ရေနံတန်ချိန် သန်းပေါင်း ၈၂ သန်းခန့်ထုတ်ယူနိုင်မယ့် ရေနံသိုက်ကြီးတစ်ခုကို ရုရှားတွေ့ရှိ

 2398

ဂျန်ဇက် (NP News) - ဇူလိုင် ၁ဝ
ရုရှား နိုင်ငံရဲ့အဓိကစွမ်းအင်ကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Rosneft က ၎င်းတို့ဟာ အာတိတ်ဒေသ ပီချိုရာ ပင်လယ်အတွင်းမှာ ကြီးမားတဲ့ရေနံသိုက်ကြီးတစ်ခု ရှာဖွေတွေ့ရှိခဲ့ကြောင်း ကြေညာခဲ့ပါတယ်။

အဆိုပါ ရေနံသိုက်ဟာ ရေနံတန်ချိန်ပေါင်း အနည်းဆုံး ၈၂ သန်း တန်ချိန် ထုတ်ယူနိုင်ဖွယ်ရှိတယ်လို့ Rosneft က ပြောပါတယ်။ အဆိုပါ ရေနံသိုက်ကို Medynsko-Varandeysky ဧရိယာအတွင်း ရေနံတူးဖော်ချိန်မှာ တွေ့ရှိခဲ့တာဖြစ်တယ်လို့ စွမ်းအင်ကုမ္ပဏီကြီးဖြစ်တဲ့ Rosneft က ပြောပါတယ်။

အဆိုပါ ကုမ္ပဏီက "စမ်းသပ်မှုတွေလုပ်ချိန်အတွင်းမှာ ရေနံတွေ အလွယ်တကူထွက်ရှိလာခဲ့တယ်။ တစ်ရက်ကို ၂၂ဝ ကုဗမီတာ လောက်ထွက်ရှိတယ်။ ထွက်ရှိလာတဲ့ရေနံဟာ ပေါ့ပါးသလို စေးပျစ်မှုသိပ်မရှိဘဲ ကန့်ဓါတ်နည်းပါးတယ်" လို့ပြောပါတယ်။

ပိုချိုရာ ပင်လယ်အတွင်းရှိ ရေပိုင်နက်ထဲမှာ ၎င်းတို့လုပ်ဆောင်နေတဲ့ ရေနံတူးဖော်ရေးဟာTiman-Pechora ဒေသမှာ ရေနံတွေ သိသိသာသာထွက်ရှိလာမယ့် အလားလာကောင်းများဖြစ်လာစေခဲ့ကြောင်း၊ ၎င်းတို့အနေနဲ့ အဆိုပါဒေသမှာ ရေနံ ပိုမိုထွက်ရှိရေးနဲ့ လေ့လာစမ်းသပ်မှုတွေ ဆက်လက်လုပ်ကိုင်သွားမှာဖြစ်ကြောင်း Rosneft က သတင်းထုတ်ပြန်ထားပါတယ်။

အဆိုပါကုမ္ပဏီဟာ အာတိတ်သမုဒ္ဒရာအတွင်း ကမ်းလွန်ရေနံလုပ်ကွက် လိုင်စင် ၂၈ ခုရှိနေပြီး အဆိုပါရေနံလိုင်စင်အားလုံးထဲမှ ၈ ခုဟာ ပီချိုရာပင်လယ်အတွင်းမှာလုပ်ကိုင်ရမှာဖြစ်တယ်လို့ သိရပါတယ်။

https://www.rt.com/business/558090-russia-massive-oil-discovery-arctic/

Zawgyi Version;
ေရနံတန္ခ်ိန္ သန္းေပါင္း ၈၂ သန္းခန႔္ထုတ္ယူႏိုင္မယ့္ ေရနံသိုက္ႀကီးတစ္ခုကို ႐ုရွားေတြ႕ရွိ
ဂ်န္ဇက္ (NP News) - ဇူလိုင္ ၁ဝ
႐ုရွား ႏိုင္ငံရဲ႕အဓိကစြမ္းအင္ကုမၸဏီႀကီးတစ္ခုျဖစ္တဲ့ Rosneft က ၎တို႔ဟာ အာတိတ္ေဒသ ပီခ်ိဳရာ ပင္လယ္အတြင္းမွာ ႀကီးမားတဲ့ေရနံသိုက္ႀကီးတစ္ခု ရွာေဖြေတြ႕ရွိခဲ့ေၾကာင္း ေၾကညာခဲ့ပါတယ္။

အဆိုပါ ေရနံသိုက္ဟာ ေရနံတန္ခ်ိန္ေပါင္း အနည္းဆုံး ၈၂ သန္း တန္ခ်ိန္ ထုတ္ယူႏိုင္ဖြယ္ရွိတယ္လို႔ Rosneft က ေျပာပါတယ္။ အဆိုပါ ေရနံသိုက္ကို Medynsko-Varandeysky ဧရိယာအတြင္း ေရနံတူးေဖာ္ခ်ိန္မွာ ေတြ႕ရွိခဲ့တာျဖစ္တယ္လို႔ စြမ္းအင္ကုမၸဏီႀကီးျဖစ္တဲ့ Rosneft က ေျပာပါတယ္။

အဆိုပါ ကုမၸဏီက "စမ္းသပ္မႈေတြလုပ္ခ်ိန္အတြင္းမွာ ေရနံေတြ အလြယ္တကူထြက္ရွိလာခဲ့တယ္။ တစ္ရက္ကို ၂၂ဝ ကုဗမီတာ ေလာက္ထြက္ရွိတယ္။ ထြက္ရွိလာတဲ့ေရနံဟာ ေပါ့ပါးသလို ေစးပ်စ္မႈသိပ္မရွိဘဲ ကန႔္ဓါတ္နည္းပါးတယ္" လို႔ေျပာပါတယ္။

ပိုခ်ိဳရာ ပင္လယ္အတြင္းရွိ ေရပိုင္နက္ထဲမွာ ၎တို႔လုပ္ေဆာင္ေနတဲ့ ေရနံတူးေဖာ္ေရးဟာTiman-Pechora ေဒသမွာ ေရနံေတြ သိသိသာသာထြက္ရွိလာမယ့္ အလားလာေကာင္းမ်ားျဖစ္လာေစခဲ့ေၾကာင္း၊ ၎တို႔အေနနဲ႔ အဆိုပါေဒသမွာ ေရနံ ပိုမိုထြက္ရွိေရးနဲ႔ ေလ့လာစမ္းသပ္မႈေတြ ဆက္လက္လုပ္ကိုင္သြားမွာျဖစ္ေၾကာင္း Rosneft က သတင္းထုတ္ျပန္ထားပါတယ္။

အဆိုပါကုမၸဏီဟာ အာတိတ္သမုဒၵရာအတြင္း ကမ္းလြန္ေရနံလုပ္ကြက္ လိုင္စင္ ၂၈ ခုရွိေနၿပီး အဆိုပါေရနံလိုင္စင္အားလုံးထဲမွ ၈ ခုဟာ ပီခ်ိဳရာပင္လယ္အတြင္းမွာလုပ္ကိုင္ရမွာျဖစ္တယ္လို႔ သိရပါတယ္။

https://www.rt.com/business/558090-russia-massive-oil-discovery-arctic/

Picture

Kyaw Kyaw

10/07/2022 14:23

ဝမ္းသာပါတယ္ ။ေစတနာအက်ိဳးေပးေတြေပါ့ ။

© 2021. All rights reserved.