ရုရှားနဲ့ယူကရိန်းကြား အကျဉ်းသားလဲလှယ်မှု ထပ်မံပြုလုပ်

167
Pika (NP News) - သြဂုတ် ၂၆
ရုရှားနဲ့ယူကရိန်းတို့ဟာ အကျဉ်းသား(၁၄၆)ဦးစီ အပြန်အလှန်လဲလှယ်ခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ ယခုနှစ်အတွင်း ရုရှားနဲ့ယူကရိန်းတို့ဟာ အကျဉ်းသားအပြန်အလှန်လဲလှယ်မှုတွေ ကို အကြိမ်ပေါင်းများစွာ လုပ်ဆောင်ခဲ့ကြတယ်လို့လည်း သိရပါတယ်။
ပြီးခဲ့တဲ့ လတွေအတွင်း ရုရှားနဲ့ယူကရိန်းတို့ရဲ့ကိုယ်စားလှယ်အဖွဲ့တွေဟာ ဆွေးနွေးပွဲတွေကို အကြိမ်ကြိမ် လုပ်ဆောင်ခဲ့ပေမယ့်လည်း သိသာထင်ရှားတဲ့သဘောတူညီချက်တွေ ရရှိခဲ့တာမျိုးမရှိဘဲ အကျဉ်းသားအပြန်အလှန် လဲလှယ်ရေးသဘောတူညီချက်တွေကိုသာ ရရှိခဲ့တယ်လို့လည်း သိရပါတယ်။
ဒါ့ပြင် အကျဉ်းသားအပြန်အလှန်လဲလှယ်ရေးသဘောတူညီချက်ဟာ ရုရှား-ယူကရိန်းစစ်ပွဲ စတင်ဖြစ်ပွားပြီး နောက်ပိုင်း နှစ်နိုင်ငံကြားလုပ်ဆောင်ခဲ့တဲ့ ပူးပေါင်းဆောင်ရွက်မှုနယ်ပယ် အနည်းငယ်ထဲက တစ်ခုဖြစ်ခဲ့တယ်လို့ လည်း သိရပါတယ်။
ရုရှားကာကွယ်ရေးဝန်ကြီးဌာနက “ယူကရိန်းနဲ့အကျဉ်းသားအပြန်အလှန်လဲလှယ်မှုကို ကျွန်တော်တို့ လုပ်ဆောင်ခဲ့ ပါတယ်။ သဘောတူညီချက်ရလဒ်အနေနဲ့ အကျဉ်းသား(၁၄၆)ဦးစီ အပြန်အလှန်လဲလှယ်ခဲ့ကြပါတယ်” လို့ ထုတ်ပြန်ခဲ့ပါတယ်။

Zawgyi Version:
႐ုရွားနဲ႔ယူကရိန္းၾကား အက်ဥ္းသားလဲလွယ္မႈ ထပ္မံျပဳလုပ္
Pika (NP News) - ၾသဂုတ္ ၂၆
႐ုရွားနဲ႔ယူကရိန္းတို႔ဟာ အက်ဥ္းသား(၁၄၆)ဦးစီ အျပန္အလွန္လဲလွယ္ခဲ့တယ္လို႔ ႐ုရွားကာကြယ္ေရးဝန္ႀကီးဌာနက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ ယခုႏွစ္အတြင္း ႐ုရွားနဲ႔ယူကရိန္းတို႔ဟာ အက်ဥ္းသားအျပန္အလွန္လဲလွယ္မႈေတြ ကို အႀကိမ္ေပါင္းမ်ားစြာ လုပ္ေဆာင္ခဲ့ၾကတယ္လို႔လည္း သိရပါတယ္။
ၿပီးခဲ့တဲ့ လေတြအတြင္း ႐ုရွားနဲ႔ယူကရိန္းတို႔ရဲ႕ကိုယ္စားလွယ္အဖြဲ႕ေတြဟာ ေဆြးေႏြးပြဲေတြကို အႀကိမ္ႀကိမ္ လုပ္ေဆာင္ခဲ့ေပမယ့္လည္း သိသာထင္ရွားတဲ့သေဘာတူညီခ်က္ေတြ ရရွိခဲ့တာမ်ိဳးမရွိဘဲ အက်ဥ္းသားအျပန္အလွန္ လဲလွယ္ေရးသေဘာတူညီခ်က္ေတြကိုသာ ရရွိခဲ့တယ္လို႔လည္း သိရပါတယ္။
ဒါ့ျပင္ အက်ဥ္းသားအျပန္အလွန္လဲလွယ္ေရးသေဘာတူညီခ်က္ဟာ ႐ုရွား-ယူကရိန္းစစ္ပြဲ စတင္ျဖစ္ပြားၿပီး ေနာက္ပိုင္း ႏွစ္ႏိုင္ငံၾကားလုပ္ေဆာင္ခဲ့တဲ့ ပူးေပါင္းေဆာင္႐ြက္မႈနယ္ပယ္ အနည္းငယ္ထဲက တစ္ခုျဖစ္ခဲ့တယ္လို႔ လည္း သိရပါတယ္။
႐ုရွားကာကြယ္ေရးဝန္ႀကီးဌာနက “ယူကရိန္းနဲ႔အက်ဥ္းသားအျပန္အလွန္လဲလွယ္မႈကို ကြၽန္ေတာ္တို႔ လုပ္ေဆာင္ခဲ့ ပါတယ္။ သေဘာတူညီခ်က္ရလဒ္အေနနဲ႔ အက်ဥ္းသား(၁၄၆)ဦးစီ အျပန္အလွန္လဲလွယ္ခဲ့ၾကပါတယ္” လို႔ ထုတ္ျပန္ခဲ့ပါတယ္။