တပ်မတော်က လူငယ်တစ်ဦးပေးသော ပတ္တမြားကို နိုင်ငံတော်သို့လှူဒါန်းခဲ့ပြီး နစကပတ္တမြားအဖြစ် သတ်မှတ်ခေါ်ဆိုမည်

2641

မျိုးကြီး (NP News) - ဇူလိုင် ၈
တပ်မတော်က လူငယ်တစ်ဦးပေးသော ပတ္တမြားကို နိုင်ငံတော်သို့လှူဒါန်းခဲ့ပြီး ၎င်းကို နစကပတ္တမြားအဖြစ် သတ်မှတ်ခေါ်ဆိုမည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
တပ်မတော်မှ နိုင်ငံတော်သို့ ပတ္တမြားလှူဒါန်းခြင်းအခမ်းအနားကို ဇူလိုင် ၇ ရက်က နေပြည်တော်ရှိ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးတွင် ပြုလုပ်ခဲ့ကြောင်း နစကဘက်က သတင်းထုတ်ပြန်ထား သည်။
နိုင်ငံတော်နှင့်တပ်မတော်ကို ချစ်မြတ်နိုးသောလူငယ်တစ်ဦးက ၎င်း၏မိဘဘိုးဘွားများလက်ထက်က ထိန်းသိမ်းထားသော ပတ္တမြားကို တပ်မတော်သို့လှူဒါန်းရန်အတွက် ကမ်းလှမ်းလာခဲ့ကြောင်း နစကဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
၎င်းပတ္တမြားသည် ၂၇၈၉ ဒသမ ၂၅ ကာရက်ရှိပြီး အရွယ်အစားအားဖြင့်ကြီးမားကာ အဖိုးထိုက်တန်သည့် ပတ္တမြားဖြစ်သည့်အတွက် တပ်မတော်အနေဖြင့် နိုင်ငံတော်သို့ ပေးအပ်လှူဒါန်းရခြင်းဖြစ် ကြောင်း နစကဥက္ကဋ္ဌက ဆိုသည်။
ထို့ပြင် နစကဥက္ကဋ္ဌက ယခုပတ္တမြားကို နိုင်ငံတော်ပတ္တမြား(နစကပတ္တမြား) အဖြစ် ဂုဏ်ပြုသတ်မှတ်ခေါ်ဆိုမည်ဖြစ်ကာ လှူဒါန်းခဲ့သော လူငယ်ကိုလည်း ထိုက်တန်သည့် ချီးမြှင့်မှုများပြုလုပ်သွားမည်ဟု ဆိုသည်။
ယခုနိုင်ငံတော်သို့ လှူဒါန်းသော ပတ္တမြားမှာ မိုးကုတ်ရတနာမြေမှ ထွက်ရှိခြင်းဖြစ်ကြောင်း သိရပြီး ၎င်းပတ္တမြား၏ မာခြင်း အဆင့်မှာ ၉ ရှိကာ သိပ်သည်းဆမှ ၃ ဒသမ ၉၉ ရှိကြောင်းနှင့် အရောင်မှာ ခရမ်း ရောင်အနည်းငယ်သန်းသော အနီရောင်ဖြစ်သည်ဟု နစကဘက်က ပြောဆိုထားသည်။
ထို့အတူ ပြီးခဲ့သော ၁၉၉ဝ ပြည့်နှစ် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့အစိုးရလက်ထက်တွင် နိုင်ငံတော်သို့ ၄၉၆ ကာရက်ရှိ ပတ္တမြားလှူဒါန်းမှုတစ်ခုရှိခဲ့ကြောင်း သိရသည်။
၂ဝ၁၃ ခုနှစ်တွင်လည်း ၁၉ဝ၇ ကာရက်ရှိပတ္တမြားတစ်ခုကို နိုင်ငံတော်သို့ လှူဒါန်းမှုတစ်ခုရှိခဲ့ကြောင်း သိရသည်။

Zawgyi Version;
တပ္မေတာ္က လူငယ္တစ္ဦးေပးေသာ ပတၱျမားကို ႏိုင္ငံေတာ္သို႔လႉဒါန္းခဲ့ၿပီး နစကပတၱျမားအျဖစ္ သတ္မွတ္ေခၚဆိုမည္
မ်ိဳးႀကီး (NP News) - ဇူလိုင္ ၈
တပ္မေတာ္က လူငယ္တစ္ဦးေပးေသာ ပတၱျမားကို ႏိုင္ငံေတာ္သို႔လႉဒါန္းခဲ့ၿပီး ၎ကို နစကပတၱျမားအျဖစ္ သတ္မွတ္ေခၚဆိုမည္ျဖစ္ေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ေျပာသည္။
တပ္မေတာ္မွ ႏိုင္ငံေတာ္သို႔ ပတၱျမားလႉဒါန္းျခင္းအခမ္းအနားကို ဇူလိုင္ ၇ ရက္က ေနျပည္ေတာ္ရွိ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးတြင္ ျပဳလုပ္ခဲ့ေၾကာင္း နစကဘက္က သတင္းထုတ္ျပန္ထား သည္။
ႏိုင္ငံေတာ္ႏွင့္တပ္မေတာ္ကို ခ်စ္ျမတ္ႏိုးေသာလူငယ္တစ္ဦးက ၎၏မိဘဘိုးဘြားမ်ားလက္ထက္က ထိန္းသိမ္းထားေသာ ပတၱျမားကို တပ္မေတာ္သို႔လႉဒါန္းရန္အတြက္ ကမ္းလွမ္းလာခဲ့ေၾကာင္း နစကဥကၠ႒ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ေျပာသည္။
၎ပတၱျမားသည္ ၂၇၈၉ ဒသမ ၂၅ ကာရက္ရွိၿပီး အ႐ြယ္အစားအားျဖင့္ႀကီးမားကာ အဖိုးထိုက္တန္သည့္ ပတၱျမားျဖစ္သည့္အတြက္ တပ္မေတာ္အေနျဖင့္ ႏိုင္ငံေတာ္သို႔ ေပးအပ္လႉဒါန္းရျခင္းျဖစ္ ေၾကာင္း နစကဥကၠ႒က ဆိုသည္။
ထို႔ျပင္ နစကဥကၠ႒က ယခုပတၱျမားကို ႏိုင္ငံေတာ္ပတၱျမား(နစကပတၱျမား) အျဖစ္ ဂုဏ္ျပဳသတ္မွတ္ေခၚဆိုမည္ျဖစ္ကာ လႉဒါန္းခဲ့ေသာ လူငယ္ကိုလည္း ထိုက္တန္သည့္ ခ်ီးျမႇင့္မႈမ်ားျပဳလုပ္သြားမည္ဟု ဆိုသည္။
ယခုႏိုင္ငံေတာ္သို႔ လႉဒါန္းေသာ ပတၱျမားမွာ မိုးကုတ္ရတနာေျမမွ ထြက္ရွိျခင္းျဖစ္ေၾကာင္း သိရၿပီး ၎ပတၱျမား၏ မာျခင္း အဆင့္မွာ ၉ ရွိကာ သိပ္သည္းဆမွ ၃ ဒသမ ၉၉ ရွိေၾကာင္းႏွင့္ အေရာင္မွာ ခရမ္း ေရာင္အနည္းငယ္သန္းေသာ အနီေရာင္ျဖစ္သည္ဟု နစကဘက္က ေျပာဆိုထားသည္။
ထို႔အတူ ၿပီးခဲ့ေသာ ၁၉၉ဝ ျပည့္ႏွစ္ ႏိုင္ငံေတာ္ၿငိမ္ဝပ္ပိျပားမႈတည္ေဆာက္ေရးအဖြဲ႕အစိုးရလက္ထက္တြင္ ႏိုင္ငံေတာ္သို႔ ၄၉၆ ကာရက္ရွိ ပတၱျမားလႉဒါန္းမႈတစ္ခုရွိခဲ့ေၾကာင္း သိရသည္။
၂ဝ၁၃ ခုႏွစ္တြင္လည္း ၁၉ဝ၇ ကာရက္ရွိပတၱျမားတစ္ခုကို ႏိုင္ငံေတာ္သို႔ လႉဒါန္းမႈတစ္ခုရွိခဲ့ေၾကာင္း သိရသည္။