ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာကို သေဒဏ်ပေးရန် တောင်းဆိုနေ

323

ဂျန်ဇက် - (NP News) - အောက်တိုဘာလ ၂ဝ
ဘင်္ဂလားဒေရှ့်အစိုးရရှေ့နေများသည် ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာကို သေဒဏ်ပေးရန် တိုက်တွန်း တောင်းဆိုလျက်ရှိနေကြောင်း သိရသည်။ ရှိတ်ဟာစီနာသည်ပြီးခဲ့သောနှစ်က တက္ကသိုလ်ကျောင်းသားများ ဦးဆောင်သော ဆန္ဒပြပွဲများကြောင့် ရာထူးမှနုတ်ထွက်ခဲရသော်လည်း ဆန္ဒပြသူများကိုဖြိုခွင်းမှုများနှင့် ပတ်သက် ပြီး သေဒဏ်ပေးရန်တောင်း ဆိုခံနေရခြင်းဖြစ်သည်။
ရှိတ်ဟာစီနာသည် ရာထူးမှနုတ်ထွက်ခဲ့ပြီး နောက် အိန္ဒိယနိုင်ငံသို့ ထွက်ပြေးခဲ့ပြီး လူသားများ အပေါ် ကျူးလွန်သောရာဇဝတ်မှုနှင့်ပတ်သက်ပြီး စွဲချက်တင်ခံထားရကြောင်းသိရသည်။ ၎င်းသည် ဆန္ဒပြအုပ်စုများကို ဖြိုခွင်းရန် အမိန့်ပေးသည့် အသံဖိုင် ထွက်ပေါ်လာခဲ့သော်လည်း ၎င်းကငြင်းဆန် ထားကြောင်းသိရသည်။ ပြီးခဲ့သည့်နှစ်က ဖြစ်ပွားခဲ့သောဆန္ဒပြပွဲများအတွင်း လုံခြုံရေးအဖွဲ့များ၏ဖြိုခွင်းမှုများကြောင့် ဘင်္ဂလားဒေ့ရှ် ပြည်သူပေါင်း (၁၄၀ဝ)ကျော်သေဆုံးခဲ့ကြောင်းသိရသည်။
ဘင်္ဂလားဒေရှ့်ရှေ့နေချုပ်က လူပေါင်း (၁၄၀ဝ)ကျော်သေဆုံးမှုနှင့်ပတ်သက်ပြီး ဝန်ကြီးချုပ် ဟောင်း ရှိတ်ဟာစီနာကို သေဒဏ်ပေးရ မည်ဖြစ် ကြောင်း ပြောသည်။ ဘင်္ဂလားဒေရှ့်ရှေနေ့ချုပ်ဖြစ်သူ အစ္စလမ်က " အဲဒါက လူသားဆန်လို့ မဖြစ်နိုင်တဲ့ အတွက် အနည်းဆုံး တစ်ခုတော့ တောင်းဆိုပါတယ်။ ရှိတ်ဟာစီနာရဲ့ ရည်မှန်းချက်ဟာ သူကိုယ်တိုင်နဲ့ သူ့ မိသားစုအတွက် အာဏာကို ထာဝရစွဲကိုင် ထားဖို့ဖြစ်တယ်။ သူဟာ ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်ကောင်အဖြစ် ပြောင်းလဲခဲ့ပြီး သူမကျူးလွန်ခဲ့တဲ့ ရက်စက်ကြမ်းကြုတ်မှု အတွက် နောင်တရတာမျိုး ကိုမပြခဲ့ဘူး" ဟုပြောသည်။ ရှိတ်ဟာစီနာ၏ရှေ့နေ ဖြစ်သူကတော့ ဆန္ဒပြသူများ၏ လုပ်ရပ်များကို ထိန်းသိမ်းရန် လုံခြုံရေးတပ်ဖွဲ့များက အတင်းကြပ်ဖြို ခွင်းခဲ့သည်ဆိုသော စွပ်စွဲချက်ကို ငြင်းဆန်ထား ကြောင်း သိရသည်။
ရှိတ်ဟာစီနာနှင့်အတူ ပြည်ထဲရေးဝန်ကြီးဟောင်း၊ ရဲချုပ်တို့ကလည်း စွဲချက်တင်နိုင်ရန်ကြိုး ပမ်းနေကြောင်းသိရသည်။ ဘင်္ဂလားဒေရှ့်အစိုးရသည် ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာကို အကျင့်ပျက် လာဘ်စားမှုများဖြင့် ထပ်မံစွဲချက်တင်ရန် ကြိုးပမ်းနေကြောင်း သိရသည်။ ဘင်္ဂလားဒေရှ့်နိုင်ငံသည် လာမည့် ဖေဖော်ဝါရီလတွင် ရွေးကောက်ပွဲကျင်းပရန် စီစဉ်ထားပြီး ရှိတ်ဟာစီနာ၏ နိုင်ငံရေးပါတီဖြစ်သည့် အေဝါမီလိဂ်ပါတီကိုလည်း ရွေးကောက်ပွဲပါ ဝင်ယှဉ် ပြိုင်ခြင်း မှ ပိတ်ပင်ထားကြောင်းသိရသည်။

Zawgyi Version:
ဘဂၤလားေဒ့ရွ္ဝန္ႀကီးခ်ဳပ္ေဟာင္း ရွိတ္ဟာစီနာကို ေသဒဏ္ေပးရန္ ေတာင္းဆိုေန
ဂ်န္ဇက္ - (NP News) - ေအာက္တိုဘာလ ၂ဝ
ဘဂၤလားေဒရွ႕္အစိုးရေရွ႕ေနမ်ားသည္ ဝန္ႀကီးခ်ဳပ္ေဟာင္း ရွိတ္ဟာစီနာကို ေသဒဏ္ေပးရန္ တိုက္တြန္း ေတာင္းဆိုလ်က္ရွိေနေၾကာင္း သိရသည္။ ရွိတ္ဟာစီနာသည္ၿပီးခဲ့ေသာႏွစ္က တကၠသိုလ္ေက်ာင္းသားမ်ား ဦးေဆာင္ေသာ ဆႏၵျပပြဲမ်ားေၾကာင့္ ရာထူးမွႏုတ္ထြက္ခဲရေသာ္လည္း ဆႏၵျပသူမ်ားကိုၿဖိဳခြင္းမႈမ်ားႏွင့္ ပတ္သက္ ၿပီး ေသဒဏ္ေပးရန္ေတာင္း ဆိုခံေနရျခင္းျဖစ္သည္။
ရွိတ္ဟာစီနာသည္ ရာထူးမွႏုတ္ထြက္ခဲ့ၿပီး ေနာက္ အိႏၵိယႏိုင္ငံသို႔ ထြက္ေျပးခဲ့ၿပီး လူသားမ်ား အေပၚ က်ဴးလြန္ေသာရာဇဝတ္မႈႏွင့္ပတ္သက္ၿပီး စြဲခ်က္တင္ခံထားရေၾကာင္းသိရသည္။ ၎သည္ ဆႏၵျပအုပ္စုမ်ားကို ၿဖိဳခြင္းရန္ အမိန႔္ေပးသည့္ အသံဖိုင္ ထြက္ေပၚလာခဲ့ေသာ္လည္း ၎ကျငင္းဆန္ ထားေၾကာင္းသိရသည္။ ၿပီးခဲ့သည့္ႏွစ္က ျဖစ္ပြားခဲ့ေသာဆႏၵျပပြဲမ်ားအတြင္း လုံၿခဳံေရးအဖြဲ႕မ်ား၏ၿဖိဳခြင္းမႈမ်ားေၾကာင့္ ဘဂၤလားေဒ့ရွ္ ျပည္သူေပါင္း (၁၄၀ဝ)ေက်ာ္ေသဆုံးခဲ့ေၾကာင္းသိရသည္။
ဘဂၤလားေဒရွ႕္ေရွ႕ေနခ်ဳပ္က လူေပါင္း (၁၄၀ဝ)ေက်ာ္ေသဆုံးမႈႏွင့္ပတ္သက္ၿပီး ဝန္ႀကီးခ်ဳပ္ ေဟာင္း ရွိတ္ဟာစီနာကို ေသဒဏ္ေပးရ မည္ျဖစ္ ေၾကာင္း ေျပာသည္။ ဘဂၤလားေဒရွ႕္ေရွေန႔ခ်ဳပ္ျဖစ္သူ အစၥလမ္က " အဲဒါက လူသားဆန္လို႔ မျဖစ္ႏိုင္တဲ့ အတြက္ အနည္းဆုံး တစ္ခုေတာ့ ေတာင္းဆိုပါတယ္။ ရွိတ္ဟာစီနာရဲ႕ ရည္မွန္းခ်က္ဟာ သူကိုယ္တိုင္နဲ႔ သူ႔ မိသားစုအတြက္ အာဏာကို ထာဝရစြဲကိုင္ ထားဖို႔ျဖစ္တယ္။ သူဟာ ရက္စက္ၾကမ္းၾကဳတ္တဲ့ ရာဇဝတ္ေကာင္အျဖစ္ ေျပာင္းလဲခဲ့ၿပီး သူမက်ဴးလြန္ခဲ့တဲ့ ရက္စက္ၾကမ္းၾကဳတ္မႈ အတြက္ ေနာင္တရတာမ်ိဳး ကိုမျပခဲ့ဘူး" ဟုေျပာသည္။ ရွိတ္ဟာစီနာ၏ေရွ႕ေန ျဖစ္သူကေတာ့ ဆႏၵျပသူမ်ား၏ လုပ္ရပ္မ်ားကို ထိန္းသိမ္းရန္ လုံၿခဳံေရးတပ္ဖြဲ႕မ်ားက အတင္းၾကပ္ၿဖိဳ ခြင္းခဲ့သည္ဆိုေသာ စြပ္စြဲခ်က္ကို ျငင္းဆန္ထား ေၾကာင္း သိရသည္။
ရွိတ္ဟာစီနာႏွင့္အတူ ျပည္ထဲေရးဝန္ႀကီးေဟာင္း၊ ရဲခ်ဳပ္တို႔ကလည္း စြဲခ်က္တင္ႏိုင္ရန္ႀကိဳး ပမ္းေနေၾကာင္းသိရသည္။ ဘဂၤလားေဒရွ႕္အစိုးရသည္ ဝန္ႀကီးခ်ဳပ္ေဟာင္း ရွိတ္ဟာစီနာကို အက်င့္ပ်က္ လာဘ္စားမႈမ်ားျဖင့္ ထပ္မံစြဲခ်က္တင္ရန္ ႀကိဳးပမ္းေနေၾကာင္း သိရသည္။ ဘဂၤလားေဒရွ႕္ႏိုင္ငံသည္ လာမည့္ ေဖေဖာ္ဝါရီလတြင္ ေ႐ြးေကာက္ပြဲက်င္းပရန္ စီစဥ္ထားၿပီး ရွိတ္ဟာစီနာ၏ ႏိုင္ငံေရးပါတီျဖစ္သည့္ ေအဝါမီလိဂ္ပါတီကိုလည္း ေ႐ြးေကာက္ပြဲပါ ဝင္ယွဥ္ ၿပိဳင္ျခင္း မွ ပိတ္ပင္ထားေၾကာင္းသိရသည္။