အီရန်ကို နျူကလီးယားလက်နက်မပိုင်ဆိုင်အောင် အစ္စရေးအစိုးရနဲ့ပူးပေါင်းဆောင်ရွက်ဖို့ အမေရိကန်သမ္မတ သဘောတူ

752

ဂျန်ဇက် (NP News) - ဇူလိုင် ၁၅
အမေရိကန်နဲ့ အစ္စရေးနိုင်ငံတို့ဟာ အီရန်နိုင်ငံရဲ့ နျူကလီးယားရည်မှန်းချက်များကိုရပ်တန့်အောင် ပူးပေါင်း ဆောင်ရွက်သွားဖို့ သဘောတူညီခဲ့တယ်လို့ သိရပါတယ်။
အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ဟာ အစ္စရေးနိုင်ငံကိုရောက်ရှိနေချိန်အတွင်း အစ္စရေးဝန်ကြီးချုပ်လာပစ်နဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ပြီးနောက် ပူးတွဲကြေညာချက်ထုတ်ပြန်ခဲ့ချိန်မှာ အဆိုပါအချက်ကို ထည့်သွင်းဖော်ပြခဲ့တာလည်းဖြစ်ပါ တယ်။
အစ္စရေးနဲ့ အမေရိကန်တို့ဟာ အီရန်နိုင်ငံကို နျူကလီးယားလက်နက်ပိုင်ဆိုင်မှုကနေ တားဆီးဖို့ သဘောတူညီ ချက်ကိုလက်မှတ်ရေးထိုးခဲ့သလို အီရန်ဆန့်ကျင်ရေးပူးပေါင်းဆောင်ရွက်ဖို့ သဘောတူညီခဲ့တယ်လို့ သတင်းများ ထွက်ပေါ်ခဲ့ပါတယ်။ ဂျိုးဘိုင်ဒန်ဟာ သမ္မတအဖြစ်တာဝန်ယူပြီးနောက် အရှေ့အလယ်ပိုင်းဒေသကို ပထမဆုံး သွားရောက်ခဲ့ပြီး ဇူလိုင် ၁၄ ရက်နေ့ နံနက်ပိုင်းမှာ အစ္စရေးဝန်ကြီးချုပ်နဲ့ တစ်ဦးချင်းသီးသန့်ဆွေးနွေးခဲ့ပြီးနောက် အီရန်နိုင်ငံကို နျူကလီးယားလက်နက် ပိုင်ဆိုင်မှုကတားဆီးဖို့ သဘောတူညီခဲ့တယ်လို့ သိရပါတယ်။
အမေရိကန်အစိုးရအနေနဲ့အစ္စရေးကို ကူညီထောက်ပံ့ပေးမှုများ ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ကြောင်း သိရပါ တယ်။ အမေရိကန်သမ္မတဟောင်း ဘားရတ်အိုဘားမားလက်ထက် ၂ဝ၁၆ ခုနှစ်ကအမေရိကန်ဟာ အစ္စရေးကို ၁ဝ နှစ်သက်တမ်းအတွင်း အမေရိကန်ဒေါ်လာ ၃၈ ဘီလျံကူညီပေးဖို့ သဘောတူညီခဲ့တယ်လို့ သိရပါတယ်။
အီရန်ဟာ ၂ဝ၁၅ ခုနှစ်က ကမ္ဘာ့အင်အားကြီးနိုင်ငံများနဲ့ နျူကလီးယားသဘောတူညီ စာချုပ်လက်မှတ်ရေးထိုးခဲ့ ပေမယ့် သိသာတဲ့တိုးတက်မှုတွေမရှိတဲ့အတွက် အမေရိကန်နဲ့ အီရန်တို့ဟာ အပြန်အလှန်အပြစ်တင်မှုတွေ ရှိနေခဲ့ ပါတယ်။ အမေရိကန်အစိုးရအနေနဲ့ အစ္စရေးနိုင်ငံရဲ့လုံခြုံရေးနဲ့ပတ်သက်ပြီး ပေးထားတဲ့ကတိတွေကို အကောင် အထည်ဖော်သွားမှာဖြစ်ကြောင်း၊ အီရန်ကို နျူကလီးယားလက်နက်ပိုင်ဆိုင်ခြင်းမရှိအောင် လုပ်ဆောင်သွားမှာဖြစ် ကြောင်း အမေရိကန်နဲ့ အစ္စရေးတို့ပူးတွဲထုတ်ပြန်တဲ့ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။
https://www.aljazeera.com/news/2022/7/14/us-israel-to-commit-to-stopping-iran-nuclear-ambitions

Zawgyi Version;
အီရန္ကို န်ဴကလီးယားလက္နက္မပိုင္ဆိုင္ေအာင္ အစၥေရးအစိုးရနဲ႔ပူးေပါင္းေဆာင္႐ြက္ဖို႔ အေမရိကန္သမၼတ သေဘာတူ
ဂ်န္ဇက္ (NP News) - ဇူလိုင္ ၁၅
အေမရိကန္နဲ႔ အစၥေရးႏိုင္ငံတို႔ဟာ အီရန္ႏိုင္ငံရဲ႕ န်ဴကလီးယားရည္မွန္းခ်က္မ်ားကိုရပ္တန႔္ေအာင္ ပူးေပါင္း ေဆာင္႐ြက္သြားဖို႔ သေဘာတူညီခဲ့တယ္လို႔ သိရပါတယ္။
အေမရိကန္သမၼတဂ်ိဳးဘိုင္ဒန္ဟာ အစၥေရးႏိုင္ငံကိုေရာက္ရွိေနခ်ိန္အတြင္း အစၥေရးဝန္ႀကီးခ်ဳပ္လာပစ္နဲ႔ ေတြ႕ဆုံ ေဆြးေႏြးခဲ့ၿပီးေနာက္ ပူးတြဲေၾကညာခ်က္ထုတ္ျပန္ခဲ့ခ်ိန္မွာ အဆိုပါအခ်က္ကို ထည့္သြင္းေဖာ္ျပခဲ့တာလည္းျဖစ္ပါ တယ္။
အစၥေရးနဲ႔ အေမရိကန္တို႔ဟာ အီရန္ႏိုင္ငံကို န်ဴကလီးယားလက္နက္ပိုင္ဆိုင္မႈကေန တားဆီးဖို႔ သေဘာတူညီ ခ်က္ကိုလက္မွတ္ေရးထိုးခဲ့သလို အီရန္ဆန႔္က်င္ေရးပူးေပါင္းေဆာင္႐ြက္ဖို႔ သေဘာတူညီခဲ့တယ္လို႔ သတင္းမ်ား ထြက္ေပၚခဲ့ပါတယ္။ ဂ်ိဳးဘိုင္ဒန္ဟာ သမၼတအျဖစ္တာဝန္ယူၿပီးေနာက္ အေရွ႕အလယ္ပိုင္းေဒသကို ပထမဆုံး သြားေရာက္ခဲ့ၿပီး ဇူလိုင္ ၁၄ ရက္ေန႔ နံနက္ပိုင္းမွာ အစၥေရးဝန္ႀကီးခ်ဳပ္နဲ႔ တစ္ဦးခ်င္းသီးသန႔္ေဆြးေႏြးခဲ့ၿပီးေနာက္ အီရန္ႏိုင္ငံကို န်ဴကလီးယားလက္နက္ ပိုင္ဆိုင္မႈကတားဆီးဖို႔ သေဘာတူညီခဲ့တယ္လို႔ သိရပါတယ္။
အေမရိကန္အစိုးရအေနနဲ႔အစၥေရးကို ကူညီေထာက္ပံ့ေပးမႈမ်ား ဆက္လက္လုပ္ေဆာင္သြားမွာျဖစ္ေၾကာင္း သိရပါ တယ္။ အေမရိကန္သမၼတေဟာင္း ဘားရတ္အိုဘားမားလက္ထက္ ၂ဝ၁၆ ခုႏွစ္ကအေမရိကန္ဟာ အစၥေရးကို ၁ဝ ႏွစ္သက္တမ္းအတြင္း အေမရိကန္ေဒၚလာ ၃၈ ဘီလ်ံကူညီေပးဖို႔ သေဘာတူညီခဲ့တယ္လို႔ သိရပါတယ္။
အီရန္ဟာ ၂ဝ၁၅ ခုႏွစ္က ကမာၻ႔အင္အားႀကီးႏိုင္ငံမ်ားနဲ႔ န်ဴကလီးယားသေဘာတူညီ စာခ်ဳပ္လက္မွတ္ေရးထိုးခဲ့ ေပမယ့္ သိသာတဲ့တိုးတက္မႈေတြမရွိတဲ့အတြက္ အေမရိကန္နဲ႔ အီရန္တို႔ဟာ အျပန္အလွန္အျပစ္တင္မႈေတြ ရွိေနခဲ့ ပါတယ္။ အေမရိကန္အစိုးရအေနနဲ႔ အစၥေရးႏိုင္ငံရဲ႕လုံၿခဳံေရးနဲ႔ပတ္သက္ၿပီး ေပးထားတဲ့ကတိေတြကို အေကာင္ အထည္ေဖာ္သြားမွာျဖစ္ေၾကာင္း၊ အီရန္ကို န်ဴကလီးယားလက္နက္ပိုင္ဆိုင္ျခင္းမရွိေအာင္ လုပ္ေဆာင္သြားမွာျဖစ္ ေၾကာင္း အေမရိကန္နဲ႔ အစၥေရးတို႔ပူးတြဲထုတ္ျပန္တဲ့ေၾကညာခ်က္ထဲမွာ ေဖာ္ျပထားပါတယ္။
https://www.aljazeera.com/news/2022/7/14/us-israel-to-commit-to-stopping-iran-nuclear-ambitions