ရခိုင်ပြည်နယ်အတွင်းရှိ ဒိုင်းနက်လူမျိုး (၃)ဦးအား AA အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားမှုအပေါ် မိသားစုဝင်များစိုးရိမ်နေ

1019

NP News - သြဂုတ် ၁၃
ရခိုင်ပြည်နယ်အတွင်းရှိ ဒိုင်းနက်လူမျိုး(၃)ဦးအား ရခိုင်လက်နက်ကိုင်အဖွဲ့ဖြစ်သော ULA/AA အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားမှုအပေါ် မိသားစုဝင်များမှ စိုးရိမ်ပူပန်နေကြောင်း သိရသည်။
မောင်တောမြို့နယ်၊ ခမောင်းဆိပ်ကျေးရွာမှ ဒိုင်းနက်လူမျိုးဖြစ်သော ဦးသာလှထွန်း၊ ဦးလှမောင်နှင့် ဦးသင်္ခါကျော်တို့ကို သြဂုတ်လ ၁၂ ရက်၊ နေ့လည်ပိုင်းအချိန်တွင် AA အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း ဖမ်းဆီခံရသူများ၏ မိသားစုဝင်တစ်ဦးက NP News ကို ပြောသည်။
အဆိုပါ ဒိုင်းနက်လူမျိုး(၃)ဦးသည် ခမောင်းဆိပ်ကျေးရွာတွင် ကုန်ရောင်းကုန်ဝယ်လုပ် ကိုင်နေသူများသာဖြစ်ကြောင်း မိသားစုဝင်တစ်ဦးက ဆိုသည်။
“သူတို့ (၃)ဦးက အရောင်းအဝယ်လုပ်ကိုင်သူတွေ ဖြစ်တယ်။ ဘယ်အဖွဲ့နဲ့မှလည်း ဆက် စပ်မှုမရှိဘူး။ AA က ဘာဖြစ်လို့ ဖမ်းလဲဆိုတော့ မသိဘူး။ အကြောင်းပြချက်ကိုလည်း AA က မပြောဘူး။ အဓိကတော့ ကျွန်တော်တို့ အရမ်းစိုးရိမ်နေတယ်။ AA အဖွဲ့နေနဲ့ သူတို့ကို ဘာမှထိခိုက်နာကျင်အောင်မလုပ်ဘဲနဲ့ ကောင်းကောင်းမွန်မွန်ပြန်လွှတ်ပေးဖို့ မေတ္တာရပ်ခံလိုပါတယ်” ဟု ဖမ်းဆီးခံရသူများထဲမှ မိသားစုဝင်တစ်ဦးက ပြောသည်။
AA အဖွဲ့သည် ရခိုင်ပြည်နယ်အတွင်း၌ ပြည်နယ်အစိုးရ၏ တာဝန်ရှိသူအချို့ကို ဖမ်းဆီးခေါ်ဆောင်စစ်ဆေးမှုများရှိခဲ့ပြီးနောက်ကောင်းမွန်စွာ ပြန်လွှတ်ပေးသည့်ဖြစ်စဉ်များရှိခဲ့သည်ကို တွေ့ရသည်။
လက်ရှိတွင် ဖမ်းဆီးခံထားရသော ဒိုင်းနက်လူမျိုး(၃)ဦးနှင့်ပတ်သက်၍ ကောင်းမွန်စွာ ပြန်လည်လွှတ်ပေးရန် မိသားစုဝင်များက မျှော်လင့်လျက်ရှိနေသည်။

zawgyi version
ရခိုင္ျပည္နယ္အတြင္းရွိ ဒိုင္းနက္လူမ်ိဳး (၃)ဦးအား AA အဖြဲ႕က ဖမ္းဆီးေခၚေဆာင္သြားမႈအေပၚ မိသားစုဝင္မ်ားစိုးရိမ္ေန
NP News - ၾသဂုတ္ ၁၃
ရခိုင္ျပည္နယ္အတြင္းရွိ ဒိုင္းနက္လူမ်ိဳး(၃)ဦးအား ရခိုင္လက္နက္ကိုင္အဖြဲ႕ျဖစ္ေသာ ULA/AA အဖြဲ႕က ဖမ္းဆီးေခၚေဆာင္သြားမႈအေပၚ မိသားစုဝင္မ်ားမွ စိုးရိမ္ပူပန္ေနေၾကာင္း သိရသည္။
ေမာင္ေတာၿမိဳ႕နယ္၊ ခေမာင္းဆိပ္ေက်း႐ြာမွ ဒိုင္းနက္လူမ်ိဳးျဖစ္ေသာ ဦးသာလွထြန္း၊ ဦးလွေမာင္ႏွင့္ ဦးသခၤါေက်ာ္တို႔ကို ၾသဂုတ္လ ၁၂ ရက္၊ ေန႔လည္ပိုင္းအခ်ိန္တြင္ AA အဖြဲ႕က ဖမ္းဆီးေခၚေဆာင္သြားျခင္းျဖစ္ေၾကာင္း ဖမ္းဆီခံရသူမ်ား၏ မိသားစုဝင္တစ္ဦးက NP News ကို ေျပာသည္။
အဆိုပါ ဒိုင္းနက္လူမ်ိဳး(၃)ဦးသည္ ခေမာင္းဆိပ္ေက်း႐ြာတြင္ ကုန္ေရာင္းကုန္ဝယ္လုပ္ ကိုင္ေနသူမ်ားသာျဖစ္ေၾကာင္း မိသားစုဝင္တစ္ဦးက ဆိုသည္။
“သူတို႔ (၃)ဦးက အေရာင္းအဝယ္လုပ္ကိုင္သူေတြ ျဖစ္တယ္။ ဘယ္အဖြဲ႕နဲ႔မွလည္း ဆက္ စပ္မႈမရွိဘူး။ AA က ဘာျဖစ္လို႔ ဖမ္းလဲဆိုေတာ့ မသိဘူး။ အေၾကာင္းျပခ်က္ကိုလည္း AA က မေျပာဘူး။ အဓိကေတာ့ ကြၽန္ေတာ္တို႔ အရမ္းစိုးရိမ္ေနတယ္။ AA အဖြဲ႕ေနနဲ႔ သူတို႔ကို ဘာမွထိခိုက္နာက်င္ေအာင္မလုပ္ဘဲနဲ႔ ေကာင္းေကာင္းမြန္မြန္ျပန္လႊတ္ေပးဖို႔ ေမတၱာရပ္ခံလိုပါတယ္” ဟု ဖမ္းဆီးခံရသူမ်ားထဲမွ မိသားစုဝင္တစ္ဦးက ေျပာသည္။
AA အဖြဲ႕သည္ ရခိုင္ျပည္နယ္အတြင္း၌ ျပည္နယ္အစိုးရ၏ တာဝန္ရွိသူအခ်ိဳ႕ကို ဖမ္းဆီးေခၚေဆာင္စစ္ေဆးမႈမ်ားရွိခဲ့ၿပီးေနာက္ေကာင္းမြန္စြာ ျပန္လႊတ္ေပးသည့္ျဖစ္စဥ္မ်ားရွိခဲ့သည္ကို ေတြ႕ရသည္။
လက္ရွိတြင္ ဖမ္းဆီးခံထားရေသာ ဒိုင္းနက္လူမ်ိဳး(၃)ဦးႏွင့္ပတ္သက္၍ ေကာင္းမြန္စြာ ျပန္လည္လႊတ္ေပးရန္ မိသားစုဝင္မ်ားက ေမွ်ာ္လင့္လ်က္ရွိေနသည္။