ကန်ကြီးထောင့်မြို့ရှိ စာသင်ကျောင်းတစ်ခုတွင် မီးရှို့ခံရ

1436
NP News - ဇူလိုင် ၂၆
ဧရာဝတီတိုင်း၊ ကန်ကြီးထောင့်မြို့နယ်ရှိ စာသင်ကျောင်းတစ်ခုတွင် မီးရှို့ခံခဲ့ရကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
ဖြစ်စဉ်မှာ ကန်ကြီးထောင့်မြို့၊ ကျူတန်းကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်းခွဲတွင် ဇူလိုင်လ ၂၄ ရက်၊ ညနေ ၄ နာရီအချိန်ခန့်၌ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း ရဲ တပ်ဖွဲ့ကထုတ်ပြန်ထားသည်။
အဆိုပါ မီးလောင်မှုမှာ အကြမ်းဖက်သမားများက ကျောင်းဝင်းအတွင်းဝင်ရောက်လာပြီး မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ကဆိုသည်။ ၎င်းမီးလောင်မှုကြောင့် အလျား ၁ဝဝ ပေ၊ အနံ ၃ဝ ပေခန့်ရှိသော RC (၁)ထပ်တိုက် စာသင်ကျောင်းအတွင်းရှိ ကော်ခုံ ၁ခုံနှင့် စာရွက်စာတမ်းများ မီးလောင်ပျက်ဆီးဆုံးရှုံးခဲ့ကြောင်း ရဲတပ်ဖွဲ့ မှပြောသည်။
အထက်ပါဖြစ်စဉ်တွင် ပါဝင်ပတ်သတ်ခဲ့သော အကြမ်းဖက်သမားများကို ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရန် လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း ရဲတပ်ဖွဲ့မှသတင်းထုတ်ပြန်ထားသည်။
zawgyi version
ကန္ႀကီးေထာင့္ၿမိဳ႕ရွိ စာသင္ေက်ာင္းတစ္ခုတြင္ မီးရႈိ႕ခံရ
NP News - ဇူလိုင္ ၂၆
ဧရာဝတီတိုင္း၊ ကန္ႀကီးေထာင့္ၿမိဳ႕နယ္ရွိ စာသင္ေက်ာင္းတစ္ခုတြင္ မီးရႈိ႕ခံခဲ့ရေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕မွ သတင္းရရွိသည္။
ျဖစ္စဥ္မွာ ကန္ႀကီးေထာင့္ၿမိဳ႕၊ က်ဴတန္းေက်း႐ြာရွိ အေျခခံပညာအလယ္တန္းေက်ာင္းခြဲတြင္ ဇူလိုင္လ ၂၄ ရက္၊ ညေန ၄ နာရီအခ်ိန္ခန႔္၌ မီးေလာင္မႈျဖစ္ပြားခဲ့ေၾကာင္း ရဲ တပ္ဖြဲ႕ကထုတ္ျပန္ထားသည္။
အဆိုပါ မီးေလာင္မႈမွာ အၾကမ္းဖက္သမားမ်ားက ေက်ာင္းဝင္းအတြင္းဝင္ေရာက္လာၿပီး မီးရႈိ႕ဖ်က္ဆီးခဲ့ျခင္းျဖစ္ေၾကာင္း ရဲတပ္ဖြဲ႕ကဆိုသည္။ ၎မီးေလာင္မႈေၾကာင့္ အလ်ား ၁ဝဝ ေပ၊ အနံ ၃ဝ ေပခန႔္ရွိေသာ RC (၁)ထပ္တိုက္ စာသင္ေက်ာင္းအတြင္းရွိ ေကာ္ခုံ ၁ခုံႏွင့္ စာ႐ြက္စာတမ္းမ်ား မီးေလာင္ပ်က္ဆီးဆုံးရႈံးခဲ့ေၾကာင္း ရဲတပ္ဖြဲ႕ မွေျပာသည္။
အထက္ပါျဖစ္စဥ္တြင္ ပါဝင္ပတ္သတ္ခဲ့ေသာ အၾကမ္းဖက္သမားမ်ားကို ေဖာ္ထုတ္ဖမ္းဆီး၍ ဥပေဒႏွင့္အညီ ထိေရာက္စြာ အေရးယူႏိုင္ရန္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက စုံစမ္းေဖာ္ထုတ္လ်က္ရွိေၾကာင္း ရဲတပ္ဖြဲ႕မွသတင္းထုတ္ျပန္ထားသည္။