၂ဝ၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများ တက္ကသိုလ်ဝင်ခွင့်များကို ပိတ်ရက်မရှိ လျှောက်ထားနိုင်ဟုကြေညာ

 1055

မျိုးကြီး (NP News) - သြဂုတ် ၁၄
၂ဝ၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများအနေဖြင့် တက္ကသိုလ်ဝင်ခွင့်များ ကို ပိတ်ရက်မရှိလျှောက်ထားနိုင်ကြောင်း နစက၏ ပညာရေးဝန်ကြီးဌာနက အသိပေးကြေညာလိုက်သည်။

တက္ကသိုလ်ဝင်ခွင့်လျှောက်ထားနိုင်ရန်အတွက် စာမေးပွဲဖြေဆိုခဲ့သော စာစစ်ဌာနကြီး ကြပ်ရေးမှူးများထံတွင် အမှတ်စာရင်း၊ အရည်အချင်းမှတ်တမ်းချုပ် ရမှတ်အဆင့်၊ တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်စာအုပ်နှင့် တက္ကသိုလ်ဝင်ခွင့်လျှောက်ထားရမည့်ပုံစံ စာအိတ်ကို သြဂုတ်လ ၁၈ ရက်မှစ၍ ကိုယ်တိုင်ထုတ်ယူရန် ကြေညာထားသည်။

အဆိုပါတက္ကသိုလ်ဝင်ခွင့်လျှောက်လွှာအိတ်ကို သြဂုတ်လ ၁၈ ရက်မှ စက်တင်ဘာလ ၂ ရက်အထိ ပိတ်ရက်မရှိ တက္ကသိုလ်များတွင် လျှောက်ထားနိုင်ကြောင်း ပညာရေးဝန်ကြီးဌာနက ဆိုသည်။

တိုင်းနှင့်ပြည်နယ်အသီးသီးရှိ တက္ကသိုလ်များတွင် လျှောက်ထားရမည်ဖြစ်ပြီး သတ်မှတ်ရက်ကျော်လွန်ကာ လျှောက်ထားသူများသည် အဆင့်မြင့်ပညာဦးစီးဌာန(ရန်ကုန်ရုံးခွဲ)သို့ ပေးပို့လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သော ၂ဝ၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်းကို ဇွန်လ ၁၇ ရက်က ထုတ်ပြန်ကြေညာပေးခဲ့ခြင်းဖြစ်သည်။

အဆိုပါ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဝင်ရောက်ဖြေဆိုသူ ၂၈ဝဝဝဝ သောင်းကျော်ရှိခဲ့ပြီး၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်သူဦးရေမှာ ၁၃ဝဝဝဝ ကျော်ရှိကြောင်း သိရသည်။

ထို့ပြင် တက္ကသိုလ်ဝင်စာမေးပွဲ ကျရှုံးသူများနှင့် ဝင်ရောက်ဖြေဆိုခြင်း မရှိသူများအ တွက် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို လာမည့် ၂ဝ၂၃ ခုနှစ်အတွင်း၌ ပြန်လည်ကျင်းပပေးသွားမည်ဖြစ်ကြောင်း နစက၏ ပညာရေးဝန်ကြီးဌာနက အသိပေး ထုတ်ပြန်ထားသည်။

zawgyi version
၂ဝ၂၂ ခုႏွစ္ တကၠသိုလ္ဝင္စာေမးပြဲ ေအာင္ျမင္သူမ်ား တကၠသိုလ္ဝင္ခြင့္မ်ားကို ပိတ္ရက္မရွိ ေလွ်ာက္ထားႏိုင္ဟုေၾကညာ
မ်ိဳးႀကီး (NP News) - ၾသဂုတ္ ၁၄

၂ဝ၂၂ ခုႏွစ္ တကၠသိုလ္ဝင္စာေမးပြဲေအာင္ျမင္သူမ်ားအေနျဖင့္ တကၠသိုလ္ဝင္ခြင့္မ်ား ကို ပိတ္ရက္မရွိေလွ်ာက္ထားႏိုင္ေၾကာင္း နစက၏ ပညာေရးဝန္ႀကီးဌာနက အသိေပးေၾကညာလိုက္သည္။

တကၠသိုလ္ဝင္ခြင့္ေလွ်ာက္ထားႏိုင္ရန္အတြက္ စာေမးပြဲေျဖဆိုခဲ့ေသာ စာစစ္ဌာနႀကီး ၾကပ္ေရးမႉးမ်ားထံတြင္ အမွတ္စာရင္း၊ အရည္အခ်င္းမွတ္တမ္းခ်ဳပ္ ရမွတ္အဆင့္၊ တကၠသိုလ္ဝင္ခြင့္လမ္းၫႊန္စာအုပ္ႏွင့္ တကၠသိုလ္ဝင္ခြင့္ေလွ်ာက္ထားရမည့္ပုံစံ စာအိတ္ကို ၾသဂုတ္လ ၁၈ ရက္မွစ၍ ကိုယ္တိုင္ထုတ္ယူရန္ ေၾကညာထားသည္။

အဆိုပါတကၠသိုလ္ဝင္ခြင့္ေလွ်ာက္လႊာအိတ္ကို ၾသဂုတ္လ ၁၈ ရက္မွ စက္တင္ဘာလ ၂ ရက္အထိ ပိတ္ရက္မရွိ တကၠသိုလ္မ်ားတြင္ ေလွ်ာက္ထားႏိုင္ေၾကာင္း ပညာေရးဝန္ႀကီးဌာနက ဆိုသည္။

တိုင္းႏွင့္ျပည္နယ္အသီးသီးရွိ တကၠသိုလ္မ်ားတြင္ ေလွ်ာက္ထားရမည္ျဖစ္ၿပီး သတ္မွတ္ရက္ေက်ာ္လြန္ကာ ေလွ်ာက္ထားသူမ်ားသည္ အဆင့္ျမင့္ပညာဦးစီးဌာန(ရန္ကုန္႐ုံးခြဲ)သို႔ ေပးပို႔ေလွ်ာက္ထားရမည္ျဖစ္ေၾကာင္း သိရသည္။

ၿပီးခဲ့ေသာ ၂ဝ၂၂ ခုႏွစ္ တကၠသိုလ္ဝင္တန္းစာေမးပြဲေအာင္စာရင္းကို ဇြန္လ ၁၇ ရက္က ထုတ္ျပန္ေၾကညာေပးခဲ့ျခင္းျဖစ္သည္။

အဆိုပါ တကၠသိုလ္ဝင္စာေမးပြဲတြင္ ဝင္ေရာက္ေျဖဆိုသူ ၂၈ဝဝဝဝ ေသာင္းေက်ာ္ရွိခဲ့ၿပီး၊ တကၠသိုလ္ဝင္တန္းစာေမးပြဲ ေအာင္ျမင္သူဦးေရမွာ ၁၃ဝဝဝဝ ေက်ာ္ရွိေၾကာင္း သိရသည္။

ထို႔ျပင္ တကၠသိုလ္ဝင္စာေမးပြဲ က်ရႈံးသူမ်ားႏွင့္ ဝင္ေရာက္ေျဖဆိုျခင္း မရွိသူမ်ားအ တြက္ တကၠသိုလ္ဝင္တန္းစာေမးပြဲကို လာမည့္ ၂ဝ၂၃ ခုႏွစ္အတြင္း၌ ျပန္လည္က်င္းပေပးသြားမည္ျဖစ္ေၾကာင္း နစက၏ ပညာေရးဝန္ႀကီးဌာနက အသိေပး ထုတ္ျပန္ထားသည္။

Picture

Ko Moe

14/08/2022 11:36

မန္တလေးမှာတော့ ပီကယ်တွေ ငွေညစ်ကောင်းနေတယ်လို့ အတိအလင်းကြားရတယ်ဗျာ။ တောင်းရဲလိုက်တာဗျာ။နစကတော့ မြောင်းထဲ ပို့နေပြီ

Related news

© 2021. All rights reserved.