အဲဗာတန်းနှင့်ကစားရမည့်ပွဲစဉ်က အသင်းအတွက်ကြီးမားသည့် စမ်းသပ်မှုတစ်ခုဖြစ်ကြောင်း ချဲလ်ဆီးနည်းပြထုတ်ဖော်ပြောဆို

 427

ဖြိုးခန့် (NP News) - ဩဂုတ် ၆
ချဲလ်ဆီးအသင်းနည်းပြ သောမတ်စ်တူချယ်သည် အဲဗာတန်အသင်းနှင့်ယှဉ်ပြိုင်ကစားရမည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် အသင်းအတွက်ကြီးမားသည့်စမ်းသပ်မှုတစ်ခုဖြစ်လာမည်ဟု မျှော်လင့်နေကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်၊၊ ချဲလ်ဆီးအသင်းသည် မေလတွင် Goodison Park ကွင်း၌ အဲဗာတန်အသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ရာရစ်ချာလီဆန်၏ သွင်းဂိုးကြောင့် (၁)ဂိုး - ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့ကြောင်းသိရသည်၊၊

နည်းပြတူချယ်က လက်ရှိသီတင်းပတ်ကုန်တွင် မာဆေးဆိုက်သို့သွားရောက်ပြီး အဲဗာတန်အသင်းနှင့် ကစားမည့် ပွဲစဉ်တွင် စိန်ခေါ်မှုတစ်ခုရင်ဆိုင်ရမည်ဖြစ်ရာ အဲဗာတန်နှင့်ကစားမည့် စမ်းသပ်မှုအတွက်အဆင့်သင့်ရှိနေကြောင်း ဆိုသည်။ တူချယ်က “ဘာတွေဆက်ဖြစ်လာမယ်ဆိုတာ ကျွန်တော်တို့သိပါတယ်၊၊ ပြီးတော့ ကျွန်တော်တို့ အရာအား လုံးအတွက် အဆင်သင့်ဖြစ်နေပါပြီ၊၊ ကျွန်တော်တို့ ပြီးခဲ့တဲ့ရာသီက အဲဗာတန်နဲ့ကစားတဲ့ပွဲမှာ ရှုံးနိမ်ခဲ့ပါတယ်။ ကျွန်တော်တို့ ကောင်းကောင်းမှတ်မိပါတယ်၊၊ ဘာတွေဖြစ်လာနိုင်သလဲဆိုတာ ကျွန်တော်တို့သိပါတယ်၊၊ ပိုမိုကောင်းမွန်တဲ့ ဝန်းကျင်နဲ့ စိတ်လှုပ်ရှားဖွယ်ကောင်းလွန်းတဲ့ ပရိသတ်တွေရှိနေမှာဖြစ်ပါတယ်။ ဒါ့ပြင် အလွန် စိတ်လှုပ်ရှားဖွယ်ကောင်းတဲ့အသင်းနဲ့ရင်ဆိုင်ရမှာပါ။ ကျွန်တော်တို့ဟာ ဖရန့်ခ်လမ်းပတ်နဲ့ သူ့အသင်း သားတွေကို လေးစားမှုအများကြီးရှိပါတယ်၊၊အဲဗာတန်မှာချဲလ်ဆီးအသင်း သမိုင်း ကြောင်းမှာ ပါဝင်ခဲ့တဲ့လူတွေရှိနေပါတယ်။ အလွန်စိတ်လှုပ်ရှားဖို့ကောင်းပြီး ပြင်းထန်တဲ့ပြိုင်ဆိုင်မှုတွေကို မြင်တွေ့ရတော့မှာပါ၊၊ကျွန်တော်တို့ဟာ အဲဗာတန်နဲ့ခက်ခဲတဲ့ပွဲစဉ် ယှဉ်ပြိုင်ဖို့ လာရောက်ခဲ့တာဖြစ်ပြီး အဲဒီပွဲစဉ် အတွက်အဆင့်သင့်ရှိနေပါတယ်”ဟုဆိုသည်။

နည်းပြကတူချယ်က “ကျွန်တော်တို့ဟာ နောက်ထပ်ခြေစွမ်းအဆင့်အတန်းတွေတက်ဖို့ လုပ်ဆောင်နေပါတယ်၊၊ ထိပ်ဆုံး လေးအသင်းအတွင်းဝင်ရောက်ဖို့ ကြိုးပမ်းနေတဲ့ အာဆင်နယ်လိုမျိုးအသင်းတွေကို ရှုံးနိမ့်ဖို့ လိုအပ်ခဲ့တယ်။ ဒီရှုံးနိမ့်မှုဟာ အသင်းသားအား လုံးကို နိုးထဖို့ တောင်းဆိုလိုက်တာဖြစ်တယ်"ဟု ထုတ်ဖော်ပြောဆိုထားသည်၊၊

https://www.userwalls.news/n/chelsea-boss-tuchel-everton-coming-ll-ready-3640352/

zawgyi version
အဲဗာတန္းႏွင့္ကစားရမည့္ပြဲစဥ္က အသင္းအတြက္ႀကီးမားသည့္ စမ္းသပ္မႈတစ္ခုျဖစ္ေၾကာင္း ခ်ဲလ္ဆီးနည္းျပထုတ္ေဖာ္ေျပာဆို
ၿဖိဳးခန႔္ (NP News) - ဩဂုတ္ ၆

ခ်ဲလ္ဆီးအသင္းနည္းျပ ေသာမတ္စ္တူခ်ယ္သည္ အဲဗာတန္အသင္းႏွင့္ယွဥ္ၿပိဳင္ကစားရမည့္ ပရီးမီးယားလိဂ္ပြဲစဥ္တြင္ အသင္းအတြက္ႀကီးမားသည့္စမ္းသပ္မႈတစ္ခုျဖစ္လာမည္ဟု ေမွ်ာ္လင့္ေနေၾကာင္း ထုတ္ေဖာ္ေျပာဆိုခဲ့သည္၊၊ ခ်ဲလ္ဆီးအသင္းသည္ ေမလတြင္ Goodison Park ကြင္း၌ အဲဗာတန္အသင္းႏွင့္ ယွဥ္ၿပိဳင္ကစားခဲ့ရာရစ္ခ်ာလီဆန္၏ သြင္းဂိုးေၾကာင့္ (၁)ဂိုး - ဂိုးမရွိျဖင့္ ရႈံးနိမ့္ခဲ့ေၾကာင္းသိရသည္၊၊

နည္းျပတူခ်ယ္က လက္ရွိသီတင္းပတ္ကုန္တြင္ မာေဆးဆိုက္သို႔သြားေရာက္ၿပီး အဲဗာတန္အသင္းႏွင့္ ကစားမည့္ ပြဲစဥ္တြင္ စိန္ေခၚမႈတစ္ခုရင္ဆိုင္ရမည္ျဖစ္ရာ အဲဗာတန္ႏွင့္ကစားမည့္ စမ္းသပ္မႈအတြက္အဆင့္သင့္ရွိေနေၾကာင္း ဆိုသည္။ တူခ်ယ္က “ဘာေတြဆက္ျဖစ္လာမယ္ဆိုတာ ကြၽန္ေတာ္တို႔သိပါတယ္၊၊ ၿပီးေတာ့ ကြၽန္ေတာ္တို႔ အရာအား လုံးအတြက္ အဆင္သင့္ျဖစ္ေနပါၿပီ၊၊ ကြၽန္ေတာ္တို႔ ၿပီးခဲ့တဲ့ရာသီက အဲဗာတန္နဲ႔ကစားတဲ့ပြဲမွာ ရႈံးနိမ္ခဲ့ပါတယ္။ ကြၽန္ေတာ္တို႔ ေကာင္းေကာင္းမွတ္မိပါတယ္၊၊ ဘာေတြျဖစ္လာႏိုင္သလဲဆိုတာ ကြၽန္ေတာ္တို႔သိပါတယ္၊၊ ပိုမိုေကာင္းမြန္တဲ့ ဝန္းက်င္နဲ႔ စိတ္လႈပ္ရွားဖြယ္ေကာင္းလြန္းတဲ့ ပရိသတ္ေတြရွိေနမွာျဖစ္ပါတယ္။ ဒါ့ျပင္ အလြန္ စိတ္လႈပ္ရွားဖြယ္ေကာင္းတဲ့အသင္းနဲ႔ရင္ဆိုင္ရမွာပါ။ ကြၽန္ေတာ္တို႔ဟာ ဖရန႔္ခ္လမ္းပတ္နဲ႔ သူ႔အသင္း သားေတြကို ေလးစားမႈအမ်ားႀကီးရွိပါတယ္၊၊အဲဗာတန္မွာခ်ဲလ္ဆီးအသင္း သမိုင္း ေၾကာင္းမွာ ပါဝင္ခဲ့တဲ့လူေတြရွိေနပါတယ္။ အလြန္စိတ္လႈပ္ရွားဖို႔ေကာင္းၿပီး ျပင္းထန္တဲ့ၿပိဳင္ဆိုင္မႈေတြကို ျမင္ေတြ႕ရေတာ့မွာပါ၊၊ကြၽန္ေတာ္တို႔ဟာ အဲဗာတန္နဲ႔ခက္ခဲတဲ့ပြဲစဥ္ ယွဥ္ၿပိဳင္ဖို႔ လာေရာက္ခဲ့တာျဖစ္ၿပီး အဲဒီပြဲစဥ္ အတြက္အဆင့္သင့္ရွိေနပါတယ္”ဟုဆိုသည္။

နည္းျပကတူခ်ယ္က “ကြၽန္ေတာ္တို႔ဟာ ေနာက္ထပ္ေျခစြမ္းအဆင့္အတန္းေတြတက္ဖို႔ လုပ္ေဆာင္ေနပါတယ္၊၊ ထိပ္ဆုံး ေလးအသင္းအတြင္းဝင္ေရာက္ဖို႔ ႀကိဳးပမ္းေနတဲ့ အာဆင္နယ္လိုမ်ိဳးအသင္းေတြကို ရႈံးနိမ့္ဖို႔ လိုအပ္ခဲ့တယ္။ ဒီရႈံးနိမ့္မႈဟာ အသင္းသားအား လုံးကို ႏိုးထဖို႔ ေတာင္းဆိုလိုက္တာျဖစ္တယ္"ဟု ထုတ္ေဖာ္ေျပာဆိုထားသည္၊၊

https://www.userwalls.news/n/chelsea-boss-tuchel-everton-coming-ll-ready-3640352/

Related news

© 2021. All rights reserved.