လျှပ်စစ်ကား တင်သွင်းခြင်းနှင့် အသုံးပြုပြေးဆွဲရန်အတွက် ဗိုလ်ချုပ်ကြီးမြထွန်းဦး ဦးဆောင်သော ကော်မတီတစ်ရပ်ကို နစကဖွဲ့စည်း

 2445

မျိုးကြီး (NP News) - ဇူလိုင် ၁၅
လျှပ်စစ်ယာဉ်တင်သွင်းခြင်းနှင့် အသုံးပြုပြေးဆွဲရန်အ တွက် မူဝါဒများချမှတ်နိုင်ရေး နစကအဖွဲ့ဝင် ဗိုလ်ချုပ်ကြီးမြထွန်းဦး ဦးဆောင်သည့် ကော်မတီတစ်ရပ်ကို ဖွဲ့စည်းထားကြောင်း နစက၏သတင်းအချက်အလက်များအရ သိရသည်။

၎င်းကော်မတီမှာ အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးဆောင်ကော်မ တီဖြစ်ပြီး ပြီးခဲ့သော ဇွန်လအတွင်းက နစကမှ ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

အဆိုပါကော်မတီတွင် ဥက္ကဋ္ဌအဖြစ် နစကအဖွဲ့ဝင် ဗိုလ် ချုပ်ကြီးမြထွန်းဦးက ဦးဆောင်မည်ဖြစ်ကာ စုစုပေါင်း (၁၂)ဦးဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။

မြန်မာနိုင်ငံအတွင်း လျှပ်စစ်သုံးယာဉ်များနှင့် ဆက်စပ်လုပ် ငန်းများစတင်ဖွံ့ဖြိုးလာစေရေး တင်သွင်း၊ ထုတ်လုပ်၊ အသုံးပြု ပြေးဆွဲရန်အတွက် လိုအပ်သည့် မူဝါဒ၊ လုပ် ငန်းစဉ်များ၊ လမ်းညွှန်ချက်များ ချမှတ်နိုင်ရေး ညွှန်ကြားခြင်း၊ လမ်းညွှန်းခြင်းနှင့် အတည်ပြုထုတ်ပြန်နိုင်ရန်အတွက် ၎င်းကော်မတီကို ဖွဲ့စည်းခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် လျှပ်စစ်ယာဉ်များ အသုံးပြုလာနိုင်ရေးအတွက် ဝန်း ကျင်ကောင်းများ ဖန်တီးပေးခြင်းနှင့်အတူ ဘဏ္ဍာငွေသုံးစွဲမှု၊ ဘဏ္ဍာငွေနှင့် မသက်ဆိုင်သည့် မက်လုံးပေးမှုနှင့် အခြားစီမံခန့်ခွဲမှုနည်းလမ်းများဖြင့် ပံ့ပိုးပေးနိုင်ရေး လမ်း ညွှန်ချက်များ ချမှတ်ရန်လည်း ကော်မတီကို တာဝန်ပေးထားကြောင်း သိရသည်။

လျှပ်စစ်ယာဉ်အပါအဝင် ဘက်ထရီနှင့် အားသွင်းစနစ်များ၊ ဆက်စပ်ပစ္စည်းများ ပြည်တွင်း၌ထုတ်လုပ်နိုင်ရေးအတွက်လည်း ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှုများ ဦးစားပေးဖိတ်ခေါ်မည့် အစီအမံများချမှတ်ခြင်းနှင့် လမ်းညွှန်ခြင်းတို့ကိုဆောင်ရွက်ရန် ၎င်းကော်မတီကို တာဝန်ပေးထားသည်။

ထို့အတူ ယာဉ်မောင်းသူများနှင့် ယာဉ်စီးသူများ ဘေးအန္တ ရာယ်ကင်းရှင်းရေးဆိုင်ရာ သတိပြုရန်အချက်များနှင့် လိုက်နာရန် အချက်များကို အတည်ပြု ထုတ်ပြန်ကြေညာရန်လည်း အဆိုပါကော်မတီကို တာဝန်ပေးထားကြောင်း သိရသည်။

လက်ရှိ နစကဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ပြည်တွင်း၌ လျှပ်စစ်ကားနှင့် လျှပ်စစ်ရထားများ ပြေးဆွဲနိုင်ရေးအတွက် အဓိကထားလုပ်ဆောင်ရန် ပြီးခဲ့သော အစည်းအဝေးများတွင် အလေးထားကာပြောဆိုမှုများရှိခဲ့သည်ကို တွေ့ရသည်။

“တစ်နိုင်ငံလုံးလျှပ်စစ်ရထားလမ်းနဲ့ဆွဲရပါလိမ့်မယ်။ တစ် နိုင်ငံလုံး လျှပ်စစ်ရထားနဲ့ ပြေးရပါလိမ့်မယ်။ တစ်နိုင်ငံလုံးမြို့ ပတ်ရထားလမ်းဆို မြို့ပတ်လမ်းအတိုင်းသွားမယ်။ မြို့ပေါ်တွေမှာသုံးတဲ့ကားတွေက လျှပ်စစ်ကားတွေဖြစ်ရမယ်။ ဒီမူ ဝါဒကိုတွက်နေပါတယ်။ အချိန်လေးတစ်ခု တွက်ချက်ပြီးလို့ရှိရင် ကျွန်တော်တို့ ကြေညာပါ့မယ်။ ဘယ်နှစ်မှာတော့ လျှပ်စစ်ကားသုံးတဲ့စနစ်ကို ဘယ်အဆင့်မှာပြောင်း ပြီးသားဖြစ်ရမယ်”ဟု နစကဥက္ကဋ္ဌက ပြောဆိုထားသည်။

https://npnewsmm.com/news/62d0f5be46fff124335270de

zawgyi version
လွ်ပ္စစ္ကား တင္သြင္းျခင္းႏွင့္ အသုံးျပဳေျပးဆြဲရန္အတြက္ ဗိုလ္ခ်ဳပ္ႀကီးျမထြန္းဦး ဦးေဆာင္ေသာ ေကာ္မတီတစ္ရပ္ကို နစကဖြဲ႕စည္း
မ်ိဳးႀကီး (NP News) - ဇူလိုင္ ၁၅

လွ်ပ္စစ္ယာဥ္တင္သြင္းျခင္းႏွင့္ အသုံးျပဳေျပးဆြဲရန္အ တြက္ မူဝါဒမ်ားခ်မွတ္ႏိုင္ေရး နစကအဖြဲ႕ဝင္ ဗိုလ္ခ်ဳပ္ႀကီးျမထြန္းဦး ဦးေဆာင္သည့္ ေကာ္မတီတစ္ရပ္ကို ဖြဲ႕စည္းထားေၾကာင္း နစက၏သတင္းအခ်က္အလက္မ်ားအရ သိရသည္။

၎ေကာ္မတီမွာ အမ်ိဳးသားအဆင့္ လွ်ပ္စစ္သုံးယာဥ္ႏွင့္ ဆက္စပ္လုပ္ငန္းမ်ား ဖြံ႕ၿဖိဳးတိုးတက္ေရးဦးေဆာင္ေကာ္မ တီျဖစ္ၿပီး ၿပီးခဲ့ေသာ ဇြန္လအတြင္းက နစကမွ ဖြဲ႕စည္းခဲ့ျခင္းျဖစ္သည္။

အဆိုပါေကာ္မတီတြင္ ဥကၠ႒အျဖစ္ နစကအဖြဲ႕ဝင္ ဗိုလ္ ခ်ဳပ္ႀကီးျမထြန္းဦးက ဦးေဆာင္မည္ျဖစ္ကာ စုစုေပါင္း (၁၂)ဦးျဖင့္ ဖြဲ႕စည္းထားျခင္းျဖစ္သည္။

ျမန္မာႏိုင္ငံအတြင္း လွ်ပ္စစ္သုံးယာဥ္မ်ားႏွင့္ ဆက္စပ္လုပ္ ငန္းမ်ားစတင္ဖြံ႕ၿဖိဳးလာေစေရး တင္သြင္း၊ ထုတ္လုပ္၊ အသုံးျပဳ ေျပးဆြဲရန္အတြက္ လိုအပ္သည့္ မူဝါဒ၊ လုပ္ ငန္းစဥ္မ်ား၊ လမ္းၫႊန္ခ်က္မ်ား ခ်မွတ္ႏိုင္ေရး ၫႊန္ၾကားျခင္း၊ လမ္းၫႊန္းျခင္းႏွင့္ အတည္ျပဳထုတ္ျပန္ႏိုင္ရန္အတြက္ ၎ေကာ္မတီကို ဖြဲ႕စည္းျခင္းျဖစ္ေၾကာင္း သိရသည္။

ထို႔ျပင္ လွ်ပ္စစ္ယာဥ္မ်ား အသုံးျပဳလာႏိုင္ေရးအတြက္ ဝန္း က်င္ေကာင္းမ်ား ဖန္တီးေပးျခင္းႏွင့္အတူ ဘ႑ာေငြသုံးစြဲမႈ၊ ဘ႑ာေငြႏွင့္ မသက္ဆိုင္သည့္ မက္လုံးေပးမႈႏွင့္ အျခားစီမံခန႔္ခြဲမႈနည္းလမ္းမ်ားျဖင့္ ပံ့ပိုးေပးႏိုင္ေရး လမ္း ၫႊန္ခ်က္မ်ား ခ်မွတ္ရန္လည္း ေကာ္မတီကို တာဝန္ေပးထားေၾကာင္း သိရသည္။

လွ်ပ္စစ္ယာဥ္အပါအဝင္ ဘက္ထရီႏွင့္ အားသြင္းစနစ္မ်ား၊ ဆက္စပ္ပစၥည္းမ်ား ျပည္တြင္း၌ထုတ္လုပ္ႏိုင္ေရးအတြက္လည္း ျပည္တြင္း၊ ျပည္ပ ရင္းႏွီးျမႇဳပ္ႏွံမႈမ်ား ဦးစားေပးဖိတ္ေခၚမည့္ အစီအမံမ်ားခ်မွတ္ျခင္းႏွင့္ လမ္းၫႊန္ျခင္းတို႔ကိုေဆာင္႐ြက္ရန္ ၎ေကာ္မတီကို တာဝန္ေပးထားသည္။

ထို႔အတူ ယာဥ္ေမာင္းသူမ်ားႏွင့္ ယာဥ္စီးသူမ်ား ေဘးအႏၲ ရာယ္ကင္းရွင္းေရးဆိုင္ရာ သတိျပဳရန္အခ်က္မ်ားႏွင့္ လိုက္နာရန္ အခ်က္မ်ားကို အတည္ျပဳ ထုတ္ျပန္ေၾကညာရန္လည္း အဆိုပါေကာ္မတီကို တာဝန္ေပးထားေၾကာင္း သိရသည္။

လက္ရွိ နစကဥကၠ႒ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္သည္ ျပည္တြင္း၌ လွ်ပ္စစ္ကားႏွင့္ လွ်ပ္စစ္ရထားမ်ား ေျပးဆြဲႏိုင္ေရးအတြက္ အဓိကထားလုပ္ေဆာင္ရန္ ၿပီးခဲ့ေသာ အစည္းအေဝးမ်ားတြင္ အေလးထားကာေျပာဆိုမႈမ်ားရွိခဲ့သည္ကို ေတြ႕ရသည္။

“တစ္ႏိုင္ငံလုံးလွ်ပ္စစ္ရထားလမ္းနဲ႔ဆြဲရပါလိမ့္မယ္။ တစ္ ႏိုင္ငံလုံး လွ်ပ္စစ္ရထားနဲ႔ ေျပးရပါလိမ့္မယ္။ တစ္ႏိုင္ငံလုံးၿမိဳ႕ ပတ္ရထားလမ္းဆို ၿမိဳ႕ပတ္လမ္းအတိုင္းသြားမယ္။ ၿမိဳ႕ေပၚေတြမွာသုံးတဲ့ကားေတြက လွ်ပ္စစ္ကားေတြျဖစ္ရမယ္။ ဒီမူ ဝါဒကိုတြက္ေနပါတယ္။ အခ်ိန္ေလးတစ္ခု တြက္ခ်က္ၿပီးလို႔ရွိရင္ ကြၽန္ေတာ္တို႔ ေၾကညာပါ့မယ္။ ဘယ္ႏွစ္မွာေတာ့ လွ်ပ္စစ္ကားသုံးတဲ့စနစ္ကို ဘယ္အဆင့္မွာေျပာင္း ၿပီးသားျဖစ္ရမယ္”ဟု နစကဥကၠ႒က ေျပာဆိုထားသည္။

https://npnewsmm.com/news/62d0f5be46fff124335270de

Related news

© 2021. All rights reserved.