တောင်ကိုရီးယားနိုင်ငံဆိုးလ်မြို့တွင် ရေကြီးမှုကြောင့် သေဆုံးမှုများဖြစ်ပေါ်ခဲ့ပြီးနောက် မြေအောက်ခန်းများ ဖျက်သိမ်းသွားဖို့ စီစဉ်နေ

594

ဖြိုးခန့် (NP News) - သြဂုတ် ၁၂
တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တွင် ယခုသီတင်းပတ်အစောပိုင်းက ရေကြီးမှုများကြောင့် အမျိုးသမီး(၂)ဦးနှင့် ကလေးငယ်တစ်ဦး သေဆုံးခဲ့ပြီးနောက် မြို့အတွင်း မြေအောက်ခန်းတိုက်ခန်းများကို ဖျက်သိမ်းသွားရန် သတင်း ထုတ်ပြန်ထားသည်။
ဆိုးလ်မြို့တွင် အော်စကာဆုရရုပ်ရှင် Parasite ဇာတ်ကားတွင် ပါဝင်သည့် သေးငယ်သောတိုက်ခန်းကျဉ်းများကို ဝင်ငွေနည်းလူတန်းစားများကို ငှားရမ်းလေ့ရှိကြောင်း သိရသည်၊၊
ဆိုးလ်မြို့တွင် ယခုသီတင်းပတ်မှစ၍ အဆိုပါတိုက်ခန်းငယ်များဆောက်လုပ်ခြင်းကို ခွင့်ပြုတော့မည်မဟုတ် ကြောင်း ရှိပြီးသားတိုက်ခန်းများကို တဖြည်းဖြည်းချင်း ပြောင်းလဲသွားမည်ဖြစ်ကြောင်း တာဝန်ရှိသူများက ပြော ကြားခဲ့သည်၊၊
ဆိုးလ်မြို့တွင် နှစ်ပေါင်း(၈ဝ)အတွင်း အဆိုးရွားဆုံးမိုးရွာသွန်းကာ ရေကြီးမှုများဖြစ်ပေါ်ခဲ့ပြီး သေဆုံးမှုများရှိခဲ့ခြင်း ကြောင့် အဆိုပါတိုက်ခန်းငယ်များကို ဖျက်သိမ်းရန်စီစဉ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်၊၊
ဆိုးလ်မြို့တွင် သြဂုတ်(၁ဝ)ရက်နေ့အထိ သုံးရက်ကြာ ရေကြီးမှုများကြောင့် အနည်းဆုံးလူ(၁၁)ဦး သေဆုံး (သို့မဟုတ်) ပျောက်ဆုံးနေကြောင်းသိရသည်၊၊ အသက်(၄ဝ)အရွယ် ညီအစ်မနှစ်ယောက်နှင့် (၁၃) နှစ်အရွယ် မိန်းကလေးတစ်ဦးတို့ကို သြဂုတ်(၈)ရက်နေ့ ညတွင် ရေမြုပ်နေသော မြေအောက်ခန်းတွင် သေဆုံးလျက်တွေ့ရှိခဲ့ ကြောင်း သိရသည်၊၊
အဆိုပါ အမျိုးသမီးသုံးဦးသည် ၎င်းတို့နေထိုင်သည့်တိုက်ခန်းထဲသို့ ရေများဝင်လာချိန်တွင် အော်ဟစ်ကာ အကူ အညီတောင်းခံခဲ့ကြသော်လည်း ကယ်ဆယ်ရေးသမားများသည် ၎င်းတို့ရှိရာနေရာသို့ မရောက်ရှိနိုင်ခဲ့သောကြောင့် သေဆုံးသွားခဲ့ကြောင်းသိရသည်၊၊
လူနေရန် ရည်ရွယ်ချက်ဖြင့် မြေအောက်ခန်းအသုံးပြုခြင်းများကို တားမြစ်ရန်အတွက် ဆောက်လုပ်ရေးဥပဒေကို ပြန်လည်ပြင်ဆင်ရန်အတွက် အစိုးရနှင့်တိုင်ပင်မည်ဖြစ်ကြောင်း တာဝန်ရှိသူများက သြဂုတ်(၁ဝ)ရက်နေ့က ပြော ကြားခဲ့သည်။ ဆိုးလ်မြို့တော်တာဝန်ရှိသူများသည် မြေအောက်ခန်းများကို ကားပါကင် (သို့မဟုတ်) သိုလှောင်ရာ နေရာတစ်ခုအဖြစ် ပြောင်းလဲရန်အတွက် အဆိုပါတိုက်ခန်းပိုင်ရှင်များကို နှစ်(၂ဝ) အချိန်ပေးထားလိမ့်မည်ဖြစ် ကြောင်း သိရသည်၊၊
ဆိုးလ်မြို့တော်တွင် ၂ဝ၂ဝ ပြည့်နှစ်စာရင်းအရ မြေအောက်ခန်း တိုက်ခန်းပေါင်း(၂)သိန်းခန့်ရှိပြီး မြို့တော်ရှိ အိမ်ထောင်စုအားလုံး၏ (၅) ရာခိုင်နှုန်းဖြစ်ကြောင်း ဒေတာများအရသိရသည်၊၊
https://www.bbc.com/news/world-asia-62501192

Zawgyi Version;
ေတာင္ကိုရီးယားႏိုင္ငံဆိုးလ္ၿမိဳ႕တြင္ ေရႀကီးမႈေၾကာင့္ ေသဆုံးမႈမ်ားျဖစ္ေပၚခဲ့ၿပီးေနာက္ ေျမေအာက္ခန္းမ်ား ဖ်က္သိမ္းသြားဖို႔ စီစဥ္ေန
ၿဖိဳးခန႔္ (NP News) - ၾသဂုတ္ ၁၂
ေတာင္ကိုရီးယားႏိုင္ငံ ဆိုးလ္ၿမိဳ႕တြင္ ယခုသီတင္းပတ္အေစာပိုင္းက ေရႀကီးမႈမ်ားေၾကာင့္ အမ်ိဳးသမီး(၂)ဦးႏွင့္ ကေလးငယ္တစ္ဦး ေသဆုံးခဲ့ၿပီးေနာက္ ၿမိဳ႕အတြင္း ေျမေအာက္ခန္းတိုက္ခန္းမ်ားကို ဖ်က္သိမ္းသြားရန္ သတင္း ထုတ္ျပန္ထားသည္။
ဆိုးလ္ၿမိဳ႕တြင္ ေအာ္စကာဆုရ႐ုပ္ရွင္ Parasite ဇာတ္ကားတြင္ ပါဝင္သည့္ ေသးငယ္ေသာတိုက္ခန္းက်ဥ္းမ်ားကို ဝင္ေငြနည္းလူတန္းစားမ်ားကို ငွားရမ္းေလ့ရွိေၾကာင္း သိရသည္၊၊
ဆိုးလ္ၿမိဳ႕တြင္ ယခုသီတင္းပတ္မွစ၍ အဆိုပါတိုက္ခန္းငယ္မ်ားေဆာက္လုပ္ျခင္းကို ခြင့္ျပဳေတာ့မည္မဟုတ္ ေၾကာင္း ရွိၿပီးသားတိုက္ခန္းမ်ားကို တျဖည္းျဖည္းခ်င္း ေျပာင္းလဲသြားမည္ျဖစ္ေၾကာင္း တာဝန္ရွိသူမ်ားက ေျပာ ၾကားခဲ့သည္၊၊
ဆိုးလ္ၿမိဳ႕တြင္ ႏွစ္ေပါင္း(၈ဝ)အတြင္း အဆိုး႐ြားဆုံးမိုး႐ြာသြန္းကာ ေရႀကီးမႈမ်ားျဖစ္ေပၚခဲ့ၿပီး ေသဆုံးမႈမ်ားရွိခဲ့ျခင္း ေၾကာင့္ အဆိုပါတိုက္ခန္းငယ္မ်ားကို ဖ်က္သိမ္းရန္စီစဥ္ခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္၊၊
ဆိုးလ္ၿမိဳ႕တြင္ ၾသဂုတ္(၁ဝ)ရက္ေန႔အထိ သုံးရက္ၾကာ ေရႀကီးမႈမ်ားေၾကာင့္ အနည္းဆုံးလူ(၁၁)ဦး ေသဆုံး (သို႔မဟုတ္) ေပ်ာက္ဆုံးေနေၾကာင္းသိရသည္၊၊ အသက္(၄ဝ)အ႐ြယ္ ညီအစ္မႏွစ္ေယာက္ႏွင့္ (၁၃) ႏွစ္အ႐ြယ္ မိန္းကေလးတစ္ဦးတို႔ကို ၾသဂုတ္(၈)ရက္ေန႔ ညတြင္ ေရျမဳပ္ေနေသာ ေျမေအာက္ခန္းတြင္ ေသဆုံးလ်က္ေတြ႕ရွိခဲ့ ေၾကာင္း သိရသည္၊၊
အဆိုပါ အမ်ိဳးသမီးသုံးဦးသည္ ၎တို႔ေနထိုင္သည့္တိုက္ခန္းထဲသို႔ ေရမ်ားဝင္လာခ်ိန္တြင္ ေအာ္ဟစ္ကာ အကူ အညီေတာင္းခံခဲ့ၾကေသာ္လည္း ကယ္ဆယ္ေရးသမားမ်ားသည္ ၎တို႔ရွိရာေနရာသို႔ မေရာက္ရွိႏိုင္ခဲ့ေသာေၾကာင့္ ေသဆုံးသြားခဲ့ေၾကာင္းသိရသည္၊၊
လူေနရန္ ရည္႐ြယ္ခ်က္ျဖင့္ ေျမေအာက္ခန္းအသုံးျပဳျခင္းမ်ားကို တားျမစ္ရန္အတြက္ ေဆာက္လုပ္ေရးဥပေဒကို ျပန္လည္ျပင္ဆင္ရန္အတြက္ အစိုးရႏွင့္တိုင္ပင္မည္ျဖစ္ေၾကာင္း တာဝန္ရွိသူမ်ားက ၾသဂုတ္(၁ဝ)ရက္ေန႔က ေျပာ ၾကားခဲ့သည္။ ဆိုးလ္ၿမိဳ႕ေတာ္တာဝန္ရွိသူမ်ားသည္ ေျမေအာက္ခန္းမ်ားကို ကားပါကင္ (သို႔မဟုတ္) သိုေလွာင္ရာ ေနရာတစ္ခုအျဖစ္ ေျပာင္းလဲရန္အတြက္ အဆိုပါတိုက္ခန္းပိုင္ရွင္မ်ားကို ႏွစ္(၂ဝ) အခ်ိန္ေပးထားလိမ့္မည္ျဖစ္ ေၾကာင္း သိရသည္၊၊
ဆိုးလ္ၿမိဳ႕ေတာ္တြင္ ၂ဝ၂ဝ ျပည့္ႏွစ္စာရင္းအရ ေျမေအာက္ခန္း တိုက္ခန္းေပါင္း(၂)သိန္းခန႔္ရွိၿပီး ၿမိဳ႕ေတာ္ရွိ အိမ္ေထာင္စုအားလုံး၏ (၅) ရာခိုင္ႏႈန္းျဖစ္ေၾကာင္း ေဒတာမ်ားအရသိရသည္၊၊
https://www.bbc.com/news/world-asia-62501192