ဂျပန်ရှိ မြန်မာသံရုံး၌ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးလျှောက်ထားမှုလုပ်ငန်းများ ခေတ္တရပ်နားမည်

1713

မျိုးကြီး (NP News) - ဇူလိုင် ၂၉
ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ မြန်မာသံရုံး၌ နိုင်ငံကူးလက်မှတ်ထုတ်ပေးသည့် စက်ချို့ယွင်းမှုဖြစ်ပေါ်နေ၍ သက်တမ်း တိုးလျှောက်ထားမှုများကို ခေတ္တရပ်နားထားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
တိုကျိုမြို့ရှိ မြန်မာသံရုံးက ယနေ့ ဇူလိုင် ၂၉ ရက်တွင် မြန်မာနိုင်ငံကူးလက်မှတ်များထုတ်ပေးလျက်ရှိသည့် စက် အခြေအနေနှင့်ပတ်သက်၍ အသိပေးကြေညာရာတွင် အထက်ပါကဲ့သို့ ထည့်သွင်းအသိပေးထားခြင်းဖြစ်သည်။
ဂျပန်ရောက် မြန်မာနိုင်ငံသားများ၏ သာမန်မြန်မာနိုင်ငံကူးလက်မှတ်များ သက်တမ်းတိုးလျှောက်ထားမှုများ အတွက်ဆောင်ရွက်ပေးရာတွင် မြန်မာသံရုံး၏ နိုင်ငံကူးလက်မှတ်ထုတ်ပေးသည့်စက်တွင် ချို့ယွင်းမှုအနည်းငယ် ဖြစ်ပေါ်နေသည့်အတွက် ပြင်ဆင်နိုင်ရေးဆောင်ရွက်နေကြောင်း သိရသည်။
ထို့ကြောင့် သက်တမ်းတိုးလျှောက်ထားသည့် မြန်မာနိုင်ငံကူးလက်မှတ်များအား လတ်တလောကာလတွင် ထုတ် ပေးနိုင် ခြင်းမရှိသေးသဖြင့် မြန်မာနိုင်ငံသားများအနေဖြင့် ခေတ္တစောင့်ဆိုင်းပေးရန် မြန်မာသံရုံးက မေတ္တာရပ်ခံ ထားသည်။
သံရုံးအနေဖြင့် နိုင်ငံကူးလက်မှတ်ပြန်လည်ထုတ်ပေးနိုင်မည့်အခြေအနေကို ထပ်မံအသိပေးသွားမည်ဟုလည်း ကြေညာထားသည်။
သို့သော် အရေးကြီးကိစ္စဆောင်ရွက်ရန်ရှိပါက မြန်မာနိုင်ငံကူးလက်မှတ် ပြန်လည်ရယူလိုသူများအနေဖြင့် မြန်မာ သံရုံး၊ တိုကျိုမြို့၊ ကောင်စစ်ဌာန၏ အီးမေးလ် [email protected] သို့ ဆက်သွယ် နိုင်ကြောင်း သံရုံးက အသိပေးထားသည်။