အစိုးရမဟုတ်သော လက်နက်ကိုင်အဖွဲ့ပေါင်း (၁၀ဝဝ)ကျော်ရှိနေ၍ ပဋိပက္ခကို ကြားဝင်စေ့စပ်ပေးရန် ပုပ်ရဟန်းမင်းကြီးကို IBEC ဆရာတော် တောင်းဆို

 534

မြူနစ် (NP News) - ဒီဇင်ဘာ ၂

မြန်မာနိုင်ငံတွင် အစိုးရမဟုတ်သည့် လက်နက်ကိုင်အဖွဲ့ပေါင်း (၁၀ဝဝ)ကျော်ရှိနေ၍ ပဋိပက္ခကိုကြားဝင် စေ့စပ်ပေးရန် ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်ထံ IBEC ဆရာတော်က တောင်းဆိုလိုက်သည်။ ကမ္ဘာ့ငြိမ်းချမ်းရေးသံတမန် IBEC ဆရာတော်ဦးသောဘိတသည် ပြီးခဲ့သောရက်ပိုင်းအတွင်း၌ ဗာတီကန်နန်းတော်၌ကျင်းပသည့် ကမ္ဘာ့ဘာသာရေးခေါင်းဆောင်များ ငြိမ်းချမ်းရေးဆိုင်ရာတွေ့ဆုံ ဆွေးနွေးပွဲသို့ ကြွရောက်ခဲ့သည်။

ထိုသို့ ကြွရောက်စဉ် ဩဇာကြီးမားသည့် ပုပ်ရဟန်းမင်းကြီးဖရန့်စစ်ထံ မြန်မာနိုင်ငံအကြောင်းကို IBEC ဆရာတော်က ဆွေးနွေးတင်ပြခဲ့သည်။ မြန်မာနိုင်ငံကို အကြမ်းဖက်မှုအများဆုံး ပဋိပက္ခဇုန်အဖြစ် သတ်မှတ်ခံရခြင်းသည် လက်နက်ကိုင်အဖွဲ့များစွာတည်ရှိကာ မတူညီသော စိန်ခေါ်မှုများမှ ဆင်းသက်လာခြင်းဖြစ်ကြောင်း ဆရာတော် ဦးသောဘိတက ဆွေးနွေးမိန့်ကြားထားသည်။ ထို့ပြင် မြန်မာနိုင်ငံသည် (၂၀၂၄)ခုနှစ်တွင် ကမ္ဘာပေါ်၌ အပြင်းထန်ဆုံးပဋိပက္ခများကို တွေ့ကြုံနေရကြောင်း လည်း The Armed Conflict Location & Event Data Project (ACLED) က ထုတ်ဖော်အသိပေးထားသည်။

နိုင်ငံအတွင်း၌ အစိုးရမဟုတ်သော လက်နက်ကိုင်အဖွဲ့ပေါင်း(၁၀ဝဝ) ကျော်ရှိသည်ဟု ACLED က မှတ်တမ်းတင်ထားပြီး နိုင်ငံတော်နှင့် ယင်းလက်နက်ကိုင်များကြားတွင် ဘက်ပေါင်းစုံမှ စစ်ပွဲများဆင်နွှဲလျက်ရှိကြောင်းလည်း IBEC ဆရာ တော်က မိန့်ကြားခဲ့သည်။ အဖွဲ့အစည်းများအားလုံး၏ စစ်အသုံးစရိတ်သည် ကပ်ဆိုးသဖွယ် ကြောက်ခမန်းလိလိများ ပြားနေလျက်ရှိသကဲ့သို့ မူးယစ်ဆေးဝါး၊ တွင်းထွက်နှင့် အဖိုးတန်ကျောက်မျက် ရတနာရောင်းဝယ်ဖောက်ကား မှုများအပေါ် မှီခိုအား ထားနေကြောင်းလည်း ဆရာတော် ဦးသောဘိတက ဆွေးနွေးတင်ပြခဲ့သည်။ ကျေးရွာများ မီးရှို့ခံရကာ မိသားစုများ အိုးမဲ့အိမ်မဲ့ဖြစ်နေသကဲ့သို့ အကြမ်း ဖက်မှု၊ အကြောက်တရားနှင့် မတူကွဲပြားမှုကို လက် မခံနိုင်ခြင်းကြောင့် မြန်မာ့လူ့အဖွဲ့အစည်းသည်လည်း ယိုယွင်းပျက်စီးနေပြီဖြစ်ကြောင်း ဆရာတော်က ဆက်လက်မိန့်ကြားသည်။

လက်ရှိ မြန်မာ့ပဋိပက္ခအတွင်း သံဃာ (၁၁၁)ပါးနှင့်သီလရှင်(၂)ပါး အပါအဝင် လူ (၁၀ဝဝဝ) နီးပါး သေဆုံးခဲ့ရပြီး လက်နက်ကိုင်အဖွဲ့ အစည်းများက ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးကို အထောက်အပံ့ဖြစ်စေမှု စွပ်စွဲချက်များဖြင့် ပစ်မှတ်ထားကာ သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်ကြောင်းလည်း ၎င်းက ဖွင့်ဟမိန့်ကြားခဲ့သည်။ ထိုသို့တစ်ချိန်တည်း၌ပင် မြန်မာ့တပ်မတော်သည်လည်း ရာနှင့်ချီသော လေကြောင်းတိုက်ခိုက်မှုများကို ပြုလုပ်ခဲ့ပြီး ကြီးမားသော ပျက်စီးဆုံးရှုံး မှုများကို ဖြစ်ပေါ်စေကြောင်းလည်း ဆွေးနွေးမိန့်ကြားခဲ့သည်။ ယခုအချိန်တွင် မြန်မာပြည်သူလူထုသည် ငြိမ်းချမ်းရေးကို တောင့်တနေ လျက်ရှိပြီး လက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် အကြမ်းမဖက်ရေး၊ တွေ့ဆုံဆွေးနွေးရေးနှင့် ပြန် လည်သင့်မြတ်ရေးတို့အတွက် ပုပ်ရဟန်းမင်းကြီး၏ခေါင်းဆောင်မှုဖြင့် ထိရောက်နိုင်လိမ့်မည်ဟု ယူဆကြောင်း IBEC ဆရာတော်က ပုပ်ရဟန်း မင်းကြီးကို ဆွေးနွေးတောင်းဆိုခဲ့သည်။ ‘‘ဒီပဋိပက္ခကို တွေ့ဆုံဆွေးနွေးညှိနှိုင်း ပြီးတော့ စားပွဲဝိုင်းမှာပေါ့။ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနဲ့လက်နက်မပါဘဲ ရှင်းတာကအကောင်းဆုံးပဲ” ဟု ဖက်ဒရယ်ဒီမိုကရက် တစ်ပါတီမှ ဒုဥက္ကဋ္ဌ ဦးရန်နိုင်ဝင်းက NP News ကို သုံးသပ်ပြောကြားသည်။ မြန်မာနိုင်ငံတွင် (၂၀၂၁)ခုနှစ် ဖေဖော်ဝါရီ လ နောက်ပိုင်းမှစတင်ကာ လက်နက်ကိုင်အဖွဲ့အစည်းပေါင်းများစွာ ပေါ်ပေါက်လာခဲ့ပြီး ယင်းလက်နက် ကိုင်အဖွဲ့များ အပါအဝင် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များနှင့် လက်ရှိနစကအစိုးရတို့ကြား တိုက်ပွဲပိုမိုဖြစ်ပွားကာ မြို့ရွာအိုးအိမ်အများအပြား ပျက်စီးဆုံးရှုံးနေလျက်ရှိသည်။

လက်ရှိတွင် နစကအစိုးရသည် (၂၀၂၁) ခုနှစ်နောက်ပိုင်းတွင် ပေါ်ပေါက်လာခဲ့သော PDF အဖွဲ့များအပါအဝင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအားလုံးကို တွေ့ဆုံဆွေးနွေးလိုကြောင်း တရားဝင်ကြေညာကာ ဖိတ်ခေါ်ထားသော်လည်း ငြိမ်းချမ်းရေးအတွက် ထိရောက်သည့်တွေ့ဆုံဆွေးနွေးမှု မျိုးမဖြစ်ပေါ်သေးပေ။

zawgyi version
အစိုးရမဟုတ္ေသာ လက္နက္ကိုင္အဖြဲ႕ေပါင္း (၁၀ဝဝ)ေက်ာ္ရွိေန၍ ပဋိပကၡကို ၾကားဝင္ေစ့စပ္ေပးရန္ ပုပ္ရဟန္းမင္းႀကီးကို IBEC ဆရာေတာ္ ေတာင္းဆို
ျမဴနစ္ (NP News) - ဒီဇင်ဘာ ၂

ျမန္မာႏိုင္ငံတြင္ အစိုးရမဟုတ္သည့္ လက္နက္ကိုင္အဖြဲ႕ေပါင္း (၁၀ဝဝ)ေက်ာ္ရွိေန၍ ပဋိပကၡကိုၾကားဝင္ ေစ့စပ္ေပးရန္ ပုပ္ရဟန္းမင္းႀကီး ဖရန႔္စစ္ထံ IBEC ဆရာေတာ္က ေတာင္းဆိုလိုက္သည္။ ကမာၻ႔ၿငိမ္းခ်မ္းေရးသံတမန္ IBEC ဆရာေတာ္ဦးေသာဘိတသည္ ၿပီးခဲ့ေသာရက္ပိုင္းအတြင္း၌ ဗာတီကန္နန္းေတာ္၌က်င္းပသည့္ ကမာၻ႔ဘာသာေရးေခါင္းေဆာင္မ်ား ၿငိမ္းခ်မ္းေရးဆိုင္ရာေတြ႕ဆုံ ေဆြးေႏြးပြဲသို႔ ႂကြေရာက္ခဲ့သည္။

ထိုသို႔ ႂကြေရာက္စဥ္ ဩဇာႀကီးမားသည့္ ပုပ္ရဟန္းမင္းႀကီးဖရန႔္စစ္ထံ ျမန္မာႏိုင္ငံအေၾကာင္းကို IBEC ဆရာေတာ္က ေဆြးေႏြးတင္ျပခဲ့သည္။ ျမန္မာႏိုင္ငံကို အၾကမ္းဖက္မႈအမ်ားဆုံး ပဋိပကၡဇုန္အျဖစ္ သတ္မွတ္ခံရျခင္းသည္ လက္နက္ကိုင္အဖြဲ႕မ်ားစြာတည္ရွိကာ မတူညီေသာ စိန္ေခၚမႈမ်ားမွ ဆင္းသက္လာျခင္းျဖစ္ေၾကာင္း ဆရာေတာ္ ဦးေသာဘိတက ေဆြးေႏြးမိန႔္ၾကားထားသည္။ ထို႔ျပင္ ျမန္မာႏိုင္ငံသည္ (၂၀၂၄)ခုႏွစ္တြင္ ကမာၻေပၚ၌ အျပင္းထန္ဆုံးပဋိပကၡမ်ားကို ေတြ႕ႀကဳံေနရေၾကာင္း လည္း The Armed Conflict Location & Event Data Project (ACLED) က ထုတ္ေဖာ္အသိေပးထားသည္။

ႏိုင္ငံအတြင္း၌ အစိုးရမဟုတ္ေသာ လက္နက္ကိုင္အဖြဲ႕ေပါင္း(၁၀ဝဝ) ေက်ာ္ရွိသည္ဟု ACLED က မွတ္တမ္းတင္ထားၿပီး ႏိုင္ငံေတာ္ႏွင့္ ယင္းလက္နက္ကိုင္မ်ားၾကားတြင္ ဘက္ေပါင္းစုံမွ စစ္ပြဲမ်ားဆင္ႏႊဲလ်က္ရွိေၾကာင္းလည္း IBEC ဆရာ ေတာ္က မိန႔္ၾကားခဲ့သည္။ အဖြဲ႕အစည္းမ်ားအားလုံး၏ စစ္အသုံးစရိတ္သည္ ကပ္ဆိုးသဖြယ္ ေၾကာက္ခမန္းလိလိမ်ား ျပားေနလ်က္ရွိသကဲ့သို႔ မူးယစ္ေဆးဝါး၊ တြင္းထြက္ႏွင့္ အဖိုးတန္ေက်ာက္မ်က္ ရတနာေရာင္းဝယ္ေဖာက္ကား မႈမ်ားအေပၚ မွီခိုအား ထားေနေၾကာင္းလည္း ဆရာေတာ္ ဦးေသာဘိတက ေဆြးေႏြးတင္ျပခဲ့သည္။ ေက်း႐ြာမ်ား မီးရႈိ႕ခံရကာ မိသားစုမ်ား အိုးမဲ့အိမ္မဲ့ျဖစ္ေနသကဲ့သို႔ အၾကမ္း ဖက္မႈ၊ အေၾကာက္တရားႏွင့္ မတူကြဲျပားမႈကို လက္ မခံႏိုင္ျခင္းေၾကာင့္ ျမန္မာ့လူ႔အဖြဲ႕အစည္းသည္လည္း ယိုယြင္းပ်က္စီးေနၿပီျဖစ္ေၾကာင္း ဆရာေတာ္က ဆက္လက္မိန႔္ၾကားသည္။

လက္ရွိ ျမန္မာ့ပဋိပကၡအတြင္း သံဃာ (၁၁၁)ပါးႏွင့္သီလရွင္(၂)ပါး အပါအဝင္ လူ (၁၀ဝဝဝ) နီးပါး ေသဆုံးခဲ့ရၿပီး လက္နက္ကိုင္အဖြဲ႕ အစည္းမ်ားက ၿငိမ္းခ်မ္းေရးႏွင့္တည္ၿငိမ္ေရးကို အေထာက္အပံ့ျဖစ္ေစမႈ စြပ္စြဲခ်က္မ်ားျဖင့္ ပစ္မွတ္ထားကာ သတ္ျဖတ္ခံခဲ့ရျခင္းျဖစ္ေၾကာင္းလည္း ၎က ဖြင့္ဟမိန႔္ၾကားခဲ့သည္။ ထိုသို႔တစ္ခ်ိန္တည္း၌ပင္ ျမန္မာ့တပ္မေတာ္သည္လည္း ရာႏွင့္ခ်ီေသာ ေလေၾကာင္းတိုက္ခိုက္မႈမ်ားကို ျပဳလုပ္ခဲ့ၿပီး ႀကီးမားေသာ ပ်က္စီးဆုံးရႈံး မႈမ်ားကို ျဖစ္ေပၚေစေၾကာင္းလည္း ေဆြးေႏြးမိန႔္ၾကားခဲ့သည္။ ယခုအခ်ိန္တြင္ ျမန္မာျပည္သူလူထုသည္ ၿငိမ္းခ်မ္းေရးကို ေတာင့္တေန လ်က္ရွိၿပီး လက္နက္ကိုင္အဖြဲ႕အစည္းမ်ားအေနျဖင့္ အၾကမ္းမဖက္ေရး၊ ေတြ႕ဆုံေဆြးေႏြးေရးႏွင့္ ျပန္ လည္သင့္ျမတ္ေရးတို႔အတြက္ ပုပ္ရဟန္းမင္းႀကီး၏ေခါင္းေဆာင္မႈျဖင့္ ထိေရာက္ႏိုင္လိမ့္မည္ဟု ယူဆေၾကာင္း IBEC ဆရာေတာ္က ပုပ္ရဟန္း မင္းႀကီးကို ေဆြးေႏြးေတာင္းဆိုခဲ့သည္။ ‘‘ဒီပဋိပကၡကို ေတြ႕ဆုံေဆြးေႏြးညႇိႏႈိင္း ၿပီးေတာ့ စားပြဲဝိုင္းမွာေပါ့။ ႏိုင္ငံေရးျပႆနာကို ႏိုင္ငံေရးနဲ႔လက္နက္မပါဘဲ ရွင္းတာကအေကာင္းဆုံးပဲ” ဟု ဖက္ဒရယ္ဒီမိုကရက္ တစ္ပါတီမွ ဒုဥကၠ႒ ဦးရန္ႏိုင္ဝင္းက NP News ကို သုံးသပ္ေျပာၾကားသည္။ ျမန္မာႏိုင္ငံတြင္ (၂၀၂၁)ခုႏွစ္ ေဖေဖာ္ဝါရီ လ ေနာက္ပိုင္းမွစတင္ကာ လက္နက္ကိုင္အဖြဲ႕အစည္းေပါင္းမ်ားစြာ ေပၚေပါက္လာခဲ့ၿပီး ယင္းလက္နက္ ကိုင္အဖြဲ႕မ်ား အပါအဝင္ တိုင္းရင္းသားလက္နက္ ကိုင္အဖြဲ႕မ်ားႏွင့္ လက္ရွိနစကအစိုးရတို႔ၾကား တိုက္ပြဲပိုမိုျဖစ္ပြားကာ ၿမိဳ႕႐ြာအိုးအိမ္အမ်ားအျပား ပ်က္စီးဆုံးရႈံးေနလ်က္ရွိသည္။

လက္ရွိတြင္ နစကအစိုးရသည္ (၂၀၂၁) ခုႏွစ္ေနာက္ပိုင္းတြင္ ေပၚေပါက္လာခဲ့ေသာ PDF အဖြဲ႕မ်ားအပါအဝင္ တိုင္းရင္းသားလက္နက္ကိုင္ အဖြဲ႕အစည္းအားလုံးကို ေတြ႕ဆုံေဆြးေႏြးလိုေၾကာင္း တရားဝင္ေၾကညာကာ ဖိတ္ေခၚထားေသာ္လည္း ၿငိမ္းခ်မ္းေရးအတြက္ ထိေရာက္သည့္ေတြ႕ဆုံေဆြးေႏြးမႈ မ်ိဳးမျဖစ္ေပၚေသးေပ။

Related news

© 2021. All rights reserved.