နိုင်ငံဝန်ထမ်းချေးငွေများအတွက် အရင်းကို ဇွန်လအတွင်း ကောက်ခံသွားမည်ဖြစ်ပြီး ၂ဝ၂၄ ခုနှစ်တွင်အပြီး ပေးဆပ်ရမည်

 1661

ရဲပြည့်(NP News) - ဇွန် ၂၈
နိုင်ငံဝန်ထမ်း(အမြဲတမ်း)များကို ထုတ်ချေးထားသည့် အတိုးမဲ့ချေးငွေများမှ အရင်းကို ၂ဝ၂၂ ခုနှစ် ဇွန်လအတွင်း ပြန်လည်ကောက်ခံသွားမည်ဖြစ်ပြီး ၂ဝ၂၄ ခုနှစ်အတွင်း အပြီးပြန်လည်ပေးဆပ်ရမည်ဖြစ်ကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနထံမှ သိရသည်။

အဆိုပါ ချေးငွေများအား ၂ဝ၂ဝ-၂ဝ၂၁ ဘဏ္ဍာရေးနှစ် အောက်တို ဘာ လ(၁)ရက်မှ စတင်ထုတ်ချေးခဲ့ခြင်းဖြစ်ပြီး အရင်းစတင်ပေးဆပ်ရမည့်ကာလသည် ၂ဝ၂၁ ခုနှစ် ဧပြီလအတွင်းဖြစ်သော်လည်း ဆိုင်းငံ့ကာလ (၆)လ ထပ်မံတိုးပေးခဲ့သည့်အတွက် ၂ဝ၂၁ ခုနှစ် အောက်တိုဘာလတွင် ပြန်လည်ပေးဆပ်ရမည်ဖြစ်ကြောင်းသိရသည်။

အရင်းလစဉ်ပြန်လည်ကောက်ခံမှုများအား ၂ဝ၂၁ ခုနှစ် အောက်တို ဘာလအတွင်းကောက်ခံခဲ့ပြီး၂ဝ၂၂ ခုနှစ် မတ်လမှ မေလအထိ (၃)လထပ်မံဆိုင်းငံပေးထားခဲ့ကြောင်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် ဝန်ထမ်းများအနေဖြင့် အရင်းပြန်လည်ပေးဆပ်မှုပမာဏ သက် သာစေရန်အတွက် ပြန်ဆပ်ကာလ(၁)နှစ်အစား (၂)နှစ် ၆ လ(၂ဝ၂၁ခုနှစ် အောက်တိုဘာလမှ ၂ဝ၂၄ ခုနှစ် မတ်လအထိ) အတွင်း ပြန်လည်ပေးဆပ်ရန် ခွင့်ပြုပေးခဲ့သည်။

ကိုဗစ်-၁၉ စီး ပွားရေးထိခိုက်မှုသက်သာရေးစီမံချက် (CERP) အစီအစဉ်အရ ၂ဝ၂ဝ ပြည့်နှစ် အောက်တိုဘာလဆန်းမှစတင်ကာ ပုံမှန်ဝင်ငွေရှိသည့် နိုင်ငံ့ဝန်ထမ်း (အမြဲတမ်း)များကို ချေးငွေများထုတ်ချေးပေးခဲ့ခြင်းဖြစ်ပြီး ကမ္ဘာ့ကပ်ရောဂါ Covid-19 ကူးစက်ရောဂါကြောင်း ဖြစ်ပေါ်လာနိုင်သည့် သက်ရောက်မှုများအပေါ် ကုစားနိုင်ရေးအတွက် ထုတ်ချေးခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် ပြည်ထောင်စုအစိုးရအဆင့်အဖွဲ့အစည်းများနှင့် ဝန် ကြီးဌာနများတွင် ခန့်အပ်ခဲ့သည့် အမြဲတမ်းဝန်ထမ်းသည် ၂ဝ၁၉ ခုနှစ်စာရင်းများအရ တစ်သန်းကျော်ရှိကြောင်း သိရသည်။

https://npnewsmm.com/news/62baf12d2844e6580c294b01

zawgyi version
ႏိုင္ငံဝန္ထမ္းေခ်းေငြမ်ားအတြက္ အရင္းကို ဇြန္လအတြင္း ေကာက္ခံသြားမည္ျဖစ္ၿပီး ၂ဝ၂၄ ခုႏွစ္တြင္ အၿပီး ေပးဆပ္ရမည္
ရဲျပည့္(NP News) - ဇြန္ ၂၈

ႏိုင္ငံဝန္ထမ္း(အၿမဲတမ္း)မ်ားကို ထုတ္ေခ်းထားသည့္ အတိုးမဲ့ေခ်းေငြမ်ားမွ အရင္းကို ၂ဝ၂၂ ခုႏွစ္ ဇြန္လအတြင္း ျပန္လည္ေကာက္ခံသြားမည္ျဖစ္ၿပီး ၂ဝ၂၄ ခုႏွစ္အတြင္း အၿပီးျပန္လည္ေပးဆပ္ရမည္ျဖစ္ေၾကာင္း စီမံကိန္းႏွင့္ဘ႑ာေရးဝန္ႀကီးဌာနထံမွ သိရသည္။

အဆိုပါ ေခ်းေငြမ်ားအား ၂ဝ၂ဝ-၂ဝ၂၁ ဘ႑ာေရးႏွစ္ ေအာက္တို ဘာ လ(၁)ရက္မွ စတင္ထုတ္ေခ်းခဲ့ျခင္းျဖစ္ၿပီး အရင္းစတင္ေပးဆပ္ရမည့္ကာလသည္ ၂ဝ၂၁ ခုႏွစ္ ဧၿပီလအတြင္းျဖစ္ေသာ္လည္း ဆိုင္းငံ့ကာလ (၆)လ ထပ္မံတိုးေပးခဲ့သည့္အတြက္ ၂ဝ၂၁ ခုႏွစ္ ေအာက္တိုဘာလတြင္ ျပန္လည္ေပးဆပ္ရမည္ျဖစ္ေၾကာင္းသိရသည္။

အရင္းလစဥ္ျပန္လည္ေကာက္ခံမႈမ်ားအား ၂ဝ၂၁ ခုႏွစ္ ေအာက္တို ဘာလအတြင္းေကာက္ခံခဲ့ၿပီး၂ဝ၂၂ ခုႏွစ္ မတ္လမွ ေမလအထိ (၃)လထပ္မံဆိုင္းငံေပးထားခဲ့ေၾကာင္း ဝန္ႀကီးဌာန၏ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

ထို႔ျပင္ ဝန္ထမ္းမ်ားအေနျဖင့္ အရင္းျပန္လည္ေပးဆပ္မႈပမာဏ သက္ သာေစရန္အတြက္ ျပန္ဆပ္ကာလ(၁)ႏွစ္အစား (၂)ႏွစ္ ၆ လ(၂ဝ၂၁ခုႏွစ္ ေအာက္တိုဘာလမွ ၂ဝ၂၄ ခုႏွစ္ မတ္လအထိ) အတြင္း ျပန္လည္ေပးဆပ္ရန္ ခြင့္ျပဳေပးခဲ့သည္။

ကိုဗစ္-၁၉ စီး ပြားေရးထိခိုက္မႈသက္သာေရးစီမံခ်က္ (CERP) အစီအစဥ္အရ ၂ဝ၂ဝ ျပည့္ႏွစ္ ေအာက္တိုဘာလဆန္းမွစတင္ကာ ပုံမွန္ဝင္ေငြရွိသည့္ ႏိုင္ငံ့ဝန္ထမ္း (အၿမဲတမ္း)မ်ားကို ေခ်းေငြမ်ားထုတ္ေခ်းေပးခဲ့ျခင္းျဖစ္ၿပီး ကမာၻ႔ကပ္ေရာဂါ Covid-19 ကူးစက္ေရာဂါေၾကာင္း ျဖစ္ေပၚလာႏိုင္သည့္ သက္ေရာက္မႈမ်ားအေပၚ ကုစားႏိုင္ေရးအတြက္ ထုတ္ေခ်းျခင္းျဖစ္သည္။

ျမန္မာႏိုင္ငံတြင္ ျပည္ေထာင္စုအစိုးရအဆင့္အဖြဲ႕အစည္းမ်ားႏွင့္ ဝန္ ႀကီးဌာနမ်ားတြင္ ခန႔္အပ္ခဲ့သည့္ အၿမဲတမ္းဝန္ထမ္းသည္ ၂ဝ၁၉ ခုႏွစ္စာရင္းမ်ားအရ တစ္သန္းေက်ာ္ရွိေၾကာင္း သိရသည္။

https://npnewsmm.com/news/62baf12d2844e6580c294b01

Picture

SON son

28/06/2022 20:52

ကောင်းပါတယ်...လူတွေခက်ခဲနေချိန်မှာ....ခုလိုစီစဥ်တာ

Picture

Kyaw Kyaw

28/06/2022 20:54

ေက်းဇူးပါ ။

Picture

Yoo Hoo

28/06/2022 20:59

တော်သေးပြီ လစာကမတိုး ကုန်ဈေးနှုန်းကတိုး လခြားပေးတော့ အသက်ရှုချောင်တာပေါ့

Related news

© 2021. All rights reserved.