ဖျာပုံမြစ်ဝတွင် လှေသား(၁၉)ဦး လိုက်ပါလာသော ငါးဖမ်းစက်လှေတစ်စင်း သောင်တင်ခဲ့ရာ လုံခြုံ ရေးတပ်ဖွဲ့က သွားရောက်ကူညီခဲ့

 196

ချယ်ရီ (NP News)- ဒီဇင်ဘာ ၂

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြစ်ဝတွင် လှေသား(၁၉)ဦးလိုက်ပါလာသော ငါးဖမ်းစက်လှေတစ်စင်း သောင်တင်ခဲ့ရာ လုံခြုံရေးတပ်ဖွဲ့က သွားရောက်ကူညီခဲ့ကြောင်း နစက၏ ထုတ်ပြန်ချက်အရ သိရသည်။

ဖြစ်စဉ်မှာ ပြီးခဲ့သည့် (နိုဝင်ဘာလ ၂၉ ရက်)၊ ည ၈ နာရီ ၁၅ မိနစ်အချိန်ခန့်က ဖျာပုံမြို့နယ်၊ ဖျာပုံမြစ်ဝ၏ အနောက်တောင်ဘက် (၂၅) မိုင်ခန့်အကွာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ ငါးဖမ်းလှေမှာ ဖျာပုံမြို့မှရန်ကုန်သို့ထွက်ခွာလာသော လှေသား(၁၉)ဦးပါ မြမျိုးလွင်(၉) အမည်ရှိ ဒရွတ်ဆွဲငါးဖမ်းလှေ အမျိုးအစားဖြစ်ပြီး ရေပြင်အတွင်း ရုတ်တရက် လှိုင်းလေပြင်းထန်ကာ သောင်တင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့နောက် အမြန်သွားကင်းလှည့် ရေယာဉ်မှ လုံခြုံရေးတပ်ဖွဲ့ဝင်များက အဆိုပါ ငါးဖမ်းလှေ သောင် တင်၍ ရေဝင်နစ်မြုပ်နေကြောင်း သတင်းရရှိသဖြင့် သွားရောက်ကူညီခဲ့ရာ လှေ၏ဝမ်းဗိုက်အတွင်း ရေများဝင်ရောက်၍ လှေတစ်ဝက်မှာ နစ်မြုပ်နေသောကြောင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များက ကယ်ဆယ်ရရှိသော လှေသားများကို ကူညီပေးခဲ့ပြီး နိုဝင်ဘာလ (၃၀) ရက်၊ ည ၈ နာရီခန့်တွင် ကယ်ဆယ်ထားသော လှေသားများကို လှေပိုင်ရှင်ထံသို့ လွှဲပြောင်းအပ်နှံ ပေးခဲ့ကြောင်း နစက၏ ထုတ်ပြန်ထားချက်အရ သိရသည်။

zawgyi version
ဖ်ာပုံျမစ္ဝတြင္ ေလွသား(၁၉)ဦး လိုက္ပါလာေသာ ငါးဖမ္းစက္ေလွတစ္စင္း ေသာင္တင္ခဲ့ရာ လုံၿခဳံ ေရးတပ္ဖြဲ႕က သြားေရာက္ကူညီခဲ့
ခ်ယ္ရီ (NP News)- ဒီဇင္ဘာ ၂

ဧရာဝတီတိုင္းေဒသႀကီး၊ ဖ်ာပုံျမစ္ဝတြင္ ေလွသား(၁၉)ဦးလိုက္ပါလာေသာ ငါးဖမ္းစက္ေလွတစ္စင္း ေသာင္တင္ခဲ့ရာ လုံၿခဳံေရးတပ္ဖြဲ႕က သြားေရာက္ကူညီခဲ့ေၾကာင္း နစက၏ ထုတ္ျပန္ခ်က္အရ သိရသည္။

ျဖစ္စဥ္မွာ ၿပီးခဲ့သည့္ (ႏိုဝင္ဘာလ ၂၉ ရက္)၊ ည ၈ နာရီ ၁၅ မိနစ္အခ်ိန္ခန႔္က ဖ်ာပုံၿမိဳ႕နယ္၊ ဖ်ာပုံျမစ္ဝ၏ အေနာက္ေတာင္ဘက္ (၂၅) မိုင္ခန႔္အကြာတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ အဆိုပါ ငါးဖမ္းေလွမွာ ဖ်ာပုံၿမိဳ႕မွရန္ကုန္သို႔ထြက္ခြာလာေသာ ေလွသား(၁၉)ဦးပါ ျမမ်ိဳးလြင္(၉) အမည္ရွိ ဒ႐ြတ္ဆြဲငါးဖမ္းေလွ အမ်ိဳးအစားျဖစ္ၿပီး ေရျပင္အတြင္း ႐ုတ္တရက္ လႈိင္းေလျပင္းထန္ကာ ေသာင္တင္မႈျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ထို႔ေနာက္ အျမန္သြားကင္းလွည့္ ေရယာဥ္မွ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက အဆိုပါ ငါးဖမ္းေလွ ေသာင္ တင္၍ ေရဝင္နစ္ျမဳပ္ေနေၾကာင္း သတင္းရရွိသျဖင့္ သြားေရာက္ကူညီခဲ့ရာ ေလွ၏ဝမ္းဗိုက္အတြင္း ေရမ်ားဝင္ေရာက္၍ ေလွတစ္ဝက္မွာ နစ္ျမဳပ္ေနေသာေၾကာင့္ ရွာေဖြကယ္ဆယ္ေရးလုပ္ငန္းမ်ား ေဆာင္႐ြက္ခဲ့ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။

လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက ကယ္ဆယ္ရရွိေသာ ေလွသားမ်ားကို ကူညီေပးခဲ့ၿပီး ႏိုဝင္ဘာလ (၃၀) ရက္၊ ည ၈ နာရီခန႔္တြင္ ကယ္ဆယ္ထားေသာ ေလွသားမ်ားကို ေလွပိုင္ရွင္ထံသို႔ လႊဲေျပာင္းအပ္ႏွံ ေပးခဲ့ေၾကာင္း နစက၏ ထုတ္ျပန္ထားခ်က္အရ သိရသည္။

Related news

© 2021. All rights reserved.