ဒဂုံဆိပ်ကမ်းမြို့နယ်တွင် မိုင်းပေါက်ကွဲမှုကြောင့် ရေသန့်ဗူးကောက်သည့် အမျိုးသား(၁)ဦး လက်နှစ်ဖက်ပြတ်တောက်

 949

NP News - သြဂုတ် ၁၆
ဒဂုံဆိပ်ကမ်းမြို့နယ်တွင် မိုင်းပေါက်ကွဲမှုကြောင့် လက်တွန်းလှည်းဖြင့် ရေသန့်ဗူးကောက်သည့် အမျိုးသား(၁)ဦး လက်နှစ်ဖက်ပြတ်တောက်ခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ယမန်နေ့(သြဂုတ်လ ၁၅ရက်) နံနက် ၁ဝ နာရီခွဲအချိန်တွင် ဒဂုံဆိပ်ကမ်းမြို့နယ်၊ ၇၈ ရပ်ကွက်၊ ရွှေလီလမ်းတွင် အကြမ်းဖက်သမားများထောင်ထားသည့် မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း အဆိုပါရပ်ကွက်နေ သတင်းရင်းမြစ်တစ်ဦးထံမှသိရသည်။

အဆိုပါပေါက်ကွဲမှုကြောင့် လက်တွန်းလှည်းဖြင့် ရေသန်ဗူးကောက်သည့် အမျိုးသားတစ်ဦး လက်နှစ်ဖက်ပြတ်တောက်ခဲ့ပြီး အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့သဖြင့် တာဝန်ရှိသူများမှ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်း ၎င်းမှဆိုသည်။

ထို့ပြင် အခင်းဖြစ်ရာနေရာနှင့် အနီးပတ်ဝန်းကျင်အား လုံခြုံရေးတပ်ဖွဲ့များ ထပ်မံစစ် ဆေးခဲ့ရာ မပေါက်ကွဲသေးသော လက်လုပ်မိုင်းတစ်ခုအား ထပ်မံတွေ့ရှိခဲ့ပြီး အများပြည်သူမထိခိုက်စေရန် သက်မဲ့ပြုလုပ်ရှင်းလင်းခဲ့ကြောင်း သိရသည်။

zawgyi version
ဒဂုံဆိပ္ကမ္းၿမိဳ႕နယ္တြင္ မိုင္းေပါက္ကြဲမႈေၾကာင့္ ေရသန႔္ဗူးေကာက္သည့္ အမ်ိဳးသား(၁)ဦး လက္ႏွစ္ဖက္ျပတ္ေတာက္
NP News - ၾသဂုတ္ ၁၆

ဒဂုံဆိပ္ကမ္းၿမိဳ႕နယ္တြင္ မိုင္းေပါက္ကြဲမႈေၾကာင့္ လက္တြန္းလွည္းျဖင့္ ေရသန႔္ဗူးေကာက္သည့္ အမ်ိဳးသား(၁)ဦး လက္ႏွစ္ဖက္ျပတ္ေတာက္ခဲ့ေၾကာင္း သတင္းရရွိသည္။

ျဖစ္စဥ္မွာ ယမန္ေန႔(ၾသဂုတ္လ ၁၅ရက္) နံနက္ ၁ဝ နာရီခြဲအခ်ိန္တြင္ ဒဂုံဆိပ္ကမ္းၿမိဳ႕နယ္၊ ၇၈ ရပ္ကြက္၊ ေ႐ႊလီလမ္းတြင္ အၾကမ္းဖက္သမားမ်ားေထာင္ထားသည့္ မိုင္းေပါက္ကြဲမႈျဖစ္ပြားခဲ့ေၾကာင္း အဆိုပါရပ္ကြက္ေန သတင္းရင္းျမစ္တစ္ဦးထံမွသိရသည္။

အဆိုပါေပါက္ကြဲမႈေၾကာင့္ လက္တြန္းလွည္းျဖင့္ ေရသန္ဗူးေကာက္သည့္ အမ်ိဳးသားတစ္ဦး လက္ႏွစ္ဖက္ျပတ္ေတာက္ခဲ့ၿပီး အမ်ိဳးသမီးတစ္ဦး ထိခိုက္ဒဏ္ရာမ်ားရရွိခဲ့သျဖင့္ တာဝန္ရွိသူမ်ားမွ ေဆး႐ုံသို႔ပို႔ေဆာင္ေပးခဲ့ေၾကာင္း ၎မွဆိုသည္။

ထို႔ျပင္ အခင္းျဖစ္ရာေနရာႏွင့္ အနီးပတ္ဝန္းက်င္အား လုံၿခဳံေရးတပ္ဖြဲ႕မ်ား ထပ္မံစစ္ ေဆးခဲ့ရာ မေပါက္ကြဲေသးေသာ လက္လုပ္မိုင္းတစ္ခုအား ထပ္မံေတြ႕ရွိခဲ့ၿပီး အမ်ားျပည္သူမထိခိုက္ေစရန္ သက္မဲ့ျပဳလုပ္ရွင္းလင္းခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.