ဂိမ်းရှုံးကြွေးဆပ်ရန် ငွေကြေးလိုအပ်ချက်ဖြင့် ဝက်ရောင်းပြန်လာသူအချင်းချင်းပြန်လည်သတ်ဖြတ်မှုမှ ကျူးလွန်(၂)ဦးကို ဖမ်းမိ

331

သန့်ဇင်(NP News)-စက်တင်ဘာ ၁၈
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့တွင် ဂိမ်းရှုံးကြွေးဆပ်ရန် ငွေကြေးလိုအပ်ချက်ဖြင့် ဝက်ရောင်းပြန်လာသူအချင်းချင်း ပြန်လည် သတ်ဖြတ်မှုမှ ကျူးလွန်(၂)ဦးကို ယမန်နေ့ စက်တင်ဘာ ၁၇ရက်က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
သေဆုံးသူ၏ ရုပ်အလောင်းကို ပြီးခဲ့သည့် စက်တင်ဘာ ၁၅ရက်၊ နံနက် ၇ နာရီခန့်က မိတ္တီလာမြို့၊ မိတ္ထီလာကန်အနီးတွင် ထိုသွင်းဒဏ် ရာများရရှိကာ သေဆုံးနေသည်ကို တွေ့ရှိခဲ့သဖြင့် အမှတ်(၂)နယ်မြေရဲစခန်းမှရာဇသတ်ကြီးပုဒ်မ ၃၀၂ဖြင့် အမှုဖွင့်ကာ စုံစမ်းစစ်ဆေး မှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
စုံစမ်းစစ်ဆေးခဲ့ရာ သေဆုံသူအမျိုးသားသည် နက်မောက်မြို့နယ်မှ အသက် (၃၀)နှစ်အရွယ် ဇင်မင်းထက်ဖြစ်ပြီး ဝက်များရောင်းချရန် ရန်ရွာတောင်ရွာတွင်နေထိုင်သူ ဇော်လှိုင်းနှင့် စန်းကုန်းရွာတွင်နေထိုင်သူ ဇာနည်အောင်တို့နှင့်အတူ စက်တင်ဘာ(၁၄)ရက်က မန္တလေးမြို့သို့ သွားရောက်ခဲ့ကြောင်း သိရသည်။
ထို့နောက် ညနေပိုင်းအချိန်တွင် ဝက်ရောင်းရငွေ ကျပ်သိန်း (၄၇၀)အား အိတ်ဖြင့်ထုပ်၍ အမြန်လမ်းမှပြန်လာခဲ့ပြီး ည(၈) နာရီခန့်တွင် မိတ္ထီလာမြို့၊ အောင်ဆန်းမြို့သစ်ရပ်ရှိ တည်းခိုခန်းတွင် ဝင်ရောက်တည်းခိုခဲ့ကြောင်း သိရသည်။
ထိုသို့ တည်းခိုနေစဉ် ဇော်လှိုင်းသည် ဂိမ်းကစားရာမှရှုံးနိမ့်ကာ အကြွေးဆက်ရန်ငွေကြေးလိုအပ်ချက်ဖြင့် ဇာနည်အောင်နှင့် တိုင်ပင်ကာ ဇင်မင်းထက်ထံမှ ငွေများလုယက်ရန်စီစဉ်ခဲ့ကြောင်း သိရသည်။
ထို့နောက် ဇင်မင်းထက်အား ဇာနည်အောင်က ခေါင်းအုံးဖြင့်ဖိကာ ဇော်လှိုင်းမှ အသင့်ပါလာသော ဓားဖြင့်ဝမ်းဗိုက်နှင့် ကျောကုန်းအား ဓားဖြင့်အချက်ပေါင်းများစွာထိုးသတ်ကာ အလောင်းကိုစောင်နီဖြင့်ပတ်၍ မိတ္ထီလာကန်စပ်တွင် ပစ်ထားခဲ့ကာ နတ်မောက်မြို့သို့ ပြန်လာခဲ့ကြောင်း သိရသည်။
စုံစမ်းစစ်ဆေးချက်များအရ ဇော်လှိုင်းနှင့် ဇာနည်အောင်တို့သည် လုယက်သတ်ဖြတ်မှုကျူးလွန်သူများဖြစ်ကြောင်း သိရှိရသဖြင့် ရာဇသတ်ကြီးပုဒ်မ ၃၀၂ မှပုဒ်မ၃၀၂/၃၉၄/၁၁တို့ဖြင့် အမှုဖွင့်အရေးယူထားပြီး လုယက်ယူဆောင်သွားသည့် ငွေကျပ် သိန်း(၄၇၀) အနက်သိန်း(၃၅၀)အား ဇော်လှိုင်း၏နေအိမ်သံသေတ္တာအတွင်းမှလည်းကောင်း၊ လူသတ်မှုကျူးလွန်ရာတွင်အသုံးပြုခဲ့သော ဓားအား ဒီးဒုတ်စံပြကျေးရွာ ကားလမ်းဘေးမှလည်းကောင်း သိမ်းဆည်းရမိထားကြောင်း သိရသည်။

Zawgyi Version
ဂိမ္းရႈံးေႂကြးဆပ္ရန္ ေငြေၾကးလိုအပ္ခ်က္ျဖင့္ ဝက္ေရာင္းျပန္လာသူအခ်င္းခ်င္းျပန္လည္သတ္ျဖတ္မႈမွ က်ဴးလြန္(၂)ဦးကို ဖမ္းမိ
သန႔္ဇင္(NP News)-စက္တင္ဘာ ၁၈
မႏၲေလးတိုင္းေဒသႀကီး၊ မိတၳီလာၿမိဳ႕တြင္ ဂိမ္းရႈံးေႂကြးဆပ္ရန္ ေငြေၾကးလိုအပ္ခ်က္ျဖင့္ ဝက္ေရာင္းျပန္လာသူအခ်င္းခ်င္း ျပန္လည္ သတ္ျဖတ္မႈမွ က်ဴးလြန္(၂)ဦးကို ယမန္ေန႔ စက္တင္ဘာ ၁၇ရက္က ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။
ေသဆုံးသူ၏ ႐ုပ္အေလာင္းကို ၿပီးခဲ့သည့္ စက္တင္ဘာ ၁၅ရက္၊ နံနက္ ၇ နာရီခန႔္က မိတၱီလာၿမိဳ႕၊ မိတၳီလာကန္အနီးတြင္ ထိုသြင္းဒဏ္ ရာမ်ားရရွိကာ ေသဆုံးေနသည္ကို ေတြ႕ရွိခဲ့သျဖင့္ အမွတ္(၂)နယ္ေျမရဲစခန္းမွရာဇသတ္ႀကီးပုဒ္မ ၃၀၂ျဖင့္ အမႈဖြင့္ကာ စုံစမ္းစစ္ေဆး မႈမ်ား လုပ္ေဆာင္ခဲ့ေၾကာင္း သိရသည္။
စုံစမ္းစစ္ေဆးခဲ့ရာ ေသဆုံသူအမ်ိဳးသားသည္ နက္ေမာက္ၿမိဳ႕နယ္မွ အသက္ (၃၀)ႏွစ္အ႐ြယ္ ဇင္မင္းထက္ျဖစ္ၿပီး ဝက္မ်ားေရာင္းခ်ရန္ ရန္႐ြာေတာင္႐ြာတြင္ေနထိုင္သူ ေဇာ္လႈိင္းႏွင့္ စန္းကုန္း႐ြာတြင္ေနထိုင္သူ ဇာနည္ေအာင္တို႔ႏွင့္အတူ စက္တင္ဘာ(၁၄)ရက္က မႏၲေလးၿမိဳ႕သို႔ သြားေရာက္ခဲ့ေၾကာင္း သိရသည္။
ထို႔ေနာက္ ညေနပိုင္းအခ်ိန္တြင္ ဝက္ေရာင္းရေငြ က်ပ္သိန္း (၄၇၀)အား အိတ္ျဖင့္ထုပ္၍ အျမန္လမ္းမွျပန္လာခဲ့ၿပီး ည(၈) နာရီခန႔္တြင္ မိတၳီလာၿမိဳ႕၊ ေအာင္ဆန္းၿမိဳ႕သစ္ရပ္ရွိ တည္းခိုခန္းတြင္ ဝင္ေရာက္တည္းခိုခဲ့ေၾကာင္း သိရသည္။
ထိုသို႔ တည္းခိုေနစဥ္ ေဇာ္လႈိင္းသည္ ဂိမ္းကစားရာမွရႈံးနိမ့္ကာ အေႂကြးဆက္ရန္ေငြေၾကးလိုအပ္ခ်က္ျဖင့္ ဇာနည္ေအာင္ႏွင့္ တိုင္ပင္ကာ ဇင္မင္းထက္ထံမွ ေငြမ်ားလုယက္ရန္စီစဥ္ခဲ့ေၾကာင္း သိရသည္။
ထို႔ေနာက္ ဇင္မင္းထက္အား ဇာနည္ေအာင္က ေခါင္းအုံးျဖင့္ဖိကာ ေဇာ္လႈိင္းမွ အသင့္ပါလာေသာ ဓားျဖင့္ဝမ္းဗိုက္ႏွင့္ ေက်ာကုန္းအား ဓားျဖင့္အခ်က္ေပါင္းမ်ားစြာထိုးသတ္ကာ အေလာင္းကိုေစာင္နီျဖင့္ပတ္၍ မိတၳီလာကန္စပ္တြင္ ပစ္ထားခဲ့ကာ နတ္ေမာက္ၿမိဳ႕သို႔ ျပန္လာခဲ့ေၾကာင္း သိရသည္။
စုံစမ္းစစ္ေဆးခ်က္မ်ားအရ ေဇာ္လႈိင္းႏွင့္ ဇာနည္ေအာင္တို႔သည္ လုယက္သတ္ျဖတ္မႈက်ဴးလြန္သူမ်ားျဖစ္ေၾကာင္း သိရွိရသျဖင့္ ရာဇသတ္ႀကီးပုဒ္မ ၃၀၂ မွပုဒ္မ၃၀၂/၃၉၄/၁၁တို႔ျဖင့္ အမႈဖြင့္အေရးယူထားၿပီး လုယက္ယူေဆာင္သြားသည့္ ေငြက်ပ္ သိန္း(၄၇၀) အနက္သိန္း(၃၅၀)အား ေဇာ္လႈိင္း၏ေနအိမ္သံေသတၱာအတြင္းမွလည္းေကာင္း၊ လူသတ္မႈက်ဴးလြန္ရာတြင္အသုံးျပဳခဲ့ေသာ ဓားအား ဒီးဒုတ္စံျပေက်း႐ြာ ကားလမ္းေဘးမွလည္းေကာင္း သိမ္းဆည္းရမိထားေၾကာင္း သိရသည္။