အမေရိကန်တွင် သေဒဏ်အကျဉ်းသားများကို တစ်လလျှင် တစ်ဦးကျ (၂)နှစ်အတွင်း (၂၅)ဦး အဆုံးစီရင်မည်

852

Htay Oung (NP News) - ဩဂုတ် ၂၁
အမေရိကန်နိုင်ငံမှာ သေစေနိုင်တဲ့ ဆေးရည်များ ထိုးသွင်းပြီး ဖြစ်သလို ကွပ်မျက်ခြင်းဟာ လူအချို့ရဲ့ စိတ်ပိုင်းဆိုင်ရာ ဆီလျော်မှုသာမက အပြစ်ကင်းနိုင်ခြေများနဲ့ ပတ်သက်ပြီး ဝေဖန်သူများနဲ့ ပညာရှင်များက အထင်အရှား မေးခွန်းထုတ်နေကြပါတယ်။ ဒါပေမဲ့ များမကြာမီ အိုကလားဟိုးမားပြည်နယ်မှာ သေဒဏ်ကျ ကျဉ်းသားတွေကို တစ်လလျှင် လူတစ်ဦးနှုန်းနဲ့ လာမည့် နှစ်နှစ်အတွင်း အကျဉ်းသား ၂၅ ဦးကို ကွပ်မျက်ရန် အစီအစဉ်ရှိ နေခြင်းဟာ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံကြီးရဲ့ လတ်တလော သေဆေးထိုးအဆုံးစီရင်မှု သမိုင်းကြောင်းလည်း ဖြစ်နေပါတယ်လို့ CNN က ဩဂုတ်လ ၂ဝ ရက်ကရေးသားပါတယ်။
ဆယ်စုနှစ်များစွာကြာမြင့်ခဲ့ပြီဖြစ်တဲ့ အမေရိကန်နိုင်ငံရဲ့ သေဒဏ်စီရင်မှုမှတ်တမ်းမှာ အိုကလာဟိုးမားရဲ့အစီအစဉ်ဟာ နောက်ထပ် မဆင်မခြင်လုပ်ရပ်တစ်ခုဖြစ်ကြောင်း၊ တာဝန်မဲ့ပြီး တရားမျှတမှု ကင်းမဲ့တဲ့ နိုင်ငံတစ်ခုအဖြစ် အမေရိကန်ပြည်ထောင်စုအပေါ် ပြောကြမယ်ဆိုရင် သမိုင်းကြောင်းအရ အိုကလာဟိုးမားပြည်နယ်ပဲ ဖြစ်လိမ့်မယ်လို့ ဖို့ဒ်ဟမ်းတက္ကသိုလ် ဥပဒေပါမောက္ခတစ်ဦးက CNN ကို ရှင်းပြပါတယ်။
အစီအစဉ်အရ ဩဂုတ်လ ၂၅ ရက်မှာ ဂျိမ်းကော့ဒ်ဒင်တန်ဟာ ပထမဆုံး ကွပ်မျက်ခံရမှာဖြစ်ပါတယ်။ အဲ့ဒီနောက် ရစ်ချက်ဂလော့ဆစ် ရှိနေပါတယ်။ ၁၉၉၇ ခုနှစ် သူ့ရဲ့အလုပ်ရှင်ဖြစ်သူ သေဆုံးမှုမှာ သေဒဏ်ထိုက်တဲ့ လူသတ်မှုကျုးလွန်ကြောင်း စီရင်ချက်ချမှတ်ခြင်းခံရတဲ့ ဂလော့ဆစ်ဟာ စက်တင်ဘာလ ၂၂ ရက်မှာ ကွပ်မျက်ခံရမှာဖြစ်ပါတယ်။ သူ့ရဲ့အသနားခံစာကို တစ်လကြာ ထပ်မံကြားနာခဲ့ပြီး အင်္ဂါနေ့မှာ အမိန့်ချမှတ်မှာ ဖြစ်ပါတယ်။ ပြည်နယ်အုပ်ချုပ်ရေးမှူးကတော့ ရက်ပေါင်း ၆ဝ အတွင်းစီရင်ရမယ့် ဂလော့ဆစ်ရဲ့ ကွပ်မျက်မှုကို ဒီဇင်ဘာလအထိ ရွှေ့ဆိုင်းထားပါတယ်။
အစီအစဉ်အရ ၂ဝ၂၄ ခုနှစ်အထိ နောက်ထပ် အကျဉ်းသား ၂၃ ဦးကို ကွပ်မျက်ရန် စီစဉ်ထားပြီး အဲ့ဒီအတိုင်းသာဆိုရင် အိုကလာဟိုးမားမှာ သေဒဏ်ချမှတ်ခြင်းခံရတဲ့ အကျဉ်း သား ၄၃ ဦးရဲ့ ထက်ဝက်ကျော်ဟာ အဆုံးစီရင်ခံရတော့မှာဖြစ်ပါတယ်။
ကျူးလွန်ခြင်းခံရသူအပေါ် ချစ်ခင်မြတ်နိုးသူတို့ဟာ တရားမျှတမှုရရှိဖို့အတွက် ဆယ်စုနှစ်ချီ စောင့်ဆိုင်းခဲ့ကြပါတယ်လို့ သေဒဏ်ချမှတ်ကြောင်း ဇူလိုင်လ ၁ ရက်အမိန့်ထွက်ပေါ်လာစဉ် ပြစ်တင်ရှုတ်ချခံနေရတဲ့ မိသားစုများကို ရည်ညွှန်းပြီး အိုကလာဟိုးမား ရှေ့ နေချုပ်က ချေပခဲ့ပါတယ်။ သူတို့ ဆုံးရှုံးခဲ့ရသူတွေကို ချစ်မြတ်နိုးကြောင်း ဆက်လက်ဖော်ပြဖို့အတွက် ရဲရဲဝံ့ဝံ့စိတ်နဲ့ နိုးကြားနေပါတယ်လို့ ပြောပါတယ်။
သူတို့အပေါ် လူသတ်သမားတွေ မတရားသဖြင့်ကျူးလွန်ခဲ့တဲ့ ခရီးစဉ်ရဲ့နောက်တဆင့်ကို လျှောက်လှမ်းရင်း သူတို့အနားမှာနှစ်သိမ့်ပေးဖို့ ကျွန်တော့်တို့ရုံးက ရပ်တည်ပေးနေပါတယ်။ အဆိုးရွားဆုံး လူသတ်မှုတွေရဲ့ အကျိုးဆက်အနေနဲ့ သေဒဏ်ကို ထိန်းသိမ်းထားဖို့ အိုကလာဟိုးမားပြည်သူတွေက ၂ဝ၁၆ ခုနှစ်မှာ တခဲနက်မဲပေးခဲ့ကြပါတယ်။ ကျွန်တော်တို့ အားလုံးအတွက် တရားမျှတမှုနဲ့ ဘေးကင်းလုံခြုံစွာ နေထိုင်နိုင်ရေးအ တွက် အဲ့ဒီလို မဲပေးခဲ့ကြတယ်လို့ ယုံကြည်ပါတယ်လို့ ရှေ့နေချုပ်က ရှင်းပြပါတယ်။
အိုကလာဟိုးမားမှာ ရည်ရွယ်ထားတဲ့ ဆက်တိုက်ကွပ်မျက်မှုတွေဟာ ၂ဝ၁၇ ခုနှစ်တွင် ဒေါ်နယ်ထရမ့်အစိုးရ လက်ထက် အာကင်ဆောပြည်နယ်ရဲ့ အလားတူ စိတ်လွတ်လက်လွတ် ကွပ်မျက်မှုများနောက်ပိုင်း စီရင်ခြင်းများ ဖြစ်ပါတယ်။ ဒါပေမယ့် ကျွမ်းကျင်သူတွေကတော့ ဒီဆောင်ရွက်ချက်တွေဟာ မကြာသေးမီနှစ်တွေအတွင်း အမေရိကန်မှာ သေဒဏ်ပေးမှုတွေ ဆက်လက်ကျဆင်းလာမှုနဲ့ ဆန့်ကျင်ဘက်ဖြစ်တယ်လို့ ထောက်ပြကြပါတယ်။
သေဒဏ်ချမှတ်ခြင်းခံရသူ အကျဉ်းသား ဒါဇင်ပေါင်းများစွာရဲ့ ဥပဒေကြောင်းအရ စိန်ခေါ်ချက်ကြောင့် သေဆေးထိုးကွပ်မျက်နည်းကို ဥပဒေနဲ့အညီ ကျင့်သုံးခြင်းဖြစ်ကြောင်း အိုကလာဟိုးမား တရားသူကြီးက စီရင်ချက် ချမှတ်ထားပါတယ်။
အိုကလာဟိုးမားရဲ့ သေဒဏ်ပေးလေ့ရှိခြင်းဟာ အတော်ကြီး စိတ်အနှောင့်အယှက်ဖြစ်စေမယ့် အလားအလာတစ်ခုဖြစ်ပြီး မကြာသေးမီက ပြည်နယ်ရဲ့ သေဒဏ်ပေးမှုမှတ် တမ်းဟာ မျက်မှောက်ခေတ်သမိုင်းမှာ ဖြစ်သလို ကွပ်မျက်မှုများနဲ့ သွင်ပြင်လက္ခဏာဖြစ်နေတယ်လို့ သေဒဏ်ကွပ်မျက်မှုသတင်းအချက်အလက်ဆိုင်ရာစင်တာရဲ့ အဆိုအရ သိရှိရပါတယ်။
စီရင်နေစဉ်အတွင်း အကျဉ်းသားအနေနဲ့ အလွန်အကျွံဝေဒနာခံစားရဖွယ်ရှိပြီး မည်သည့်သေဒဏ်မဆို တက်သုတ်ရိုက်နည်းလမ်းကို အသုံးပြုခြင်းဟာ အစဉ်အလာမှ သွေဖည်သွားခြင်းဖြစ်တယ်လို့ ကျွမ်းကျင်သူများ ဆိုပါတယ်။ “သေဆေးထိုးခြင်းနဲ့ လူသားဆန်စွာ ကွပ်မျက်ရန် မှားယွင်းတဲ့ အလားအလာများ" ကို ရေးသားသူ အော်စတင်ဆာရတ်က “ စံလိုက်နာမှု လုပ်ထုံးလုပ်နည်းအတိုင်းသာ ဖြစ်ရမယ်လို့ ပြောပါတယ်။ ဆက်တိုက် သေဒဏ်ပေးမှုများ အလျှင်အမြန်ပြုလုပ်ခြင်းဟာ ဖြစ်သလိုကွပ်မျက်ဖို့ အခွင့်အလမ်းကို တိုးမြင့်စေတယ်လို့ ကျွမ်းကျင်သူများက ဝေဖန်ပါတယ်။
၂ဝ၁၄ ခုနှစ် အိုကလာဟိုမား သေဒဏ်အကျဉ်းသား ကလေတန်လော့ကတ်ဟာ နှလုံး ခုန်ရပ်တန့်တဲ့အထိ ၄၃ မိနစ်ကြာ သေဆေးထိုးသွင်း အဆုံးစီရင်နေစဉ်အတွင်း ဒေါသတကြီးနှင့် ညည်းညူခဲ့ကြောင်း၊ လအတော်ကြာ ပြီးနောက် ချားလ်စ်ဝါနာဆိုသူကလည်း သေဒဏ်ပေးခံရစဉ် "ငါ့တစ်ကိုယ်လုံး မီးလောင်နေပြီ" ဟု အော်ဟစ်ခဲ့ကြောင်း မျက်မြင်တွေ့ရှိခဲ့သူများက ပြန်လည်ရေးသားခဲ့ကြပါတယ်။
တကယ်တော့ အိုကလာဟိုးမားအနေနဲ့ သေဒဏ်အကျဉ်းသားကို ပထမဆုံးအကြိမ် သေဒဏ်ပေးခဲ့တာ ၂ဝ၁၅ ခုနှစ်ကတည်းကဖြစ်ပြီး စီရင်စဉ်အတွင်း အကျဉ်းသားမှာ မူးဝေအော့အန်သွားကြောင်း သိရှိခဲ့ပြီးဖြစ်ပါတယ်။
လော့ကက်နဲ့ ဝါနာတို့ရဲ့ ကွပ်မျက်ပုံကို ညွှန်ပြပြီး အိုကလာဟိုးမားရဲ့ ဆေးရည် (၃)မျိုးသုံး သေဆေးထိုးဆေးအစဉ်အလာဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မညီညွတ်ဖူးလို့ သေဒဏ်အကျဉ်းသားအများအပြားတို့က အကျဉ်းထောင်အရာရှိများကို ဖက်ဒရယ်တရားရုံးမှာ တရားစွဲဆိုထားပါတယ်။ တရားရုံး ငြင်းခုံကြရာမှာ အစဉ်အလာ အသုံးပြု ဆေးဝါးတစ်ခုဖြစ်တဲ့ “ မီဒါဇိုလမ်” ဟာ စီရင်ခံရသူကို လုံလောက်စွာ သတိလစ် မသွားစေဘဲ ပြင်း ပြင်းထန်ထန် နာကျင်မှုအန္တရာယ်နဲ့ ကြုံတွေ့နိုင်ခြင်း ရှိ-မရှိ၊ "ရက်စက်ကြမ်းကြုတ်ပြီး ပုံမှန် မဟုတ်သော ပြစ်ဒဏ်များ" မှ အကာအကွယ်ပေးထားတဲ့ ဖွဲ့ စည်းပုံပါ အဋ္ဌမမြောက်ပြင်ဆင်ချက်ကို ချိုးဖောက်ရာ ရောက်-မရောက် အခြေအတင်ဖြစ်နေကြပါတယ်။
သို့သော်လည်း အဋ္ဌမပြင်ဆင်ချက်ဟာ "အကျဉ်းသားတစ်ဦးကို နာကျင်မှုမရှိဘဲ သေဆုံးစေရန် အာမခံထားခြင်း မဟုတ်" ဆိုတဲ့ တရားလွှတ်တော်ချုပ်ရဲ့ “ ဘတ်လျူးနှင့် ပရီချတ်အမှု “ စီရင်ထုံးကို ကိုးကားပြီး အိုကလာဟိုးမားရဲ့ သေဆေးထိုးစီရင်ခြင်းဟာ ဖွဲ့ စည်းပုံပါ ပြဋ္ဌာန်းချက်နဲ့ မဆန့်ကျင်ကြောင်း တရားသူကြီးက ရှင်းလင်းပြီး ဇွန်လမှာ သေဒဏ်အမိန့်ကို ချမှတ်ခဲ့ခြင်းဖြစ်ပါတယ်။
အိုကလာဟိုးမားရဲ့ ကွပ်မျက်ရေး လုပ်ထုံးလုပ်နည်းတွေဟာ အကျဉ်းသားများအပေါ် ပြင်းပြင်းထန်ထန် နာကျင်မှု ဝေဒနာခံစားရမည့် အန္တရာယ်ဖန်တီးနေခြင်းကို တရား သူကြီးက လျစ်လျူရှုခဲ့ကြောင်း သေဒဏ်ချမှတ်ခံထားရသူများရဲ့ ရှေ့နေများက တုံ့ပြန်ပြောဆိုနေကြပါတယ်။
အဲ့ဒီလ နှောင်းပိုင်းမှာဘဲ အိုကလာဟိုးမား ရှေ့နေချုပ်က သေဒဏ်စီရင်မယ့်ရက်ကို သတ်မှတ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။
(CNN.,20 August 2022,” Oklahoma, with a history of botched lethal injections, prepares to start executing a man a month” By Dakin Andone ကို ဆီလျော် အောင်ကောက်နှုတ်ဘာသာပြန်ဆိုသည်။)
https://edition.cnn.com/2022/08/20/us/oklahoma-botched-executions-history/index.html
https://edition.cnn.com/2022/06/07/us/oklahoma-lethal-injection-court-ruling/index.html
https://edition.cnn.com/2015/01/15/us/oklahoma-resumes-executions

zawgyi version
အေမရိကန္တြင္ ေသဒဏ္အက်ဥ္းသားမ်ားကို တစ္လလွ်င္ တစ္ဦးက် (၂)ႏွစ္အတြင္း (၂၅)ဦး အဆုံးစီရင္မည္
Htay Oung (NP News) - ဩဂုတ္ ၂၁
အေမရိကန္ႏိုင္ငံမွာ ေသေစႏိုင္တဲ့ ေဆးရည္မ်ား ထိုးသြင္းၿပီး ျဖစ္သလို ကြပ္မ်က္ျခင္းဟာ လူအခ်ိဳ႕ရဲ႕ စိတ္ပိုင္းဆိုင္ရာ ဆီေလ်ာ္မႈသာမက အျပစ္ကင္းႏိုင္ေျခမ်ားနဲ႔ ပတ္သက္ၿပီး ေဝဖန္သူမ်ားနဲ႔ ပညာရွင္မ်ားက အထင္အရွား ေမးခြန္းထုတ္ေနၾကပါတယ္။ ဒါေပမဲ့ မ်ားမၾကာမီ အိုကလားဟိုးမားျပည္နယ္မွာ ေသဒဏ္က် က်ဥ္းသားေတြကို တစ္လလွ်င္ လူတစ္ဦးႏႈန္းနဲ႔ လာမည့္ ႏွစ္ႏွစ္အတြင္း အက်ဥ္းသား ၂၅ ဦးကို ကြပ္မ်က္ရန္ အစီအစဥ္ရွိ ေနျခင္းဟာ ဖက္ဒရယ္ဒီမိုကေရစီႏိုင္ငံႀကီးရဲ႕ လတ္တေလာ ေသေဆးထိုးအဆုံးစီရင္မႈ သမိုင္းေၾကာင္းလည္း ျဖစ္ေနပါတယ္လို႔ CNN က ဩဂုတ္လ ၂ဝ ရက္ကေရးသားပါတယ္။
ဆယ္စုႏွစ္မ်ားစြာၾကာျမင့္ခဲ့ၿပီျဖစ္တဲ့ အေမရိကန္ႏိုင္ငံရဲ႕ ေသဒဏ္စီရင္မႈမွတ္တမ္းမွာ အိုကလာဟိုးမားရဲ႕အစီအစဥ္ဟာ ေနာက္ထပ္ မဆင္မျခင္လုပ္ရပ္တစ္ခုျဖစ္ေၾကာင္း၊ တာဝန္မဲ့ၿပီး တရားမွ်တမႈ ကင္းမဲ့တဲ့ ႏိုင္ငံတစ္ခုအျဖစ္ အေမရိကန္ျပည္ေထာင္စုအေပၚ ေျပာၾကမယ္ဆိုရင္ သမိုင္းေၾကာင္းအရ အိုကလာဟိုးမားျပည္နယ္ပဲ ျဖစ္လိမ့္မယ္လို႔ ဖို႔ဒ္ဟမ္းတကၠသိုလ္ ဥပေဒပါေမာကၡတစ္ဦးက CNN ကို ရွင္းျပပါတယ္။
အစီအစဥ္အရ ဩဂုတ္လ ၂၅ ရက္မွာ ဂ်ိမ္းေကာ့ဒ္ဒင္တန္ဟာ ပထမဆုံး ကြပ္မ်က္ခံရမွာျဖစ္ပါတယ္။ အဲ့ဒီေနာက္ ရစ္ခ်က္ဂေလာ့ဆစ္ ရွိေနပါတယ္။ ၁၉၉၇ ခုႏွစ္ သူ႔ရဲ႕အလုပ္ရွင္ျဖစ္သူ ေသဆုံးမႈမွာ ေသဒဏ္ထိုက္တဲ့ လူသတ္မႈက်ဳးလြန္ေၾကာင္း စီရင္ခ်က္ခ်မွတ္ျခင္းခံရတဲ့ ဂေလာ့ဆစ္ဟာ စက္တင္ဘာလ ၂၂ ရက္မွာ ကြပ္မ်က္ခံရမွာျဖစ္ပါတယ္။ သူ႔ရဲ႕အသနားခံစာကို တစ္လၾကာ ထပ္မံၾကားနာခဲ့ၿပီး အဂၤါေန႔မွာ အမိန႔္ခ်မွတ္မွာ ျဖစ္ပါတယ္။ ျပည္နယ္အုပ္ခ်ဳပ္ေရးမႉးကေတာ့ ရက္ေပါင္း ၆ဝ အတြင္းစီရင္ရမယ့္ ဂေလာ့ဆစ္ရဲ႕ ကြပ္မ်က္မႈကို ဒီဇင္ဘာလအထိ ေ႐ႊ႕ဆိုင္းထားပါတယ္။
အစီအစဥ္အရ ၂ဝ၂၄ ခုႏွစ္အထိ ေနာက္ထပ္ အက်ဥ္းသား ၂၃ ဦးကို ကြပ္မ်က္ရန္ စီစဥ္ထားၿပီး အဲ့ဒီအတိုင္းသာဆိုရင္ အိုကလာဟိုးမားမွာ ေသဒဏ္ခ်မွတ္ျခင္းခံရတဲ့ အက်ဥ္း သား ၄၃ ဦးရဲ႕ ထက္ဝက္ေက်ာ္ဟာ အဆုံးစီရင္ခံရေတာ့မွာျဖစ္ပါတယ္။
က်ဴးလြန္ျခင္းခံရသူအေပၚ ခ်စ္ခင္ျမတ္ႏိုးသူတို႔ဟာ တရားမွ်တမႈရရွိဖို႔အတြက္ ဆယ္စုႏွစ္ခ်ီ ေစာင့္ဆိုင္းခဲ့ၾကပါတယ္လို႔ ေသဒဏ္ခ်မွတ္ေၾကာင္း ဇူလိုင္လ ၁ ရက္အမိန႔္ထြက္ေပၚလာစဥ္ ျပစ္တင္ရႈတ္ခ်ခံေနရတဲ့ မိသားစုမ်ားကို ရည္ၫႊန္းၿပီး အိုကလာဟိုးမား ေရွ႕ ေနခ်ဳပ္က ေခ်ပခဲ့ပါတယ္။ သူတို႔ ဆုံးရႈံးခဲ့ရသူေတြကို ခ်စ္ျမတ္ႏိုးေၾကာင္း ဆက္လက္ေဖာ္ျပဖို႔အတြက္ ရဲရဲဝံ့ဝံ့စိတ္နဲ႔ ႏိုးၾကားေနပါတယ္လို႔ ေျပာပါတယ္။
သူတို႔အေပၚ လူသတ္သမားေတြ မတရားသျဖင့္က်ဴးလြန္ခဲ့တဲ့ ခရီးစဥ္ရဲ႕ေနာက္တဆင့္ကို ေလွ်ာက္လွမ္းရင္း သူတို႔အနားမွာႏွစ္သိမ့္ေပးဖို႔ ကြၽန္ေတာ့္တို႔႐ုံးက ရပ္တည္ေပးေနပါတယ္။ အဆိုး႐ြားဆုံး လူသတ္မႈေတြရဲ႕ အက်ိဳးဆက္အေနနဲ႔ ေသဒဏ္ကို ထိန္းသိမ္းထားဖို႔ အိုကလာဟိုးမားျပည္သူေတြက ၂ဝ၁၆ ခုႏွစ္မွာ တခဲနက္မဲေပးခဲ့ၾကပါတယ္။ ကြၽန္ေတာ္တို႔ အားလုံးအတြက္ တရားမွ်တမႈနဲ႔ ေဘးကင္းလုံၿခဳံစြာ ေနထိုင္ႏိုင္ေရးအ တြက္ အဲ့ဒီလို မဲေပးခဲ့ၾကတယ္လို႔ ယုံၾကည္ပါတယ္လို႔ ေရွ႕ေနခ်ဳပ္က ရွင္းျပပါတယ္။
အိုကလာဟိုးမားမွာ ရည္႐ြယ္ထားတဲ့ ဆက္တိုက္ကြပ္မ်က္မႈေတြဟာ ၂ဝ၁၇ ခုႏွစ္တြင္ ေဒၚနယ္ထရမ့္အစိုးရ လက္ထက္ အာကင္ေဆာျပည္နယ္ရဲ႕ အလားတူ စိတ္လြတ္လက္လြတ္ ကြပ္မ်က္မႈမ်ားေနာက္ပိုင္း စီရင္ျခင္းမ်ား ျဖစ္ပါတယ္။ ဒါေပမယ့္ ကြၽမ္းက်င္သူေတြကေတာ့ ဒီေဆာင္႐ြက္ခ်က္ေတြဟာ မၾကာေသးမီႏွစ္ေတြအတြင္း အေမရိကန္မွာ ေသဒဏ္ေပးမႈေတြ ဆက္လက္က်ဆင္းလာမႈနဲ႔ ဆန႔္က်င္ဘက္ျဖစ္တယ္လို႔ ေထာက္ျပၾကပါတယ္။
ေသဒဏ္ခ်မွတ္ျခင္းခံရသူ အက်ဥ္းသား ဒါဇင္ေပါင္းမ်ားစြာရဲ႕ ဥပေဒေၾကာင္းအရ စိန္ေခၚခ်က္ေၾကာင့္ ေသေဆးထိုးကြပ္မ်က္နည္းကို ဥပေဒနဲ႔အညီ က်င့္သုံးျခင္းျဖစ္ေၾကာင္း အိုကလာဟိုးမား တရားသူႀကီးက စီရင္ခ်က္ ခ်မွတ္ထားပါတယ္။
အိုကလာဟိုးမားရဲ႕ ေသဒဏ္ေပးေလ့ရွိျခင္းဟာ အေတာ္ႀကီး စိတ္အေႏွာင့္အယွက္ျဖစ္ေစမယ့္ အလားအလာတစ္ခုျဖစ္ၿပီး မၾကာေသးမီက ျပည္နယ္ရဲ႕ ေသဒဏ္ေပးမႈမွတ္ တမ္းဟာ မ်က္ေမွာက္ေခတ္သမိုင္းမွာ ျဖစ္သလို ကြပ္မ်က္မႈမ်ားနဲ႔ သြင္ျပင္လကၡဏာျဖစ္ေနတယ္လို႔ ေသဒဏ္ကြပ္မ်က္မႈသတင္းအခ်က္အလက္ဆိုင္ရာစင္တာရဲ႕ အဆိုအရ သိရွိရပါတယ္။
စီရင္ေနစဥ္အတြင္း အက်ဥ္းသားအေနနဲ႔ အလြန္အကြၽံေဝဒနာခံစားရဖြယ္ရွိၿပီး မည္သည့္ေသဒဏ္မဆို တက္သုတ္႐ိုက္နည္းလမ္းကို အသုံးျပဳျခင္းဟာ အစဥ္အလာမွ ေသြဖည္သြားျခင္းျဖစ္တယ္လို႔ ကြၽမ္းက်င္သူမ်ား ဆိုပါတယ္။ “ေသေဆးထိုးျခင္းနဲ႔ လူသားဆန္စြာ ကြပ္မ်က္ရန္ မွားယြင္းတဲ့ အလားအလာမ်ား" ကို ေရးသားသူ ေအာ္စတင္ဆာရတ္က “ စံလိုက္နာမႈ လုပ္ထုံးလုပ္နည္းအတိုင္းသာ ျဖစ္ရမယ္လို႔ ေျပာပါတယ္။ ဆက္တိုက္ ေသဒဏ္ေပးမႈမ်ား အလွ်င္အျမန္ျပဳလုပ္ျခင္းဟာ ျဖစ္သလိုကြပ္မ်က္ဖို႔ အခြင့္အလမ္းကို တိုးျမင့္ေစတယ္လို႔ ကြၽမ္းက်င္သူမ်ားက ေဝဖန္ပါတယ္။
၂ဝ၁၄ ခုႏွစ္ အိုကလာဟိုမား ေသဒဏ္အက်ဥ္းသား ကေလတန္ေလာ့ကတ္ဟာ ႏွလုံး ခုန္ရပ္တန႔္တဲ့အထိ ၄၃ မိနစ္ၾကာ ေသေဆးထိုးသြင္း အဆုံးစီရင္ေနစဥ္အတြင္း ေဒါသတႀကီးႏွင့္ ညည္းညဴခဲ့ေၾကာင္း၊ လအေတာ္ၾကာ ၿပီးေနာက္ ခ်ားလ္စ္ဝါနာဆိုသူကလည္း ေသဒဏ္ေပးခံရစဥ္ "ငါ့တစ္ကိုယ္လုံး မီးေလာင္ေနၿပီ" ဟု ေအာ္ဟစ္ခဲ့ေၾကာင္း မ်က္ျမင္ေတြ႕ရွိခဲ့သူမ်ားက ျပန္လည္ေရးသားခဲ့ၾကပါတယ္။
တကယ္ေတာ့ အိုကလာဟိုးမားအေနနဲ႔ ေသဒဏ္အက်ဥ္းသားကို ပထမဆုံးအႀကိမ္ ေသဒဏ္ေပးခဲ့တာ ၂ဝ၁၅ ခုႏွစ္ကတည္းကျဖစ္ၿပီး စီရင္စဥ္အတြင္း အက်ဥ္းသားမွာ မူးေဝေအာ့အန္သြားေၾကာင္း သိရွိခဲ့ၿပီးျဖစ္ပါတယ္။
ေလာ့ကက္နဲ႔ ဝါနာတို႔ရဲ႕ ကြပ္မ်က္ပုံကို ၫႊန္ျပၿပီး အိုကလာဟိုးမားရဲ႕ ေဆးရည္ (၃)မ်ိဳးသုံး ေသေဆးထိုးေဆးအစဥ္အလာဟာ ဖြဲ႕စည္းပုံအေျခခံဥပေဒနဲ႔ မညီၫြတ္ဖူးလို႔ ေသဒဏ္အက်ဥ္းသားအမ်ားအျပားတို႔က အက်ဥ္းေထာင္အရာရွိမ်ားကို ဖက္ဒရယ္တရား႐ုံးမွာ တရားစြဲဆိုထားပါတယ္။ တရား႐ုံး ျငင္းခုံၾကရာမွာ အစဥ္အလာ အသုံးျပဳ ေဆးဝါးတစ္ခုျဖစ္တဲ့ “ မီဒါဇိုလမ္” ဟာ စီရင္ခံရသူကို လုံေလာက္စြာ သတိလစ္ မသြားေစဘဲ ျပင္း ျပင္းထန္ထန္ နာက်င္မႈအႏၲရာယ္နဲ႔ ႀကဳံေတြ႕ႏိုင္ျခင္း ရွိ-မရွိ၊ "ရက္စက္ၾကမ္းၾကဳတ္ၿပီး ပုံမွန္ မဟုတ္ေသာ ျပစ္ဒဏ္မ်ား" မွ အကာအကြယ္ေပးထားတဲ့ ဖြဲ႕ စည္းပုံပါ အ႒မေျမာက္ျပင္ဆင္ခ်က္ကို ခ်ိဳးေဖာက္ရာ ေရာက္-မေရာက္ အေျခအတင္ျဖစ္ေနၾကပါတယ္။
သို႔ေသာ္လည္း အ႒မျပင္ဆင္ခ်က္ဟာ "အက်ဥ္းသားတစ္ဦးကို နာက်င္မႈမရွိဘဲ ေသဆုံးေစရန္ အာမခံထားျခင္း မဟုတ္" ဆိုတဲ့ တရားလႊတ္ေတာ္ခ်ဳပ္ရဲ႕ “ ဘတ္လ်ဴးႏွင့္ ပရီခ်တ္အမႈ “ စီရင္ထုံးကို ကိုးကားၿပီး အိုကလာဟိုးမားရဲ႕ ေသေဆးထိုးစီရင္ျခင္းဟာ ဖြဲ႕ စည္းပုံပါ ျပ႒ာန္းခ်က္နဲ႔ မဆန႔္က်င္ေၾကာင္း တရားသူႀကီးက ရွင္းလင္းၿပီး ဇြန္လမွာ ေသဒဏ္အမိန႔္ကို ခ်မွတ္ခဲ့ျခင္းျဖစ္ပါတယ္။
အိုကလာဟိုးမားရဲ႕ ကြပ္မ်က္ေရး လုပ္ထုံးလုပ္နည္းေတြဟာ အက်ဥ္းသားမ်ားအေပၚ ျပင္းျပင္းထန္ထန္ နာက်င္မႈ ေဝဒနာခံစားရမည့္ အႏၲရာယ္ဖန္တီးေနျခင္းကို တရား သူႀကီးက လ်စ္လ်ဴရႈခဲ့ေၾကာင္း ေသဒဏ္ခ်မွတ္ခံထားရသူမ်ားရဲ႕ ေရွ႕ေနမ်ားက တုံ႔ျပန္ေျပာဆိုေနၾကပါတယ္။
အဲ့ဒီလ ေႏွာင္းပိုင္းမွာဘဲ အိုကလာဟိုးမား ေရွ႕ေနခ်ဳပ္က ေသဒဏ္စီရင္မယ့္ရက္ကို သတ္မွတ္ေပးဖို႔ ေတာင္းဆိုခဲ့ပါတယ္။
(CNN.,20 August 2022,” Oklahoma, with a history of botched lethal injections, prepares to start executing a man a month” By Dakin Andone ကို ဆီေလ်ာ္ ေအာင္ေကာက္ႏႈတ္ဘာသာျပန္ဆိုသည္။)
https://edition.cnn.com/2022/08/20/us/oklahoma-botched-executions-history/index.html
https://edition.cnn.com/2022/06/07/us/oklahoma-lethal-injection-court-ruling/index.html
https://edition.cnn.com/2015/01/15/us/oklahoma-resumes-executions