အမ်းဒေသခံထောင်ပေါင်းများစွာ နေရပ်စွန့်ခွာစစ်ဘေးရှောင်နေရပြီး (၂)လအတွင်း အရပ်သား (၂၀ဝ) ကျော်ကို AA က ဖမ်းဆီး

 309

သန့်ဇင် (NP News) - ဒီဇင်ဘာ ၂

ရခိုင်ပြည်နယ် အမ်းမြို့တွင် ဒေသခံထောင်ပေါင်းများစွာ နေရပ်စွန့်ခွာစစ်ဘေးရှောင်နေရပြီး (၂)လ အတွင်း လူပေါင်း(၂၀ဝ)ကျော်ကို AA လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးထားကြောင်း အမ်းမြို့မှ နေရပ်စွန့်ခွာ တိမ်းရှောင်လာသူများထံမှ သိရသည်။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာ အမ်းမြို့ကိုပြီးခဲ့သည့် စက်တင်ဘာလကုန်ပိုင်းမှ စတင်ကာ AA လက်နက်ကိုင်ပူးပေါင်းအဖွဲ့က အင်အားအလုံးအရင်းသုံး၍ စတင်တိုက်ခိုက်ခဲ့ပြီး ယခုရက်ပိုင်းအတွင်း အမ်းမြို့နှင့်အနီးတစ်ဝိုက်တွင် တိုက်ပွဲများဆက်လက်ပြင်းထန်လာသောကြောင့် ဒေသခံ ပြည်သူများစွာ နေရပ်စွန့်ခွာစစ်ဘေးရှောင်နေရကြောင်း သိရသည်။

‘‘(၁၅)ရက်ကတည်းက မြို့ခံတွေအကုန် ထွက်ကုန်ပြီ။ အရင်ကတော့ မြို့ထဲကမထွက်ကြဘူး။ နောက်တော့ လက်နက်ကိုင်တွေက မြို့ထဲကိုဝင်လာတော့ ညကြီးတောင် အိမ်တွေအကုန်လုံးကိုလိုက် နှိုးပြီး ပြေးကြရတာတွေရှိတယ်။ ကျွန်တော်တို့ဆိုရင် အသက်တောင်မရှူရဲဘူး။ အခုအမ်းမှာဆိုရင် လက်နက်ကိုင်အဖွဲ့တွေက ပြည်မဘက်ကိုပြန်မှာဆိုရင် တွေ့ရင်ဖမ်းသွားတယ်။ ဟိုဘက်ကိုသွားမယ်ဆိုရင် အကုန်သွားဆိုပြီးခိုင်းတယ်”ဟု အမ်းမြို့ခံတစ်ဦးက NP News သို့ ပြောသည်။

ထို့ပြင် အမ်းမြို့နှင့်အနီးတစ်ဝိုက်ရှိကျေးရွာများမှ နေရပ်စွန့်ခွာစစ်ဘေးရှောင်သူများအတွင်း လူငယ်နှင့် လူလတ်ပိုင်းအရွယ်များပါရှိပါက AA ၏ အတင်းအဓမ္မတပ်သားစုဆောင်းခြင်းကိုလည်း ကြုံ တွေ့နေရကြောင်း အထက်ပါ ဒေသခံကဆိုပါသည်။

‘‘အမ်းမြို့မှာက နေလို့လည်းမရတော့ဘူး။ ရွာဘက်တွေမှာဆိုရင် လူငယ်ပိုင်းတွေ၊ ထွက်မပြေး တဲ့လူတွေကို ဖမ်းသွားတယ်။ အောက်ရွာမှာဆိုရင်လည်း ဖမ်းသွားတာရှိတယ်။ တချို့ဆိုရင် တောထဲမှာ ပုန်းနေရတယ်လို့တော့ ကြားတယ်။ တချို့နေရာတွေ ဆိုရွာတွေထဲကထွက်ခိုင်းတယ်။ မထွက်ဘူးဆိုရင် အဲဒီလက်ဝတ်လက်စားနဲ့ပဲ ခေါ်သွားခံ ရတာရှိတယ်။ တချို့ဆိုရင်လည်း ဖမ်းခေါ်သွားတာဘာမှယူခွင့်မ ပေးဘူး။ အဲဒီလိုမျိုးတွေဖြစ်တာပေါ့။ ဒေသခံတွေက တော်တော်ဒုက္ခရောက်နေတာ”ဟု ၎င်းက ဆက်ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာ (၁၆)ရက်ကလည်း အမ်း-ပဒါန်းလမ်းပေါ်ရှိ ခရီးသည်တင် မော် တော်ယာဉ်များကို AA အဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အမျိုးသား၊ အမျိုးသမီး စုစုပေါင်း(၃၈)ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း နစကမှ ထုတ်ပြန် ထားခဲ့ဖူးသည်။ ‘‘အမျိုးသမီးတွေတောင် အရင်တုန်းက အဖမ်းခံရတဲ့အထဲမှာ အများဆုံးပါတယ်။ အဲဒီတုန်းက ငွေတွေနဲ့ လက်ဝတ်လက်စားတွေ ပါသွားတယ်။ အဲဒီတုန်းကချင်း PDF ပါတယ်။ AA ပါတယ်။ ဒီဘက်ကနေ ကားကိုဖြတ်တားပြီးတော့ ခေါ်သွားတာ။ အဲဒီတုန်းက အသက်(၇၀)ကျော်ကြီး ပါသွားတယ်။ ကျွန်တော်ပြန်ကြားရတဲ့ သတင်းအရ တော့ အဲဒီအဘိုးက ခေါ်သွားခံရပြီးလမ်းမှာ သေသွားလို့ ချောက်ထဲကန်ချခံရတယ်လို့ကြားမိ တယ်။ အဲဒီတုန်းက ပိုက်ဆံထုပ်ကို တစ်ယောက် ကိုထမ်းခိုင်းတာ မနည်းထမ်းရတယ်လို့ကြားတယ်။ သိမ်းသွားတဲ့ဖုန်းတွေဆို ရင်လည်း အထုပ်လိုက် မနည်းထမ်းရတယ်ပြောတယ်။ အဲဒါတွေလည်း သိမ်းသွားတယ်”ဟု ဖမ်းဆီးခံရသူတစ်ဦး၏ မိသားစုဝင် နှင့်နီးစပ်သူတစ်ဦးက ပြောသည်။

ထို့ပြင် အောက်တိုဘာ(၂၀)ရက်က အမ်းဆရာတော် အရှင်မာဃိန္ဒကျောင်းထိုင်ခဲ့ရာ ဘုန်းကြီး ကျောင်းမှကိုရင်(၆)ပါးနှင့် အဆိုပါဘုန်းကြီးကျောင်းရှိ အမျိုးသား၊ အမျိုးသမီး(၄)ဦးထက်မနည်း ဖမ်းဆီး ခြင်းခံခဲ့ရ သည့်အပြင် နိုဝင်ဘာလ ပထမပတ်နှင့် ဒုတိယပတ်အတွင်း ဒေသခံ(၂၀ဝ)ကျော်ကို AA လက် နက်ကိုင်အဖွဲ့က ထပ်မံဖမ်းဆီးသွားခဲ့ကြောင်း အထက်ပါအမ်းမြို့ခံက ဆက်လက်ပြော သည်။

‘‘ကန်ကြီးရွာကဆိုရင် တစ်ရွာလုံးပဲ။ ထွက်ဖို့ပြောပြီး ဘယ်လမ်းကထွက်ပါလို့မပြောဘူး။ အဲဒီတော့ ကြောက်လန့်ပြီးတောထဲကထွက်တယ်။ အမ်းမြို့ဟောင်းကိုထွက်တယ်။ အဲဒီအချိန်မှာ လက်နက်ကိုင်တွေနဲ့တွေ့ပြီး ခေါ်သွားခံရတယ်။ ဖုန်းတွေလည်း သိမ်းသွားတယ်။ အဲဒီမှာ (၂၀ဝ) ကျော်လောက် ရှိတယ်။ သူတို့အဖမ်းခံရတာ ကန်ကြီးဘက်က အဖမ်းခံရတာက နိုဝင်ဘာ(၁၀)ရက်၊ (၁၁)ရက်လောက်ကပါ။ သူတို့ကဖမ်းခေါ်သွားပြီး လူငယ်ပိုင်းတွေဆိုရင် တိုက်ခိုင်းတယ်။ တကယ်တော့ အဲဒီလိုသုံးကြတယ်။ တချို့ကို သူတို့ကသင်တန်းပေးပြီး သူတို့စစ်စခန်း မှာထားတယ်”ဟု ၎င်းပြောသည်။

zawgyi version
အမ္းေဒသခံေထာင္ေပါင္းမ်ားစြာ ေနရပ္စြန႔္ခြာစစ္ေဘးေရွာင္ေနရၿပီး (၂)လအတြင္း အရပ္သား(၂၀ဝ) ေက်ာ္ကို AA က ဖမ္းဆီး
သန႔္ဇင္ (NP News) - ဒီဇင္ဘာ ၂

ရခိုင္ျပည္နယ္ အမ္းၿမိဳ႕တြင္ ေဒသခံေထာင္ေပါင္းမ်ားစြာ ေနရပ္စြန႔္ခြာစစ္ေဘးေရွာင္ေနရၿပီး (၂)လ အတြင္း လူေပါင္း(၂၀ဝ)ေက်ာ္ကို AA လက္နက္ကိုင္အဖြဲ႕က ဖမ္းဆီးထားေၾကာင္း အမ္းၿမိဳ႕မွ ေနရပ္စြန႔္ခြာ တိမ္းေရွာင္လာသူမ်ားထံမွ သိရသည္။

အေနာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ရွိရာ အမ္းၿမိဳ႕ကိုၿပီးခဲ့သည့္ စက္တင္ဘာလကုန္ပိုင္းမွ စတင္ကာ AA လက္နက္ကိုင္ပူးေပါင္းအဖြဲ႕က အင္အားအလုံးအရင္းသုံး၍ စတင္တိုက္ခိုက္ခဲ့ၿပီး ယခုရက္ပိုင္းအတြင္း အမ္းၿမိဳ႕ႏွင့္အနီးတစ္ဝိုက္တြင္ တိုက္ပြဲမ်ားဆက္လက္ျပင္းထန္လာေသာေၾကာင့္ ေဒသခံ ျပည္သူမ်ားစြာ ေနရပ္စြန႔္ခြာစစ္ေဘးေရွာင္ေနရေၾကာင္း သိရသည္။

‘‘(၁၅)ရက္ကတည္းက ၿမိဳ႕ခံေတြအကုန္ ထြက္ကုန္ၿပီ။ အရင္ကေတာ့ ၿမိဳ႕ထဲကမထြက္ၾကဘူး။ ေနာက္ေတာ့ လက္နက္ကိုင္ေတြက ၿမိဳ႕ထဲကိုဝင္လာေတာ့ ညႀကီးေတာင္ အိမ္ေတြအကုန္လုံးကိုလိုက္ ႏႈိးၿပီး ေျပးၾကရတာေတြရွိတယ္။ ကြၽန္ေတာ္တို႔ဆိုရင္ အသက္ေတာင္မရႉရဲဘူး။ အခုအမ္းမွာဆိုရင္ လက္နက္ကိုင္အဖြဲ႕ေတြက ျပည္မဘက္ကိုျပန္မွာဆိုရင္ ေတြ႕ရင္ဖမ္းသြားတယ္။ ဟိုဘက္ကိုသြားမယ္ဆိုရင္ အကုန္သြားဆိုၿပီးခိုင္းတယ္”ဟု အမ္းၿမိဳ႕ခံတစ္ဦးက NP News သို႔ ေျပာသည္။

ထို႔ျပင္ အမ္းၿမိဳ႕ႏွင့္အနီးတစ္ဝိုက္ရွိေက်း႐ြာမ်ားမွ ေနရပ္စြန႔္ခြာစစ္ေဘးေရွာင္သူမ်ားအတြင္း လူငယ္ႏွင့္ လူလတ္ပိုင္းအ႐ြယ္မ်ားပါရွိပါက AA ၏ အတင္းအဓမၼတပ္သားစုေဆာင္းျခင္းကိုလည္း ႀကဳံ ေတြ႕ေနရေၾကာင္း အထက္ပါ ေဒသခံကဆိုပါသည္။

‘‘အမ္းၿမိဳ႕မွာက ေနလို႔လည္းမရေတာ့ဘူး။ ႐ြာဘက္ေတြမွာဆိုရင္ လူငယ္ပိုင္းေတြ၊ ထြက္မေျပး တဲ့လူေတြကို ဖမ္းသြားတယ္။ ေအာက္႐ြာမွာဆိုရင္လည္း ဖမ္းသြားတာရွိတယ္။ တခ်ိဳ႕ဆိုရင္ ေတာထဲမွာ ပုန္းေနရတယ္လို႔ေတာ့ ၾကားတယ္။ တခ်ိဳ႕ေနရာေတြ ဆို႐ြာေတြထဲကထြက္ခိုင္းတယ္။ မထြက္ဘူးဆိုရင္ အဲဒီလက္ဝတ္လက္စားနဲ႔ပဲ ေခၚသြားခံ ရတာရွိတယ္။ တခ်ိဳ႕ဆိုရင္လည္း ဖမ္းေခၚသြားတာဘာမွယူခြင့္မ ေပးဘူး။ အဲဒီလိုမ်ိဳးေတြျဖစ္တာေပါ့။ ေဒသခံေတြက ေတာ္ေတာ္ဒုကၡေရာက္ေနတာ”ဟု ၎က ဆက္ေျပာသည္။

ၿပီးခဲ့သည့္ ေအာက္တိုဘာ (၁၆)ရက္ကလည္း အမ္း-ပဒါန္းလမ္းေပၚရွိ ခရီးသည္တင္ ေမာ္ ေတာ္ယာဥ္မ်ားကို AA အဖြဲ႕က ပစ္ခတ္တိုက္ခိုက္ခဲ့ၿပီး အမ်ိဳးသား၊ အမ်ိဳးသမီး စုစုေပါင္း(၃၈)ဦးကို ဖမ္းဆီးေခၚေဆာင္သြားခဲ့ေၾကာင္း နစကမွ ထုတ္ျပန္ ထားခဲ့ဖူးသည္။ ‘‘အမ်ိဳးသမီးေတြေတာင္ အရင္တုန္းက အဖမ္းခံရတဲ့အထဲမွာ အမ်ားဆုံးပါတယ္။ အဲဒီတုန္းက ေငြေတြနဲ႔ လက္ဝတ္လက္စားေတြ ပါသြားတယ္။ အဲဒီတုန္းကခ်င္း PDF ပါတယ္။ AA ပါတယ္။ ဒီဘက္ကေန ကားကိုျဖတ္တားၿပီးေတာ့ ေခၚသြားတာ။ အဲဒီတုန္းက အသက္(၇၀)ေက်ာ္ႀကီး ပါသြားတယ္။ ကြၽန္ေတာ္ျပန္ၾကားရတဲ့ သတင္းအရ ေတာ့ အဲဒီအဘိုးက ေခၚသြားခံရၿပီးလမ္းမွာ ေသသြားလို႔ ေခ်ာက္ထဲကန္ခ်ခံရတယ္လို႔ၾကားမိ တယ္။ အဲဒီတုန္းက ပိုက္ဆံထုပ္ကို တစ္ေယာက္ ကိုထမ္းခိုင္းတာ မနည္းထမ္းရတယ္လို႔ၾကားတယ္။ သိမ္းသြားတဲ့ဖုန္းေတြဆို ရင္လည္း အထုပ္လိုက္ မနည္းထမ္းရတယ္ေျပာတယ္။ အဲဒါေတြလည္း သိမ္းသြားတယ္”ဟု ဖမ္းဆီးခံရသူတစ္ဦး၏ မိသားစုဝင္ ႏွင့္နီးစပ္သူတစ္ဦးက ေျပာသည္။

ထို႔ျပင္ ေအာက္တိုဘာ(၂၀)ရက္က အမ္းဆရာေတာ္ အရွင္မာဃိႏၵေက်ာင္းထိုင္ခဲ့ရာ ဘုန္းႀကီး ေက်ာင္းမွကိုရင္(၆)ပါးႏွင့္ အဆိုပါဘုန္းႀကီးေက်ာင္းရွိ အမ်ိဳးသား၊ အမ်ိဳးသမီး(၄)ဦးထက္မနည္း ဖမ္းဆီး ျခင္းခံခဲ့ရ သည့္အျပင္ ႏိုဝင္ဘာလ ပထမပတ္ႏွင့္ ဒုတိယပတ္အတြင္း ေဒသခံ(၂၀ဝ)ေက်ာ္ကို AA လက္ နက္ကိုင္အဖြဲ႕က ထပ္မံဖမ္းဆီးသြားခဲ့ေၾကာင္း အထက္ပါအမ္းၿမိဳ႕ခံက ဆက္လက္ေျပာ သည္။

‘‘ကန္ႀကီး႐ြာကဆိုရင္ တစ္႐ြာလုံးပဲ။ ထြက္ဖို႔ေျပာၿပီး ဘယ္လမ္းကထြက္ပါလို႔မေျပာဘူး။ အဲဒီေတာ့ ေၾကာက္လန႔္ၿပီးေတာထဲကထြက္တယ္။ အမ္းၿမိဳ႕ေဟာင္းကိုထြက္တယ္။ အဲဒီအခ်ိန္မွာ လက္နက္ကိုင္ေတြနဲ႔ေတြ႕ၿပီး ေခၚသြားခံရတယ္။ ဖုန္းေတြလည္း သိမ္းသြားတယ္။ အဲဒီမွာ (၂၀ဝ) ေက်ာ္ေလာက္ ရွိတယ္။ သူတို႔အဖမ္းခံရတာ ကန္ႀကီးဘက္က အဖမ္းခံရတာက ႏိုဝင္ဘာ(၁၀)ရက္၊ (၁၁)ရက္ေလာက္ကပါ။ သူတို႔ကဖမ္းေခၚသြားၿပီး လူငယ္ပိုင္းေတြဆိုရင္ တိုက္ခိုင္းတယ္။ တကယ္ေတာ့ အဲဒီလိုသုံးၾကတယ္။ တခ်ိဳ႕ကို သူတို႔ကသင္တန္းေပးၿပီး သူတို႔စစ္စခန္း မွာထားတယ္”ဟု ၎ေျပာသည္။

Related news

© 2021. All rights reserved.