ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအနီးတွေ့ရှိခဲ့သော လက်လုပ်မိုင်းကို ဖောက်ခွဲရှင်းလင်း

 1373

NP News - ဇူလိုင် ၁၇
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ကျည်စုရပ်ကွက်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအနီးတွင် တွေ့ရှိခဲ့သော လက်လုပ်မိုင်းတစ်လုံးကို ဖောက်ခွဲ ရှင်းလင်းခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ယနေ့ ဇူလိုင်လ ၁၇ ရက်၊ နေ့လည် ၁နာရီအချိန်ခန့်တွင် ဖြစ်ပွားခဲ့ကြောင်း အခင်းဖြစ်ပွားအနီးတွင် နေထိုင်သော သတင်းအရင်းအမြစ်တစ်ဦးက NP News ကို ပြောသည်။

ဒဂုံမြို့သစ်(တောင်းပိုင်း)မြို့နယ်၊ ကျည်စုရပ်ကွက်၊ လှော်ကားလမ်းရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအနီး လမ်းဘေးတွင် မသင်္ကာဖွယ်ရာ ကြွပ်ကြွပ်အိတ်တစ်လုံးတွေ့ရှိခဲ့ပြီး စစ်ဆေးရာတွင် လက်လုပ်ဗုံးဖြစ်နေသည့်အတွက် သက်ဆိုင်ရာလုံခြုံ ရေးအဖွဲ့ဝင်များက ဖောက်ခွဲရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ ယနေ့ နံနက် ၈နာရီခွဲအချိန်တွင် ဒဂုံမြို့သစ်(တောင်းပိုင်း)မြို့နယ်၊ (၁၄၇) ရပ်ကွက်၊ လှော်ကားလမ်းရှိ ဆိုက်ကားတွဲယာဉ်ပေါ်တွင်လည်း မိုင်းထောင်ထားသည်ကိုတွေ့ရှိခဲ့သည့်အတွက် သက်ဆိုင်လုံခြုံရေးအဖွဲ့ဝင်များက လာရောက်ရှင်းလင်းပေးသွားခဲ့ကြောင်း သိရသည်။

zawgyi version
ဒဂုံၿမိဳ႕သစ္(ေတာင္ပိုင္း)ၿမိဳ႕နယ္ရွိ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး႐ုံးအနီးေတြ႕ရွိခဲ့ေသာ လက္လုပ္မိုင္းကို ေဖာက္ခြဲရွင္းလင္း
NP News - ဇူလိုင္ ၁၇

ဒဂုံၿမိဳ႕သစ္(ေတာင္ပိုင္း)ၿမိဳ႕နယ္၊ က်ည္စုရပ္ကြက္ရွိ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး႐ုံးအနီးတြင္ ေတြ႕ရွိခဲ့ေသာ လက္လုပ္မိုင္းတစ္လုံးကို ေဖာက္ခြဲ ရွင္းလင္းခဲ့ေၾကာင္း သတင္းရရွိသည္။

ျဖစ္စဥ္မွာ ယေန႔ ဇူလိုင္လ ၁၇ ရက္၊ ေန႔လည္ ၁နာရီအခ်ိန္ခန႔္တြင္ ျဖစ္ပြားခဲ့ေၾကာင္း အခင္းျဖစ္ပြားအနီးတြင္ ေနထိုင္ေသာ သတင္းအရင္းအျမစ္တစ္ဦးက NP News ကို ေျပာသည္။

ဒဂုံၿမိဳ႕သစ္(ေတာင္းပိုင္း)ၿမိဳ႕နယ္၊ က်ည္စုရပ္ကြက္၊ ေလွာ္ကားလမ္းရွိ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး႐ုံးအနီး လမ္းေဘးတြင္ မသကၤာဖြယ္ရာ ႂကြပ္ႂကြပ္အိတ္တစ္လုံးေတြ႕ရွိခဲ့ၿပီး စစ္ေဆးရာတြင္ လက္လုပ္ဗုံးျဖစ္ေနသည့္အတြက္ သက္ဆိုင္ရာလုံၿခဳံ ေရးအဖြဲ႕ဝင္မ်ားက ေဖာက္ခြဲရွင္းလင္းခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အလားတူ ယေန႔ နံနက္ ၈နာရီခြဲအခ်ိန္တြင္ ဒဂုံၿမိဳ႕သစ္(ေတာင္းပိုင္း)ၿမိဳ႕နယ္၊ (၁၄၇) ရပ္ကြက္၊ ေလွာ္ကားလမ္းရွိ ဆိုက္ကားတြဲယာဥ္ေပၚတြင္လည္း မိုင္းေထာင္ထားသည္ကိုေတြ႕ရွိခဲ့သည့္အတြက္ သက္ဆိုင္လုံၿခဳံေရးအဖြဲ႕ဝင္မ်ားက လာေရာက္ရွင္းလင္းေပးသြားခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.