လှိုင်သာယာ၊ ရွှေပြည်သာမြို့နယ်ရှိ တရားရုံးနှင့်ရပ်ကွက်ရုံးတို့ လက်လုပ်ဗုံးဖြင့် ပစ်ခတ်ခံခဲ့ရပြီး လူ(၄)ဦး ဒဏ်ရာရရှိ

1733

NP News - ဇူလိုင် ၁၅
ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ ရွှေပြည်သာမြို့နယ်တို့ရှိ တရားရုံးနှင့် ရပ်ကွက်ရုံးအား လက်လုပ်ဗုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခံခဲ့ရကြောင်း သတင်းရရှိသည်။
ရွှေပြည်သာမြို့နယ်၊ (၈)ရပ်ကွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအား ယနေ့ ဇူလိုင်လ ၁၅ ရက် ညနေ ၃ နာရီခွဲအချိန်ခန့်တွင် ဆိုင်ကယ်တစ်စီးပေါ်မှာ အမျိုးသားနှစ်ဦးက လက် လုပ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်သွားခဲ့ကြောင်း သတင်းရရှိသည်။
ထိုသို့ လက်လုပ်ဗုံးဖြင့် ပစ်ခတ်မှုကြောင့် ရပ်ကွက်ရုံးအ တွင်း ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ရာအိမ်မှူး (၂)ဦးနှင့် ဆယ်အိမ်မှူး(၁) ဦးတို့ အသက်အန္တရာယ်မစိုးရိမ်ရသော ဒဏ်ရာအသီးသီးရရှိခဲ့ကြောင်း ရပ်ကွက်ရုံးအနီးနေထိုင်သော သူတစ်ဦးက ပြောသည်။
ထို့ပြင် (၈)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှိ စာရေးဖြစ်သူမှာ (၁)ဦးမှာ အသက်အန္တရာယ်စိုးရိမ်ရသော ဒဏ်များရရှိခဲ့ပြီး လက်ရှိတွင် ဆေးရုံသို့ ပို့ဆောင်ကုသနေကြောင်း ၎င်းက ဆက်လက်ပြောသည်။
အလားတူ ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်ရှိ မြို့နယ်တရားရုံးရှေ့တွင် ယနေ့ ဇူလိုင်လ ၁၅ ရက် ညနေ ၄ နာရီအချိန်ခန့်ကလည်း လက်လုပ်ဗုံးကွဲခဲ့ကြောင်း သိရသည်။
အဆိုပါလက်လုပ်ဗုံးကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သူမရှိကြောင်း တရားရုံးအနီးနေထိုင်သော သတင်းအရင်းအမြစ်တစ်ဦးက ဆိုသည်။
ရန်ကုန်တိုင်းအတွင်းတွင် ပြီးခဲ့သော ဇူလိုင်လ ၁၂ ရက် ဗုဒ္ဓဘာသာဝင်များတန်းဖိုးထားရာ ဝါဆိုလပြည့်နေ့၌ မြို့ နယ်(၃)မြို့နယ်တွင် ဗုံးပေါက်ကွဲမှုများဖြစ်ပွားခဲ့ရာ လူ(၂) ဦးအထိ သေဆုံးခဲ့ပြီး (၁ဝ)ဦးထက် မနည်းဒဏ်ရာရရှိမှုများ ဖြစ်ပွားခဲ့သေးသည်။
https://npnewsmm.com/news/62d14253f56f427abd776693

zawgyi version
လႈိင္သာယာ၊ ေ႐ႊျပည္သာၿမိဳ႕နယ္ရွိ တရား႐ုံးႏွင့္ရပ္ကြက္႐ုံးတို႔ လက္လုပ္ဗုံးျဖင့္ ပစ္ခတ္ခံခဲ့ရၿပီး လူ(၄)ဦး ဒဏ္ရာရရွိ
NP News - ဇူလိုင္ ၁၅
ရန္ကုန္တိုင္း၊ လႈိင္သာယာၿမိဳ႕နယ္၊ ေ႐ႊျပည္သာၿမိဳ႕နယ္တို႔ရွိ တရား႐ုံးႏွင့္ ရပ္ကြက္႐ုံးအား လက္လုပ္ဗုံးျဖင့္ ပစ္ခတ္ တိုက္ခိုက္ခံခဲ့ရေၾကာင္း သတင္းရရွိသည္။
ေ႐ႊျပည္သာၿမိဳ႕နယ္၊ (၈)ရပ္ကြက္ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး႐ုံးအား ယေန႔ ဇူလိုင္လ ၁၅ ရက္ ညေန ၃ နာရီခြဲအခ်ိန္ခန႔္တြင္ ဆိုင္ကယ္တစ္စီးေပၚမွာ အမ်ိဳးသားႏွစ္ဦးက လက္ လုပ္ဗုံးျဖင့္ ပစ္ခတ္တိုက္ခိုက္သြားခဲ့ေၾကာင္း သတင္းရရွိသည္။
ထိုသို႔ လက္လုပ္ဗုံးျဖင့္ ပစ္ခတ္မႈေၾကာင့္ ရပ္ကြက္႐ုံးအ တြင္း ေပါက္ကြဲမႈျဖစ္ပြားခဲ့ၿပီး ရာအိမ္မႉး (၂)ဦးႏွင့္ ဆယ္အိမ္မႉး(၁) ဦးတို႔ အသက္အႏၲရာယ္မစိုးရိမ္ရေသာ ဒဏ္ရာအသီးသီးရရွိခဲ့ေၾကာင္း ရပ္ကြက္႐ုံးအနီးေနထိုင္ေသာ သူတစ္ဦးက ေျပာသည္။
ထို႔ျပင္ (၈)ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး႐ုံးရွိ စာေရးျဖစ္သူမွာ (၁)ဦးမွာ အသက္အႏၲရာယ္စိုးရိမ္ရေသာ ဒဏ္မ်ားရရွိခဲ့ၿပီး လက္ရွိတြင္ ေဆး႐ုံသို႔ ပို႔ေဆာင္ကုသေနေၾကာင္း ၎က ဆက္လက္ေျပာသည္။
အလားတူ ရန္ကုန္တိုင္း၊ လႈိင္သာယာၿမိဳ႕နယ္ရွိ ၿမိဳ႕နယ္တရား႐ုံးေရွ႕တြင္ ယေန႔ ဇူလိုင္လ ၁၅ ရက္ ညေန ၄ နာရီအခ်ိန္ခန႔္ကလည္း လက္လုပ္ဗုံးကြဲခဲ့ေၾကာင္း သိရသည္။
အဆိုပါလက္လုပ္ဗုံးကြဲမႈေၾကာင့္ ထိခိုက္ဒဏ္ရာရရွိခဲ့သူမရွိေၾကာင္း တရား႐ုံးအနီးေနထိုင္ေသာ သတင္းအရင္းအျမစ္တစ္ဦးက ဆိုသည္။
ရန္ကုန္တိုင္းအတြင္းတြင္ ၿပီးခဲ့ေသာ ဇူလိုင္လ ၁၂ ရက္ ဗုဒၶဘာသာဝင္မ်ားတန္းဖိုးထားရာ ဝါဆိုလျပည့္ေန႔၌ ၿမိဳ႕ နယ္(၃)ၿမိဳ႕နယ္တြင္ ဗုံးေပါက္ကြဲမႈမ်ားျဖစ္ပြားခဲ့ရာ လူ(၂) ဦးအထိ ေသဆုံးခဲ့ၿပီး (၁ဝ)ဦးထက္ မနည္းဒဏ္ရာရရွိမႈမ်ား ျဖစ္ပြားခဲ့ေသးသည္။
https://npnewsmm.com/news/62d14253f56f427abd776693