မလေးရှားမှာ ဆင်စွယ်များ၊ သင်းခွေချပ်အကြေးခွံများကို မှောင်ခိုရောင်းဝယ်မှုတွေကို ဖမ်းဆီးရမိ

 838

ရောင်နီ (NP News) - ဇူလိုင် ၂ဝ
မလေးရှားအာဏာပိုင်များဟာ အာဖရိကဆင်စွယ်များ၊ သင်းခွေချပ်အကြေးခွံများနဲ့ အခြားသော တောရိုင်းတိရစ္ဆာန် ဦးခေါင်းခွံများနဲ့ အရိုးများပါရှိတဲ့ မလေးရှားရင်းဂစ် သန်း ၈ဝ တန်ဖိုးရှိ ကွန်တိန်နာတစ်လုံးကို သိမ်းဆည်းရမိခဲ့ပြီး ဒါဟာ ဇူလိုင်လ ၁၉ ရက်အထိအတွင်း အကြီးမားဆုံး မှောင်ခိုဖမ်းဆီးရမိမှု ဖြစ်တယ်လို့ သိရပါတယ်။

ဇူလိုင် ၁ဝ ရက်က သင်္ဘောတစ်ခုပေါ်စစ်ဆေးခဲ့ရာ ခုတ်ထစ်ထားတဲ့ သစ်များနောက်မှာ ဝှက်ထားတဲ့ မှောင်ခို ပစ္စည်းတွေထည့်ထားတဲ့ ကွန်တိန်နာတစ်လုံး ရှာဖွေတွေ့ရှိခဲ့ကြောင်း မလေးရှား တော်ဝင်အကောက်ခွန်ဌာနက ဇူလိုင်လ ၁၈ ရက်၊ တနင်္လာနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

အဆိုပါကွန်တိန်နာထဲမှာ ဆင်စွယ် ၆ဝဝဝ ကီလိုဂရမ် (၁၃၂၂၇ ပေါင်)၊ သင်းခွေချပ်အကြေးခွံ ၁ဝဝ ကီလိုဂရမ် (ပေါင် ၂၂ဝ)၊ ကြံ့ချို ၂၅ ကီလိုဂရမ် (၅၅ ပေါင်) နဲ့ အရိုး၊ ဦးချိုများ အပါအဝင် တိရစ္ဆာန် အစိတ်အပိုင်း ၃ဝဝ ကီလိုဂရမ် (၆၆၁ ပေါင်) ထိ ပါဝင်ကြောင်း အကောက်ခွန်က ဆိုပါတယ်။ မလေးရှား တော်ဝင်အကောက်ခွန် ညွှန်ကြားရေးမှူး ချုပ် ဇာဇူလီ ဂျိုဟန်က ဒါဟာ ဇူလိုင်လ ၁၉ ရက်အထိ ဖမ်းဆီးရမိမှုများထဲမှ အကြီးဆုံးဖမ်းဆီးမှုပဲဖြစ်တယ်လို့ မလေးရှားနိုင်ငံရဲ့ အဓိကဆိပ်ကမ်းဖြစ်တဲ့ Port Klang သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

အဆိုပါသင်္ဘောဟာ အာဖရိက အဘူဒါဘီမှတစ်ဆင့် မလေးရှားတောင်ပိုင်းရှိ အဓိကဆိပ်ကမ်းတစ်ခုဖြစ်တဲ့ Pasir Gudang သို့ ဆိုက်ကပ်လာခြင်းဖြစ်ပြီး သင်္ဘောကိုစောင့်ကြည့်မှုများ ပြုလုပ်လျက်ရှိပါတယ်။ အကောက်ခွန်တပ်ဖွဲ့ က တရားမဝင်မှောင်ခိုပစ္စည်းတွေဖြစ်တဲ့ ဆင်စွယ်၊ ကြံ့ချိုများ၊ သင်းခွေချပ်အကြေးခွံများ၊ ကျားသွားများ၊ အခြား အရိုးများနဲ့ တိရစ္ဆာန်အစိတ်အပိုင်းတွေပါဝင်တဲ့ကွန်တိန်နာကို မှောင်ခိုဈေးကွက်သို့မတင်ပို့မီ အောင်မြင်စွာ ဟန်တားနိုင်ခဲ့တာပါ။

တာဝန်ရှိသူများက နောက်ထပ် အသေးစိတ်အချက်အလက်များ ပြောကြားခြင်း မရှိသေးပေမယ့်လည်း အဆိုပါ ကွန်တိန်နာဟာ အာရှရဲ့အခြားဒေသများကိုပါတင်ပို့ဖို့ ရည်ရွယ်ထားခြင်း ရှိ၊ မရှိ ရှင်းရှင်းလင်းလင်း မသိရသေးဘူး လို့ သိရပါတယ်။

https://l.facebook.com/l.php?u=https%3A%2F%2Fwww.aljazeera.com%2Fnews%2F2022%2F7%2F19%2Fmalaysia-finds-contraband-wildlife-items-on-ship%3Futm_campaign%3DtrueAnthem%253A%2520Trending%2520Content%26utm_medium%3DtrueAnthem%26utm_source%3Dfacebook%26fbclid%3DIwAR1PDKt9XeC65cP2KrLWH7gpY5j5q1TF00PIWuc6onbOTPhn9qV-pHbDfTM&h=AT079cd28S6NuqtxX36d_o7zbLwbhQJfPUImEDdHDagm9gDcYUt9-brcJacgDOXnc0yIT9jf7YiWWP0SoE-YF_J8WZNNGcMtCg_tkO5PD2kauuqOXf3yW44qPmKISV-NoE6_JzVO0W2ihJtXYjTgnK3m

Zawgyi Version;
မေလးရွားမွာ ဆင္စြယ္မ်ား၊ သင္းေခြခ်ပ္အေၾကးခြံမ်ားကို ေမွာင္ခိုေရာင္းဝယ္မႈေတြကို ဖမ္းဆီးရမိ
ေရာင္နီ (NP News) - ဇူလိုင္ ၂ဝ
မေလးရွားအာဏာပိုင္မ်ားဟာ အာဖရိကဆင္စြယ္မ်ား၊ သင္းေခြခ်ပ္အေၾကးခြံမ်ားနဲ႔ အျခားေသာ ေတာ႐ိုင္းတိရစာၦန္ ဦးေခါင္းခြံမ်ားနဲ႔ အ႐ိုးမ်ားပါရွိတဲ့ မေလးရွားရင္းဂစ္ သန္း ၈ဝ တန္ဖိုးရွိ ကြန္တိန္နာတစ္လုံးကို သိမ္းဆည္းရမိခဲ့ၿပီး ဒါဟာ ဇူလိုင္လ ၁၉ ရက္အထိအတြင္း အႀကီးမားဆုံး ေမွာင္ခိုဖမ္းဆီးရမိမႈ ျဖစ္တယ္လို႔ သိရပါတယ္။

ဇူလိုင္ ၁ဝ ရက္က သေဘၤာတစ္ခုေပၚစစ္ေဆးခဲ့ရာ ခုတ္ထစ္ထားတဲ့ သစ္မ်ားေနာက္မွာ ဝွက္ထားတဲ့ ေမွာင္ခို ပစၥည္းေတြထည့္ထားတဲ့ ကြန္တိန္နာတစ္လုံး ရွာေဖြေတြ႕ရွိခဲ့ေၾကာင္း မေလးရွား ေတာ္ဝင္အေကာက္ခြန္ဌာနက ဇူလိုင္လ ၁၈ ရက္၊ တနလၤာေန႔မွာ ထုတ္ျပန္ခဲ့ပါတယ္။

အဆိုပါကြန္တိန္နာထဲမွာ ဆင္စြယ္ ၆ဝဝဝ ကီလိုဂရမ္ (၁၃၂၂၇ ေပါင္)၊ သင္းေခြခ်ပ္အေၾကးခြံ ၁ဝဝ ကီလိုဂရမ္ (ေပါင္ ၂၂ဝ)၊ ႀကံ့ခ်ိဳ ၂၅ ကီလိုဂရမ္ (၅၅ ေပါင္) နဲ႔ အ႐ိုး၊ ဦးခ်ိဳမ်ား အပါအဝင္ တိရစာၦန္ အစိတ္အပိုင္း ၃ဝဝ ကီလိုဂရမ္ (၆၆၁ ေပါင္) ထိ ပါဝင္ေၾကာင္း အေကာက္ခြန္က ဆိုပါတယ္။ မေလးရွား ေတာ္ဝင္အေကာက္ခြန္ ၫႊန္ၾကားေရးမႉး ခ်ဳပ္ ဇာဇူလီ ဂ်ိဳဟန္က ဒါဟာ ဇူလိုင္လ ၁၉ ရက္အထိ ဖမ္းဆီးရမိမႈမ်ားထဲမွ အႀကီးဆုံးဖမ္းဆီးမႈပဲျဖစ္တယ္လို႔ မေလးရွားႏိုင္ငံရဲ႕ အဓိကဆိပ္ကမ္းျဖစ္တဲ့ Port Klang သတင္းစာရွင္းလင္းပြဲမွာ ေျပာၾကားခဲ့ပါတယ္။

အဆိုပါသေဘၤာဟာ အာဖရိက အဘူဒါဘီမွတစ္ဆင့္ မေလးရွားေတာင္ပိုင္းရွိ အဓိကဆိပ္ကမ္းတစ္ခုျဖစ္တဲ့ Pasir Gudang သို႔ ဆိုက္ကပ္လာျခင္းျဖစ္ၿပီး သေဘၤာကိုေစာင့္ၾကည့္မႈမ်ား ျပဳလုပ္လ်က္ရွိပါတယ္။ အေကာက္ခြန္တပ္ဖြဲ႕ က တရားမဝင္ေမွာင္ခိုပစၥည္းေတြျဖစ္တဲ့ ဆင္စြယ္၊ ႀကံ့ခ်ိဳမ်ား၊ သင္းေခြခ်ပ္အေၾကးခြံမ်ား၊ က်ားသြားမ်ား၊ အျခား အ႐ိုးမ်ားနဲ႔ တိရစာၦန္အစိတ္အပိုင္းေတြပါဝင္တဲ့ကြန္တိန္နာကို ေမွာင္ခိုေဈးကြက္သို႔မတင္ပို႔မီ ေအာင္ျမင္စြာ ဟန္တားႏိုင္ခဲ့တာပါ။

တာဝန္ရွိသူမ်ားက ေနာက္ထပ္ အေသးစိတ္အခ်က္အလက္မ်ား ေျပာၾကားျခင္း မရွိေသးေပမယ့္လည္း အဆိုပါ ကြန္တိန္နာဟာ အာရွရဲ႕အျခားေဒသမ်ားကိုပါတင္ပို႔ဖို႔ ရည္႐ြယ္ထားျခင္း ရွိ၊ မရွိ ရွင္းရွင္းလင္းလင္း မသိရေသးဘူး လို႔ သိရပါတယ္။

https://l.facebook.com/l.php?u=https%3A%2F%2Fwww.aljazeera.com%2Fnews%2F2022%2F7%2F19%2Fmalaysia-finds-contraband-wildlife-items-on-ship%3Futm_campaign%3DtrueAnthem%253A%2520Trending%2520Content%26utm_medium%3DtrueAnthem%26utm_source%3Dfacebook%26fbclid%3DIwAR1PDKt9XeC65cP2KrLWH7gpY5j5q1TF00PIWuc6onbOTPhn9qV-pHbDfTM&h=AT079cd28S6NuqtxX36d_o7zbLwbhQJfPUImEDdHDagm9gDcYUt9-brcJacgDOXnc0yIT9jf7YiWWP0SoE-YF_J8WZNNGcMtCg_tkO5PD2kauuqOXf3yW44qPmKISV-NoE6_JzVO0W2ihJtXYjTgnK3m

Picture

Peter Mon

20/07/2022 16:59

အဘူဒါဘီ က အာဖရိကမြို့မဟုတ်ဘူးဗျ UAE မြို့တော်ပါ မှားနေမှာဆိုးလို့ပါ။

Picture

SON son

21/07/2022 22:15

သြော...ဟုတ်သားပဲဟ....ငါ့လူတွေ ကြည့်ရေးကြဟေ့...ပြန်လည်းစစ်ကြဟေ့...အပြောခံနေကြရဦးမယ်...သေချာမှန်အောသ်လေး ရေးပြီးမှ တင်ပေးပါဟ။

Related news

© 2021. All rights reserved.