တရုတ်-ရုရှားဆက်ဆံရေးက မကြုံစဖူးအဆင့်တစ်ခုကို ရောက်ရှိသွားပြီဖြစ်တယ်လို့ ရုရှားသမ္မတပြော

301

Pika (NP News) - စက်တင်ဘာ ၃
တရုတ်နဲ့ရုရှားနိုင်ငံကြားဆက်ဆံရေးဟာ မကြုံစဖူးအဆင့်တစ်ခုကို ရောက်ရှိသွားပြီဖြစ်တယ်လို့ ရုရှားသမ္မတ ပူတင်က တရုတ်သမ္မတရှီကျင့်ဖျင်ကို ပြောကြားခဲ့ပါတယ်။ ပူတင်ဟာ ရှီကျင့်ဖျင်နဲ့ ဘေဂျင်းမြို့မှာ တွေ့ဆုံစဉ်အချိန် အတွင်း ယခုလိုထုတ်ဖော်ပြောဆိုခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။
ပူတင်ဟာ တရုတ်နိုင်ငံ တီယန်ကျင်းမြို့မှာကျင်းပခဲ့တဲ့ (SCO)ထိပ်သီးအစည်းအဝေးကို တက်ရောက်ခဲ့ပြီးနောက် ရှီကျင့်ဖျင်နဲ့ သီးသန့်တွေ့ဆုံမှုတွေလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ ပူတင်က “ကျွန်တော်တို့ရဲ့ ရင်းနှီးတဲ့ဆက်ဆံရေးဟာ လက်ရှိအချိန်မှာ မကြုံစဖူးအဆင့်တစ်ခုကိုရောက်ရှိနေတဲ့ ရုရှား-တရုတ်ဆက်ဆံရေးရဲ့ မဟာဗျူဟာမြောက်သဘောသဘာဝကို ထင်ဟပ်စေပါတယ်။ ကျွန်တော်တို့ဟာ အရင်တုန်းကလည်း အတူတူရှိခဲ့ ကြသလို နောက်လည်း အတူတူရှိသွားကြမှာပါ” လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
(၂ဝ၂၂)ခုနှစ် ဖေဖော်ဝါရီလမှာ ရုရှား-ယူကရိန်းစစ်ပွဲစတင်ဖြစ်ပွားခဲ့ပြီးနောက်ပိုင်းတည်းက ရုရှားနဲ့တရုတ်တို့ဟာ ၎င်းတို့ရဲ့မိတ်ဖက်ဆက်ဆံရေးတွေကို ချဲ့ထွင်လာခဲ့ကြတာဖြစ်တယ်လို့လည်း သိရပါတယ်။ ဒါ့ပြင် ယူကရိန်းနဲ့ ဖြစ်ပွားနေတဲ့စစ်ပွဲအတွင်း တရုတ်က ရုရှားကို စစ်လက်နက်ပစ္စည်းထောက်ပံ့ပေးမှုတွေ ရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲပြောဆိုချက်တွေပေါ်ထွက်လာခဲ့ပေမယ့်လည်း အဲဒီစွပ်စွဲချက်တွေကို ရုရှားနဲ့ တရုတ်နှစ်နိုင်ငံစလုံးက ငြင်းဆန် ပယ်ချခဲ့ကြတယ်လို့ သိရပါတယ်။

Zawgyi Version:
တ႐ုတ္-႐ုရွားဆက္ဆံေရးက မႀကဳံစဖူးအဆင့္တစ္ခုကို ေရာက္ရွိသြားၿပီျဖစ္တယ္လို႔ ႐ုရွားသမၼတေျပာ
Pika (NP News) - စက္တင္ဘာ ၃
တ႐ုတ္နဲ႔႐ုရွားႏိုင္ငံၾကားဆက္ဆံေရးဟာ မႀကဳံစဖူးအဆင့္တစ္ခုကို ေရာက္ရွိသြားၿပီျဖစ္တယ္လို႔ ႐ုရွားသမၼတ ပူတင္က တ႐ုတ္သမၼတရွီက်င့္ဖ်င္ကို ေျပာၾကားခဲ့ပါတယ္။ ပူတင္ဟာ ရွီက်င့္ဖ်င္နဲ႔ ေဘဂ်င္းၿမိဳ႕မွာ ေတြ႕ဆုံစဥ္အခ်ိန္ အတြင္း ယခုလိုထုတ္ေဖာ္ေျပာဆိုခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။
ပူတင္ဟာ တ႐ုတ္ႏိုင္ငံ တီယန္က်င္းၿမိဳ႕မွာက်င္းပခဲ့တဲ့ (SCO)ထိပ္သီးအစည္းအေဝးကို တက္ေရာက္ခဲ့ၿပီးေနာက္ ရွီက်င့္ဖ်င္နဲ႔ သီးသန႔္ေတြ႕ဆုံမႈေတြလုပ္ေဆာင္ခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။ ပူတင္က “ကြၽန္ေတာ္တို႔ရဲ႕ ရင္းႏွီးတဲ့ဆက္ဆံေရးဟာ လက္ရွိအခ်ိန္မွာ မႀကဳံစဖူးအဆင့္တစ္ခုကိုေရာက္ရွိေနတဲ့ ႐ုရွား-တ႐ုတ္ဆက္ဆံေရးရဲ႕ မဟာဗ်ဴဟာေျမာက္သေဘာသဘာဝကို ထင္ဟပ္ေစပါတယ္။ ကြၽန္ေတာ္တို႔ဟာ အရင္တုန္းကလည္း အတူတူရွိခဲ့ ၾကသလို ေနာက္လည္း အတူတူရွိသြားၾကမွာပါ” လို႔ ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။
(၂ဝ၂၂)ခုႏွစ္ ေဖေဖာ္ဝါရီလမွာ ႐ုရွား-ယူကရိန္းစစ္ပြဲစတင္ျဖစ္ပြားခဲ့ၿပီးေနာက္ပိုင္းတည္းက ႐ုရွားနဲ႔တ႐ုတ္တို႔ဟာ ၎တို႔ရဲ႕မိတ္ဖက္ဆက္ဆံေရးေတြကို ခ်ဲ႕ထြင္လာခဲ့ၾကတာျဖစ္တယ္လို႔လည္း သိရပါတယ္။ ဒါ့ျပင္ ယူကရိန္းနဲ႔ ျဖစ္ပြားေနတဲ့စစ္ပြဲအတြင္း တ႐ုတ္က ႐ုရွားကို စစ္လက္နက္ပစၥည္းေထာက္ပံ့ေပးမႈေတြ ရွိခဲ့တယ္ဆိုတဲ့ စြပ္စြဲေျပာဆိုခ်က္ေတြေပၚထြက္လာခဲ့ေပမယ့္လည္း အဲဒီစြပ္စြဲခ်က္ေတြကို ႐ုရွားနဲ႔ တ႐ုတ္ႏွစ္ႏိုင္ငံစလုံးက ျငင္းဆန္ ပယ္ခ်ခဲ့ၾကတယ္လို႔ သိရပါတယ္။