တရုတ်နိုင်ငံ မြောက်ပိုင်းတွင် ရေကြီးမှုများကြောင့် အနည်းဆုံး လူပေါင်း ၁၆ ဦး သေဆုံး

588

ဖြိုးခန့် (NP News) - သြဂုတ် ၁၉
တရုတ်နိုင်ငံမြောက်ပိုင်းတွင် ရုတ်တရက် မိုးသက်မုန်တိုင်းများတိုက်ခတ်ခြင်းကြောင့် မြစ်ကိုရေလမ်းကြောင်း ပြောင်းစေသည့် မြေပြိုကျမှုများဖြစ်ပေါ်ခဲ့ပြီး လူဦးရေထူထပ်သောနေရာများတွင် ရေကြီးမှုများဖြစ်ပေါ်ခဲ့ကာ အနည်းဆုံးလူ(၁၆)ဦးသေဆုံးပြီး အခြား(၁၈)ဦးမှာ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း တရုတ်မီဒီယာတစ်ခုမှ သြဂုတ် (၁၈)ရက်နေ့တွင် ဖော်ပြထားသည်။
ကယ်ဆယ်ရေးသမားများသည် အဆိုပါရေကြီးမှုကြောင့် အစောပိုင်းက လူ(၃၆)ဦး ပျောက်ဆုံးနေကြောင်း ပြောကြားခဲ့ပြီးနောက်ပိုင်းတွင် ၁၈ ဦး ပြန်လည်တွေ့ရှိခဲ့ကြောင်း သိရသည်။ အဆိုပါ ရေကြီးမြေပြိုမှုများကြောင့် သြဂုတ်(၁၇)ရက်နေ့ ညတွင် ကွင်ဟိုင်ခရိုင်ရှိ ကျေးရွာ(၆)ရွာတွင် နေထိုင်သော လူ(၆ဝဝဝ)ကျော် ရေဘေးဒဏ် ခံခဲ့ ရကြောင်း သိရသည်၊၊
တရုတ်နိုင်ငံသည် ယခုနှစ်နွေရာသီတွင် နိုင်ငံ၏အချို့နေရာဒေသများတွင် မိုးသည်းထန်စွာရွာသွန်းမှုနှင့် ရေကြီးမှု များကြုံတွေ့နေရပြီး အခြားနေရာဒေသများတွင် အလွန်ပူပြင်းမှုနှင့် မိုးခေါင်မှုများကို ကြုံတွေ့နေရကြောင်း သိရသည်၊၊ ပြီးခဲ့သည့်နှစ်(၆၀)အတွင်း မှတ်တမ်းများအရ ယခုနှစ်သည် တရုတ်နိုင်ငံတွင် အပူဆုံးနှင့် မိုးအခေါင်ဆုံး ဖြစ်ကြောင်း တရုတ်နိုင်ငံပိုင်မီဒီယာတစ်ခုမှ ဖော်ပြခဲ့သည်၊၊
တရုတ်နိုင်ငံအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တာဝန်ရှိသူများက ကွင်ဟိုင်ခရိုင် ဒါ့တောင်ကောင်တီတွင် ဖြစ်ပွားခဲ့ သော ရေကြီးမှုကို တောင်ကျရေစီးဆင်းမှုများကြောင့် ဖြစ်ကြောင်းဖော်ပြခဲ့သည်၊၊ အဆိုပါတောင်ကျရေများကြောင့် တောင်တန်းထူထပ်သောဒေသများတွင် မိုးသက်လေပြင်းများဖြစ်ပေါ်စေတတ်ကြောင်း ဖော်ပြခဲ့သည်၊၊
တောင်ပေါ်မှစီးဆင်းလာသောရေများသည် လျှိုများ (သို့မဟုတ်) ချောင်းများကို အရှိန်အဟုန်ပြင်းပြင်း စီးဆင်းနေ သော မြစ်များအဖြစ် ပြောင်းလဲစေကြောင်း သိရသည်။
တရုတ်နိုင်ငံ အနောက်တောင်ပိုင်းခရိုင်တွင် ပြီးခဲ့သည့်သီတင်းပတ်က တောင်ကျရေများ ပြင်းထန်စွာကျဆင်းခဲ့ခြင်း ကြောင့် လူ(၇)ဦး သေဆုံးခဲ့ကြောင်းသိရသည်၊၊
https://www.thehindu.com/news/international/many-dead-many-others-missing-in-flash-flood-in-western-china/article65782256.ece

Zawgyi Version;
တ႐ုတ္ႏိုင္ငံ ေျမာက္ပိုင္းတြင္ ေရႀကီးမႈမ်ားေၾကာင့္ အနည္းဆုံး လူေပါင္း ၁၆ ဦး ေသဆုံး
ၿဖိဳးခန႔္ (NP News) - ၾသဂုတ္ ၁၉
တ႐ုတ္ႏိုင္ငံေျမာက္ပိုင္းတြင္ ႐ုတ္တရက္ မိုးသက္မုန္တိုင္းမ်ားတိုက္ခတ္ျခင္းေၾကာင့္ ျမစ္ကိုေရလမ္းေၾကာင္း ေျပာင္းေစသည့္ ေျမၿပိဳက်မႈမ်ားျဖစ္ေပၚခဲ့ၿပီး လူဦးေရထူထပ္ေသာေနရာမ်ားတြင္ ေရႀကီးမႈမ်ားျဖစ္ေပၚခဲ့ကာ အနည္းဆုံးလူ(၁၆)ဦးေသဆုံးၿပီး အျခား(၁၈)ဦးမွာ ေပ်ာက္ဆုံးေနဆဲျဖစ္ေၾကာင္း တ႐ုတ္မီဒီယာတစ္ခုမွ ၾသဂုတ္ (၁၈)ရက္ေန႔တြင္ ေဖာ္ျပထားသည္။
ကယ္ဆယ္ေရးသမားမ်ားသည္ အဆိုပါေရႀကီးမႈေၾကာင့္ အေစာပိုင္းက လူ(၃၆)ဦး ေပ်ာက္ဆုံးေနေၾကာင္း ေျပာၾကားခဲ့ၿပီးေနာက္ပိုင္းတြင္ ၁၈ ဦး ျပန္လည္ေတြ႕ရွိခဲ့ေၾကာင္း သိရသည္။ အဆိုပါ ေရႀကီးေျမၿပိဳမႈမ်ားေၾကာင့္ ၾသဂုတ္(၁၇)ရက္ေန႔ ညတြင္ ကြင္ဟိုင္ခ႐ိုင္ရွိ ေက်း႐ြာ(၆)႐ြာတြင္ ေနထိုင္ေသာ လူ(၆ဝဝဝ)ေက်ာ္ ေရေဘးဒဏ္ ခံခဲ့ ရေၾကာင္း သိရသည္၊၊
တ႐ုတ္ႏိုင္ငံသည္ ယခုႏွစ္ေႏြရာသီတြင္ ႏိုင္ငံ၏အခ်ိဳ႕ေနရာေဒသမ်ားတြင္ မိုးသည္းထန္စြာ႐ြာသြန္းမႈႏွင့္ ေရႀကီးမႈ မ်ားႀကဳံေတြ႕ေနရၿပီး အျခားေနရာေဒသမ်ားတြင္ အလြန္ပူျပင္းမႈႏွင့္ မိုးေခါင္မႈမ်ားကို ႀကဳံေတြ႕ေနရေၾကာင္း သိရသည္၊၊ ၿပီးခဲ့သည့္ႏွစ္(၆၀)အတြင္း မွတ္တမ္းမ်ားအရ ယခုႏွစ္သည္ တ႐ုတ္ႏိုင္ငံတြင္ အပူဆုံးႏွင့္ မိုးအေခါင္ဆုံး ျဖစ္ေၾကာင္း တ႐ုတ္ႏိုင္ငံပိုင္မီဒီယာတစ္ခုမွ ေဖာ္ျပခဲ့သည္၊၊
တ႐ုတ္ႏိုင္ငံအေရးေပၚကယ္ဆယ္ေရးအဖြဲ႕တာဝန္ရွိသူမ်ားက ကြင္ဟိုင္ခ႐ိုင္ ဒါ့ေတာင္ေကာင္တီတြင္ ျဖစ္ပြားခဲ့ ေသာ ေရႀကီးမႈကို ေတာင္က်ေရစီးဆင္းမႈမ်ားေၾကာင့္ ျဖစ္ေၾကာင္းေဖာ္ျပခဲ့သည္၊၊ အဆိုပါေတာင္က်ေရမ်ားေၾကာင့္ ေတာင္တန္းထူထပ္ေသာေဒသမ်ားတြင္ မိုးသက္ေလျပင္းမ်ားျဖစ္ေပၚေစတတ္ေၾကာင္း ေဖာ္ျပခဲ့သည္၊၊
ေတာင္ေပၚမွစီးဆင္းလာေသာေရမ်ားသည္ လွ်ိဳမ်ား (သို႔မဟုတ္) ေခ်ာင္းမ်ားကို အရွိန္အဟုန္ျပင္းျပင္း စီးဆင္းေန ေသာ ျမစ္မ်ားအျဖစ္ ေျပာင္းလဲေစေၾကာင္း သိရသည္။
တ႐ုတ္ႏိုင္ငံ အေနာက္ေတာင္ပိုင္းခ႐ိုင္တြင္ ၿပီးခဲ့သည့္သီတင္းပတ္က ေတာင္က်ေရမ်ား ျပင္းထန္စြာက်ဆင္းခဲ့ျခင္း ေၾကာင့္ လူ(၇)ဦး ေသဆုံးခဲ့ေၾကာင္းသိရသည္၊၊
https://www.thehindu.com/news/international/many-dead-many-others-missing-in-flash-flood-in-western-china/article65782256.ece