ဦးသိန်းစိန် အစိုးရ နှင့် NLD အစိုးရလက်ထက် ထုတ်ဝေသော စာပေအချို့နှင့် ဟောပြောပွဲများမှာ ဒီမိုကရေစီစနစ်နှင့် ဆန့်ကျင်ခဲ့ကြောင်း နစကဥက္ကဋ္ဌဆို

 836

မျိုးကြီး (NP News) - သြဂုတ် ၂၇

သမ္မတဟောင်း ဦးသိန်းစိန် အစိုးရ နှင့် NLD အစိုးရလက်ထက် ထုတ်ဝေသော စာပေအချို့နှင့် ဟောပြောပွဲများမှာ ဒီမိုကရေစီစနစ်နှင့် ဆန့်ကျင်နေခဲ့ကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောဆိုလိုက်သည်။

နစကဥက္ကဋ္ဌက သြဂုတ်လ ၂၆ ရက်တွင် ကျရောက်သော စာပေဗိမာန် (၇၅)နှစ်ပြည့် စိန်ရတုအ ထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့သော မိန့်ခွန်းတွင် အထက်ပါကဲ့သို့ ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

နိုင်ငံရေးရည်မှန်းချက်နှစ်ရပ်ဖြစ်သော ပါတီစုံဒီမိုကရေစီနစ် ခိုင်မာရေးနှင့် ဒီမိုကရေစီနှင့်ဖက်ဒ ရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်နိုင်ရေးအတွက် နိုင်ငံသားတိုင်း ပညာရည်ပြည့်ဝရန် ဦးစားပေးဆောင်ရွက်ရမည်ဟု ၎င်းက ဆိုသည်။

ထို့ပြင် နစကဥက္ကဋ္ဌက နိုင်ငံတော်၏ အနာဂတ်သည် စာတတ်ရုံဖြင့် မပြည့်စုံသေးကြောင်းနှင့် စာဖတ်ရန်နှင့် စဉ်ဆက်မပြတ် လေ့လာရန်လည်း လိုအပ်ကြောင်း၊ ထို့ကြောင့် အခြေခံအဆောက်အဦများဖြစ်သော စာသင်ကျောင်းများ၊ စာအုပ်စာပေ ထုတ်ဝေဝော အဖွဲ့အစည်းများ၊ စာရေးဆရာများ၊ သုတေသီများ၊ စာကြည့်တိုက်များ လိုအပ်ကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။

“၂၀၁၁ ခုနှစ် နောက်ပိုင်း၊ အထူးသဖြင့် ၂၀၁၅ ခုနှစ် နောက်ပိုင်းမှာ ထုတ်ဝေခဲ့တဲ့ အချို့သောစာအုပ်စာပေတွေ၊ စာပေဟောပြောပွဲအမည်ခံ ပြောဆိုမှုတွေဟာ ဒီမိုကရေစီစနစ်ထူထောင်စ ကျွန်တော်နိုင်ငံအတွက် ဒီမိုကရေစီစနစ်နဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့၊ စိတ်ဝမ်းကွဲပြားမှုများပြားတဲ့ လူမှုအဖွဲ့အစည်းတွေကို ဦးတည်သွားစေခဲ့တာကိုလည်း မြင်တွေ့နိုင်ပါလိမ့်မယ်။ ဒါတွေထပ်မဖြစ်ဖို့ ကျွန်တော်တို့ ဆင်ခြင်ရပါလိမ့်မယ်” ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

စာပေနှင့်ပတ်သက်၍ အထက်ပါအခြေခံအဆောက်အဦးသည် တိုင်းပြည်၊ လူမျိုး၊ စာပေနှင့် ယဉ် ကျေးမှုများအပေါ် အယူဝါဒမှိုင်းကင်းသော အသိပညာဗဟုသုတများကို ဖြန့်ဖြူးပေးရမည်ဖြစ်ပြီး အဆိပ်အတောက်ကင်းစင်သော စာပေများဖြစ်ရန် လိုအပ်ကြောင်းလည်း ၎င်းက အသိပေးပြောဆိုထားသည်။

လက်ရှိနစကလက်ထက်တွင် ညစ်ညမ်းစာပေထုတ်ဝေခဲ့သော စာအုပ်တိုက်များကိုလည်း ထုတ်ဝေခွင့်ပြန်လည်ရုပ်သိမ်းမှုများ ပြုလုပ်ခဲ့သည်ကို တွေ့ရှိရသည်။

zawgyi version
ဦးသိန္းစိန္ အစိုးရ ႏွင့္ NLD အစိုးရလက္ထက္ ထုတ္ေဝေသာ စာေပအခ်ိဳ႕ႏွင့္ ေဟာေျပာပြဲမ်ားမွာ ဒီမိုကေရစီစနစ္ႏွင့္ ဆန႔္က်င္ခဲ့ေၾကာင္း နစကဥကၠ႒ဆို
မ်ိဳးႀကီး (NP News) - ၾသဂုတ္ ၂၇

သမၼတေဟာင္း ဦးသိန္းစိန္ အစိုးရ ႏွင့္ NLD အစိုးရလက္ထက္ ထုတ္ေဝေသာ စာေပအခ်ိဳ႕ႏွင့္ ေဟာေျပာပြဲမ်ားမွာ ဒီမိုကေရစီစနစ္ႏွင့္ ဆန႔္က်င္ေနခဲ့ေၾကာင္း နစကဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ေျပာဆိုလိုက္သည္။

နစကဥကၠ႒က ၾသဂုတ္လ ၂၆ ရက္တြင္ က်ေရာက္ေသာ စာေပဗိမာန္ (၇၅)ႏွစ္ျပည့္ စိန္ရတုအ ထိမ္းအမွတ္အခမ္းအနားသို႔ ေပးပို႔ေသာ မိန႔္ခြန္းတြင္ အထက္ပါကဲ့သို႔ ထည့္သြင္းေျပာဆိုခဲ့ျခင္းျဖစ္သည္။

ႏိုင္ငံေရးရည္မွန္းခ်က္ႏွစ္ရပ္ျဖစ္ေသာ ပါတီစုံဒီမိုကေရစီနစ္ ခိုင္မာေရးႏွင့္ ဒီမိုကေရစီႏွင့္ဖက္ဒ ရယ္စနစ္ကို အေျခခံသည့္ ျပည္ေထာင္စုကို တည္ေဆာက္ႏိုင္ေရးအတြက္ ႏိုင္ငံသားတိုင္း ပညာရည္ျပည့္ဝရန္ ဦးစားေပးေဆာင္႐ြက္ရမည္ဟု ၎က ဆိုသည္။

ထို႔ျပင္ နစကဥကၠ႒က ႏိုင္ငံေတာ္၏ အနာဂတ္သည္ စာတတ္႐ုံျဖင့္ မျပည့္စုံေသးေၾကာင္းႏွင့္ စာဖတ္ရန္ႏွင့္ စဥ္ဆက္မျပတ္ ေလ့လာရန္လည္း လိုအပ္ေၾကာင္း၊ ထို႔ေၾကာင့္ အေျခခံအေဆာက္အဦမ်ားျဖစ္ေသာ စာသင္ေက်ာင္းမ်ား၊ စာအုပ္စာေပ ထုတ္ေဝေဝာ အဖြဲ႕အစည္းမ်ား၊ စာေရးဆရာမ်ား၊ သုေတသီမ်ား၊ စာၾကည့္တိုက္မ်ား လိုအပ္ေၾကာင္း ထည့္သြင္းေျပာဆိုခဲ့သည္။

“၂၀၁၁ ခုႏွစ္ ေနာက္ပိုင္း၊ အထူးသျဖင့္ ၂၀၁၅ ခုႏွစ္ ေနာက္ပိုင္းမွာ ထုတ္ေဝခဲ့တဲ့ အခ်ိဳ႕ေသာစာအုပ္စာေပေတြ၊ စာေပေဟာေျပာပြဲအမည္ခံ ေျပာဆိုမႈေတြဟာ ဒီမိုကေရစီစနစ္ထူေထာင္စ ကြၽန္ေတာ္ႏိုင္ငံအတြက္ ဒီမိုကေရစီစနစ္နဲ႔ ဆန႔္က်င္ဘက္ျဖစ္တဲ့၊ စိတ္ဝမ္းကြဲျပားမႈမ်ားျပားတဲ့ လူမႈအဖြဲ႕အစည္းေတြကို ဦးတည္သြားေစခဲ့တာကိုလည္း ျမင္ေတြ႕ႏိုင္ပါလိမ့္မယ္။ ဒါေတြထပ္မျဖစ္ဖို႔ ကြၽန္ေတာ္တို႔ ဆင္ျခင္ရပါလိမ့္မယ္” ဟု ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ေျပာသည္။

စာေပႏွင့္ပတ္သက္၍ အထက္ပါအေျခခံအေဆာက္အဦးသည္ တိုင္းျပည္၊ လူမ်ိဳး၊ စာေပႏွင့္ ယဥ္ ေက်းမႈမ်ားအေပၚ အယူဝါဒမႈိင္းကင္းေသာ အသိပညာဗဟုသုတမ်ားကို ျဖန႔္ျဖဴးေပးရမည္ျဖစ္ၿပီး အဆိပ္အေတာက္ကင္းစင္ေသာ စာေပမ်ားျဖစ္ရန္ လိုအပ္ေၾကာင္းလည္း ၎က အသိေပးေျပာဆိုထားသည္။

လက္ရွိနစကလက္ထက္တြင္ ညစ္ညမ္းစာေပထုတ္ေဝခဲ့ေသာ စာအုပ္တိုက္မ်ားကိုလည္း ထုတ္ေဝခြင့္ျပန္လည္႐ုပ္သိမ္းမႈမ်ား ျပဳလုပ္ခဲ့သည္ကို ေတြ႕ရွိရသည္။

Related news

© 2021. All rights reserved.