ပအိုဝ်းအထူးဒေသ(၆)ကာကွယ်ရေးအတွက် အရွယ်ရောက်ပြီးသူများကို အခြေခံစစ်ပညာများသင်ကြားပေးပြီး လုံခြုံရေးတပ်ဖွဲ့များဖွဲ့စည်းသွားမည်ဟု PNO ထုတ်ပြန်

 1971

ဟိန်း (NP News) - ဇူလိုင် ၆
ပအိုဝ်းအထူးဒေသ(၆)၏ ဒေသကာကွယ်ရေးအတွက် အရွယ်ရောက်ပြီးသူများကို အခြေခံစစ်ပညာများ သင်ကြားပေးပြီး လုံခြုံရေးတပ်ဖွဲ့များ ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

လက်ရှိပကတိအခြေအနေအရ အထူးဒေသ(၆)၏ နယ်မြေတည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေးနှင့် အဆိုပါဒေသတွင် နေထိုင်သူများ၏ အသက်အိုးအိမ်စည်းစိမ်းများအ ပေါ် အန္တရာယ်များ ကျရောက်လာနိုင်သည့်အခြေအနေသို့ ရောက်ရှိနေသည့်အတွက် ယင်းကဲ့သို့လုပ်ဆောင်ခြင်းဖြစ်ကြောင်း ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၏ ဇူလိုင်လ ၆ ရက် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါအန္တရာယ်များကို ကာကွယ်သွားနိုင်ရန်အတွက် မူလပအိုဝ်းအမျိုးသားခေါင်း ဆောင်များချမှတ်ထားသည့် အမျိုးသားဒီမိုကရေစီအုပ်ချုပ်ရေးယန္တရားများကို ပိုမိုခိုင်မာအောင် ပြည်လည်တည်‌ဆောက်မည်ဖြစ်ကြောင်း၊ ဒေသကာကွယ်ရေးအတွက် အရွယ်ရောက်ပြီးသူများအား အခြေခံစစ်ပညာများကို လေ့ကျင့်သင်ကြားပေးပြီး စည်းကမ်းပြည့်ဝသည့် လုံခြုံရေးတပ်ဖွဲ့များကို ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း၊ ပအိုဝ်းဒေသအတွင်း မှုးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုနှင့် သုံးစွဲမှုများကို ကင်းဝေးအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် အထူးဒေသ (၆)အတွင်း နေထိုင်ကြသည့် မိဘပြည်သူများအနေဖြင့် ဒေသတည်ငြိမ်ရေးအတွက် ကာကွယ်ရေးလုပ်ငန်း စဉ်များတွင်အတူလက်တွဲ ဆောက်ရွက်ကြရန်ကိုလည်း တိုက်တွန်းကြောင်း ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်၏ ထုတ်ပြန်ထားသည်။

ထို့ပြင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) အနေဖြင့်လည်း ဒီမိုကရေစီဖက်ဒရယ်ပြည် ထောင်စုတည်ဆောက်ရေး ၊အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးတည် ဆောက်ရေးလုပ်ငန်းစဉ်တို့တွင် အကြမ်းမဖက်သော နည်းလမ်း၊ ဆွေးနွေးညှိနှိုင်းအဖြေရှာသည့် နည်းလမ်းတို့ဖြင့် နိုင်ငံတော်အစိုးရ၊ အခြားညီနောင် တိုင်းရင်းသား များနှင့်အတူ စွမ်းစွမ်းတမံ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

ဆက်လက်၍ ပအိုဝ်းအမျိုးသားများ၏ ရည်မှန်းချက်များဖြစ်သော “ အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်း ခွင့်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ” ရရှိအောင်လည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ပြီးခဲ့သည့် ဧပြီလကလည်း ပြည်သူ့လုံခြုံရေးစနစ်နှင့်ပတ်သက်၍ ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက “ပြည်သူပါဝင်တဲ့ ပြည်သူ့လုံခြုံရေးစနစ်ကို ပြည်သူပါဝင်တဲ့ အင်အား၊ လိုအပ်တဲ့ အထောက်အပံ့ပစ္စည်း အပြည့်အစုံနဲ့ ဆောင်ရွက်သွားမှာဖြစ်ကြောင်း ကျွန်တော်ပြောလိုပါတယ်”ဟု ပြောကြားခဲ့ဖူးသည်။

https://npnewsmm.com/news/62c56c955f4e2f257e488f94

zawgyi version
ပအိုဝ္းအထူးေဒသ(၆)ကာကြယ္ေရးအတြက္ အ႐ြယ္ေရာက္ၿပီးသူမ်ားကို အေျခခံစစ္ပညာမ်ားသင္ၾကားေပးၿပီး လုံၿခဳံေရးတပ္ဖြဲ႕မ်ားဖြဲ႕စည္းသြားမည္ဟု PNO ထုတ္ျပန္
ဟိန္း (NP News) - ဇူလိုင္ ၆

ပအိုဝ္းအထူးေဒသ(၆)၏ ေဒသကာကြယ္ေရးအတြက္ အ႐ြယ္ေရာက္ၿပီးသူမ်ားကို အေျခခံစစ္ပညာမ်ား သင္ၾကားေပးၿပီး လုံၿခဳံေရးတပ္ဖြဲ႕မ်ား ဖြဲ႕စည္းသြားမည္ျဖစ္ေၾကာင္း သတင္းရရွိသည္။

လက္ရွိပကတိအေျခအေနအရ အထူးေဒသ(၆)၏ နယ္ေျမတည္ၿငိမ္ေအးခ်မ္းေရး၊ လုံၿခဳံေရးႏွင့္ အဆိုပါေဒသတြင္ ေနထိုင္သူမ်ား၏ အသက္အိုးအိမ္စည္းစိမ္းမ်ားအ ေပၚ အႏၲရာယ္မ်ား က်ေရာက္လာႏိုင္သည့္အေျခအေနသို႔ ေရာက္ရွိေနသည့္အတြက္ ယင္းကဲ့သို႔လုပ္ေဆာင္ျခင္းျဖစ္ေၾကာင္း ပအိုဝ္းအမ်ိဳးသားအဖြဲ႕ခ်ဳပ္(PNO)၏ ဇူလိုင္လ ၆ ရက္ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

အဆိုပါအႏၲရာယ္မ်ားကို ကာကြယ္သြားႏိုင္ရန္အတြက္ မူလပအိုဝ္းအမ်ိဳးသားေခါင္း ေဆာင္မ်ားခ်မွတ္ထားသည့္ အမ်ိဳးသားဒီမိုကေရစီအုပ္ခ်ဳပ္ေရးယႏၲရားမ်ားကို ပိုမိုခိုင္မာေအာင္ ျပည္လည္တည္‌ေဆာက္မည္ျဖစ္ေၾကာင္း၊ ေဒသကာကြယ္ေရးအတြက္ အ႐ြယ္ေရာက္ၿပီးသူမ်ားအား အေျခခံစစ္ပညာမ်ားကို ေလ့က်င့္သင္ၾကားေပးၿပီး စည္းကမ္းျပည့္ဝသည့္ လုံၿခဳံေရးတပ္ဖြဲ႕မ်ားကို ဖြဲ႕စည္းသြားမည္ျဖစ္ေၾကာင္း၊ ပအိုဝ္းေဒသအတြင္း မႈးယစ္ေဆးဝါး ေရာင္းဝယ္ေဖာက္ကားမႈႏွင့္ သုံးစြဲမႈမ်ားကို ကင္းေဝးေအာင္ ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္းႏွင့္ အထူးေဒသ (၆)အတြင္း ေနထိုင္ၾကသည့္ မိဘျပည္သူမ်ားအေနျဖင့္ ေဒသတည္ၿငိမ္ေရးအတြက္ ကာကြယ္ေရးလုပ္ငန္း စဥ္မ်ားတြင္အတူလက္တြဲ ေဆာက္႐ြက္ၾကရန္ကိုလည္း တိုက္တြန္းေၾကာင္း ပအိုဝ္းအမ်ိဳးသားအဖြဲ႕ခ်ဳပ္၏ ထုတ္ျပန္ထားသည္။

ထို႔ျပင္ ပအိုဝ္းအမ်ိဳးသားအဖြဲ႕ခ်ဳပ္(PNO) အေနျဖင့္လည္း ဒီမိုကေရစီဖက္ဒရယ္ျပည္ ေထာင္စုတည္ေဆာက္ေရး ၊အမ်ိဳးသားျပန္လည္သင့္ျမတ္ေရးႏွင့္ ၿငိမ္းခ်မ္းေရးတည္ ေဆာက္ေရးလုပ္ငန္းစဥ္တို႔တြင္ အၾကမ္းမဖက္ေသာ နည္းလမ္း၊ ေဆြးေႏြးညႇိႏႈိင္းအေျဖရွာသည့္ နည္းလမ္းတို႔ျဖင့္ ႏိုင္ငံေတာ္အစိုးရ၊ အျခားညီေနာင္ တိုင္းရင္းသား မ်ားႏွင့္အတူ စြမ္းစြမ္းတမံ ဆက္လက္ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း အသိေပးထားသည္။

ဆက္လက္၍ ပအိုဝ္းအမ်ိဳးသားမ်ား၏ ရည္မွန္းခ်က္မ်ားျဖစ္ေသာ “ အမ်ိဳးသားတန္းတူေရး၊ ကိုယ္ပိုင္ျပ႒ာန္း ခြင့္ႏွင့္ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ ” ရရွိေအာင္လည္း ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ပါရွိသည္။

ၿပီးခဲ့သည့္ ဧၿပီလကလည္း ျပည္သူ႔လုံၿခဳံေရးစနစ္ႏွင့္ပတ္သက္၍ ျပန္ၾကားေရးဒုဝန္ႀကီး ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက “ျပည္သူပါဝင္တဲ့ ျပည္သူ႔လုံၿခဳံေရးစနစ္ကို ျပည္သူပါဝင္တဲ့ အင္အား၊ လိုအပ္တဲ့ အေထာက္အပံ့ပစၥည္း အျပည့္အစုံနဲ႔ ေဆာင္႐ြက္သြားမွာျဖစ္ေၾကာင္း ကြၽန္ေတာ္ေျပာလိုပါတယ္”ဟု ေျပာၾကားခဲ့ဖူးသည္။

https://npnewsmm.com/news/62c56c955f4e2f257e488f94

Picture

ko moe

06/07/2022 21:51

စာတွေမမြင်ရဘူး၊ ဘယ်လိုလုပ်ရမှာလဲ

Related news

© 2021. All rights reserved.