ဂျပန်ဘာသာ(JLPT) စာမေးပွဲ လျှောက်လွှာဝယ်ရန် ကျောင်းသား ၅ဝဝဝ ခန့်ရှိခဲ့ပြီးနောက် လျှောက်လွှာရောင်းချခြင်းကို ယာယီရပ်ဆိုင်း
763
ယွန်း (NP News) - သြဂုတ် ၅
ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ(JLPT) လျှောက်လွှာဝယ်ရန် ကျောင်းသား၊ ကျောင်းသူ ၅ဝဝဝ ခန့်ရှိခဲ့ပြီး နောက် လျှောက်လွှာရောင်းချခြင်းကို ယာယီရပ်ဆိုင်းထားကြောင်း သတင်းရရှိသည်။
မြန်မာနိုင်ငံဂျပန်ပညာသင်ဟောင်းအသင်း(MAJA) ၏ JLPT စာမေးပွဲကျင်းပရေးကော်မတီက ယနေ့ သြဂုတ် ၅ ရက် နံနက်ပိုင်းက အထက်ပါကဲ့သို့ အသိပေးကြေညာခဲ့ခြင်းဖြစ်သည်။
အဆိုပါလျှောက်လွှာများကို ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ ပြည်လမ်းရှိ ရန်ကုန်ပညာရေးတက္ကသိုလ်ရှိ Learning Hub တွင် ရောင်းချလက်ခံရန် စီစဉ်ထားခြင်းဖြစ်ကြောင်း သိရသည်။
ယခုနှစ် ဒီဇင်ဘာလ၌ ကျင်းပမည့် ရန်ကုန်စာဖြေဌာနအတွက် JLPT စာမေးပွဲ N4 Level လျှောက်လွှာများကို ယနေ့ရောင်းချမည်ဖြစ်သော်လည်း နံနက် ၅ နာရီအချိန်၌ပင် လာရောက်တန်းစီသူ ၅ဝဝဝ ခန့်ရှိနေပြီး လူစုလူဝေး အဖြစ်သို့ ရောက်ရှိနေကာ လျှောက်လွှာရောင်းချရန် ခက်ခဲသည့်အခြေအနေဖြစ်ပေါ်ခဲ့ကြောင်း အဆိုပါအသင်းက ဆိုသည်။
ထို့ကြောင့် N4 Level လျှောက်လွှာရောင်းချခြင်းကို ရပ်ဆိုင်းကြောင်းနှင့် အွန်လ်လိုင်းစနစ်ဖြင့်သာ လျှောက်လွှာ များကို လက်ခံသွားမည်ဖြစ်ကြောင်း အသင်းက အသိပေးထုတ်ပြန်ထားသည်။
“အမှန်တော့ တိုးပြီးစောင့်ဆိုင်းနေရတဲ့ကျောင်းသားတွေကို မငဲ့ညှာတာတော့ မကောင်းဘူးပေါ့။ တာဝန်ယူမှုရှိရှိ လေးနဲ့ လုပ်ပေးသင့်တယ်။ စောင့်ရတဲ့သူတွေ ဒုက္ခရောက်တာပေါ့။ အမှန်တော့ JLPT လက်မှတ်တစ်ခုပဲ။ အဲဒီ လက်မှတ်ရှိမှ ဂျပန်သွားရတဲ့ကိစ္စတွေမှာ ပိုအဆင်ပြေတယ်” ဟု ဂျပန်နိုင်ငံ၌ အလုပ်သွားလုပ်ရန် ပြင်ဆင်နေသူ မနှင်းနှင်းက NP News ကို ပြောသည်။
ထို့အတူ JLPT စာမေးပွဲ N5 Level လျှောက်လွှာရောင်းချခြင်းနှင့် လက်ခံခြင်းတို့ကိုလည်း ယနေ့မှစ၍ ရပ်ဆိုင်း ကြောင်းနှင့် လျှောက်လွှာလက်ခံခြင်းကို သြဂုတ် ၆ ရက်၊ ၇ ရက်နှင့် ၉ ရက်နေ့တို့တွင် ကြိုတင် Booking ယူစနစ် ဖြင့် ပြောင်းလဲလက်ခံသွားမည်ဖြစ်ကြောင်း MAJA က အသိပေးထုတ်ပြန်ထားသည်။
“မနှစ်ကတော့ အွန်းလိုင်ကတင်ရတာ။ မနက် ၉ နာရီက စတင်တာ ညနေ ၄ နာရီခွဲမှ ရတယ်။ တစ်ချို့ လူတွေကို လဲ ဖောင်ရပြီး ပြန်ဖြုတ်ချခဲ့ရတာတွေပါတယ်။ လူပြည့်သွားလို့ ဆိုပြီးတော့လေ။ အခုတိုးနေတာက လာမယ့် ၁၂ လပိုင်း စာမေးပွဲအတွက် တိုးနေကြတာ။ အခုဟာကလဲ စာမေးပွဲဖြေမယ့်သူတွေများတာကို သေချာစီစဉ်ပေးသင့် တာပါ။ ကျောင်းတွေ၊ သင်တန်းတွေနဲ့ လုပ်မစားသင့်ပါဘူး” ဟု မနှင်းနှင်းက ဆက်လက်ပြောသည်။
ထို့အတူ ပြီးခဲ့သော ရက်ပိုင်းအတွင်း မန္တလေးမြို့ရှိ စာဖြေဌာနအတွက် JLPT လျှောက်လွှားများကို ကျောင်းသား အများအပြား စောင့်ဆိုင်းဝယ်ယူခဲ့ရသည်ကို တွေ့ရှိရသည်။
အဆိုပါ JLPT စာမေးပွဲကို တစ်နှစ်လျှင် နှစ်ကြိမ်နှုန်းဖြင့် ဇူလိုင်လနှင့် ဒီဇင်ဘာလတို့ ကျင်းပလေ့ရှိကြောင်း သိရသည်။
Zawgyi Version;
ဂ်ပန္ဘာသာ(JLPT) စာေမးပြဲ ေလွ်ာက္လႊာဝယ္ရန္ ေက်ာင္းသား ၅ဝဝဝ ခန႔္ရွိခဲ့ၿပီးေနာက္ ေလွ်ာက္လႊာေရာင္းခ်ျခင္းကို ယာယီရပ္ဆိုင္း
ယြန္း (NP News) - ၾသဂုတ္ ၅
ဂ်ပန္ဘာသာအရည္အခ်င္းစစ္စာေမးပြဲ(JLPT) ေလွ်ာက္လႊာဝယ္ရန္ ေက်ာင္းသား၊ ေက်ာင္းသူ ၅ဝဝဝ ခန႔္ရွိခဲ့ၿပီး ေနာက္ ေလွ်ာက္လႊာေရာင္းခ်ျခင္းကို ယာယီရပ္ဆိုင္းထားေၾကာင္း သတင္းရရွိသည္။
ျမန္မာႏိုင္ငံဂ်ပန္ပညာသင္ေဟာင္းအသင္း(MAJA) ၏ JLPT စာေမးပြဲက်င္းပေရးေကာ္မတီက ယေန႔ ၾသဂုတ္ ၅ ရက္ နံနက္ပိုင္းက အထက္ပါကဲ့သို႔ အသိေပးေၾကညာခဲ့ျခင္းျဖစ္သည္။
အဆိုပါေလွ်ာက္လႊာမ်ားကို ရန္ကုန္ၿမိဳ႕၊ ကမာ႐ြတ္ၿမိဳ႕နယ္၊ ျပည္လမ္းရွိ ရန္ကုန္ပညာေရးတကၠသိုလ္ရွိ Learning Hub တြင္ ေရာင္းခ်လက္ခံရန္ စီစဥ္ထားျခင္းျဖစ္ေၾကာင္း သိရသည္။
ယခုႏွစ္ ဒီဇင္ဘာလ၌ က်င္းပမည့္ ရန္ကုန္စာေျဖဌာနအတြက္ JLPT စာေမးပြဲ N4 Level ေလွ်ာက္လႊာမ်ားကို ယေန႔ေရာင္းခ်မည္ျဖစ္ေသာ္လည္း နံနက္ ၅ နာရီအခ်ိန္၌ပင္ လာေရာက္တန္းစီသူ ၅ဝဝဝ ခန႔္ရွိေနၿပီး လူစုလူေဝး အျဖစ္သို႔ ေရာက္ရွိေနကာ ေလွ်ာက္လႊာေရာင္းခ်ရန္ ခက္ခဲသည့္အေျခအေနျဖစ္ေပၚခဲ့ေၾကာင္း အဆိုပါအသင္းက ဆိုသည္။
ထို႔ေၾကာင့္ N4 Level ေလွ်ာက္လႊာေရာင္းခ်ျခင္းကို ရပ္ဆိုင္းေၾကာင္းႏွင့္ အြန္လ္လိုင္းစနစ္ျဖင့္သာ ေလွ်ာက္လႊာ မ်ားကို လက္ခံသြားမည္ျဖစ္ေၾကာင္း အသင္းက အသိေပးထုတ္ျပန္ထားသည္။
“အမွန္ေတာ့ တိုးၿပီးေစာင့္ဆိုင္းေနရတဲ့ေက်ာင္းသားေတြကို မငဲ့ညႇာတာေတာ့ မေကာင္းဘူးေပါ့။ တာဝန္ယူမႈရွိရွိ ေလးနဲ႔ လုပ္ေပးသင့္တယ္။ ေစာင့္ရတဲ့သူေတြ ဒုကၡေရာက္တာေပါ့။ အမွန္ေတာ့ JLPT လက္မွတ္တစ္ခုပဲ။ အဲဒီ လက္မွတ္ရွိမွ ဂ်ပန္သြားရတဲ့ကိစၥေတြမွာ ပိုအဆင္ေျပတယ္” ဟု ဂ်ပန္ႏိုင္ငံ၌ အလုပ္သြားလုပ္ရန္ ျပင္ဆင္ေနသူ မႏွင္းႏွင္းက NP News ကို ေျပာသည္။
ထို႔အတူ JLPT စာေမးပြဲ N5 Level ေလွ်ာက္လႊာေရာင္းခ်ျခင္းႏွင့္ လက္ခံျခင္းတို႔ကိုလည္း ယေန႔မွစ၍ ရပ္ဆိုင္း ေၾကာင္းႏွင့္ ေလွ်ာက္လႊာလက္ခံျခင္းကို ၾသဂုတ္ ၆ ရက္၊ ၇ ရက္ႏွင့္ ၉ ရက္ေန႔တို႔တြင္ ႀကိဳတင္ Booking ယူစနစ္ ျဖင့္ ေျပာင္းလဲလက္ခံသြားမည္ျဖစ္ေၾကာင္း MAJA က အသိေပးထုတ္ျပန္ထားသည္။
“မႏွစ္ကေတာ့ အြန္းလိုင္ကတင္ရတာ။ မနက္ ၉ နာရီက စတင္တာ ညေန ၄ နာရီခြဲမွ ရတယ္။ တစ္ခ်ိဳ႕ လူေတြကို လဲ ေဖာင္ရၿပီး ျပန္ျဖဳတ္ခ်ခဲ့ရတာေတြပါတယ္။ လူျပည့္သြားလို႔ ဆိုၿပီးေတာ့ေလ။ အခုတိုးေနတာက လာမယ့္ ၁၂ လပိုင္း စာေမးပြဲအတြက္ တိုးေနၾကတာ။ အခုဟာကလဲ စာေမးပြဲေျဖမယ့္သူေတြမ်ားတာကို ေသခ်ာစီစဥ္ေပးသင့္ တာပါ။ ေက်ာင္းေတြ၊ သင္တန္းေတြနဲ႔ လုပ္မစားသင့္ပါဘူး” ဟု မႏွင္းႏွင္းက ဆက္လက္ေျပာသည္။
ထို႔အတူ ၿပီးခဲ့ေသာ ရက္ပိုင္းအတြင္း မႏၲေလးၿမိဳ႕ရွိ စာေျဖဌာနအတြက္ JLPT ေလွ်ာက္လႊားမ်ားကို ေက်ာင္းသား အမ်ားအျပား ေစာင့္ဆိုင္းဝယ္ယူခဲ့ရသည္ကို ေတြ႕ရွိရသည္။
အဆိုပါ JLPT စာေမးပြဲကို တစ္ႏွစ္လွ်င္ ႏွစ္ႀကိမ္ႏႈန္းျဖင့္ ဇူလိုင္လႏွင့္ ဒီဇင္ဘာလတို႔ က်င္းပေလ့ရွိေၾကာင္း သိရသည္။