အနောက်အုပ်စုရဲ့လွှမ်းမိုးမှုတွေကို တွန်းလှန်ကြဖို့ SCO အဖွဲ့ဝင်နိုင်ငံတွေကို တရုတ်သမ္မတ တောင်းဆို

 243

Pika (NP News) - စက်တင်ဘာ ၃

ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO)ရဲ့အဖွဲ့ဝင်နိုင်ငံတွေဟာ တရားမျှတတဲ့နိုင်ငံတကာစနစ်တစ်ခုကို တည်ဆောက်ရာမှာကူညီဖို့အတွက် နိုင်ငံရေး၊စီးပွားရေးနဲ့ စစ်ရေးအရ လွှမ်းမိုးမှုတွေကို ဆက်လက်တွန်းလှန် သင့်တယ်လို့ တရုတ်သမ္မတရှီကျင့်ဖျင်က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
တရုတ်နိုင်ငံ တီယန်ကျင်းမြို့မှာ ကျင်းပခဲ့တဲ့ (SCO) ထိပ်သီးအစည်းအဝေးအတွင်းမှာ ရှီကျင့်ဖျင်က ယခုလို ထုတ်ဖော်ပြောဆိုခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ ဒါ့ပြင် အပြန်အလှန်ယုံကြည်မှု၊ အပြန်အလှန်အကျိုးရှိမှု၊ တန်းတူညီမျှမှု၊ တိုင်ပင်ဆွေးနွေးမှု၊ မတူကွဲပြားတဲ့ ယဉ်ကျေးမှုတွေကို လေးစားလိုက်နာဖို့နဲ့ မျှဝေခံစားနိုင်တဲ့ ဖွံ့ဖြိုးတိုးတက်မှုကို လိုက်နာကြဖို့ SCO အဖွဲ့ဝင်နိုင်ငံတွေရဲ့ခေါင်းဆောင်တွေနဲ့ ကိုယ်စားလှယ်တွေကို ရှီကျင့်ဖျင်က တိုက်တွန်းခဲ့တယ်လို့လည်း သိရပါတယ်။
ပြီးတော့ (၂ဝဝ၁) ခုနှစ်မှာ စတင်တည်ထောင်ပြီးနောက်ပိုင်းကတည်းက SCO အဖွဲ့က လုပ်ဆောင်နိုင်ခဲ့တဲ့ တိုးတက်မှုတွေကို ရှီကျင့်ဖျင်က ချီးကျူးပြောဆိုခဲ့ပြီး ဦးစားပေးရမယ့်အရာအသစ်တွေကို ဖော်ပြပြောဆိုခဲ့တယ်လို့လည်း သိရပါတယ်။ SCO အဖွဲ့ဝင်နိုင်ငံတွေဟာ စစ်အေးခေတ်စိတ်ဓါတ်၊ အစုအဖွဲ့ဆိုင်ရာထိပ်တိုက်ရင်ဆိုင်မှုတွေနဲ့ အနိုင်ကျင့်မှုဆိုင်ရာ အလေ့အကျင့်တွေကို ဆန့်ကျင်ရမယ်လို့ ရှီကျင့်ဖျင်က ထပ်မံပြောကြားခဲ့ပါတယ်။
ရှီကျင့်ဖျင်က “ကျွန်တော်တို့ဟာ တန်းတူညီမျှပြီးစနစ်ကျတဲ့ ဝင်ရိုးစုံကမ္ဘာနဲ့ကမ္ဘာလုံးဆိုင်ရာအကျိုးရှိတဲ့ စီးပွားရေးဂလိုဘယ်လိုက်ဇေးရှင်းကို ထောက်ခံအားပေးကာ ကမ္ဘာလုံးဆိုင်ရာအုပ်ချုပ်မှုစနစ်ကို တရားမျှတပြီးသာတူညီမျှမှုဖြစ်အောင် လုပ်ဆောင်သင့်ပါတယ်” လို့ ပြောခဲ့ပါတယ်။

Zawgyi Version:
အေနာက္အုပ္စုရဲ႕လႊမ္းမိုးမႈေတြကို တြန္းလွန္ၾကဖို႔ SCO အဖြဲ႕ဝင္ႏိုင္ငံေတြကို တ႐ုတ္သမၼတ ေတာင္းဆို
Pika (NP News) - စက္တင္ဘာ ၃
ရွန္ဟိုင္းပူးေပါင္းေဆာင္႐ြက္ေရးအဖြဲ႕ (SCO)ရဲ႕အဖြဲ႕ဝင္ႏိုင္ငံေတြဟာ တရားမွ်တတဲ့ႏိုင္ငံတကာစနစ္တစ္ခုကို တည္ေဆာက္ရာမွာကူညီဖို႔အတြက္ ႏိုင္ငံေရး၊စီးပြားေရးနဲ႔ စစ္ေရးအရ လႊမ္းမိုးမႈေတြကို ဆက္လက္တြန္းလွန္ သင့္တယ္လို႔ တ႐ုတ္သမၼတရွီက်င့္ဖ်င္က ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။
တ႐ုတ္ႏိုင္ငံ တီယန္က်င္းၿမိဳ႕မွာ က်င္းပခဲ့တဲ့ (SCO) ထိပ္သီးအစည္းအေဝးအတြင္းမွာ ရွီက်င့္ဖ်င္က ယခုလို ထုတ္ေဖာ္ေျပာဆိုခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။ ဒါ့ျပင္ အျပန္အလွန္ယုံၾကည္မႈ၊ အျပန္အလွန္အက်ိဳးရွိမႈ၊ တန္းတူညီမွ်မႈ၊ တိုင္ပင္ေဆြးေႏြးမႈ၊ မတူကြဲျပားတဲ့ ယဥ္ေက်းမႈေတြကို ေလးစားလိုက္နာဖို႔နဲ႔ မွ်ေဝခံစားႏိုင္တဲ့ ဖြံ႕ၿဖိဳးတိုးတက္မႈကို လိုက္နာၾကဖို႔ SCO အဖြဲ႕ဝင္ႏိုင္ငံေတြရဲ႕ေခါင္းေဆာင္ေတြနဲ႔ ကိုယ္စားလွယ္ေတြကို ရွီက်င့္ဖ်င္က တိုက္တြန္းခဲ့တယ္လို႔လည္း သိရပါတယ္။
ၿပီးေတာ့ (၂ဝဝ၁) ခုႏွစ္မွာ စတင္တည္ေထာင္ၿပီးေနာက္ပိုင္းကတည္းက SCO အဖြဲ႕က လုပ္ေဆာင္ႏိုင္ခဲ့တဲ့ တိုးတက္မႈေတြကို ရွီက်င့္ဖ်င္က ခ်ီးက်ဴးေျပာဆိုခဲ့ၿပီး ဦးစားေပးရမယ့္အရာအသစ္ေတြကို ေဖာ္ျပေျပာဆိုခဲ့တယ္လို႔လည္း သိရပါတယ္။ SCO အဖြဲ႕ဝင္ႏိုင္ငံေတြဟာ စစ္ေအးေခတ္စိတ္ဓါတ္၊ အစုအဖြဲ႕ဆိုင္ရာထိပ္တိုက္ရင္ဆိုင္မႈေတြနဲ႔ အႏိုင္က်င့္မႈဆိုင္ရာ အေလ့အက်င့္ေတြကို ဆန႔္က်င္ရမယ္လို႔ ရွီက်င့္ဖ်င္က ထပ္မံေျပာၾကားခဲ့ပါတယ္။
ရွီက်င့္ဖ်င္က “ကြၽန္ေတာ္တို႔ဟာ တန္းတူညီမွ်ၿပီးစနစ္က်တဲ့ ဝင္႐ိုးစုံကမာၻနဲ႔ကမာၻလုံးဆိုင္ရာအက်ိဳးရွိတဲ့ စီးပြားေရးဂလိုဘယ္လိုက္ေဇးရွင္းကို ေထာက္ခံအားေပးကာ ကမာၻလုံးဆိုင္ရာအုပ္ခ်ဳပ္မႈစနစ္ကို တရားမွ်တၿပီးသာတူညီမွ်မႈျဖစ္ေအာင္ လုပ္ေဆာင္သင့္ပါတယ္” လို႔ ေျပာခဲ့ပါတယ္။

Related news

© 2021. All rights reserved.