မသန်စွမ်းသက်ကြီးသင်တန်းကျောင်းက (၃)လပြတ် သင်တန်း(၅)မျိုးအတွက် သင်တန်းသားများ ခေါ်ယူ

1382

ဟိန်း (NP News) - ဩဂုတ် ၆
၂ဝ၂၂ ခုနှစ်အတွက် ဒုတိယအကြိမ် (၃)လပြတ် မသန်စွမ်းသက်ကြီးသင်တန်း(၅)မျိုးကို တက်ရောက်နိုင်ရန် သင်တန်းသားများခေါ်ယူလျက်ရှိကြောင်း လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ သိရသည်။
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ မသန်စွမ်း သက်ကြီးသင်တန်းကျောင်း(ရန်ကုန်)တွင် အသက် (၁၈) နှစ်မှ (၄၅) နှစ်အတွင်းရှိ ကိုယ်အင်္ဂါမသန်စွမ်းသူများအတွက် ၂ဝ၂၂ ခုနှစ် (၃)လ သင်တန်းများဖြစ်ကြသော စက်ချုပ်သင်တန်း၊ တံဆိပ်ရိုက်သင်တန်း၊ ဓာတ်ပုံသင်တန်း၊ ဆံသသင်တန်း၊ ကွန်ပျူတာသင်တန်းများကို ၂ဝ၂၂ ခုနှစ် စက်တင်ဘာလ ၁၂ ရက်နေ့၌ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။
“ ပြီးခဲ့အပတ်က စာရင်းတွေကြိုပြီးတော့ လက်ခံထားတာ ရှိတယ်။ လူကတော့ ပြည့်တယ်လို့လည်းမဟုတ်ပါဘူး။ မပြည့်သေးတဲ့သင်တန်းတွေလည်း ရှိပါတယ်။ ပြည့်ပြီးသားတွေလည်းရှိတာပေါ့။ ကြိုပြီးတော့ စာရင်းပေးထားတဲ့ သူတွေကို ကြိုပြီးတော့ ဆက်သွယ်လိုက်တာမျိုးပေါ့။ အခုကလည်း စက်တင်ဘာလမှာ ဖွင့်မယ်လို့ ဆိုပေမယ့် ဒီအပတ်စဉ်မှာ မရဘူးဆိုရင်လည်း နောက်အပတ်စဉ်မှာ ခေါ်သွားမှာပါ ” ဟု သင်တန်းသားလက်ခံမှုနှင့်ပတ်သက်၍ မသန်စွမ်းသက်ကြီးသင်တန်းကျောင်း တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
အဆိုပါသင်တန်းများအား တက်ရောက်လိုသူများအနေဖြင့် အမှတ်(၆၅)၊ ကျိုက်ဝိုင်းဘုရားလမ်း၊ လူမှုဝန်ထမ်းအတတ်သင် သိပ္ပံကျောင်းဝင်းအတွင်း၊ မသန်စွမ်းသက်ကြီးသင်တန်းကျောင်း၊ မရမ်းကုန်းမြို့နယ်တွင် စုံစမ်းမေးမြန်းနိုင်ပြီး၊ ဖုန်း ဝ၁ ၉၆၆၁၇၁၂၊ ဝ၉ ၄၂၁ဝဝ၃၅၆ဝ သို့ (ရုံးချိန်အတွင်း) ဆက်သွယ် စုံစမ်းနိုင်သည်။
“သင်တန်းတစ်ခုချင်းဆီကို အနည်းဆုံး ၁ဝ ယောက်ကနေ ၁၅ ယောက်ကြား လက်ခံပေးပါတယ်။ ဥပမာ ဆံသတို့၊ စက်ချုပ်တို့၊ ကွန်ပျူတာတို့ ဆိုရင် တက်တဲ့လူများတယ်လေ။ ကွန်ပျူတာဆိုရင် ကျောင်းမှာ ၁၉ လုံးရှိတော့ ၁၇ ယောက်၊ ၁၈ ယောက်လောက်ထိ လက်ခံပါတယ်။ ဒါပေမယ့် ယောင်္ကျားလေးအဆောင်ရဲ့အနေအထားအရ ၃ဝ ကျော်လောက်ပဲ အဆင်ပြေတယ်။ အဆောင်ရဲ့ ကန့်သတ်ချက်တွေ ရှိတာပေါ့” ဟု သင်တန်ကျောင်းတာဝန်ရှိသူက ဆက်လက်ပြောသည်။
သင်တန်းတက်ရောက်ခွင့်ရသူများအတွက် သင်တန်းတက်ရောက်နေစဉ်ကာလအတွင်း နေထိုင်ရေး၊ စားသောက်ရေးများကို စီစဉ်ပေးထားပြီး သင်ထောက်ကူပစ္စည်းများနှင့် နယ်မှလာရောက်သော သင်တန်းသူ၊ သင်တန်းသားများအတွက် ရန်ကုန်မြို့သို့လာသော ခရီးစရိတ်နှင့် အပြန်ခရီးစရိတ်တို့ကို ပံ့ပိုးပေးမည်ဖြစ်ကြောင်း သင်တန်းကျောင်းမှ သိရသည်။
လက်ခံနိုင်သည့် သင်တန်းသားများအနေဖြင့် မသန်စွမ်းဆေးရုံမှ ဆေးကုသမှုခံယူပြီး အားပြုကိရိယာများ တပ်ဆင်ပြီးသူ ဖြစ်ရမည်ဖြစ်ကြောင်း၊ မိမိဘာသာလုပ်ကိုင်နိုင်ရမည်ဖြစ်ကြောင်း၊ ကူးစက်တတ်သည့်ရောဂါရှိသူ၊ စိတ်ကျန်းမာရေးအားနည်းသူ၊ မူးယစ်ဆေးဝါးသုံးစွဲသူ မဖြစ်ရကြောင်း လူမှုဝန်ထမ်းဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
ထို့ပြင် လက်ခံနိုင်သည့် သင်တန်းသားအမျိုးအစားအနေဖြင့် အောက်ပိုင်းအကြောသေသူများ၊ သူငယ်နာ အကြောတင်းသူများ၊ ပိုလီယို အကြောသေသူများ၊ ကိုယ်အင်္ဂါချို့ယွင်းအားနည်းသူများ ဖြစ်သည်ဟု ဆိုသည်။
မသန်စွမ်းသက်ကြီးသင်တန်းကို တစ်နှစ်လျှင်(၃) ကြိမ် ဖွင့်လှစ်ခြင်းဖြစ်ပြီး တစ်နှစ်သင်တန်းဖြစ်သည့် အီလက်ထရွန်နစ်သင်တန်းကို မတ်လတွင် စတင်ဖွင့်လှစ်ခဲ့ပြီးဖြစ်ပြီး ၂ဝ၂၃ ခုနှစ် ဧပြီလတွင် သင်တန်းဆင်းမှာဖြစ်ကြောင်း သိရသည်။

မသန္စြမ္းသက္ႀကီးသင္တန္းေက်ာင္းက (၃)လျပတ္ သင္တန္း(၅)မ်ိဳးအတြက္ သင္တန္းသားမ်ား ေခၚယူ
ဟိန္း (NP News) - ဩဂုတ္ ၆
၂ဝ၂၂ ခုႏွစ္အတြက္ ဒုတိယအႀကိမ္ (၃)လျပတ္ မသန္စြမ္းသက္ႀကီးသင္တန္း(၅)မ်ိဳးကို တက္ေရာက္ႏိုင္ရန္ သင္တန္းသားမ်ားေခၚယူလ်က္ရွိေၾကာင္း လူမႈဝန္ထမ္းကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရးဝန္ႀကီးဌာနမွ သိရသည္။
လူမႈဝန္ထမ္းကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရးဝန္ႀကီးဌာန၊ လူမႈဝန္ထမ္းဦးစီးဌာန၊ မသန္စြမ္း သက္ႀကီးသင္တန္းေက်ာင္း(ရန္ကုန္)တြင္ အသက္ (၁၈) ႏွစ္မွ (၄၅) ႏွစ္အတြင္းရွိ ကိုယ္အဂၤါမသန္စြမ္းသူမ်ားအတြက္ ၂ဝ၂၂ ခုႏွစ္ (၃)လ သင္တန္းမ်ားျဖစ္ၾကေသာ စက္ခ်ဳပ္သင္တန္း၊ တံဆိပ္႐ိုက္သင္တန္း၊ ဓာတ္ပုံသင္တန္း၊ ဆံသသင္တန္း၊ ကြန္ပ်ဴတာသင္တန္းမ်ားကို ၂ဝ၂၂ ခုႏွစ္ စက္တင္ဘာလ ၁၂ ရက္ေန႔၌ ဖြင့္လွစ္သင္ၾကားေပးမည္ျဖစ္ေၾကာင္း သိရသည္။
“ ၿပီးခဲ့အပတ္က စာရင္းေတြႀကိဳၿပီးေတာ့ လက္ခံထားတာ ရွိတယ္။ လူကေတာ့ ျပည့္တယ္လို႔လည္းမဟုတ္ပါဘူး။ မျပည့္ေသးတဲ့သင္တန္းေတြလည္း ရွိပါတယ္။ ျပည့္ၿပီးသားေတြလည္းရွိတာေပါ့။ ႀကိဳၿပီးေတာ့ စာရင္းေပးထားတဲ့ သူေတြကို ႀကိဳၿပီးေတာ့ ဆက္သြယ္လိုက္တာမ်ိဳးေပါ့။ အခုကလည္း စက္တင္ဘာလမွာ ဖြင့္မယ္လို႔ ဆိုေပမယ့္ ဒီအပတ္စဥ္မွာ မရဘူးဆိုရင္လည္း ေနာက္အပတ္စဥ္မွာ ေခၚသြားမွာပါ ” ဟု သင္တန္းသားလက္ခံမႈႏွင့္ပတ္သက္၍ မသန္စြမ္းသက္ႀကီးသင္တန္းေက်ာင္း တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။
အဆိုပါသင္တန္းမ်ားအား တက္ေရာက္လိုသူမ်ားအေနျဖင့္ အမွတ္(၆၅)၊ က်ိဳက္ဝိုင္းဘုရားလမ္း၊ လူမႈဝန္ထမ္းအတတ္သင္ သိပၸံေက်ာင္းဝင္းအတြင္း၊ မသန္စြမ္းသက္ႀကီးသင္တန္းေက်ာင္း၊ မရမ္းကုန္းၿမိဳ႕နယ္တြင္ စုံစမ္းေမးျမန္းႏိုင္ၿပီး၊ ဖုန္း ဝ၁ ၉၆၆၁၇၁၂၊ ဝ၉ ၄၂၁ဝဝ၃၅၆ဝ သို႔ (႐ုံးခ်ိန္အတြင္း) ဆက္သြယ္ စုံစမ္းႏိုင္သည္။
“သင္တန္းတစ္ခုခ်င္းဆီကို အနည္းဆုံး ၁ဝ ေယာက္ကေန ၁၅ ေယာက္ၾကား လက္ခံေပးပါတယ္။ ဥပမာ ဆံသတို႔၊ စက္ခ်ဳပ္တို႔၊ ကြန္ပ်ဴတာတို႔ ဆိုရင္ တက္တဲ့လူမ်ားတယ္ေလ။ ကြန္ပ်ဴတာဆိုရင္ ေက်ာင္းမွာ ၁၉ လုံးရွိေတာ့ ၁၇ ေယာက္၊ ၁၈ ေယာက္ေလာက္ထိ လက္ခံပါတယ္။ ဒါေပမယ့္ ေယာက်ၤားေလးအေဆာင္ရဲ႕အေနအထားအရ ၃ဝ ေက်ာ္ေလာက္ပဲ အဆင္ေျပတယ္။ အေဆာင္ရဲ႕ ကန႔္သတ္ခ်က္ေတြ ရွိတာေပါ့” ဟု သင္တန္ေက်ာင္းတာဝန္ရွိသူက ဆက္လက္ေျပာသည္။
သင္တန္းတက္ေရာက္ခြင့္ရသူမ်ားအတြက္ သင္တန္းတက္ေရာက္ေနစဥ္ကာလအတြင္း ေနထိုင္ေရး၊ စားေသာက္ေရးမ်ားကို စီစဥ္ေပးထားၿပီး သင္ေထာက္ကူပစၥည္းမ်ားႏွင့္ နယ္မွလာေရာက္ေသာ သင္တန္းသူ၊ သင္တန္းသားမ်ားအတြက္ ရန္ကုန္ၿမိဳ႕သို႔လာေသာ ခရီးစရိတ္ႏွင့္ အျပန္ခရီးစရိတ္တို႔ကို ပံ့ပိုးေပးမည္ျဖစ္ေၾကာင္း သင္တန္းေက်ာင္းမွ သိရသည္။
လက္ခံႏိုင္သည့္ သင္တန္းသားမ်ားအေနျဖင့္ မသန္စြမ္းေဆး႐ုံမွ ေဆးကုသမႈခံယူၿပီး အားျပဳကိရိယာမ်ား တပ္ဆင္ၿပီးသူ ျဖစ္ရမည္ျဖစ္ေၾကာင္း၊ မိမိဘာသာလုပ္ကိုင္ႏိုင္ရမည္ျဖစ္ေၾကာင္း၊ ကူးစက္တတ္သည့္ေရာဂါရွိသူ၊ စိတ္က်န္းမာေရးအားနည္းသူ၊ မူးယစ္ေဆးဝါးသုံးစြဲသူ မျဖစ္ရေၾကာင္း လူမႈဝန္ထမ္းဦးစီးဌာန၏ ထုတ္ျပန္ခ်က္အရ သိရသည္။
ထို႔ျပင္ လက္ခံႏိုင္သည့္ သင္တန္းသားအမ်ိဳးအစားအေနျဖင့္ ေအာက္ပိုင္းအေၾကာေသသူမ်ား၊ သူငယ္နာ အေၾကာတင္းသူမ်ား၊ ပိုလီယို အေၾကာေသသူမ်ား၊ ကိုယ္အဂၤါခ်ိဳ႕ယြင္းအားနည္းသူမ်ား ျဖစ္သည္ဟု ဆိုသည္။
မသန္စြမ္းသက္ႀကီးသင္တန္းကို တစ္ႏွစ္လွ်င္(၃) ႀကိမ္ ဖြင့္လွစ္ျခင္းျဖစ္ၿပီး တစ္ႏွစ္သင္တန္းျဖစ္သည့္ အီလက္ထ႐ြန္နစ္သင္တန္းကို မတ္လတြင္ စတင္ဖြင့္လွစ္ခဲ့ၿပီးျဖစ္ၿပီး ၂ဝ၂၃ ခုႏွစ္ ဧၿပီလတြင္ သင္တန္းဆင္းမွာျဖစ္ေၾကာင္း သိရသည္။