ထိုင်ဝမ် ပတ်လည် မတူညီတဲ့နေရာ ၆ ခုမှာ တရုတ်က ကြီးမားတဲ့စစ်ရေးလေ့ကျင့်ခန်းများ စတင်

 879

ဂျန်ဇက် (NP News) - သြဂုတ် ၄
ထိုင်ဝမ်ကို အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ ပီလိုစီလာရောက်မှုကို တုံ့ပြန်မှုအဖြစ် ပီလိုစီ ပြန်သွားချိန်မှာ တရုတ်စစ်ဘက်က ထိုင်ဝမ် ပတ်လည် မတူညီတဲ့နေရာ ၆ ခုမှာ ကြီးမားတဲ့စစ်ရေးလေ့ကျင့်ခန်းများ စတင်လုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်။

အဲဒီစစ်ရေးလေ့ကျင့်ခန်းများကို သြဂုတ် ၄ ရက်နေ့မှာ စတင်ခဲ့တာဖြစ်ပြီး စစ်ရေးလေ့ကျင့်ခန်းနဲ့ပတ်သက်ပြီး အသေးစိတ်ထုတ်ပြန်တာမျိုးမရှိသေးဘူးလို့ သိရပါတယ်။

ကျည်အစစ်နဲ့ စစ်ရေးလေ့ကျင့်မှုတွေကို သြဂုတ် ၄ ရက်နေ့ နေ့လည်ပိုင်းမှာ စတင်မှာဖြစ်ပြီး ထိုင်ဝမ် ပတ်လည် မတူညီတဲ့နေရာ ၆ ခုမှာ စစ်ရေးလေ့ကျင့်ခန်းများ လုပ်ဆောင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

တရုတ်မီဒီယာတွေရဲ့ဖော်ပြချက်အရ အဆိုပါစစ်ရေးလေ့ကျင့်မှုဟာ ထိုင်ဝမ်ကျွန်းကို ပူးပေါင်းပိတ်ဆို့တဲ့ လေ့ကျင့်ခန်းအဖြစ်ဖော်ပြထားပြီး ပင်လယ်ပြင် တိုက်ခိုက်ရေးလေ့ကျင့်ခန်း၊ ကုန်းမြေ စစ်ရေးလေ့ကျင့်ခန်းနဲ့ လေကြောင်းတိုက်ခိုက်ရေးလေ့ကျင့်ခန်းအစီအစဉ်များ လုပ်ဆောင်မှာဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ စစ်ရေးလေ့ကျင့်ခန်းအစီအစဉ်တွေမှာ တရုတ်နိုင်ငံရဲ့အသံထက်မြန်တဲ့ဒုံးကျည် DF-17 လိုမျိုး ခေတ်မီလက်နက်များ ခင်းကျင်းပြသထားပြီး အသုံးပြုဖွယ်ရှိနေကြောင်း သတင်းများထွက်ပေါ်နေပါတယ်။

တရုတ် Global Times သတင်းဌာနက တရုတ်ဒုံးကျည်တွေဟာ ထိုင်ဝမ်ကျွန်းပေါ်ကို ပထမဆုံးပျံသန်းဖွယ်ရှိနေပြီး အဆိုပါစစ်ရေးလေ့ကျင့်ခန်းမျိုး အရင်တုန်းက မတွေ့မြင်ဖူးကြောင်းဖော်ပြထားပါတယ်။

တရုတ်စစ်ဘက်ဟာ ထိုင်ဝမ်ကိုလာရောက်မယ့် အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ ခရီးစဉ်မတိုင်ခင်တည်းက စစ်ရေးလေ့ကျင့်ခန်းအစီစဉ်များလုပ်ဆောင်နေခဲ့ပြီး အောက်လွှတ်တော်ဥက္ကဋ္ဌ ပီလိုစီ ပြန်သွားချိန်မှာ စစ်ရေးလေ့ကျင့်ခန်းအစီအစဉ် ပိုမိုတိုးမြင့်လုပ်ဆောင်လာခဲ့တာမျိုးဖြစ်ပါတယ်။

ထိုင်ဝမ်ကို သွားရောက်တဲ့ ပီလိုစီရဲ့ခရီးစဉ်ကို တရုတ်ဘက်က ပြစ်တင်ရှုတ်ချထားပြီး နိုင်ငံအချုပ်အခြာ ပိုင်နက် ချိုးဖောက်တာဖြစ်ကြောင်း စွပ်စွဲဝေဖန်ထားပါတယ်။

https://www.rt.com/news/560183-beijing-taiwan-unprecedented-drills/

ထိုင္ဝမ္ ပတ္လည္ မတူညီတဲ့ေနရာ ၆ ခုမွာ တ႐ုတ္က ႀကီးမားတဲ့စစ္ေရးေလ့က်င့္ခန္းမ်ား စတင္
ဂ်န္ဇက္ (NP News) - ၾသဂုတ္ ၄
ထိုင္ဝမ္ကို အေမရိကန္ေအာက္လႊတ္ေတာ္ဥကၠ႒ ပီလိုစီလာေရာက္မႈကို တုံ႔ျပန္မႈအျဖစ္ ပီလိုစီ ျပန္သြားခ်ိန္မွာ တ႐ုတ္စစ္ဘက္က ထိုင္ဝမ္ ပတ္လည္ မတူညီတဲ့ေနရာ ၆ ခုမွာ ႀကီးမားတဲ့စစ္ေရးေလ့က်င့္ခန္းမ်ား စတင္လုပ္ေဆာင္ခဲ့တယ္လို႔သိရပါတယ္။

အဲဒီစစ္ေရးေလ့က်င့္ခန္းမ်ားကို ၾသဂုတ္ ၄ ရက္ေန႔မွာ စတင္ခဲ့တာျဖစ္ၿပီး စစ္ေရးေလ့က်င့္ခန္းနဲ႔ပတ္သက္ၿပီး အေသးစိတ္ထုတ္ျပန္တာမ်ိဳးမရွိေသးဘူးလို႔ သိရပါတယ္။

က်ည္အစစ္နဲ႔ စစ္ေရးေလ့က်င့္မႈေတြကို ၾသဂုတ္ ၄ ရက္ေန႔ ေန႔လည္ပိုင္းမွာ စတင္မွာျဖစ္ၿပီး ထိုင္ဝမ္ ပတ္လည္ မတူညီတဲ့ေနရာ ၆ ခုမွာ စစ္ေရးေလ့က်င့္ခန္းမ်ား လုပ္ေဆာင္သြားမွာျဖစ္တယ္လို႔ သိရပါတယ္။

တ႐ုတ္မီဒီယာေတြရဲ႕ေဖာ္ျပခ်က္အရ အဆိုပါစစ္ေရးေလ့က်င့္မႈဟာ ထိုင္ဝမ္ကြၽန္းကို ပူးေပါင္းပိတ္ဆို႔တဲ့ ေလ့က်င့္ခန္းအျဖစ္ေဖာ္ျပထားၿပီး ပင္လယ္ျပင္ တိုက္ခိုက္ေရးေလ့က်င့္ခန္း၊ ကုန္းေျမ စစ္ေရးေလ့က်င့္ခန္းနဲ႔ ေလေၾကာင္းတိုက္ခိုက္ေရးေလ့က်င့္ခန္းအစီအစဥ္မ်ား လုပ္ေဆာင္မွာျဖစ္တယ္လို႔ သိရပါတယ္။

အဆိုပါ စစ္ေရးေလ့က်င့္ခန္းအစီအစဥ္ေတြမွာ တ႐ုတ္ႏိုင္ငံရဲ႕အသံထက္ျမန္တဲ့ဒုံးက်ည္ DF-17 လိုမ်ိဳး ေခတ္မီလက္နက္မ်ား ခင္းက်င္းျပသထားၿပီး အသုံးျပဳဖြယ္ရွိေနေၾကာင္း သတင္းမ်ားထြက္ေပၚေနပါတယ္။

တ႐ုတ္ Global Times သတင္းဌာနက တ႐ုတ္ဒုံးက်ည္ေတြဟာ ထိုင္ဝမ္ကြၽန္းေပၚကို ပထမဆုံးပ်ံသန္းဖြယ္ရွိေနၿပီး အဆိုပါစစ္ေရးေလ့က်င့္ခန္းမ်ိဳး အရင္တုန္းက မေတြ႕ျမင္ဖူးေၾကာင္းေဖာ္ျပထားပါတယ္။

တ႐ုတ္စစ္ဘက္ဟာ ထိုင္ဝမ္ကိုလာေရာက္မယ့္ အေမရိကန္ေအာက္လႊတ္ေတာ္ဥကၠ႒ ခရီးစဥ္မတိုင္ခင္တည္းက စစ္ေရးေလ့က်င့္ခန္းအစီစဥ္မ်ားလုပ္ေဆာင္ေနခဲ့ၿပီး ေအာက္လႊတ္ေတာ္ဥကၠ႒ ပီလိုစီ ျပန္သြားခ်ိန္မွာ စစ္ေရးေလ့က်င့္ခန္းအစီအစဥ္ ပိုမိုတိုးျမင့္လုပ္ေဆာင္လာခဲ့တာမ်ိဳးျဖစ္ပါတယ္။

ထိုင္ဝမ္ကို သြားေရာက္တဲ့ ပီလိုစီရဲ႕ခရီးစဥ္ကို တ႐ုတ္ဘက္က ျပစ္တင္ရႈတ္ခ်ထားၿပီး ႏိုင္ငံအခ်ဳပ္အျခာ ပိုင္နက္ ခ်ိဳးေဖာက္တာျဖစ္ေၾကာင္း စြပ္စြဲေဝဖန္ထားပါတယ္။

https://www.rt.com/news/560183-beijing-taiwan-unprecedented-drills/

Related news

© 2021. All rights reserved.