တွစ်တာအကောင့်အားလုံး အစစ်အမှန်ဆိုတာ သက်သေပြနိုင်ရင် ဝယ်မယ်လို့ ကမ္ဘာကျော်ဘီလျံနာ အီလွန်မတ် ပြော

673

ဂျန်ဇက် (NP News) - သြဂုတ် ၈
ကမ္ဘာ့အချမ်းသာဆုံးသူဋ္ဌေးကြီး အီလွန်မတ်က ကမ္ဘာကျော်လူမှုကွန်ရက်တွစ်တာရှိ အကောင့်အားလုံးဟာ အကောင့်အစစ်တွေဖြစ်တယ်ဆိုတဲ့အချက်ကိုသက်သေပြနိုင်ရင် စီစဉ်ထားတဲ့အတိုင်း အမေရိကန်ဒေါ်လာ ၄၄ ဘီလျံ နဲ့ ဝယ်ယူသွားမယ်လို့ ပြောဆိုလိုက်ပါတယ်။
အီလွန်မတ်ဟာ တွစ်တာကို အမေရိကန်ဒေါ်လာ ၄၄ ဘီလျံနဲ့ဝယ်ယူဖို့သဘောတူညီခဲ့ပေမယ့် နောက်ပိုင်းမှာ တွစ်တာအကောင့်များကို ပြန်လည်စစ်ဆေးခဲ့ရာ အကောင့်တုများရှိနေတာကိုတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
အီလွန်မတ်ဟာ တွစ်တာမှာအကောင့်တုများ ရှိနေတဲ့အချက်ကိုတွေ့ရှိခဲ့ပြီးနောက် တွစ်တာကိုဝယ်ယူဖို့ အစီအစဉ် ဖျက်သိမ်းခဲ့ရာ တွစ်တာက အီလွန်မတ်ကိုတရားစွဲခဲ့ပြီး အမှုရင်ဆိုင်နေကြရတယ်လို့ သိရပါတယ်။
အီလွန်မတ်က "တွစ်တာကို ဝယ်ယူဖို့စီစဉ်ခဲ့ပေမယ့် အမှားယွင်းတွေရှိနေမယ်ဆိုရင် မဝယ်ယူသင့်တော့ဘူး" လို့ ပြောပါတယ်။
တွစ်တာ ဟာ အီလွန်မတ်ရဲ့ပြောဆိုချက်များနဲ့ပတ်သက်ပြီး တစ်စုံတစ်ရာ တုံ့ပြန်ပြောဆိုခြင်းမရှိသေးဘူးလို့ သိရပါတယ်။ အီလွန်မတ်က ၎င်းဟာ တွစ်တာကို ဝယ်ယူရေးနဲ့ပတ်သက်ပြီး လှည့်စားခံခဲ့ရတယ်လို့ ပြောဆိုခဲ့မှု အပေါ် တွစ်တာကုမ္ပဏီဘက်က ငြင်းဆန်ပယ်ချထားပါတယ်။
တွစ်တာ က "အီလွန်မတ်က ပြောခဲ့တယ်၊ သူဟာ တွစ်တာကိုဝယ်ယူရေးနဲ့ပတ်သက်ပြီး လှည့်စားခံလိုက်ရတယ်လို့ ပြောပါတယ်။ တကယ်တော့ ဒီသတင်းတွေဟာ မှန်ကန်မှုမရှိဘူး။ ဒီပြောဆိုမှုတွေအပေါ် အံ့အားသင့်မိတယ်" လို့ ပြောပါတယ်။ အီလွန်မတ်ဟာ ဇူလိုင် ၂၉ ရက်နေ့မှာ တွစ်တာကို တရားစွဲဆိုမှုပြန်လည်လုပ်ဆောင်ခဲ့တယ်လို့ သိရ ပါတယ်။
https://www.channelnewsasia.com/business/musk-says-twitter-deal-should-go-ahead-if-it-provides-proof-real-accounts-2863871

Zawgyi Version;
တြစ္တာအေကာင့္အားလုံး အစစ္အမွန္ဆိုတာ သက္ေသျပႏိုင္ရင္ ဝယ္မယ္လို႔ ကမာၻေက်ာ္ဘီလ်ံနာ အီလြန္မတ္ ေျပာ
ဂ်န္ဇက္ (NP News) - ၾသဂုတ္ ၈
ကမာၻ႔အခ်မ္းသာဆုံးသူေ႒းႀကီး အီလြန္မတ္က ကမာၻေက်ာ္လူမႈကြန္ရက္တြစ္တာရွိ အေကာင့္အားလုံးဟာ အေကာင့္အစစ္ေတြျဖစ္တယ္ဆိုတဲ့အခ်က္ကိုသက္ေသျပႏိုင္ရင္ စီစဥ္ထားတဲ့အတိုင္း အေမရိကန္ေဒၚလာ ၄၄ ဘီလ်ံ နဲ႔ ဝယ္ယူသြားမယ္လို႔ ေျပာဆိုလိုက္ပါတယ္။
အီလြန္မတ္ဟာ တြစ္တာကို အေမရိကန္ေဒၚလာ ၄၄ ဘီလ်ံနဲ႔ဝယ္ယူဖို႔သေဘာတူညီခဲ့ေပမယ့္ ေနာက္ပိုင္းမွာ တြစ္တာအေကာင့္မ်ားကို ျပန္လည္စစ္ေဆးခဲ့ရာ အေကာင့္တုမ်ားရွိေနတာကိုေတြ႕ရွိခဲ့တယ္လို႔ သိရပါတယ္။
အီလြန္မတ္ဟာ တြစ္တာမွာအေကာင့္တုမ်ား ရွိေနတဲ့အခ်က္ကိုေတြ႕ရွိခဲ့ၿပီးေနာက္ တြစ္တာကိုဝယ္ယူဖို႔ အစီအစဥ္ ဖ်က္သိမ္းခဲ့ရာ တြစ္တာက အီလြန္မတ္ကိုတရားစြဲခဲ့ၿပီး အမႈရင္ဆိုင္ေနၾကရတယ္လို႔ သိရပါတယ္။
အီလြန္မတ္က "တြစ္တာကို ဝယ္ယူဖို႔စီစဥ္ခဲ့ေပမယ့္ အမွားယြင္းေတြရွိေနမယ္ဆိုရင္ မဝယ္ယူသင့္ေတာ့ဘူး" လို႔ ေျပာပါတယ္။
တြစ္တာ ဟာ အီလြန္မတ္ရဲ႕ေျပာဆိုခ်က္မ်ားနဲ႔ပတ္သက္ၿပီး တစ္စုံတစ္ရာ တုံ႔ျပန္ေျပာဆိုျခင္းမရွိေသးဘူးလို႔ သိရပါတယ္။ အီလြန္မတ္က ၎ဟာ တြစ္တာကို ဝယ္ယူေရးနဲ႔ပတ္သက္ၿပီး လွည့္စားခံခဲ့ရတယ္လို႔ ေျပာဆိုခဲ့မႈ အေပၚ တြစ္တာကုမၸဏီဘက္က ျငင္းဆန္ပယ္ခ်ထားပါတယ္။
တြစ္တာ က "အီလြန္မတ္က ေျပာခဲ့တယ္၊ သူဟာ တြစ္တာကိုဝယ္ယူေရးနဲ႔ပတ္သက္ၿပီး လွည့္စားခံလိုက္ရတယ္လို႔ ေျပာပါတယ္။ တကယ္ေတာ့ ဒီသတင္းေတြဟာ မွန္ကန္မႈမရွိဘူး။ ဒီေျပာဆိုမႈေတြအေပၚ အံ့အားသင့္မိတယ္" လို႔ ေျပာပါတယ္။ အီလြန္မတ္ဟာ ဇူလိုင္ ၂၉ ရက္ေန႔မွာ တြစ္တာကို တရားစြဲဆိုမႈျပန္လည္လုပ္ေဆာင္ခဲ့တယ္လို႔ သိရ ပါတယ္။
https://www.channelnewsasia.com/business/musk-says-twitter-deal-should-go-ahead-if-it-provides-proof-real-accounts-2863871