အာဖဂန်နစ္စတန်နိုင်ငံမှာ ပြင်းအား(၆ ဒသမ ဝ) မဂ္ဂနီကျုအဆင့်ရှိငလျင်လှုပ်ခတ်ခဲ့ပြီး အနည်းဆုံးလူ(၈ဝဝ)ဦး သေဆုံး

 241

Pika (NP News) - စက်တင်ဘာ ၃
ဩဂုတ်လ(၃၁)ရက်နေ့နှောင်းပိုင်းက အာဖဂန်နစ္စတန်နိုင်ငံအရှေ့ပိုင်းမှာ ပြင်းအား(၆ ဒသမ ဝ) မဂ္ဂနီကျုအဆင့်ရှိ ငလျင်တစ်ခုလှုပ်ခတ်ခဲ့ပြီးနောက် သေဆုံးသူအရေအတွက်ဟာ အနည်းဆုံးလူ(၈၀၀)ဦးအထိ ရှိလာပြီဖြစ်တယ်လို့ သိရပါတယ်။
ငလျင်လှုပ်ခတ်မှုကြောင့် လူပေါင်း(၂၈၀၀)ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးသူအရေအတွက်က တိုးမြင့်လာ နိုင်ဖွယ်ရှိတယ်လို့ အာဖဂန်နစ္စတန်နိုင်ငံ ပြန်ကြားရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။ အဲဒီငလျင်ဟာ ကဘူးလ်မြို့ရဲ့အရှေ့ဘက် (၁၂၀)ကီလိုမီတာအကွာ ကူနာပြည်နယ်မှာရှိတဲ့ Jalalabad မြို့အနီးမှာ ဗဟိုပြု လှုပ်ခတ်ခဲ့တာဖြစ်တယ်လို့ အမေရိကန်ဘူမိဗေဒစစ်တမ်းအဖွဲ့ (USGS) က ပြောကြားခဲ့ပါတယ်။
နောက်ပိုင်းမှာ ပြင်းအား(၄ ဒသမ ၅) မဂ္ဂနီကျုအဆင့်ရှိငလျင်နဲ့ ပြင်းအား(၅ ဒသမ ၂) မဂ္ဂနီကျုအဆင့်ရှိငလျင်တို့ ထပ်မံလှုပ်ခတ်ခဲ့တယ်လို့ အာဏာပိုင်တွေက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။
အာဖဂန်နစ္စတန်အစိုးရပြောရေးဆိုခွင့်ရှိသူ ဇာဘီဟူလာမူဂျာဟစ်က “နိုင်ငံအရှေ့ပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ငလျင် ကြောင့် ပြည်သူတွေရဲ့ အသက်နဲ့အိုးအိမ်စည်းစိမ်များစွာ ဆုံးရှုံးခဲ့ရပါတယ်။ ငလျင်ဘေးသင့်ပြည်သူတွေကို ကူညီဖို့နဲ့ကယ်ဆယ်ဖို့အတွက် ဒေသတွင်းအရာရှိတွေနဲ့ဒေသခံတွေ ဆက်လက်လက်တွဲလုပ်ဆောင်နေပါတယ်” လို့ ပြောခဲ့ပါတယ်။ ဒါ့ပြင်ငလျင်လှုပ်ခတ်မှုဒဏ်ကို အဆိုးရွားဆုံးခံစားခဲ့ရတဲ့ပြည်နယ်တွေထဲကတစ်ခုဖြစ်တဲ့ ကူနာပြည်နယ်မှာ နေအိမ်များစွာပြိုကျပျက်စီးခဲ့ပြီး ရွာပေါင်းများစွာပျက်စီးသွားခဲ့တယ်လို့ အာဏာပိုင်တွေက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ တာဝန်ရှိသူတစ်ဦးက “ကလေးငယ်တွေ၊ သက်ကြီးရွယ်အိုတွေနဲ့ လူငယ်တွေဟာ အပျက်အစီးတွေအောက်မှာ ပိတ်မိနေပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

Zawgyi Version:
အာဖဂန္နစၥတန္ႏိုင္ငံမွာ ျပင္းအား(၆ ဒသမ ဝ) မဂၢနီက်ဳအဆင့္ရွိငလ်င္လႈပ္ခတ္ခဲ့ၿပီး အနည္းဆုံးလူ(၈ဝဝ)ဦး ေသဆုံး
Pika (NP News) - စက္တင္ဘာ ၃
ဩဂုတ္လ(၃၁)ရက္ေန႔ေႏွာင္းပိုင္းက အာဖဂန္နစၥတန္ႏိုင္ငံအေရွ႕ပိုင္းမွာ ျပင္းအား(၆ ဒသမ ဝ) မဂၢနီက်ဳအဆင့္ရွိ ငလ်င္တစ္ခုလႈပ္ခတ္ခဲ့ၿပီးေနာက္ ေသဆုံးသူအေရအတြက္ဟာ အနည္းဆုံးလူ(၈၀၀)ဦးအထိ ရွိလာၿပီျဖစ္တယ္လို႔ သိရပါတယ္။
ငလ်င္လႈပ္ခတ္မႈေၾကာင့္ လူေပါင္း(၂၈၀၀)ေက်ာ္ ထိခိုက္ဒဏ္ရာရရွိခဲ့ၿပီး ေသဆုံးသူအေရအတြက္က တိုးျမင့္လာ ႏိုင္ဖြယ္ရွိတယ္လို႔ အာဖဂန္နစၥတန္ႏိုင္ငံ ျပန္ၾကားေရးဝန္ႀကီးဌာနက ေျပာၾကားခဲ့ပါတယ္။ အဲဒီငလ်င္ဟာ ကဘူးလ္ၿမိဳ႕ရဲ႕အေရွ႕ဘက္ (၁၂၀)ကီလိုမီတာအကြာ ကူနာျပည္နယ္မွာရွိတဲ့ Jalalabad ၿမိဳ႕အနီးမွာ ဗဟိုျပဳ လႈပ္ခတ္ခဲ့တာျဖစ္တယ္လို႔ အေမရိကန္ဘူမိေဗဒစစ္တမ္းအဖြဲ႕ (USGS) က ေျပာၾကားခဲ့ပါတယ္။
ေနာက္ပိုင္းမွာ ျပင္းအား(၄ ဒသမ ၅) မဂၢနီက်ဳအဆင့္ရွိငလ်င္နဲ႔ ျပင္းအား(၅ ဒသမ ၂) မဂၢနီက်ဳအဆင့္ရွိငလ်င္တို႔ ထပ္မံလႈပ္ခတ္ခဲ့တယ္လို႔ အာဏာပိုင္ေတြက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။
အာဖဂန္နစၥတန္အစိုးရေျပာေရးဆိုခြင့္ရွိသူ ဇာဘီဟူလာမူဂ်ာဟစ္က “ႏိုင္ငံအေရွ႕ပိုင္းမွာ လႈပ္ခတ္ခဲ့တဲ့ငလ်င္ ေၾကာင့္ ျပည္သူေတြရဲ႕ အသက္နဲ႔အိုးအိမ္စည္းစိမ္မ်ားစြာ ဆုံးရႈံးခဲ့ရပါတယ္။ ငလ်င္ေဘးသင့္ျပည္သူေတြကို ကူညီဖို႔နဲ႔ကယ္ဆယ္ဖို႔အတြက္ ေဒသတြင္းအရာရွိေတြနဲ႔ေဒသခံေတြ ဆက္လက္လက္တြဲလုပ္ေဆာင္ေနပါတယ္” လို႔ ေျပာခဲ့ပါတယ္။ ဒါ့ျပင္ငလ်င္လႈပ္ခတ္မႈဒဏ္ကို အဆိုး႐ြားဆုံးခံစားခဲ့ရတဲ့ျပည္နယ္ေတြထဲကတစ္ခုျဖစ္တဲ့ ကူနာျပည္နယ္မွာ ေနအိမ္မ်ားစြာၿပိဳက်ပ်က္စီးခဲ့ၿပီး ႐ြာေပါင္းမ်ားစြာပ်က္စီးသြားခဲ့တယ္လို႔ အာဏာပိုင္ေတြက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ တာဝန္ရွိသူတစ္ဦးက “ကေလးငယ္ေတြ၊ သက္ႀကီး႐ြယ္အိုေတြနဲ႔ လူငယ္ေတြဟာ အပ်က္အစီးေတြေအာက္မွာ ပိတ္မိေနပါတယ္” လို႔ ေျပာၾကားခဲ့ပါတယ္။

Related news

© 2021. All rights reserved.