Disney+ ရဲ့ တောင်ကိုရီးယား ဒရာမာ 'Delusion'' ဂျယ်ဂျူမှာ တရားမ၀င် အမှိုက်စွန့်ပစ်မှုအတွက် ဝမ် ၁ သန်း (ဒေါ်လာ ၇၃၀ ခန့်) ဒဏ်ရိုက်ခံရဖွယ်ရှိ

104

ရောင်နီ(NP News)
Disney+ ရဲ့ တောင်ကိုရီးယား ဒရာမာ 'Delusion' ထုတ်လုပ်ရေးအဖွဲ့ဟာ တောင်ကိုရီးယားနိုင်ငံ၊ ဂျယ်ဂျူမှာ ရိုက်ကူးရေး လုပ်နေစဉ် အမှိုက်တွေ တရားမဝင် စွန့်ပစ်မှုအတွက် ဝမ် ၁ သန်း (ဒေါ်လာ ၇၃၀ ခန့်) ဒဏ်ရိုက်ခံခဲ့ရဖွယ်ရှိတယ်လို့ သိရပါတယ်။
Jeju City of Aewol-eup Office ဟာ National Civil Complaints Portal မှ တဆင့်တင်ပြတဲ့ တိုင်ကြားချက်တစ်ခုအပေါ် ဌာနဆိုင်ရာတွေရဲ့ သုံးသပ်ချက်တွေယူကာ Delusion အဖွဲ့ကို ဒဏ်ငွေ KRW ၁ သန်း (ဒေါ်လာ ၇၃၀ ခန့်) ချမှတ်မယ်လို့ စက်တင်ဘာလ ၁၇ ရက်နေ့က အတည်ပြုခဲ့တာ ဖြစ်ပါတယ်။ တောင်ကိုရီးယား၊ ဂျယ်ဂျူကျွန်း၊ အော်ရန် တောင်ကုန်းပေါ်မှာ ရုပ်ရှင် အဖွဲ့သားတွေ ရိုက်ကူးနေစဉ် အမှိုက်စွန့်ပစ်ခဲ့ကြတယ်လို့ ယူဆရပြီး ဆိုရှယ်မီဒီယာမှာ ပြသထားတဲ့ ဓာတ်ပုံတွေအရ စွန့်ပစ် ပလတ်စတစ်ရေသန့်ဘူးတွေ၊ ပလတ်စတစ်အမှိုက် မျိုးစုံ၊ မင်းသား ကင်ဆန်းဟို ရဲ့ မျက်နှာနဲ့ ကော်ဖီခွက်တွေကို တွေ့ရှိခဲ့ရပါတယ်။ Aewol-eup ရုံး က
ဒီကိစ္စအတွက် အမှိုက်စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၈ ကို ချိုးဖောက်တယ်လို့ ဆုံးဖြတ်ခဲ့ပြီး သက်ဆိုင်ရာ ဥပဒေတွေနဲ့အညီ ဒဏ်ငွေချမှတ်ဖို့ လုပ်ထုံးလုပ်နည်းတွေကို လောလောဆယ် ဆောင်ရွက်နေပါတယ် လို့ ဆိုပါတယ်။
Delusion ဟာ နာမည်တူ webtoon ပေါ်ဇာတ်လမ်းကို Live action ပြန်ရိုက်ကူးထားတဲ့ တောင်ကိုရီးယား ဇာတ်ကားဖြစ်ပြီး လျို့ဝှက်ချက်တွေများတဲ့ အမျိုးသမီးနဲ့ ပန်းချီဆရာတစ်ဦးအကြောင်းကို ဇာတ်အိမ်တည်ထားပါတယ်။ သရုပ်ဆောင်တွေအဖြစ် ကင်ဆန်းဟိုနဲ့ ဆူဇီ တို့က ပါဝင်သရုပ်ဆောင်ထားပြီး နောက်နှစ်မှာ ရုံတင်ပြသဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။

Zawgyi Version:
Disney+ ရဲ႕ ေတာင္ကိုရီးယား ဒရာမာ 'Delusion'' ဂ်ယ္ဂ်ဴမွာ တရားမ၀င္ အမႈိက္စြန႔္ပစ္မႈအတြက္ ဝမ္ ၁ သန္း (ေဒၚလာ ၇၃၀ ခန႔္) ဒဏ္႐ိုက္ခံရဖြယ္ရွိ
ေရာင္နီ(NP News)
Disney+ ရဲ႕ ေတာင္ကိုရီးယား ဒရာမာ 'Delusion' ထုတ္လုပ္ေရးအဖြဲ႕ဟာ ေတာင္ကိုရီးယားႏိုင္ငံ၊ ဂ်ယ္ဂ်ဴမွာ ႐ိုက္ကူးေရး လုပ္ေနစဥ္ အမႈိက္ေတြ တရားမဝင္ စြန႔္ပစ္မႈအတြက္ ဝမ္ ၁ သန္း (ေဒၚလာ ၇၃၀ ခန႔္) ဒဏ္႐ိုက္ခံခဲ့ရဖြယ္ရွိတယ္လို႔ သိရပါတယ္။
Jeju City of Aewol-eup Office ဟာ National Civil Complaints Portal မွ တဆင့္တင္ျပတဲ့ တိုင္ၾကားခ်က္တစ္ခုအေပၚ ဌာနဆိုင္ရာေတြရဲ႕ သုံးသပ္ခ်က္ေတြယူကာ Delusion အဖြဲ႕ကို ဒဏ္ေငြ KRW ၁ သန္း (ေဒၚလာ ၇၃၀ ခန႔္) ခ်မွတ္မယ္လို႔ စက္တင္ဘာလ ၁၇ ရက္ေန႔က အတည္ျပဳခဲ့တာ ျဖစ္ပါတယ္။ ေတာင္ကိုရီးယား၊ ဂ်ယ္ဂ်ဴကြၽန္း၊ ေအာ္ရန္ ေတာင္ကုန္းေပၚမွာ ႐ုပ္ရွင္ အဖြဲ႕သားေတြ ႐ိုက္ကူးေနစဥ္ အမႈိက္စြန႔္ပစ္ခဲ့ၾကတယ္လို႔ ယူဆရၿပီး ဆိုရွယ္မီဒီယာမွာ ျပသထားတဲ့ ဓာတ္ပုံေတြအရ စြန႔္ပစ္ ပလတ္စတစ္ေရသန႔္ဘူးေတြ၊ ပလတ္စတစ္အမႈိက္ မ်ိဳးစုံ၊ မင္းသား ကင္ဆန္းဟို ရဲ႕ မ်က္ႏွာနဲ႔ ေကာ္ဖီခြက္ေတြကို ေတြ႕ရွိခဲ့ရပါတယ္။ Aewol-eup ႐ုံး က
ဒီကိစၥအတြက္ အမႈိက္စီမံခန႔္ခြဲမႈဥပေဒ ပုဒ္မ ၈ ကို ခ်ိဳးေဖာက္တယ္လို႔ ဆုံးျဖတ္ခဲ့ၿပီး သက္ဆိုင္ရာ ဥပေဒေတြနဲ႔အညီ ဒဏ္ေငြခ်မွတ္ဖို႔ လုပ္ထုံးလုပ္နည္းေတြကို ေလာေလာဆယ္ ေဆာင္႐ြက္ေနပါတယ္ လို႔ ဆိုပါတယ္။
Delusion ဟာ နာမည္တူ webtoon ေပၚဇာတ္လမ္းကို Live action ျပန္႐ိုက္ကူးထားတဲ့ ေတာင္ကိုရီးယား ဇာတ္ကားျဖစ္ၿပီး လ်ိဳ႕ဝွက္ခ်က္ေတြမ်ားတဲ့ အမ်ိဳးသမီးနဲ႔ ပန္းခ်ီဆရာတစ္ဦးအေၾကာင္းကို ဇာတ္အိမ္တည္ထားပါတယ္။ သ႐ုပ္ေဆာင္ေတြအျဖစ္ ကင္ဆန္းဟိုနဲ႔ ဆူဇီ တို႔က ပါဝင္သ႐ုပ္ေဆာင္ထားၿပီး ေနာက္ႏွစ္မွာ ႐ုံတင္ျပသဖို႔ စီစဥ္ထားတာ ျဖစ္ပါတယ္။