ကိုယ်ဝန်ဖျက်ချရန် ခရီးသွားသူ အမျိုးသမီးများ ဖမ်းဆီးခံရလိမ့်မည်ဟု အမေရိကန်သမ္မတ ဟောကိန်းထုတ်

580

Htay Oung (NP News) - ဇူလိုင် ၃
နိုင်ငံတဝှမ်း ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို တရားရုံးချုပ်က ပယ်ချပြီးတဲ့နောက် ကိုယ်ဝန်ဖျက်ချဖို့အတွက် ခရီးသွားတဲ့ အမျိုးသမီးတို့အနေနဲ့ အမေရိကန်ပြည်နယ်အချို့အတွင်း ဝင်ရောက် မိတဲ့အခါ ဖမ်းဆီးခံရကိန်းရှိတယ်လို့ သမ္မတ ဂျိုးဘိုင်ဒန်က သောကြာ နေ့(ဇူလိုင်လ ၁ ရက်)မှာ ဟောကိန်းထုတ်လိုက်ကြောင်း Reuters/AP တို့က ယနေ့ (ဇူလိုင်လ ၃ ရက်)မှာရေးသားပါတယ်။
“၁၉၇၃ ခုနှစ် ရိုးနှင့် ဝိတ်ဒ်အမှု” မှာအမေရိကန်ပြည်ထောင်စုရဲ့ အခြေခံဥပဒေအရ ကိုယ်ဝန်ဖျက်ချရန် ရွေးချယ်ပိုင်ခွင့်ကို ယေဘူယျအားဖြင့် တားဆီးတယ်လို့ တရားရုံးချုပ်ရဲ့ ဆုံးဖြတ်ချက်ဟာ အထင်ကရဖြစ်ခဲ့ပါတယ်။ အဲ့ဒီဆုံးဖြတ်ချက်ဟာ ပြည်နယ်အတော်များများတို့ရဲ့ ပဋိသန္ဓေဖျက်ချခြင်းဆိုင်ရာဥပဒေကို များစွာထိခိုက်စေခဲ့ပါတယ်။ ကိုယ်ဝန်ဖျက်ချခြင်းမှာ တရားဝင်ဖြစ်သင့်- မသင့်၊ ဘယ်လိုအတိုင်းအတာအထိရောက်ရှိမှ ဖျက်ချရမယ်ဆိုခြင်းနဲ့ အဲ့ဒီလို ဖျက်ချဖို့ ဘယ်သူတွေက ဆုံး ဖြတ်သင့်တယ် ဆိုခြင်းအပေါ် အငြင်းပွားမှုများဟာ အမေရိကန်ပြည် တွင်းသာမက ကမ္ဘာ့နိုင်ငံမြို့ကြီးများ အချို့အထိ ပွက်လောရိုက်ကုန်ကြရပါတယ်။
အငြင်းပွားမှုအပေါ် ဆုံးဖြတ်ရန် တရားရုံးချုပ်က ပယ်ချပြီးနောက် ရီပတ်ဘလစ်ကင်များ လွှမ်မိုးတဲ့ ပြည်နယ် ၁၃ ခုတို့မှာ ကိုယ်ဝန်ဖျက်ချမယ့် လုပ်ထုံးလုပ်နည်းများကို တားဆီးခြင်း သို့မဟုတ် တင်းကျပ်စွာကန့်သတ်ခြင်းများ ပြုလုပ်လာခဲ့ကြပါတယ်။ အကယ်၍ အဲ့ဒီပြည်နယ်မှာ ကိုယ်ဝန်ဖျက်ချလိုတဲ့ အမျိုးသမီးတို့အနေနဲ့ ဥပဒေပြဋ္ဌာန်းမထားတဲ့ အခြားပြည်နယ်များကို သွားရောက်ကြဖို့ ဖြစ်လာပါတယ်။
အဲ့ဒီလို လှုပ်လှုပ်ရွရွဖြစ်နေချိန် "ကျန်းမာရေးဝန်ဆောင်မှုတွေရဖို့အ တွက် ပြည်နယ်မျဉ်းကိုဖြတ်ပြီး ဝင်ရောက်လာတဲ့ အမျိုးသမီးတစ်ဦးကို ဖမ်းဆီးဖို့ကြိုးစားတဲ့အခါ လူတွေက တုန်လှုပ်သွားလိမ့်မယ်"လို့ သော ကြာနေ့ ဒီမိုကရက်တစ်ပြည်နယ်အုပ်ချုပ်ရေးမှူးများနဲ့ ကိုယ်ဝန်ဖျက်ချခွင့်ဆိုင်ရာ အွန်လိုင်းအစည်းအဝေးမှာ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က ပြောဆိုလိုက်ပါတယ်။
“ လူတွေက ဒီလိုဖြစ်လာမယ်လို့ ထင်ကြမှာ မဟုတ်ဖူး။ ဒါပေမယ့် ဖြစ် လာတော့မှာပါ၊ ဒါက နောက်တဆင့် အလွန်ကြီးမားတဲ့ တုန်လှုပ်စရာတစ်ခုလို့ တစ်တိုင်းပြည်လုံးဆီ သတင်းပြန့်သွားပါလိမ့်မယ်၊ အဲဒါ ခင် ဗျားတို့ရဲ့ အခြေခံအခွင့်အရေးအားလုံးကို ထိခိုက်စေပါလိမ့်မယ်”လို့ ဘိုင်ဒန်က ဆက်လက်ပြောဆိုပါတယ်။
ဖက်ဒရယ်အစိုးရအနေနဲ့ ကိုယ်ဝန်ဖျက်ချဖို့ ပြည်နယ်အတွင်းဝင်ရောက်ရန် လိုအပ်တဲ့ အမျိုးသမီးများကို အကာအကွယ်ပေးဖို့နဲ့ တားမြစ်ထားတဲ့ ပြည်နယ်များမှာ သူတို့အတွက် ဆေးဝါးများ လက်လှမ်းမီစေဖို့ လုပ် ဆောင်ပေးရမှာဖြစ်တယ်လို့ ဆိုပါတယ်။
နယူးမက္ကဆီကိုပြည်နယ် ဒီမိုကရက်တစ် အမျိုးသမီးအုပ်ချုပ်ရေးမှူးကတော့ သူ့ပြည်နယ်မှာ ကိုယ်ဝန်ဖျက်ချခဲ့တဲ့ အမျိုးသမီးများကို အ ပြစ်ပေးဖို့ ခြေရာခံဖို့ ဘယ်လိုကြိုးပမ်းဆောင်ရွက်မှုမျိုးမှာမဆို ပူးပေါင်းဆောင်ရွက်မှာ မဟုတ်၊ တရားခံအဖြစ်နဲ့ လွှဲပြောင်းပေးမှာလည်း မဟုတ်ဖူးလို့ ကြုံးဝါးပါတယ်။
ကိုယ်ဝန်ဖျက်ချခြင်းဆိုင်ရာ အခွင့်အရေးအဖွဲ့တို့အနေနဲ့ကလည်း အမျိုး သမီးများ ကိုယ်ဝန်ဖျက်ချပိုင်ခွင့်ရရှိဖို့ နိုင်ငံအများအပြားမှာ ဥပဒေတင်သွင်းခဲ့ကြပါတယ်။
ဖလော်ရီဒါ၊ လူဝီစီယားနား၊ တက္ကဆက်နဲ့ အူတားတို့လို ကိုယ်ဝန် ဖျက်ချခြင်းဆိုင်ရာ တားမြစ်ပိတ်ပင်ထားတဲ့ ပြည်နယ်များရဲ့ တရားသူကြီးတွေဟာ ဥပေဒကို ခိုင်မာအားကောင်းစေဖို့ ကန့်သတ်ချက်သစ်များကို ထုတ်ပြန်နေပြီး အိုဟိုင်းယိုးပြည်နယ် ထိပ်တန်းတရားရုံးက ရီပတ်ဘလစ်ကန်တွေ ဦးဆောင်တဲ့ ပြည်နယ်မှာ ကိုယ်ဝန်ဖျက်ချခြင်းကို တား မြစ်ရန် လျှောက်ထားချက်ကို သောကြာနေ့မှာ ငြင်းဆိုလိုက်ပါတယ်။
နိုင်ငံတစ်ဝှမ်းရှိ အမျိုးသမီးများရဲ့ ကျန်းမာရေးကို ဂရုစိုက်ရမယ်လို့ လက်တစ်ဆုပ်စာမျှသာကျန်ရှိတော့တဲ့ ပြည်နယ်များရဲ့ အုပ်စုတွေကို နယူးယောက်ပြည်နယ် ဒီမိုကရက်တစ် အမျိုးသမီးအုပ်ချုပ်ရေးမှူးက ပြောပြလိုက်ပြီး “ဒါဟာ အမေရိကန်အမျိုးသမီးတွေရဲ့ ဘဝရပ်တည်မှုနဲ့ အသက်သေတဲ့ကိစ္စပဲ” လို့ ဆိုပါတယ်။
ပဋိသန္ဓေဖျက်ချခြင်းအပေါ် တားဆီးတဲ့ ဥပဒေပြဌာန်းချက်တွေကို ဖျက် သိမ်းဖို့ဆိုရာမှာ မဲအသာရရှိဖို့လိုအပ်ပြီး အထက်လွှတ်တော်မှာ မဲအလုံ အလောက် မရှိဘူးလို့ သမ္မတဂျိုးဘိုင်ဒန်ကလည်း သူ့ရဲ့ ဒီမိုကရက်တစ် တွေကို ပြောပြနေပါတယ်။
https://www.theguardian.com/us-news/video/2022/jul/01/joe-biden-predicts-states-will-try-to-arrest-women-who-travel-for-abortions-video

zawgyi version
ကိုယ္ဝန္ဖ်က္ခ်ရန္ ခရီးသြားသူ အမ်ိဳးသမီးမ်ား ဖမ္းဆီးခံရလိမ့္မည္ဟု အေမရိကန္သမၼတ ေဟာကိန္းထုတ္
Htay Oung (NP News) - ဇူလိုင္ ၃
ႏိုင္ငံတဝွမ္း ဖြဲ႕စည္းပုံအေျခခံဥပေဒဆိုင္ရာ လုပ္ထုံးလုပ္နည္းမ်ားကို တရား႐ုံးခ်ဳပ္က ပယ္ခ်ၿပီးတဲ့ေနာက္ ကိုယ္ဝန္ဖ်က္ခ်ဖို႔အတြက္ ခရီးသြားတဲ့ အမ်ိဳးသမီးတို႔အေနနဲ႔ အေမရိကန္ျပည္နယ္အခ်ိဳ႕အတြင္း ဝင္ေရာက္ မိတဲ့အခါ ဖမ္းဆီးခံရကိန္းရွိတယ္လို႔ သမၼတ ဂ်ိဳးဘိုင္ဒန္က ေသာၾကာ ေန႔(ဇူလိုင္လ ၁ ရက္)မွာ ေဟာကိန္းထုတ္လိုက္ေၾကာင္း Reuters/AP တို႔က ယေန႔ (ဇူလိုင္လ ၃ ရက္)မွာေရးသားပါတယ္။
“၁၉၇၃ ခုႏွစ္ ႐ိုးႏွင့္ ဝိတ္ဒ္အမႈ” မွာအေမရိကန္ျပည္ေထာင္စုရဲ႕ အေျခခံဥပေဒအရ ကိုယ္ဝန္ဖ်က္ခ်ရန္ ေ႐ြးခ်ယ္ပိုင္ခြင့္ကို ေယဘူယ်အားျဖင့္ တားဆီးတယ္လို႔ တရား႐ုံးခ်ဳပ္ရဲ႕ ဆုံးျဖတ္ခ်က္ဟာ အထင္ကရျဖစ္ခဲ့ပါတယ္။ အဲ့ဒီဆုံးျဖတ္ခ်က္ဟာ ျပည္နယ္အေတာ္မ်ားမ်ားတို႔ရဲ႕ ပဋိသေႏၶဖ်က္ခ်ျခင္းဆိုင္ရာဥပေဒကို မ်ားစြာထိခိုက္ေစခဲ့ပါတယ္။ ကိုယ္ဝန္ဖ်က္ခ်ျခင္းမွာ တရားဝင္ျဖစ္သင့္- မသင့္၊ ဘယ္လိုအတိုင္းအတာအထိေရာက္ရွိမွ ဖ်က္ခ်ရမယ္ဆိုျခင္းနဲ႔ အဲ့ဒီလို ဖ်က္ခ်ဖို႔ ဘယ္သူေတြက ဆုံး ျဖတ္သင့္တယ္ ဆိုျခင္းအေပၚ အျငင္းပြားမႈမ်ားဟာ အေမရိကန္ျပည္ တြင္းသာမက ကမာၻ႔ႏိုင္ငံၿမိဳ႕ႀကီးမ်ား အခ်ိဳ႕အထိ ပြက္ေလာ႐ိုက္ကုန္ၾကရပါတယ္။
အျငင္းပြားမႈအေပၚ ဆုံးျဖတ္ရန္ တရား႐ုံးခ်ဳပ္က ပယ္ခ်ၿပီးေနာက္ ရီပတ္ဘလစ္ကင္မ်ား လႊမ္မိုးတဲ့ ျပည္နယ္ ၁၃ ခုတို႔မွာ ကိုယ္ဝန္ဖ်က္ခ်မယ့္ လုပ္ထုံးလုပ္နည္းမ်ားကို တားဆီးျခင္း သို႔မဟုတ္ တင္းက်ပ္စြာကန႔္သတ္ျခင္းမ်ား ျပဳလုပ္လာခဲ့ၾကပါတယ္။ အကယ္၍ အဲ့ဒီျပည္နယ္မွာ ကိုယ္ဝန္ဖ်က္ခ်လိုတဲ့ အမ်ိဳးသမီးတို႔အေနနဲ႔ ဥပေဒျပ႒ာန္းမထားတဲ့ အျခားျပည္နယ္မ်ားကို သြားေရာက္ၾကဖို႔ ျဖစ္လာပါတယ္။
အဲ့ဒီလို လႈပ္လႈပ္႐ြ႐ြျဖစ္ေနခ်ိန္ "က်န္းမာေရးဝန္ေဆာင္မႈေတြရဖို႔အ တြက္ ျပည္နယ္မ်ဥ္းကိုျဖတ္ၿပီး ဝင္ေရာက္လာတဲ့ အမ်ိဳးသမီးတစ္ဦးကို ဖမ္းဆီးဖို႔ႀကိဳးစားတဲ့အခါ လူေတြက တုန္လႈပ္သြားလိမ့္မယ္"လို႔ ေသာ ၾကာေန႔ ဒီမိုကရက္တစ္ျပည္နယ္အုပ္ခ်ဳပ္ေရးမႉးမ်ားနဲ႔ ကိုယ္ဝန္ဖ်က္ခ်ခြင့္ဆိုင္ရာ အြန္လိုင္းအစည္းအေဝးမွာ အေမရိကန္သမၼတဂ်ိဳးဘိုင္ဒန္က ေျပာဆိုလိုက္ပါတယ္။
“ လူေတြက ဒီလိုျဖစ္လာမယ္လို႔ ထင္ၾကမွာ မဟုတ္ဖူး။ ဒါေပမယ့္ ျဖစ္ လာေတာ့မွာပါ၊ ဒါက ေနာက္တဆင့္ အလြန္ႀကီးမားတဲ့ တုန္လႈပ္စရာတစ္ခုလို႔ တစ္တိုင္းျပည္လုံးဆီ သတင္းျပန႔္သြားပါလိမ့္မယ္၊ အဲဒါ ခင္ ဗ်ားတို႔ရဲ႕ အေျခခံအခြင့္အေရးအားလုံးကို ထိခိုက္ေစပါလိမ့္မယ္”လို႔ ဘိုင္ဒန္က ဆက္လက္ေျပာဆိုပါတယ္။
ဖက္ဒရယ္အစိုးရအေနနဲ႔ ကိုယ္ဝန္ဖ်က္ခ်ဖို႔ ျပည္နယ္အတြင္းဝင္ေရာက္ရန္ လိုအပ္တဲ့ အမ်ိဳးသမီးမ်ားကို အကာအကြယ္ေပးဖို႔နဲ႔ တားျမစ္ထားတဲ့ ျပည္နယ္မ်ားမွာ သူတို႔အတြက္ ေဆးဝါးမ်ား လက္လွမ္းမီေစဖို႔ လုပ္ ေဆာင္ေပးရမွာျဖစ္တယ္လို႔ ဆိုပါတယ္။
နယူးမကၠဆီကိုျပည္နယ္ ဒီမိုကရက္တစ္ အမ်ိဳးသမီးအုပ္ခ်ဳပ္ေရးမႉးကေတာ့ သူ႔ျပည္နယ္မွာ ကိုယ္ဝန္ဖ်က္ခ်ခဲ့တဲ့ အမ်ိဳးသမီးမ်ားကို အ ျပစ္ေပးဖို႔ ေျခရာခံဖို႔ ဘယ္လိုႀကိဳးပမ္းေဆာင္႐ြက္မႈမ်ိဳးမွာမဆို ပူးေပါင္းေဆာင္႐ြက္မွာ မဟုတ္၊ တရားခံအျဖစ္နဲ႔ လႊဲေျပာင္းေပးမွာလည္း မဟုတ္ဖူးလို႔ ႀကဳံးဝါးပါတယ္။
ကိုယ္ဝန္ဖ်က္ခ်ျခင္းဆိုင္ရာ အခြင့္အေရးအဖြဲ႕တို႔အေနနဲ႔ကလည္း အမ်ိဳး သမီးမ်ား ကိုယ္ဝန္ဖ်က္ခ်ပိုင္ခြင့္ရရွိဖို႔ ႏိုင္ငံအမ်ားအျပားမွာ ဥပေဒတင္သြင္းခဲ့ၾကပါတယ္။
ဖေလာ္ရီဒါ၊ လူဝီစီယားနား၊ တကၠဆက္နဲ႔ အူတားတို႔လို ကိုယ္ဝန္ ဖ်က္ခ်ျခင္းဆိုင္ရာ တားျမစ္ပိတ္ပင္ထားတဲ့ ျပည္နယ္မ်ားရဲ႕ တရားသူႀကီးေတြဟာ ဥေပဒကို ခိုင္မာအားေကာင္းေစဖို႔ ကန႔္သတ္ခ်က္သစ္မ်ားကို ထုတ္ျပန္ေနၿပီး အိုဟိုင္းယိုးျပည္နယ္ ထိပ္တန္းတရား႐ုံးက ရီပတ္ဘလစ္ကန္ေတြ ဦးေဆာင္တဲ့ ျပည္နယ္မွာ ကိုယ္ဝန္ဖ်က္ခ်ျခင္းကို တား ျမစ္ရန္ ေလွ်ာက္ထားခ်က္ကို ေသာၾကာေန႔မွာ ျငင္းဆိုလိုက္ပါတယ္။
ႏိုင္ငံတစ္ဝွမ္းရွိ အမ်ိဳးသမီးမ်ားရဲ႕ က်န္းမာေရးကို ဂ႐ုစိုက္ရမယ္လို႔ လက္တစ္ဆုပ္စာမွ်သာက်န္ရွိေတာ့တဲ့ ျပည္နယ္မ်ားရဲ႕ အုပ္စုေတြကို နယူးေယာက္ျပည္နယ္ ဒီမိုကရက္တစ္ အမ်ိဳးသမီးအုပ္ခ်ဳပ္ေရးမႉးက ေျပာျပလိုက္ၿပီး “ဒါဟာ အေမရိကန္အမ်ိဳးသမီးေတြရဲ႕ ဘဝရပ္တည္မႈနဲ႔ အသက္ေသတဲ့ကိစၥပဲ” လို႔ ဆိုပါတယ္။
ပဋိသေႏၶဖ်က္ခ်ျခင္းအေပၚ တားဆီးတဲ့ ဥပေဒျပဌာန္းခ်က္ေတြကို ဖ်က္ သိမ္းဖို႔ဆိုရာမွာ မဲအသာရရွိဖို႔လိုအပ္ၿပီး အထက္လႊတ္ေတာ္မွာ မဲအလုံ အေလာက္ မရွိဘူးလို႔ သမၼတဂ်ိဳးဘိုင္ဒန္ကလည္း သူ႔ရဲ႕ ဒီမိုကရက္တစ္ ေတြကို ေျပာျပေနပါတယ္။
https://www.theguardian.com/us-news/video/2022/jul/01/joe-biden-predicts-states-will-try-to-arrest-women-who-travel-for-abortions-video