိဳးပမ္းေနခ်ိန္တြင္ မန္စီးတီးအသင္းသည္ လိဒ္ယူႏိုက္တက္ ကြင္းလယ္လူ ကယ္ဗင္ဖီးလစ္ကို ေပါင္ ၄၅ သန္းျဖင့္ေခၚယူရန္ သေဘာတူညီမႈရရွိခဲ့ၿပီးေနာက္ မန္စီးတီးအသင္း၏ ဘယ္လင္ဟမ္ကိုေခၚယူေရး ႀကိဳးပမ္းမႈမ်ား အားေလ်ာ့လာဖြယ္ရွိေနရာ လီဗာပူးအသင္းက ဘယ္လင္ဟမ္ကို ေခၚယူႏိုင္မည္ဟု ေရပန္းအစားဆုံးျဖစ္ေနသည္။

လီဗာပူးလ္အသင္းနည္းျပ ကေလာ့သည္ ယခုေႏြရာသီအေျပာင္းအေ႐ႊ႕တြင္ တိုက္စစ္မွဴးတစ္ဦးကို ေခၚယူရန္ စီစဥ္ခဲ့ၿပီး တိုက္စစ္မွဴး ဆာဒီယိုမာေနး၏ေနရာတြင္ အစားထိုးရန္ ဘင္ဖီကာအသင္းတိုက္စစ္မွဴး ဒါဝင္ႏူနက္စ္ကို ေပါင္ ၈၅ သန္းျဖင့္ ေအာင္ျမင္စြာေခၚယူႏိုင္ခဲ့ေၾကာင္းသိရသည္။

လီဗာပူးလ္အသင္းသည္ လာမည့္ အေျပာင္းအေ႐ႊ႕ကာလအတြက္ အစီအစဥ္မ်ားေရးဆြဲေနရာ ကြင္းလယ္ ကစားသမား ဘယ္လင္ဟမ္ကို ၄င္းတို႔ေခၚယူမည့္ကစားသမားမ်ားထဲ အဓိကဦးစားေပးကစားသမားအျဖစ္ ထည့္သြင္းသတ္မွတ္ထားေၾကာင္း သိရသည္။

ေဒါ့မြန္အသင္းသည္ ကြင္းလယ္ကစားသမား ဘယ္လင္ဟမ္ကို ယခုေႏြရာသီအေျပာင္းအေ႐ႊ႕တြင္ ေရာင္းထုတ္မည္ မဟုတ္ေၾကာင္းအခိုင္အမာေျပာဆိုခဲ့သည္။

https://www.the-sun.com/sport/5640831/liverpool-jude-bellingham-man-utd-man-city-kalvin-phillips/

Related news

© 2021. All rights reserved.