တာချီလိတ်မြို့နှင့် ကျိုင်းတုံမြို့တို့တွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်နေပြီး ထိခိုက်ပျက်စီးမှုများရှိသကဲ့သို့ လူသေဆုံးမှုများပါ ရှိနေ

1079

ယွန်း (NP News) - သြဂုတ် ၁၃
ရှမ်းပြည်နယ် တာချီလိတ်မြို့နှင့် ကျိုင်းတုံမြို့တို့တွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်နေပြီး ထိခိုက်ပျက်စီးမှုများနှင့်အတူ လူသေဆုံးမှုများပါရှိနေကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။
မြန်မာနိုင်ငံတွင် အပူပိုင်းမုန်တိုင်း "မူလန်"၏အရှိန်ကြောင့် ရှမ်းပြည်နယ်အပါအဝင် ပြည်နယ်နှင့် တိုင်းအချို့တွင် မိုးသည်းထန်စွာရွာသွန်းကာ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိနေသည်ကို တွေ့ရသည်။
ယနေ့(သြဂုတ်လ ၁၃ရက်) နံနက်ပိုင်းတွင် ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့ရှိ ဟိုခိုကျေးရွာနှင့် ယန်းခကျေးရွာတို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ် ပွားခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနမှ သိရသည်။
ကျိုင်းတုံမြို့တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် နောင်ကန်အုပ်စု၊ ဟိုခိုရွာ အနီးရှိ သဲဆိုင်းချောင်းမှ ရေလျှံတက်လာပြီး ဟိုခိုရွာနှင့် ၎င်းရွာအနီးရှိ အစိုးရရုံးများသို့ ရေများဝင်ရောက်ခဲ့ကြောင်း ဒေသခံများက ဆိုသည်။
ထို့ပြင် ယနေ့ (ဩဂုတ်လ ၁၃ ရက်) ၊ နံနက်အစောပိုင်း ၁နာရီအချိန်တွင် ယန်းခအုပ်စု၊ ဝမ်ဆန်ရွာတွင် တောင်ကျချောင်းရေများ အဆက်မပြတ်ကျဆင်းမှုကြောင့် အဆိုပါကျေးရွာနေ ဦးယာနောင်နှင့် ဇနီးဖြစ်သူ ဒေါ်ဘူးမြောင်တို့သည် နေအိမ်နှင့်အတူ မျောပါပျောက်ဆုံးသွားပြီး အမျိုးသားဖြစ်သူ၏ အလောင်းအား ပြန်လည်တွေ့ရှိခဲ့ကြောင်း ဒေသခံများက အသိပေးပြောဆိုထားသည်။
လက်ရှိတွင် သေဆုံးခဲ့သူ၏ ဇနီးဖြစ်သူ ဒေါ်ဘူးမြောင်မှာ ပျောက်ဆုံးလျက်ရှိပြီး ပြန် လည်မတွေ့ရှိရသေးကြောင်း ဒေသခံများက ပြောသည်။
ထို့အတူ ရှမ်းပြည်နယ် တာချီလိတ်မြို့ရှိ တာလော့ဈေးတွင်လည်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေပြီး နေအိမ်များအတွင်း ရေများဝင်ရောက်မှုများရှိနေကြောင်း သိရသည်။
ရှမ်းပြည်နယ်အတွင်း ရေးကြီးရေလျှံမှုဖြစ်ပေါ်နေခြင်းများနှင့်ပတ်သက်၍ ပြည်နယ်အစိုးရအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်ထံ NP News အနေဖြင့် ဆက်သွယ်နေသော်လည်း ဆက်သွယ်မှု မရရှိသေးပေ။
လတ်တလောတွင် ရှမ်းပြည်နယ်အတွင်း ရေကြီးရေလျှံမှုများကြောင့် ဒုက္ခရောက်နေသည့် ဒေသခံပြည်သူလူထုအား လူမှုကူညီရေးအဖွဲ့များ၊ ဒေသခံမီးသတ်တပ်ဖွဲ့ဝင်များက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

zawgyi version
တာခ်ီလိတ္ၿမိဳ႕ႏွင့္ က်ိဳင္းတုံၿမိဳ႕တို႔တြင္ ေရႀကီးေရလွ်ံမႈမ်ားျဖစ္ေပၚေနၿပီး ထိခိုက္ပ်က္စီးမႈမ်ားရွိသကဲ့သို႔ လူေသဆုံးမႈမ်ားပါ ရွိေန
ယြန္း (NP News) - ၾသဂုတ္ ၁၃
ရွမ္းျပည္နယ္ တာခ်ီလိတ္ၿမိဳ႕ႏွင့္ က်ိဳင္းတုံၿမိဳ႕တို႔တြင္ ေရႀကီးေရလွ်ံမႈမ်ားျဖစ္ေပၚေနၿပီး ထိခိုက္ပ်က္စီးမႈမ်ားႏွင့္အတူ လူေသဆုံးမႈမ်ားပါရွိေနေၾကာင္း ေဒသခံမ်ား၏ ေျပာၾကားခ်က္အရ သိရသည္။
ျမန္မာႏိုင္ငံတြင္ အပူပိုင္းမုန္တိုင္း "မူလန္"၏အရွိန္ေၾကာင့္ ရွမ္းျပည္နယ္အပါအဝင္ ျပည္နယ္ႏွင့္ တိုင္းအခ်ိဳ႕တြင္ မိုးသည္းထန္စြာ႐ြာသြန္းကာ ေရႀကီးေရလွ်ံမႈမ်ား ျဖစ္ေပၚလ်က္ရွိေနသည္ကို ေတြ႕ရသည္။
ယေန႔(ၾသဂုတ္လ ၁၃ရက္) နံနက္ပိုင္းတြင္ ရွမ္းျပည္နယ္၊ က်ိဳင္းတုံၿမိဳ႕ရွိ ဟိုခိုေက်း႐ြာႏွင့္ ယန္းခေက်း႐ြာတို႔တြင္ မိုးသည္းထန္စြာ ႐ြာသြန္းမႈေၾကာင့္ ေရႀကီးေရလွ်ံမႈမ်ား ျဖစ္ ပြားခဲ့ေၾကာင္း ျမန္မာႏိုင္ငံ မီးသတ္ဦးစီးဌာနမွ သိရသည္။
က်ိဳင္းတုံၿမိဳ႕တြင္ မိုးအဆက္မျပတ္႐ြာသြန္းမႈေၾကာင့္ ေနာင္ကန္အုပ္စု၊ ဟိုခို႐ြာ အနီးရွိ သဲဆိုင္းေခ်ာင္းမွ ေရလွ်ံတက္လာၿပီး ဟိုခို႐ြာႏွင့္ ၎႐ြာအနီးရွိ အစိုးရ႐ုံးမ်ားသို႔ ေရမ်ားဝင္ေရာက္ခဲ့ေၾကာင္း ေဒသခံမ်ားက ဆိုသည္။
ထို႔ျပင္ ယေန႔ (ဩဂုတ္လ ၁၃ ရက္) ၊ နံနက္အေစာပိုင္း ၁နာရီအခ်ိန္တြင္ ယန္းခအုပ္စု၊ ဝမ္ဆန္႐ြာတြင္ ေတာင္က်ေခ်ာင္းေရမ်ား အဆက္မျပတ္က်ဆင္းမႈေၾကာင့္ အဆိုပါေက်း႐ြာေန ဦးယာေနာင္ႏွင့္ ဇနီးျဖစ္သူ ေဒၚဘူးေျမာင္တို႔သည္ ေနအိမ္ႏွင့္အတူ ေမ်ာပါေပ်ာက္ဆုံးသြားၿပီး အမ်ိဳးသားျဖစ္သူ၏ အေလာင္းအား ျပန္လည္ေတြ႕ရွိခဲ့ေၾကာင္း ေဒသခံမ်ားက အသိေပးေျပာဆိုထားသည္။
လက္ရွိတြင္ ေသဆုံးခဲ့သူ၏ ဇနီးျဖစ္သူ ေဒၚဘူးေျမာင္မွာ ေပ်ာက္ဆုံးလ်က္ရွိၿပီး ျပန္ လည္မေတြ႕ရွိရေသးေၾကာင္း ေဒသခံမ်ားက ေျပာသည္။
ထို႔အတူ ရွမ္းျပည္နယ္ တာခ်ီလိတ္ၿမိဳ႕ရွိ တာေလာ့ေဈးတြင္လည္း ေရႀကီးေရလွ်ံမႈမ်ား ျဖစ္ေပၚေနၿပီး ေနအိမ္မ်ားအတြင္း ေရမ်ားဝင္ေရာက္မႈမ်ားရွိေနေၾကာင္း သိရသည္။
ရွမ္းျပည္နယ္အတြင္း ေရးႀကီးေရလွ်ံမႈျဖစ္ေပၚေနျခင္းမ်ားႏွင့္ပတ္သက္၍ ျပည္နယ္အစိုးရအဖြဲ႕၏ ေျပာေရးဆိုခြင့္ရွိသူ စီးပြားေရးရာဝန္ႀကီး ဦးခြန္သိန္းေမာင္ထံ NP News အေနျဖင့္ ဆက္သြယ္ေနေသာ္လည္း ဆက္သြယ္မႈ မရရွိေသးေပ။
လတ္တေလာတြင္ ရွမ္းျပည္နယ္အတြင္း ေရႀကီးေရလွ်ံမႈမ်ားေၾကာင့္ ဒုကၡေရာက္ေနသည့္ ေဒသခံျပည္သူလူထုအား လူမႈကူညီေရးအဖြဲ႕မ်ား၊ ေဒသခံမီးသတ္တပ္ဖြဲ႕ဝင္မ်ားက ကူညီေဆာင္႐ြက္ေပးလ်က္ရွိေၾကာင္း သိရသည္။