BRICS ၉ နိုင်ငံ အုပ်စုကို ဒေါ်နယ်ထရမ့် ခြိမ်းခြောက်
315
U Htay Oung (NP News) - - ဒီဇင်ဘာ ၂
အမေရိကန်ဒေါ်လာငွေကို အခြေပျက်အောင်လုပ်ဆောင်မယ်ဆိုရင် အဲဒီတိုင်းပြည်တွေကို ၁၀၀ ရာခိုင်နှုန်း အခွန် ကောက်ခံမှာဖြစ်ကြောင်း ဒေါ်နယ်ထရမ့်က စနေနေ့မှာ ခြိမ်းခြောက်လိုက်တယ်လို့ AP သတင်းအေဂျင်စီ က ၂ဝ၂၄ ခုနှစ် ဒီဇင်ဘာလ ၁ ရက်မှာ ရေးသားပါတယ်။
သမ္မတအဖြစ် ရွေးကောက်ခံထားရသူရဲ့ခြိမ်းခြောက်မှုဟာ ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်၊ တောင်အာဖရိက၊ အီဂျစ်၊ အီသီယိုးပီးယား၊ အီရန်နဲ့ ယူအအေီးနိုင်ငံတို့ ပါဝင်တဲ့ BRIC မဟာမိတ် အုပ်စုဝင်နိုင်ငံများကို ရည်ညွှန်း ခြင်း ဖြစ်ပါတယ်။
အဲဒီအဖွဲ့ကြီးမှာ တူရကီ၊ အဇာဘိုင်ဂျန်နဲ့ မလေးရှားတို့က အဖွဲ့ဝင်အဖြစ် လျှောက်ထားဆဲဖြစ်ပြီး အခြားနိုင်ငံ အများအပြားတို့ကလည်း ပူးပေါင်းပါဝင်ရန် စိတ်ဝင်စားကြောင်း ကမ်းလှမ်းခဲ့ကြပါတယ်။
အမေရိကန်ဒေါ်လာဟာ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးလုပ်ငန်းများမှာ အသုံးအများဆုံးငွေကြေးဖြစ်ပြီး အစိမ်း ရောင်ငွေကြေးရဲ့ထင်ရှားကျော်ကြားမှုဟာ ယခင် စိန်ခေါ်မှုများကို ကျော်လွှားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် နိုင်ငံတ ကာ ဘဏ္ဍာရေးစနစ်မှာ အမေရိကန်ရဲ့ လွှမ်းမိုးမှုကို ငြီးငွေ့လာတယ်လို့ BRICS မဟာမိတ်အဖွဲ့ဝင်များနဲ့ အခြား ဖွံ့ဖြိုးဆဲနိုင်ငံများက ဆိုကြပါတယ်။
နိုင်ငံတကာ ငွေကြေးရံပုံငွေအဖွဲ့ IMF ရဲ့အဆိုအရ အမေရိကန်ဒေါ်လာဟာ ကမ္ဘာတိုင်းပြည်များရဲ့နိုင်ငံခြား အရန်ငွေ ၅၈ ရာခိုင်နှုန်းခန့်ရှိပြီး ရေနံလို အဓိကကုန်စည်များကို ဒေါ်လာငွေနဲ့အဓိကထားပြီး အရောင်းအဝယ် ပြုလုပ်နေဆဲဖြစ်ကြောင်း သိရှိရပါတယ်။ ဒါပေမယ့် BRICS ရဲ့ပြည်တွင်းအသားတင် ကုန်ထုတ်လုပ်မှုကြီးထွားလာ မှုနဲ့ အုပ်စုမဟာမိတ်တိုင်း ပြည်အချင်းချင်းကြား ဒေါ်လာ မဟုတ်တဲ့ ငွေကြေးများနဲ့ အရောင်းအဝယ်ပြုလုပ်ရန် ရည် ရွယ်ထားကြပါတယ်။ ကမ္ဘာ့မြေမျက်နှာပြင်ရဲ့ ၃ဝ ရာခိုင်နှုန်း နဲ့ ကမ္ဘာ့လူဦးရေ ၄၅ ရာခိုင်နှုန်းကို ပေါင်းစပ်ထား တဲ့ BRICS ရဲ့ “အမေရိကန်ဒေါ်လာ အသုံးပြုမှု လျော့ချရေး” ဟာ “အမေရိကန် ပထမ” မူဝါဒ ဒေါ်နယ်ထရမ့် အတွက် ခြိမ်း ခြောက်သလိုဖြစ်နေပါတယ်။
ငွေကြေးအသစ်ကို ဖန်တီးခြင်းလည်း မရှိ-အမေရိကန်ဒေါ်လာကို အစားထိုးရန် ကြိုးစားတာမျိုးလည်း မဖြစ်ဖို့ လိုအပ်ကြောင်း၊ ဒီလိုမှမဟုတ်ရင် အဲဒီတိုင်းပြည်ဟာ ၁၀၀ ရာခိုင်နှုန်း အခွန်စည်းကြပ်မှုများနဲ့ ရင်ဆိုင်ရပြီး အံ့သြစရာကောင်းတဲ့ အမေရိကန်စီးပွားရေးဈေးကွက်က လက်ပြ နှုတ်ဆက်ယုံသာရှိကြောင်း၊ သက်ဆိုင်ရာ နိုင်ငံများအနေနဲ့ ကတိပြုကြမယ်လို့ မျှော်လင့်ကြောင်း ဒေါ်နယ်ထရမ့်က သူပိုင်ဆိုင်တဲ့ “ထရုဆိုရှယ်” လူမှုကွန်ရက်မှာ ပို့စ်အဖြစ် ရေးသားပါတယ်။
ဒေါ်လာငွေကြေးကို အသုံးမပြုပဲ နေရအောင် ဖန်တီးနေသူတွေဟာ မိမိတို့မဟုတ်ကြောင်း ဒီကိစ္စနဲ့ပတ်သက်ပြီး ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ပြောပါတယ်။ လူတစ်ယောက်အနေနဲ့ မလူးသာမလှုပ်သာဖြစ်အောင် ဖန်တီး ခံရရင် ဘယ်သူမဆို အစားထိုးစရာ တစ်ခုခုကို ရွေးချယ်ကြဖို့ ရှာဖွေကြမှာ အမှန်ပဲဖြစ်ကြောင်း၊ ရုရှားနိုင်ငံအ နေနဲ့ နိုင်ငံတကာ ဘဏ်အချင်းချင်း ငွေပေးငွေယူ ချိတ်ဆက်မှု SWIFT Network “ဆွစ်ကွန်ရက်” ကို အစား ထိုးပေးမယ့် ငွေပေးချေမှုစနစ်သစ်တစ်ရပ်ကို ဖန်တီးရန် အထူးတိုက်တွန်းလျှက်ရှိကြောင်း၊ ဒီနည်းလမ်းအားဖြင့် မော်စကိုဟာ အနောက်နိုင်ငံများရဲ့ပိတ်ဆို့အရေးယူမှုများကို ရှောင်လွှဲရန်အပြင် မိတ်ဖက်နိုင်ငံများနဲ့ကုန်သွယ်ခွင့် ရရှိလိမ့်မယ်လို့ ဆိုပါတယ်။
BRIC အနေနဲ့ နိုင်ငံတကာကုန်သွယ်မှုမှာ အမေရိကန်ဒေါ်လာကို အစားထိုးဖို့ လုပ်ဆောင်ခွင့်မရှိဘူးလို့ ဒေါ်နယ်ထရမ့်က မှတ်ချက်ပေးလိုက်ပြီး အဲဒီလိုလုပ်လာတဲ့ ဘယ်လိုတိုင်းပြည်မဆို အမေရိကန်ကို နှုတ်ဆက် ထားသင့်တယ်လို့ ပြောပါတယ်။
အမေရိကန်ဒေါ်လာဟာ အခြားငွေကြေးများအပေါ် ဆက်လက်လွှမ်းမိုးနေမှာဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာ အရန် ငွေကြေးအဖြစ်နဲ့ အမေရိကန်ဒေါ်လာရဲ့အခန်းကဏ္ဍဟာ မဝေးတဲ့ အနာဂတ်အတွက် စိုးရိမ်စရာခြိမ်းခြောက်မှုမရှိ ကြောင်း “အတ္တလန်တိတ်ကောင်စီ ” သုတေသနတွေ့ရှိချက်များက ဖော်ပြနေပါတယ်။
အမေရိကန်နိုင်ငံအတွင်း လူခိုးဝင်မှုနဲ့ ဥပဒေမဲ့ မူးယစ်ဆေးများ စီးဝင်နေမှုကို ဖိအားပေးတဲ့အနေနဲ့ မက္ကဆီကို၊ ကနေဒါတို့မှ တင်သွင်းမှုအားလုံးအပေါ် အခွန် ၂၅ ရာခိုင်နှုန်း၊ တရုတ်နိုင်ငံမှ ကုန်ပစ္စည်းများအပေါ် ထပ်ဆောင်း အခွန် ၁၀ ရာခိုင်နှုန်း တိုးမြှင့်ကောက်ခံမယ်လို့ ဒေါ်နယ်ထရမ့်က ခြိမ်းခြောက်နေပါတယ်။
အမေရိကန်နှင့် အခွန်အကောက်စစ်ပွဲကို ရှောင်ရှားနိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း ဒေါ်နယ်ထရမ့်နဲ့ ဖုန်း ဆက်ပြောဆိုပြီးနောက် မက္ကဆီကိုသမ္မတက ကြာသပတေးနေ့မှာ ပြောပါတယ်။ ဒေါ်နယ်ထရမ့်နဲ့ လူ ကိုယ် တိုင်တွေ့ဆုံခဲ့တဲ့ ဝန်ကြီးချုပ် ဂျပ်သတင်ထရူးဒိုးကတော့ ကနေဒါအပေါ် ခြိမ်းခြောက်ထားတဲ့ အခွန်စည်း ကြပ်မှုကို ပြန်လည်ရုတ်သိမ်းမယ့်အကြောင်း အာမခံချက် တစ်စုံတစ်ရာ မရရှိပဲ စနေနေ့မှာ အိမ်ပြန်သွားခဲ့ ရပြီဖြစ်ပါတယ်။ #HtayOung, #OungMarine
#ဒေါ်နယ်ထရမ့် #BRICS #ဒေါ်လာငွေအသုံးပြုမှု_လျော့ချရေး #SWIFT_Network
Zawgyi Version;
BRICS ၉ ႏိုင္ငံ အုပ္စုကို ေဒၚနယ္ထရမ့္ ၿခိမ္းေျခာက္
U Htay Oung (NP News) - - ဒီဇင္ဘာ ၂
အေမရိကန္ေဒၚလာေငြကို အေျခပ်က္ေအာင္လုပ္ေဆာင္မယ္ဆိုရင္ အဲဒီတိုင္းျပည္ေတြကို ၁၀၀ ရာခိုင္ႏႈန္း အခြန္ ေကာက္ခံမွာျဖစ္ေၾကာင္း ေဒၚနယ္ထရမ့္က စေနေန႔မွာ ၿခိမ္းေျခာက္လိုက္တယ္လို႔ AP သတင္းေအဂ်င္စီ က ၂ဝ၂၄ ခုႏွစ္ ဒီဇင္ဘာလ ၁ ရက္မွာ ေရးသားပါတယ္။
သမၼတအျဖစ္ ေ႐ြးေကာက္ခံထားရသူရဲ႕ၿခိမ္းေျခာက္မႈဟာ ဘရာဇီး၊ ႐ုရွား၊ အိႏၵိယ၊ တ႐ုတ္၊ ေတာင္အာဖရိက၊ အီဂ်စ္၊ အီသီယိုးပီးယား၊ အီရန္နဲ႔ ယူအေအီးႏိုင္ငံတို႔ ပါဝင္တဲ့ BRIC မဟာမိတ္ အုပ္စုဝင္ႏိုင္ငံမ်ားကို ရည္ၫႊန္း ျခင္း ျဖစ္ပါတယ္။
အဲဒီအဖြဲ႕ႀကီးမွာ တူရကီ၊ အဇာဘိုင္ဂ်န္နဲ႔ မေလးရွားတို႔က အဖြဲ႕ဝင္အျဖစ္ ေလွ်ာက္ထားဆဲျဖစ္ၿပီး အျခားႏိုင္ငံ အမ်ားအျပားတို႔ကလည္း ပူးေပါင္းပါဝင္ရန္ စိတ္ဝင္စားေၾကာင္း ကမ္းလွမ္းခဲ့ၾကပါတယ္။
အေမရိကန္ေဒၚလာဟာ ကမာၻလုံးဆိုင္ရာ စီးပြားေရးလုပ္ငန္းမ်ားမွာ အသုံးအမ်ားဆုံးေငြေၾကးျဖစ္ၿပီး အစိမ္း ေရာင္ေငြေၾကးရဲ႕ထင္ရွားေက်ာ္ၾကားမႈဟာ ယခင္ စိန္ေခၚမႈမ်ားကို ေက်ာ္လႊားႏိုင္ခဲ့ပါတယ္။ ဒါေပမယ့္ ႏိုင္ငံတ ကာ ဘ႑ာေရးစနစ္မွာ အေမရိကန္ရဲ႕ လႊမ္းမိုးမႈကို ၿငီးေငြ႕လာတယ္လို႔ BRICS မဟာမိတ္အဖြဲ႕ဝင္မ်ားနဲ႔ အျခား ဖြံ႕ၿဖိဳးဆဲႏိုင္ငံမ်ားက ဆိုၾကပါတယ္။
ႏိုင္ငံတကာ ေငြေၾကးရံပုံေငြအဖြဲ႕ IMF ရဲ႕အဆိုအရ အေမရိကန္ေဒၚလာဟာ ကမာၻတိုင္းျပည္မ်ားရဲ႕ႏိုင္ငံျခား အရန္ေငြ ၅၈ ရာခိုင္ႏႈန္းခန႔္ရွိၿပီး ေရနံလို အဓိကကုန္စည္မ်ားကို ေဒၚလာေငြနဲ႔အဓိကထားၿပီး အေရာင္းအဝယ္ ျပဳလုပ္ေနဆဲျဖစ္ေၾကာင္း သိရွိရပါတယ္။ ဒါေပမယ့္ BRICS ရဲ႕ျပည္တြင္းအသားတင္ ကုန္ထုတ္လုပ္မႈႀကီးထြားလာ မႈနဲ႔ အုပ္စုမဟာမိတ္တိုင္း ျပည္အခ်င္းခ်င္းၾကား ေဒၚလာ မဟုတ္တဲ့ ေငြေၾကးမ်ားနဲ႔ အေရာင္းအဝယ္ျပဳလုပ္ရန္ ရည္ ႐ြယ္ထားၾကပါတယ္။ ကမာၻ႔ေျမမ်က္ႏွာျပင္ရဲ႕ ၃ဝ ရာခိုင္ႏႈန္း နဲ႔ ကမာၻ႔လူဦးေရ ၄၅ ရာခိုင္ႏႈန္းကို ေပါင္းစပ္ထား တဲ့ BRICS ရဲ႕ “အေမရိကန္ေဒၚလာ အသုံးျပဳမႈ ေလ်ာ့ခ်ေရး” ဟာ “အေမရိကန္ ပထမ” မူဝါဒ ေဒၚနယ္ထရမ့္ အတြက္ ၿခိမ္း ေျခာက္သလိုျဖစ္ေနပါတယ္။
ေငြေၾကးအသစ္ကို ဖန္တီးျခင္းလည္း မရွိ-အေမရိကန္ေဒၚလာကို အစားထိုးရန္ ႀကိဳးစားတာမ်ိဳးလည္း မျဖစ္ဖို႔ လိုအပ္ေၾကာင္း၊ ဒီလိုမွမဟုတ္ရင္ အဲဒီတိုင္းျပည္ဟာ ၁၀၀ ရာခိုင္ႏႈန္း အခြန္စည္းၾကပ္မႈမ်ားနဲ႔ ရင္ဆိုင္ရၿပီး အံ့ၾသစရာေကာင္းတဲ့ အေမရိကန္စီးပြားေရးေဈးကြက္က လက္ျပ ႏႈတ္ဆက္ယုံသာရွိေၾကာင္း၊ သက္ဆိုင္ရာ ႏိုင္ငံမ်ားအေနနဲ႔ ကတိျပဳၾကမယ္လို႔ ေမွ်ာ္လင့္ေၾကာင္း ေဒၚနယ္ထရမ့္က သူပိုင္ဆိုင္တဲ့ “ထ႐ုဆိုရွယ္” လူမႈကြန္ရက္မွာ ပို႔စ္အျဖစ္ ေရးသားပါတယ္။
ေဒၚလာေငြေၾကးကို အသုံးမျပဳပဲ ေနရေအာင္ ဖန္တီးေနသူေတြဟာ မိမိတို႔မဟုတ္ေၾကာင္း ဒီကိစၥနဲ႔ပတ္သက္ၿပီး ႐ုရွားသမၼတ ဗလာဒီမာ ပူတင္က ေျပာပါတယ္။ လူတစ္ေယာက္အေနနဲ႔ မလူးသာမလႈပ္သာျဖစ္ေအာင္ ဖန္တီး ခံရရင္ ဘယ္သူမဆို အစားထိုးစရာ တစ္ခုခုကို ေ႐ြးခ်ယ္ၾကဖို႔ ရွာေဖြၾကမွာ အမွန္ပဲျဖစ္ေၾကာင္း၊ ႐ုရွားႏိုင္ငံအ ေနနဲ႔ ႏိုင္ငံတကာ ဘဏ္အခ်င္းခ်င္း ေငြေပးေငြယူ ခ်ိတ္ဆက္မႈ SWIFT Network “ဆြစ္ကြန္ရက္” ကို အစား ထိုးေပးမယ့္ ေငြေပးေခ်မႈစနစ္သစ္တစ္ရပ္ကို ဖန္တီးရန္ အထူးတိုက္တြန္းလွ်က္ရွိေၾကာင္း၊ ဒီနည္းလမ္းအားျဖင့္ ေမာ္စကိုဟာ အေနာက္ႏိုင္ငံမ်ားရဲ႕ပိတ္ဆို႔အေရးယူမႈမ်ားကို ေရွာင္လႊဲရန္အျပင္ မိတ္ဖက္ႏိုင္ငံမ်ားနဲ႔ကုန္သြယ္ခြင့္ ရရွိလိမ့္မယ္လို႔ ဆိုပါတယ္။
BRIC အေနနဲ႔ ႏိုင္ငံတကာကုန္သြယ္မႈမွာ အေမရိကန္ေဒၚလာကို အစားထိုးဖို႔ လုပ္ေဆာင္ခြင့္မရွိဘူးလို႔ ေဒၚနယ္ထရမ့္က မွတ္ခ်က္ေပးလိုက္ၿပီး အဲဒီလိုလုပ္လာတဲ့ ဘယ္လိုတိုင္းျပည္မဆို အေမရိကန္ကို ႏႈတ္ဆက္ ထားသင့္တယ္လို႔ ေျပာပါတယ္။
အေမရိကန္ေဒၚလာဟာ အျခားေငြေၾကးမ်ားအေပၚ ဆက္လက္လႊမ္းမိုးေနမွာျဖစ္ၿပီး ကမာၻလုံးဆိုင္ရာ အရန္ ေငြေၾကးအျဖစ္နဲ႔ အေမရိကန္ေဒၚလာရဲ႕အခန္းက႑ဟာ မေဝးတဲ့ အနာဂတ္အတြက္ စိုးရိမ္စရာၿခိမ္းေျခာက္မႈမရွိ ေၾကာင္း “အတၱလန္တိတ္ေကာင္စီ ” သုေတသနေတြ႕ရွိခ်က္မ်ားက ေဖာ္ျပေနပါတယ္။
အေမရိကန္ႏိုင္ငံအတြင္း လူခိုးဝင္မႈနဲ႔ ဥပေဒမဲ့ မူးယစ္ေဆးမ်ား စီးဝင္ေနမႈကို ဖိအားေပးတဲ့အေနနဲ႔ မကၠဆီကို၊ ကေနဒါတို႔မွ တင္သြင္းမႈအားလုံးအေပၚ အခြန္ ၂၅ ရာခိုင္ႏႈန္း၊ တ႐ုတ္ႏိုင္ငံမွ ကုန္ပစၥည္းမ်ားအေပၚ ထပ္ေဆာင္း အခြန္ ၁၀ ရာခိုင္ႏႈန္း တိုးျမႇင့္ေကာက္ခံမယ္လို႔ ေဒၚနယ္ထရမ့္က ၿခိမ္းေျခာက္ေနပါတယ္။
အေမရိကန္ႏွင့္ အခြန္အေကာက္စစ္ပြဲကို ေရွာင္ရွားႏိုင္လိမ့္မယ္လို႔ ယုံၾကည္ေၾကာင္း ေဒၚနယ္ထရမ့္နဲ႔ ဖုန္း ဆက္ေျပာဆိုၿပီးေနာက္ မကၠဆီကိုသမၼတက ၾကာသပေတးေန႔မွာ ေျပာပါတယ္။ ေဒၚနယ္ထရမ့္နဲ႔ လူ ကိုယ္ တိုင္ေတြ႕ဆုံခဲ့တဲ့ ဝန္ႀကီးခ်ဳပ္ ဂ်ပ္သတင္ထ႐ူးဒိုးကေတာ့ ကေနဒါအေပၚ ၿခိမ္းေျခာက္ထားတဲ့ အခြန္စည္း ၾကပ္မႈကို ျပန္လည္႐ုတ္သိမ္းမယ့္အေၾကာင္း အာမခံခ်က္ တစ္စုံတစ္ရာ မရရွိပဲ စေနေန႔မွာ အိမ္ျပန္သြားခဲ့ ရၿပီျဖစ္ပါတယ္။ #HtayOung, #OungMarine
#ေဒၚနယ္ထရမ့္ #BRICS #ေဒၚလာေငြအသုံးျပဳမႈ_ေလ်ာ့ခ်ေရး #SWIFT_Network