တိုက်စစ်မှူး စီရော်နယ်ဒိုနှင့်ပတ်သက်ပြီး ထွက်ပေါ်နေသည့်သတင်းများကို မန်ယူအသင်း တုံ့ပြန်

223

ဖြိုးခန့် (NP News) - သြဂုတ် ၁၆
တိုက်စစ်မှူးစီရော်နယ်ဒို၏သဘောထားကိုမပြောင်းလဲပါက စာချုပ်ကိုဖျက်သိမ်းမည်ဆိုသည့် ပြောဆိုချက်များ အပေါ် မန်ယူအသင်းက ပြန်လည်တုံ့ပြန်ခဲ့ကြောင်းသိရသည်၊၊
မန်ယူအသင်းသည် စီရော်နယ်ဒို၏အပြုအမူများနှင့်ပတ်သတ်၍ စိုးရိမ်မှုများရှိနေပြီး စာချုပ်ဖျက်သိမ်းရန်အတွက် စဉ်းစားနေကြောင်း Sky Sport သတင်းဌာနက မကြာသေးမီက ဖော်ပြခဲ့သည်။ အသက်(၃၇)နှစ်အရွယ်ရှိ စီရော်နယ်ဒိုသည် ဘရန့်ဖို့ဒ်အသင်းကို (၄)ဂိုး-ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် နည်းပြတန်ဟက်နှင့် လက်ဆွဲနှုတ်ဆက် ခြင်းမရှိဘဲ ကွင်းထဲမှထွက်ခဲ့ကြောင်းသိရသည်၊၊
ဂိုးသမားဒေးဗစ်ဒီဂီယာ၏ အမှားနှစ်ခုကြောင့် ဘရန့်ဖို့ဒ်အသင်းကို (၂)ဂိုးပေးခဲ့ရပြီးနောက် စီရော်နယ်ဒိုသည် ဂိုးသမားဒီဂီယာကို ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ကြောင်းသိရသည်၊၊ ကစားပွဲချိန်ပြည့်၍ ခရာမှုတ်ချိန်တွင် စီရော်နယ်ဒိုသည် အဝေးကွင်းပရိတ်သတ်များကို လက်ခုပ်တီးပြခြင်းမပြုဘဲ ကွင်းထဲက အမြန်မထွက်ခွာမီ မန်ယူ အသင်း လက်ထောက်နည်းပြ စတီဗီမက်ကလာရင် နှင့် အပြန်အလှန်ပြစ်တင်ဝေဖန်မှုများ ရှိခဲ့ကြောင်းသိရသည်။
မန်ယူအသင်းသည် စီရော်နယ်ဒို၏အပြုအမူများနှင့်ပတ်သက်ပြီး စာချုပ်ဖျက်သိမ်းရန် စဉ်းစားနေကြောင်း သတင်းများထွက်ပေါ်ခဲ့သော်လည်း မန်ယူအသင်းက အဲဒီအချက်ကို ထုတ်ဖော်ပြောဆိုထားခြင်းမျိုး မရှိကြောင်း သိရသည်၊၊
ရော်နယ်ဒိုသည် လက်ရှိနွေရာသီအပြောင်းအရွှေ့ကာလတွင် မန်ယူအသင်းမှထွက်ခွာရန် တောင်းဆိုထားသော် လည်း ပြီးခဲ့သည့်လက Carrington မန်ယူလေ့ကျင့်ရေးကွင်းသို့ပြန်လည်ရောက်ရှိလာခဲ့ပြီး နည်းပြတန်ဟက်၊ အေးဂျင့်ဂျော့မန်ဒက်စ်တို့နှင့်အတူ ဆွေးနွေးခဲ့ကြောင်းသိရသည်။
စီရော်နယ်ဒိုသည် ချန်ပီယံလိဂ်ကစားရန် ဆန္ဒရှိနေသော်လည်း အပြောင်းအရွှေ့ကိစ္စများအတွက် ကမ်းလှမ်းထား ခံရခြင်းမျိုး မရှိသေးကြောင်းသိရသည်၊၊ စီရော်နယ်ဒိုကို အေစီမီလန်အသင်းနှင့် အင်တာမီလန်အသင်းတို့ကို ကမ်းလှမ်းထားသည်ဟု သတင်းများထွက်ပေါ်ခဲ့သော်လည်း အဆိုပါနှစ်သင်းလုံးက စီရော်နယ်ဒိုနှင့် စာချုပ်ချုပ်ဆို ရန်အတွက် ငြင်းဆိုခဲ့ကြောင်းသိရသည်၊၊
https://www.thesun.co.uk/sport/football/19507989/man-utd-cristiano-ronaldo-terminate-contract/
Zawgyi Version;
တိုက္စစ္မႉး စီေရာ္နယ္ဒိုႏွင့္ပတ္သက္ၿပီး ထြက္ေပၚေနသည့္သတင္းမ်ားကို မန္ယူအသင္း တုံ႔ျပန္
ၿဖိဳးခန႔္ (NP News) - ၾသဂုတ္ ၁၆
တိုက္စစ္မႉးစီေရာ္နယ္ဒို၏သေဘာထားကိုမေျပာင္းလဲပါက စာခ်ဳပ္ကိုဖ်က္သိမ္းမည္ဆိုသည့္ ေျပာဆိုခ်က္မ်ား အေပၚ မန္ယူအသင္းက ျပန္လည္တုံ႔ျပန္ခဲ့ေၾကာင္းသိရသည္၊၊
မန္ယူအသင္းသည္ စီေရာ္နယ္ဒို၏အျပဳအမူမ်ားႏွင့္ပတ္သတ္၍ စိုးရိမ္မႈမ်ားရွိေနၿပီး စာခ်ဳပ္ဖ်က္သိမ္းရန္အတြက္ စဥ္းစားေနေၾကာင္း Sky Sport သတင္းဌာနက မၾကာေသးမီက ေဖာ္ျပခဲ့သည္။ အသက္(၃၇)ႏွစ္အ႐ြယ္ရွိ စီေရာ္နယ္ဒိုသည္ ဘရန႔္ဖို႔ဒ္အသင္းကို (၄)ဂိုး-ဂိုးမရွိျဖင့္ ရႈံးနိမ့္ခဲ့ၿပီးေနာက္ နည္းျပတန္ဟက္ႏွင့္ လက္ဆြဲႏႈတ္ဆက္ ျခင္းမရွိဘဲ ကြင္းထဲမွထြက္ခဲ့ေၾကာင္းသိရသည္၊၊
ဂိုးသမားေဒးဗစ္ဒီဂီယာ၏ အမွားႏွစ္ခုေၾကာင့္ ဘရန႔္ဖို႔ဒ္အသင္းကို (၂)ဂိုးေပးခဲ့ရၿပီးေနာက္ စီေရာ္နယ္ဒိုသည္ ဂိုးသမားဒီဂီယာကို ျပင္းျပင္းထန္ထန္ေဝဖန္ခဲ့ေၾကာင္းသိရသည္၊၊ ကစားပြဲခ်ိန္ျပည့္၍ ခရာမႈတ္ခ်ိန္တြင္ စီေရာ္နယ္ဒိုသည္ အေဝးကြင္းပရိတ္သတ္မ်ားကို လက္ခုပ္တီးျပျခင္းမျပဳဘဲ ကြင္းထဲက အျမန္မထြက္ခြာမီ မန္ယူ အသင္း လက္ေထာက္နည္းျပ စတီဗီမက္ကလာရင္ ႏွင့္ အျပန္အလွန္ျပစ္တင္ေဝဖန္မႈမ်ား ရွိခဲ့ေၾကာင္းသိရသည္။
မန္ယူအသင္းသည္ စီေရာ္နယ္ဒို၏အျပဳအမူမ်ားႏွင့္ပတ္သက္ၿပီး စာခ်ဳပ္ဖ်က္သိမ္းရန္ စဥ္းစားေနေၾကာင္း သတင္းမ်ားထြက္ေပၚခဲ့ေသာ္လည္း မန္ယူအသင္းက အဲဒီအခ်က္ကို ထုတ္ေဖာ္ေျပာဆိုထားျခင္းမ်ိဳး မရွိေၾကာင္း သိရသည္၊၊
ေရာ္နယ္ဒိုသည္ လက္ရွိေႏြရာသီအေျပာင္းအေ႐ႊ႕ကာလတြင္ မန္ယူအသင္းမွထြက္ခြာရန္ ေတာင္းဆိုထားေသာ္ လည္း ၿပီးခဲ့သည့္လက Carrington မန္ယူေလ့က်င့္ေရးကြင္းသို႔ျပန္လည္ေရာက္ရွိလာခဲ့ၿပီး နည္းျပတန္ဟက္၊ ေအးဂ်င့္ေဂ်ာ့မန္ဒက္စ္တို႔ႏွင့္အတူ ေဆြးေႏြးခဲ့ေၾကာင္းသိရသည္။
စီေရာ္နယ္ဒိုသည္ ခ်န္ပီယံလိဂ္ကစားရန္ ဆႏၵရွိေနေသာ္လည္း အေျပာင္းအေ႐ႊ႕ကိစၥမ်ားအတြက္ ကမ္းလွမ္းထား ခံရျခင္းမ်ိဳး မရွိေသးေၾကာင္းသိရသည္၊၊ စီေရာ္နယ္ဒိုကို ေအစီမီလန္အသင္းႏွင့္ အင္တာမီလန္အသင္းတို႔ကို ကမ္းလွမ္းထားသည္ဟု သတင္းမ်ားထြက္ေပၚခဲ့ေသာ္လည္း အဆိုပါႏွစ္သင္းလုံးက စီေရာ္နယ္ဒိုႏွင့္ စာခ်ဳပ္ခ်ဳပ္ဆို ရန္အတြက္ ျငင္းဆိုခဲ့ေၾကာင္းသိရသည္၊၊
https://www.thesun.co.uk/sport/football/19507989/man-utd-cristiano-ronaldo-terminate-contract/