မြန်မာနိုင်ငံရဲ့အခြေအနေတွေက အကြမ်းဖက်မှုများ အဆုံးသတ်မှုအပေါ် မူတည်နေကြောင်း ကုလသမဂ္ဂအထူးကိုယ်စားလှယ်ပြော

 1262

ဂျန်ဇက် (NP News) - ဩဂုတ် ၁၈
မြန်မာနိုင်ငံရဲ့အခြေအနေတွေဟာ မြေပြင်မှာပြည်သူတွေရဲ့ ရှင်သန်နေထိုင်မှု ပိုမိုကောင်းမွန်ဖို့ ၊ အကြမ်းဖက်မှုတွေ အဆုံးသတ်မှုအပေါ် မူတည်နေကြောင်း၊ နစကအနေ နဲ့ကွပ်မျက်မှုလုပ်နေတာတွေကို ဆိုင်းငံ့ထားဖို့ တိုက်တွန်းတောင်းဆိုခဲ့ကြောင်း နိုလန်ဟေဇာက ဆိုပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ကလည်း မြန်မာနိုင်ငံမှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးဖို့ တောင်းဆိုတဲ့အကြောင်းကို တိုက် တွန်းပြောဆိုခဲ့တယ်လို့ နိုလန်ဟေဇာကပြောပါတယ်။ နိုလန်ဟေဇာဟာ နစက အကြီးအကဲဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ သြဂုတ်လ ၁၇ ရက်တွေ့ဆုံဆွေးနွေးချိန်အတွင်း အခုလိုမျိုးပြောဆိုခဲ့တာဖြစ်ကြောင်းသိရပါတယ်။ နိုလန်ဟေဇာက မြန် မာပြည်သူတွေဟာ ဒီမိုကရေစီအခွင့်အရေးရှိပြီး စိုးရိမ်ကြောက်ရွှံ့မှုမရှိဘဲ ကိုယ်ပိုင် ဆုံးဖြတ်ပြဌာန်းပိုင်ခွင့်ရမှာဖြစ်ကြောင်း နိုလန်ဟေဇာကပြောပါတယ်။

နိုလန်ဟေဇာက " ကုလသမဂ္ဂရဲ့တောင်းဆိုချက်တွေကို အကောင်ထည်ဖော်ပေးဖို့ နစက အကြီးအကဲကို တိုက်တွန်းတောင်းဆိုခဲ့ပါတယ်။ သြစတြေးလျ အစိုးရက မြန်မာနိုင်ငံမှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ စီးပွားရေးအကြံပေးဖြစ်ခဲ့သူ ရှောင်တာနယ်လ်ကို ပြန်လွှတ်ပေးဖို့ တောင်းဆိုတဲ့အကြောင်းကိုလည်းထည့်သွင်းပြောဆိုခဲ့တယ်။ ကျွန်မကတော့ အကျဉ်းထောင်တွေထဲမှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ကလေးလူငယ်အားလုံးကို ပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့တယ်"လို့ပြောပါတယ်။

နိုလန်ဟေဇာဟာ နစက တာဝန်ရှိသူများနဲ့တွေ့ဆုံဆွေးနွေးချိန်အတွင်း ဒေါ်အောင်ဆန်းစုကြည်နဲ့လည်းတွေ့ဆုံဆွေးနွေးခွင့်ပေးဖို့ တောင်းဆိုခဲ့ကြောင်းသိရပါတယ်။ နိုလန်ဟေဇာက "ကျွန်မဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ကျန်းမာရေးအခြေနေ နဲ့ပတ် သက်ပြီး စိုးရိမ်မိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်ကို ပြန်ပို့ဖို့ တောင်းဆိုခဲ့တယ်။ မြန်မာနိုင်ငံရှိအဖွဲ့အစည်းများနဲ့ ကျွန်မတွေ့ဆုံဆွေးနွေးရာမှာ ဒေါ်အောင်ဆန်းစုကြည်က အဓိကအရေးပါတဲ့သူအဖြစ် ပါဝင်နေတယ်လို့ ယုံကြည်နေပါတယ်" လို့ပြောပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့အထူးကိုယ်စားလှယ် နိုလန်ဟေဇာက မြန်မာပြည်သူတွေရဲ့ဆန္ဒကို ရည်ညွှန်ပြီး ဒီမိုကရေစီ နဲ့ ငြိမ်းချမ်းရေးတို့အတွက် အားလုံးပါင်တဲ့အဖြေရှာမှုတွေ ဆက်လက်လုပ်ကိုင်ဖို့ နစကအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နဲ့ သဘောတူညီခဲ့ကြောင်းသိရပါတယ်။

https://myanmar.un.org/en/195256-media-advisory-first-meeting-nay-pyi-taw-special-envoy-heyzer-states-steps-state?fbclid=IwAR0-YycAp3vtUKoaQxIzewAKlQXjwf_anUJD0Fa871uPOhXJk4tdRjUCmrU

zawgyi version
ျမန္မာႏိုင္ငံရဲ႕အေျခအေနေတြက အၾကမ္းဖက္မႈမ်ား အဆုံးသတ္မႈအေပၚ မူတည္ေနေၾကာင္း ကုလသမဂၢအထူးကိုယ္စားလွယ္ေျပာ
ဂ်န္ဇက္ (NP News) - ဩဂုတ္ ၁၈

ျမန္မာႏိုင္ငံရဲ႕အေျခအေနေတြဟာ ေျမျပင္မွာျပည္သူေတြရဲ႕ ရွင္သန္ေနထိုင္မႈ ပိုမိုေကာင္းမြန္ဖို႔ ၊ အၾကမ္းဖက္မႈေတြ အဆုံးသတ္မႈအေပၚ မူတည္ေနေၾကာင္း၊ နစကအေန နဲ႔ကြပ္မ်က္မႈလုပ္ေနတာေတြကို ဆိုင္းငံ့ထားဖို႔ တိုက္တြန္းေတာင္းဆိုခဲ့ေၾကာင္း ႏိုလန္ေဟဇာက ဆိုပါတယ္။

ကုလသမဂၢအတြင္းေရးမႉးခ်ဳပ္ကလည္း ျမန္မာႏိုင္ငံမွာ ဖမ္းဆီးထိန္းသိမ္းခံထားရတဲ့ ႏိုင္ငံေရးအက်ဥ္းသားေတြကို ျပန္လႊတ္ေပးဖို႔ ေတာင္းဆိုတဲ့အေၾကာင္းကို တိုက္ တြန္းေျပာဆိုခဲ့တယ္လို႔ ႏိုလန္ေဟဇာကေျပာပါတယ္။ ႏိုလန္ေဟဇာဟာ နစက အႀကီးအကဲဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္နဲ႔ ၾသဂုတ္လ ၁၇ ရက္ေတြ႕ဆုံေဆြးေႏြးခ်ိန္အတြင္း အခုလိုမ်ိဳးေျပာဆိုခဲ့တာျဖစ္ေၾကာင္းသိရပါတယ္။ ႏိုလန္ေဟဇာက ျမန္ မာျပည္သူေတြဟာ ဒီမိုကေရစီအခြင့္အေရးရွိၿပီး စိုးရိမ္ေၾကာက္႐ႊံ႕မႈမရွိဘဲ ကိုယ္ပိုင္ ဆုံးျဖတ္ျပဌာန္းပိုင္ခြင့္ရမွာျဖစ္ေၾကာင္း ႏိုလန္ေဟဇာကေျပာပါတယ္။

ႏိုလန္ေဟဇာက " ကုလသမဂၢရဲ႕ေတာင္းဆိုခ်က္ေတြကို အေကာင္ထည္ေဖာ္ေပးဖို႔ နစက အႀကီးအကဲကို တိုက္တြန္းေတာင္းဆိုခဲ့ပါတယ္။ ၾသစေၾတးလ် အစိုးရက ျမန္မာႏိုင္ငံမွာ ဖမ္းဆီးထိန္းသိမ္းခံထားရတဲ့ စီးပြားေရးအႀကံေပးျဖစ္ခဲ့သူ ေရွာင္တာနယ္လ္ကို ျပန္လႊတ္ေပးဖို႔ ေတာင္းဆိုတဲ့အေၾကာင္းကိုလည္းထည့္သြင္းေျပာဆိုခဲ့တယ္။ ကြၽန္မကေတာ့ အက်ဥ္းေထာင္ေတြထဲမွာ ဖမ္းဆီးထိန္းသိမ္းခံထားရတဲ့ ကေလးလူငယ္အားလုံးကို ျပန္လႊတ္ေပးဖို႔ ေတာင္းဆိုခဲ့တယ္"လို႔ေျပာပါတယ္။

ႏိုလန္ေဟဇာဟာ နစက တာဝန္ရွိသူမ်ားနဲ႔ေတြ႕ဆုံေဆြးေႏြးခ်ိန္အတြင္း ေဒၚေအာင္ဆန္းစုၾကည္နဲ႔လည္းေတြ႕ဆုံေဆြးေႏြးခြင့္ေပးဖို႔ ေတာင္းဆိုခဲ့ေၾကာင္းသိရပါတယ္။ ႏိုလန္ေဟဇာက "ကြၽန္မဟာ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕က်န္းမာေရးအေျခေန နဲ႔ပတ္ သက္ၿပီး စိုးရိမ္မိပါတယ္။ ေဒၚေအာင္ဆန္းစုၾကည္ကို ေနအိမ္ကို ျပန္ပို႔ဖို႔ ေတာင္းဆိုခဲ့တယ္။ ျမန္မာႏိုင္ငံရွိအဖြဲ႕အစည္းမ်ားနဲ႔ ကြၽန္မေတြ႕ဆုံေဆြးေႏြးရာမွာ ေဒၚေအာင္ဆန္းစုၾကည္က အဓိကအေရးပါတဲ့သူအျဖစ္ ပါဝင္ေနတယ္လို႔ ယုံၾကည္ေနပါတယ္" လို႔ေျပာပါတယ္။

ကုလသမဂၢအတြင္းေရးမႉးခ်ဳပ္ရဲ႕အထူးကိုယ္စားလွယ္ ႏိုလန္ေဟဇာက ျမန္မာျပည္သူေတြရဲ႕ဆႏၵကို ရည္ၫႊန္ၿပီး ဒီမိုကေရစီ နဲ႔ ၿငိမ္းခ်မ္းေရးတို႔အတြက္ အားလုံးပါင္တဲ့အေျဖရွာမႈေတြ ဆက္လက္လုပ္ကိုင္ဖို႔ နစကအႀကီးအကဲ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ နဲ႔ သေဘာတူညီခဲ့ေၾကာင္းသိရပါတယ္။

https://myanmar.un.org/en/195256-media-advisory-first-meeting-nay-pyi-taw-special-envoy-heyzer-states-steps-state?fbclid=IwAR0-YycAp3vtUKoaQxIzewAKlQXjwf_anUJD0Fa871uPOhXJk4tdRjUCmrU

Picture

nyi zaw

19/08/2022 09:28

ဟုတ် ကုလသမဂ္ဂ ဆိုတဲ့အဖွဲ့ကတောင် အကြမ်းဖက်အဖွဲ့တွေကို အားပေးနေတဲ့အပြုအမှုတွေလို သိသလို မသိသလို ပြုမှုမိနေတာမျိုး ဖြစ်နေတာကိုရော ပြန်လည် သုံးသပ်စေချင်တယ် လို့ပြောချင်တယ်ဗျာ

Related news

© 2021. All rights reserved.