ရွှေပြည်သာမြို့နယ် အမှတ်(၈)ရပ်ကွက် ရာအိမ်မှူးအမျိုးသမီးတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ

 1141

ပုံစာ - ရာအိမ်မှူးအမျိုးသမီး သေနတ်ပစ်ခတ်ခံခဲ့ရသည့် ဇောတိကပန်းခြံအနီးမြင်ကွင်း

NP News - သြဂုတ် ၁၃
ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်ရှိ အမှတ်(၈)ရပ်ကွက် ရာအိမ်မှူးအမျိုးသမီးတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရကြောင်း ဒေသခံသတင်းအရင်းအမြစ်တစ်ဦးက NP News ကိုပြောသည်။

ဖြစ်စဉ်မှာ ယနေ့ (သြဂုတ်လ ၁၃ ရက်)နေ့လည် ၁ နာရီခန့်တွင် အမှတ်(၈)ရပ်ကွက်၊ ရာအိမ်မှူးဖြစ်သူ ဒေါ်ယဉ်ယဉ်အေးသည် ၎င်း၏ အမျိုးသားနှင့်အတူ အုပ်ချုပ်ရေးမှူးရုံးမှ ပြန်လာစဉ်အချိန်တွင် သေနတ်ဖြင့် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း သိရသည်။

အမှတ်(၈)ရပ်ကွက်၊ မဟာမြိုင်ပန်းခြံအနီးတွင်နေထိုင်သော ရာအိမ်မှူးဒေါ်ယဉ်ယဉ်အေးသည် သူမ၏အမျိုးသားနှင့်အတူ အုပ်ချုပ်ရေးမှူးရုံးမှပြန်လာစဉ် တပင်ရွှေထီးလမ်း၊ ဇောတိကပန်းခြံ၊ အမှတ်(၁၉) အခြေခံပညာမူလတန်းကျောင်းရှေ့ အရောက်တွင် သေနတ်သမားတစ်စုက ပစ်ခတ်သွားခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ ပစ်ခတ်ခံရမှုကြောင့် ရာအိမ်မှူးဖြစ်သူ အမျိုးသမီးမှာ သေဆုံးသွားခဲ့ပြီး ၎င်း၏ အမျိုးသားဖြစ်သူမှာ သေနတ်ဒဏ်များရရှိခဲ့ကြောင်း သိရသည်။

ထို့အတူ သြဂုတ်လ ၁၂ ရက် ညနေပိုင်းက ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်လဝကရုံးတွင်လည်း ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ လဝကဦးစီးမှူးတစ်ဦးသေနတ်ဒဏ်ရာရရှိခဲ့ပြီး ဒုဦးစီးမှူးဖြစ်သူမှာ သေနတ်ဒဏ်ရာဖြင့် သေဆုံးသွားခဲ့ကြောင်း သိရသည်။

zawgyi version
ေ႐ႊျပည္သာၿမိဳ႕နယ္ အမွတ္(၈)ရပ္ကြက္ ရာအိမ္မႉးအမ်ိဳးသမီးတစ္ဦး ေသနတ္ျဖင့္ ပစ္သတ္ခံရ
NP News - ၾသဂုတ္ ၁၃

ရန္ကုန္တိုင္း၊ ေ႐ႊျပည္သာၿမိဳ႕နယ္ရွိ အမွတ္(၈)ရပ္ကြက္ ရာအိမ္မႉးအမ်ိဳးသမီးတစ္ဦး ေသနတ္ျဖင့္ ပစ္သတ္ခံခဲ့ရေၾကာင္း ေဒသခံသတင္းအရင္းအျမစ္တစ္ဦးက NP News ကိုေျပာသည္။

ျဖစ္စဥ္မွာ ယေန႔ (ၾသဂုတ္လ ၁၃ ရက္)ေန႔လည္ ၁ နာရီခန႔္တြင္ အမွတ္(၈)ရပ္ကြက္၊ ရာအိမ္မႉးျဖစ္သူ ေဒၚယဥ္ယဥ္ေအးသည္ ၎၏ အမ်ိဳးသားႏွင့္အတူ အုပ္ခ်ဳပ္ေရးမႉး႐ုံးမွ ျပန္လာစဥ္အခ်ိန္တြင္ ေသနတ္ျဖင့္ ပစ္ခတ္ခံရျခင္းျဖစ္ေၾကာင္း သိရသည္။

အမွတ္(၈)ရပ္ကြက္၊ မဟာၿမိဳင္ပန္းၿခံအနီးတြင္ေနထိုင္ေသာ ရာအိမ္မႉးေဒၚယဥ္ယဥ္ေအးသည္ သူမ၏အမ်ိဳးသားႏွင့္အတူ အုပ္ခ်ဳပ္ေရးမႉး႐ုံးမွျပန္လာစဥ္ တပင္ေ႐ႊထီးလမ္း၊ ေဇာတိကပန္းၿခံ၊ အမွတ္(၁၉) အေျခခံပညာမူလတန္းေက်ာင္းေရွ႕ အေရာက္တြင္ ေသနတ္သမားတစ္စုက ပစ္ခတ္သြားျခင္းျဖစ္ေၾကာင္း သိရသည္။

ထိုသို႔ ပစ္ခတ္ခံရမႈေၾကာင့္ ရာအိမ္မႉးျဖစ္သူ အမ်ိဳးသမီးမွာ ေသဆုံးသြားခဲ့ၿပီး ၎၏ အမ်ိဳးသားျဖစ္သူမွာ ေသနတ္ဒဏ္မ်ားရရွိခဲ့ေၾကာင္း သိရသည္။

ထို႔အတူ ၾသဂုတ္လ ၁၂ ရက္ ညေနပိုင္းက ရန္ကုန္တိုင္း၊ သဃၤန္းကြၽန္းၿမိဳ႕နယ္လဝက႐ုံးတြင္လည္း ပစ္ခတ္မႈျဖစ္ပြားခဲ့ရာ လဝကဦးစီးမႉးတစ္ဦးေသနတ္ဒဏ္ရာရရွိခဲ့ၿပီး ဒုဦးစီးမႉးျဖစ္သူမွာ ေသနတ္ဒဏ္ရာျဖင့္ ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.