မဟာဓာတ်အားလိုင်းများနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းများ ဖောက်ခွဲခံရသဖြင့် လျှပ်စစ်ဓာတ်အား (၁၁၂ဝ) မဂ္ဂါဝပ်ခန့် လျော့နည်းနေဟုဆို

 1702

မျိုးကြီး (NP News) - ဇူလိုင် ၂၇
မဟာဓာတ်အားလိုင်းများနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းများ ဖောက်ခွဲဖျက်ဆီးခံခဲ့ရခြင်း၊ လေပြင်းတိုက်ခိုက်မှုများကြောင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု ၁၁၂ဝ မဂ္ဂါဝပ်ခန့်လျော့နည်းနေကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ပြောသည်။

ယခုရက်ပိုင်းအတွင်း၌ မြန်မာနိုင်ငံတစ်ဝန်း လျှပ်စစ်ဓာတ်အားပြတ်တောက်မှုအခြေ အနေများအပေါ် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ဇူလိုင်လ ၂၆ ရက် ညပိုင်းက အသိ ပေးထုတ်ပြန်ရာတွင် အထက်ပါကဲ့သို့ ထည့်သွင်းထုတ်ပြန်ထားခြင်းဖြစ်သည်။

ဝန်ကြီးဌာန၏ အမြင့်ဆုံးဓာတ်အားထုတ်လုပ်နိုင်မှုမှာ ၄၂ဝဝ မဂ္ဂါဝပ်ခန့်ရှိသော်လည်း လက်ရှိတွင် LNG ဓာတ်အားပေးစက်ရုံများ၏ ထုတ်လုပ်မှု ၇၅ဝ မဂ္ဂါဝပ်ခန့်သည် ဓာတ် ငွေ့ဈေးနှုန်းမြင့်တက်နေသည့်အတွက် ရပ်တန့်ထားရကြောင်း သိရသည်။

ထို့ပြင် ဘီလူးချောင်းရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံများမှ ထွက်ရှိသည့် လျှပ်စစ် ဓာတ်အားများကို ပို့လွှတ်ပေးနေသော ဓာတ်အားလိုင်း(၂)လိုင်းမှာ အကြမ်းဖက်သောင်း ကျန်းသူများ၏ မိုင်းခွဲဖျက်ဆီးခြင်းခံခဲ့ရသဖြင့် မဂ္ဂါဝပ် ၁၇ဝ ခန့်မှာ ပို့လွှတ်နိုင်ခြင်းမရှိဘဲ ဓာတ်အားပြတ်တောက်နေသည်ဟု ဝန်ကြီးဌာနက ဆိုထားသည်။

ဇောတိကဓာတ်ငွေ့ပိုက်လိုင်းသည် ဇူလိုင်လ ၂၁ ရက်တွင် အကြမ်းဖက်သောင်းကျန်းသူများ၏ မိုင်းဖြင့်ဖောက်ခွဲဖျက်ဆီးခြင်းခံခဲ့ရသဖြင့် ၎င်းဓာတ်ငွေ့ရယူသုံးစွဲလျက်ရှိသော ဓာတ်အားပေးစက်ရုံများမှထုတ်လုပ်သော ဓာတ်အားပမာဏ(၂ဝဝ) မဂ္ဂါဝပ်ခန့်မှာ ဓာတ် အားစနစ်အတွင်းသို့ ပို့လွှတ်နိုင်ခြင်းမရှိခဲ့ကြောင်း ဝန်ကြီးဌာနက အသိပေးထားသည်။

ထို့အတူ ၁၃၂ ကေဗွီ ရွှေစာရံ-တံခွန်တိုင် ဓာတ်အားလိုင်းတာဝါတိုင်၏ မူလီများ ဖြုတ်ယူကာ ဖျက်ဆီးခံခဲ့ရသဖြင့် ဓာတ်အားလိုင်းတာဝါတိုင်(၂)တိုင် လဲကျပျက်စီးမှု ဖြစ်ပေါ်ခဲ့ခြင်းများကြောင့် ဇူလိုင်လ ၂၄ ရက်တွင် ဓာတ်အားစနစ်အတွင်း တည်ငြိမ်မှုလျော့နည်းကာ ဓာတ်အားစနစ်တစ်ခုလုံး ဓာတ်အားပြတ်တောက်မှုဖြစ်ပေါ်ခဲ့ရကြောင်း ဝန်ကြီး ဌာနက ဖြေရှင်းထားသည်။

ဆက်လက်ပြီး ဇူလိုင်လ ၂၆ ရက်တွင်လည်း မိုးသည်းထန်စွာရွာသွန်းကာ လေပြင်းတိုက် ခတ်မှုများကြောင့် ၁၃၂ ကေဗွီ တီကျစ်-ကလော ဓာတ်အားလိုင်းမှာ ပြတ်တောက်မှုဖြစ်ပေါ်ခဲ့သည့်အပြင် ၂၃ဝ ကေဗွီ ရွှေစာရံ-အောင်ပင်လယ်ဓာတ်အားလိုင်းမှာလည်း ထပ်မံ ဓာတ်အားပြတ်တောက်ခဲ့ပြီး ဓာတ်အားစနစ်အတွင်း ဓာတ်အားထုတ်လုပ်မှုစုစုပေါင်း ၁၁၂ဝ မဂ္ဂါဝပ် လျော့နည်းလျက်ရှိနေသည်ဟု ဆိုသည်။

ထိုသို့ ဖြစ်ပေါ်နေသည့်အခြေအနေများကို အမြန်ဆုံးဓာတ်အားပြန်လည်ပို့လွှတ်နိုင်ရေးအတွက် ပြုပြင်ဆောင်ရွက်နေသည်ဟု လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက အသိပေးထားသည်။

ဓာတ်အားပြတ်တောက်မှုဖြစ်ပေါ်ခဲ့ရသည့်အပေါ် ပြည်သူလူထုအနေဖြင့် နားလည်ပေးရန်နှင့် ဓာတ်အားလိုင်းများ ဖောက်ခွဲဖျက်ဆီးခံရခြင်းများအပေါ် ပြည်သူလူထုမှဝိုင်းဝန်းစောင့်ရှောက်ပေးရန် ဝန်ကြီးဌာနက မေတ္တာရပ်ခံထားသည်။

zawgyi version
မဟာဓာတ္အားလိုင္းမ်ားႏွင့္ သဘာဝဓာတ္ေငြ႕ပိုက္လိုင္းမ်ား ေဖာက္ခြဲခံရသျဖင့္ လွ်ပ္စစ္ဓာတ္အား (၁၁၂ဝ) မဂၢါဝပ္ခန႔္ ေလ်ာ့နည္းေနဟုဆို
မ်ိဳးႀကီး (NP News) - ဇူလိုင္ ၂၇

မဟာဓာတ္အားလိုင္းမ်ားႏွင့္ သဘာဝဓာတ္ေငြ႕ပိုက္လိုင္းမ်ား ေဖာက္ခြဲဖ်က္ဆီးခံခဲ့ရျခင္း၊ ေလျပင္းတိုက္ခိုက္မႈမ်ားေၾကာင့္ လွ်ပ္စစ္ဓာတ္အားထုတ္လုပ္မႈ ၁၁၂ဝ မဂၢါဝပ္ခန႔္ေလ်ာ့နည္းေနေၾကာင္း လွ်ပ္စစ္စြမ္းအားဝန္ႀကီးဌာနက ေျပာသည္။

ယခုရက္ပိုင္းအတြင္း၌ ျမန္မာႏိုင္ငံတစ္ဝန္း လွ်ပ္စစ္ဓာတ္အားျပတ္ေတာက္မႈအေျခ အေနမ်ားအေပၚ လွ်ပ္စစ္ႏွင့္စြမ္းအင္ဝန္ႀကီးဌာနက ဇူလိုင္လ ၂၆ ရက္ ညပိုင္းက အသိ ေပးထုတ္ျပန္ရာတြင္ အထက္ပါကဲ့သို႔ ထည့္သြင္းထုတ္ျပန္ထားျခင္းျဖစ္သည္။

ဝန္ႀကီးဌာန၏ အျမင့္ဆုံးဓာတ္အားထုတ္လုပ္ႏိုင္မႈမွာ ၄၂ဝဝ မဂၢါဝပ္ခန႔္ရွိေသာ္လည္း လက္ရွိတြင္ LNG ဓာတ္အားေပးစက္႐ုံမ်ား၏ ထုတ္လုပ္မႈ ၇၅ဝ မဂၢါဝပ္ခန႔္သည္ ဓာတ္ ေငြ႕ေဈးႏႈန္းျမင့္တက္ေနသည့္အတြက္ ရပ္တန႔္ထားရေၾကာင္း သိရသည္။

ထို႔ျပင္ ဘီလူးေခ်ာင္းေရအားလွ်ပ္စစ္ဓာတ္အားေပးစက္႐ုံမ်ားမွ ထြက္ရွိသည့္ လွ်ပ္စစ္ ဓာတ္အားမ်ားကို ပို႔လႊတ္ေပးေနေသာ ဓာတ္အားလိုင္း(၂)လိုင္းမွာ အၾကမ္းဖက္ေသာင္း က်န္းသူမ်ား၏ မိုင္းခြဲဖ်က္ဆီးျခင္းခံခဲ့ရသျဖင့္ မဂၢါဝပ္ ၁၇ဝ ခန႔္မွာ ပို႔လႊတ္ႏိုင္ျခင္းမရွိဘဲ ဓာတ္အားျပတ္ေတာက္ေနသည္ဟု ဝန္ႀကီးဌာနက ဆိုထားသည္။

ေဇာတိကဓာတ္ေငြ႕ပိုက္လိုင္းသည္ ဇူလိုင္လ ၂၁ ရက္တြင္ အၾကမ္းဖက္ေသာင္းက်န္းသူမ်ား၏ မိုင္းျဖင့္ေဖာက္ခြဲဖ်က္ဆီးျခင္းခံခဲ့ရသျဖင့္ ၎ဓာတ္ေငြ႕ရယူသုံးစြဲလ်က္ရွိေသာ ဓာတ္အားေပးစက္႐ုံမ်ားမွထုတ္လုပ္ေသာ ဓာတ္အားပမာဏ(၂ဝဝ) မဂၢါဝပ္ခန႔္မွာ ဓာတ္ အားစနစ္အတြင္းသို႔ ပို႔လႊတ္ႏိုင္ျခင္းမရွိခဲ့ေၾကာင္း ဝန္ႀကီးဌာနက အသိေပးထားသည္။

ထို႔အတူ ၁၃၂ ေကဗြီ ေ႐ႊစာရံ-တံခြန္တိုင္ ဓာတ္အားလိုင္းတာဝါတိုင္၏ မူလီမ်ား ျဖဳတ္ယူကာ ဖ်က္ဆီးခံခဲ့ရသျဖင့္ ဓာတ္အားလိုင္းတာဝါတိုင္(၂)တိုင္ လဲက်ပ်က္စီးမႈ ျဖစ္ေပၚခဲ့ျခင္းမ်ားေၾကာင့္ ဇူလိုင္လ ၂၄ ရက္တြင္ ဓာတ္အားစနစ္အတြင္း တည္ၿငိမ္မႈေလ်ာ့နည္းကာ ဓာတ္အားစနစ္တစ္ခုလုံး ဓာတ္အားျပတ္ေတာက္မႈျဖစ္ေပၚခဲ့ရေၾကာင္း ဝန္ႀကီး ဌာနက ေျဖရွင္းထားသည္။

ဆက္လက္ၿပီး ဇူလိုင္လ ၂၆ ရက္တြင္လည္း မိုးသည္းထန္စြာ႐ြာသြန္းကာ ေလျပင္းတိုက္ ခတ္မႈမ်ားေၾကာင့္ ၁၃၂ ေကဗြီ တီက်စ္-ကေလာ ဓာတ္အားလိုင္းမွာ ျပတ္ေတာက္မႈျဖစ္ေပၚခဲ့သည့္အျပင္ ၂၃ဝ ေကဗြီ ေ႐ႊစာရံ-ေအာင္ပင္လယ္ဓာတ္အားလိုင္းမွာလည္း ထပ္မံ ဓာတ္အားျပတ္ေတာက္ခဲ့ၿပီး ဓာတ္အားစနစ္အတြင္း ဓာတ္အားထုတ္လုပ္မႈစုစုေပါင္း ၁၁၂ဝ မဂၢါဝပ္ ေလ်ာ့နည္းလ်က္ရွိေနသည္ဟု ဆိုသည္။

ထိုသို႔ ျဖစ္ေပၚေနသည့္အေျခအေနမ်ားကို အျမန္ဆုံးဓာတ္အားျပန္လည္ပို႔လႊတ္ႏိုင္ေရးအတြက္ ျပဳျပင္ေဆာင္႐ြက္ေနသည္ဟု လွ်ပ္စစ္ႏွင့္စြမ္းအင္ဝန္ႀကီးဌာနက အသိေပးထားသည္။

ဓာတ္အားျပတ္ေတာက္မႈျဖစ္ေပၚခဲ့ရသည့္အေပၚ ျပည္သူလူထုအေနျဖင့္ နားလည္ေပးရန္ႏွင့္ ဓာတ္အားလိုင္းမ်ား ေဖာက္ခြဲဖ်က္ဆီးခံရျခင္းမ်ားအေပၚ ျပည္သူလူထုမွဝိုင္းဝန္းေစာင့္ေရွာက္ေပးရန္ ဝန္ႀကီးဌာနက ေမတၱာရပ္ခံထားသည္။

Related news

© 2021. All rights reserved.