တာချီလိတ်မြို့တွင် လုံခြုံရေးနှင့်အုပ်ချုပ်ရေးပိုင်းတာဝန်ရှိသူများ အယောင်ဆောင်ကာ ဖုန်းနှင့်ငွေကြေး ခြောက်လှန့်တောင်းခံသူ(၈)ဦးကို ဖမ်းဆီးရမိ

 134

နာမူ (NP News) - ဒီဇင်ဘာ ၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တာချီလိတ်မြို့တွင် လုံခြုံရေးနှင့် အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူများအယောင်ဆောင်ကာ ဖုန်းနှင့်ငွေကြေးခြောက်လှန့်တောင်းခံသူ (၈)ဦးကို သက်သေနှင့်တကွ ဖမ်းဆီးရမိခဲ့ကြောင်း နစက၏ ထုတ်ပြန်ချက်အရ သိရသည်။

ထုတ်ပြန်ချက်အရ တာချီလိတ်မြို့ရှိ မြို့ပေါ်ရပ်ကွက်များတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများ အယောင်ဆောင်ကာ နေအိမ်များအတွင်းသို့ ဝင်ရောက်၍ ဖုန်းနှင့် ငွေကြေးများ ခြောက်လှန့်တောင်းယူမှုများရှိကြောင်း တိုင်ကြားမှုများရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းစောင့်ကြည့်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ စုံစမ်းစောင့်ကြည့်ရာမှ ပြီးခဲ့သည့် နိုဝင်ဘာလ ၃၀ ရက်၊ နံနက်ပိုင်းက ကျူးလွန်သူများဖြစ်ကြသည့် တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်နေ ဇော်ဖြိုးလွင်(ခ) တာလေ(၂၈)နှစ်နှင့် သီဟ (၄၄) နှစ်၊ မကာဟိုခမ်းရပ်ကွက်နေ မိုးနှင်းလျှံ(ခ) ဘဦး (၃၀) နှစ်နှင့် မျိုးဦး(ခ) ဝေယံ (၃၁) နှစ်၊ ရန်အောင်မြေရပ်ကွက်နေ သိန်းထိုက်အောင်(ခ) အရှည်ကြီး (၂၇) နှစ်နှင့် ဝင်းသက်အောင် (ခ) ဝင်းမင်းသန့် (၃၄) နှစ်၊ မယ်ခေါင်ရပ်ကွက်နေ ခင်မောင်ထိုက်(ခ) ကုလား (၂၅) နှစ်၊ ဝမ်ကောင်းရပ်ကွက်နေ မျိုးမင်းထက်(၂၈) နှစ်တို့ကို ၎င်းတို့နေအိမ် အသီးသီးတွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

၎င်းတို့နေအိမ်များမှ ခြောက်လှန့်တောင်းယူမှုများလုပ်ဆောင်ရာတွင် အသုံးပြုသည့် Alphard အမျိုးအစား အဖြူရောင် မော်တော်ယာဉ် တစ်စီး၊ M 16 ပုံစံတူ (လေသေနတ်) တစ်လက်၊ ပစ္စတိုသေနတ်အတို (လေသေနတ်) တစ်လက်၊ ပြောက်ကြားဦးထုပ် (၁) လုံး၊ ပြောက်ကြား ယူနီဖောင်း (၂) စုံတို့ကိုလည်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

စစ်ဆေးပေါ်ပေါက်ချက်အရ ယခုနှစ် စက်တင်ဘာလအတွင်း တာချီလိတ်မြို့ ၊ ဝမ်ကောင်းရပ်ကွက်ရှိ အငှားနေအိမ်လိုင်းခန်းတစ်ခုမှ ဇော်ဖြိုးလွင် (ခ) တာလေ၊ သိန်းထိုက်အောင်(ခ) အရှည်ကြီး၊ သီဟနှင့် မဲကြီး (ဖမ်းဆီးရန်ကျန်)တို့ (၄) ဦးက ဖုန်း (၂) လုံးနှင့် ထိုင်းဘတ်ငွေ (၂၀၀၀၀) ခန့်အားလည်းကောင်း၊ အောက်တိုဘာလအတွင်း ရန်အောင်မြေရပ်ကွက်ရှိ နေအိမ်တစ်အိမ်မှ ဇော်ဖြိုးလွင် (ခ) တာလေ၊ သိန်းထိုက်အောင်(ခ) အရှည်ကြီး၊ မိုးနှင်းလျှံ(ခ) ဘဦး၊ မျိုးမင်းထက်၊ မျိုးဦး(ခ) ဝေယံနှင့် မဲကြီး(ဖမ်းဆီးရန်ကျန်) တို့ (၆)ဦးက ဖုန်း (၆) လုံးနှင့် ထိုင်းဘတ်ငွေ (၂၀၀၀၀) ခန့်အားလည်း ကောင်း၊ ဆေးခမ်းရပ်ကွက်ရှိ နေအိမ်တစ်အိမ်မှ ဖုန်း (၇) လုံးနှင့် ထိုင်းဘတ်ငွေ (၁၄၀၀၀) ခန့်အားလည်းကောင်း၊ ဝိန်းကျောက်ရပ်ကွက်ရှိ နေအိမ်တစ်အိမ်မှ ဇော်ဖြိုးလွင်(ခ) တာလေ၊ မိုးနှင်းလျှံ(ခ) ဘဦး၊ ဝင်းသက်အောင်(ခ) ဝင်းမင်းသန့်နှင့် မဲကြီး(ဖမ်းဆီးရန်ကျန်) တို့ (၄)ဦးက ဖုန်း(၅)လုံးနှင့် ထိုင်းဘတ်ငွေ (၇၀၀၀) ခန့်အားလည်းကောင်း၊ နိုဝင်ဘာလအတွင်း ဝိန်းကျောက်ရပ်ကွက်ရှိ နေအိမ်တစ်အိမ်မှ ဇော်ဖြိုးလွင်(ခ) တာလေ၊ သိန်းထိုက်အောင်(ခ) အရှည်ကြီး၊ သီဟနှင့် ခင်မောင်ထိုက် (ခ)ကုလားတို့ (၄)ဦးက ဖုန်း (၄) လုံးနှင့် ထိုင်းဘတ်ငွေ (၁၂၀၀၀) ခန့်အားလည်းကောင်း လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများ အယောင်ဆောင်ကာ ခြောက်လှန့်တောင်းယူခဲ့ကြောင်း သိရသည်။

ထို့သို့ အယောင်ဆောင်ခြောက်လှန့်တောင်းယူရာတွင် ဇော်ဖြိုးလွင်(ခ) တာလေ၊ သိန်းထိုက်အောင်(ခ) အရှည်ကြီးနှင့် မဲကြီး (ဖမ်းဆီးရန်ကျန်) တို့က လုံခြုံရေးတပ်ဖွဲ့ယူနီဖောင်းများဝတ်ဆင်ပြီး ကျန် ကျူးလွန်သူ(၆) ဦးက အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများ ဟန်ဆောင်ကာ M16 ပုံစံတူ (လေသေနတ်) တစ်လက်၊ ပစ္စတို သေနတ် (လေသေနတ်) တစ်လက်နှင့်အတူ ဝင်းသက်အောင် ပိုင်ဆိုင်သည့် Alphard အမျိုးအစား အဖြူရောင်မော်တော်ယာဉ်တို့ ကို အသုံးပြု၍ လုံခြုံရေးအရ ဧည့်စာရင်းစစ်မည်ဖြစ်ကြောင်း အကြောင်းပြကာ ခြောက်လှန့်တောင်းယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကျူးလွန်သူများက စုစုပေါင်း ဖုန်း(၂၄) လုံးနှင့် ထိုင်းဘတ်ငွေ (၇၃၀၀၀) တို့ကို ခြောက်လှန့်တောင်းယူခဲ့ပြီး လက်ရှိတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ၎င်းတို့ခြောက်လှန့်တောင်းယူရရှိခဲ့သည့် လက်ကိုင်ဖုန်းများနှင့် ငွေကြေးများအား သိမ်းဆည်းရမိနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဖမ်းဆီးရမိထားသည့် ကျူးလွန်သူ ဇော်ဖြိုးလွင်(ခ) တာလေပါ (၈) ဦးတို့ကိုလည်း သက်ဆိုင်ရာရဲစခန်းများ၌ ပြစ်မှုတစ်ခုချင်းစီအလိုက် အမှုအသီးသီး ရေးဖွင့်ထားကြောင်း သိရပြီး ထွက်ပြေးတိမ်းရှောင်နေသည့် မဲကြီးအားလည်း အမြန်ဆုံး ဖမ်းဆီးရမိရေးဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

zawgyi version
တာခ်ီလိတ္ၿမိဳ႕တြင္ လုံၿခဳံေရးႏွင့္အုပ္ခ်ဳပ္ေရးပိုင္းတာဝန္ရွိသူမ်ား အေယာင္ေဆာင္ကာ ဖုန္းႏွင့္ေငြေၾကး ေျခာက္လွန႔္ေတာင္းခံသူ(၈)ဦးကို ဖမ္းဆီးရမိ
နာမူ (NP News) - ဒီဇင္ဘာ ၂

ရွမ္းျပည္နယ္(ေတာင္ပိုင္း)၊ တာခ်ီလိတ္ၿမိဳ႕တြင္ လုံၿခဳံေရးႏွင့္ အုပ္ခ်ဳပ္ေရးပိုင္း တာဝန္ရွိသူမ်ားအေယာင္ေဆာင္ကာ ဖုန္းႏွင့္ေငြေၾကးေျခာက္လွန႔္ေတာင္းခံသူ (၈)ဦးကို သက္ေသႏွင့္တကြ ဖမ္းဆီးရမိခဲ့ေၾကာင္း နစက၏ ထုတ္ျပန္ခ်က္အရ သိရသည္။

ထုတ္ျပန္ခ်က္အရ တာခ်ီလိတ္ၿမိဳ႕ရွိ ၿမိဳ႕ေပၚရပ္ကြက္မ်ားတြင္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားႏွင့္ အုပ္ခ်ဳပ္ေရးပိုင္းဆိုင္ရာ တာဝန္ရွိသူမ်ား အေယာင္ေဆာင္ကာ ေနအိမ္မ်ားအတြင္းသို႔ ဝင္ေရာက္၍ ဖုန္းႏွင့္ ေငြေၾကးမ်ား ေျခာက္လွန႔္ေတာင္းယူမႈမ်ားရွိေၾကာင္း တိုင္ၾကားမႈမ်ားရွိသျဖင့္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက စုံစမ္းေစာင့္ၾကည့္မႈမ်ား ျပဳလုပ္ခဲ့ေၾကာင္း သိရသည္။

ထိုသို႔ စုံစမ္းေစာင့္ၾကည့္ရာမွ ၿပီးခဲ့သည့္ ႏိုဝင္ဘာလ ၃၀ ရက္၊ နံနက္ပိုင္းက က်ဴးလြန္သူမ်ားျဖစ္ၾကသည့္ တာခ်ီလိတ္ၿမိဳ႕၊ ဝိန္းေက်ာက္ရပ္ကြက္ေန ေဇာ္ၿဖိဳးလြင္(ခ) တာေလ(၂၈)ႏွစ္ႏွင့္ သီဟ (၄၄) ႏွစ္၊ မကာဟိုခမ္းရပ္ကြက္ေန မိုးႏွင္းလွ်ံ(ခ) ဘဦး (၃၀) ႏွစ္ႏွင့္ မ်ိဳးဦး(ခ) ေဝယံ (၃၁) ႏွစ္၊ ရန္ေအာင္ေျမရပ္ကြက္ေန သိန္းထိုက္ေအာင္(ခ) အရွည္ႀကီး (၂၇) ႏွစ္ႏွင့္ ဝင္းသက္ေအာင္ (ခ) ဝင္းမင္းသန႔္ (၃၄) ႏွစ္၊ မယ္ေခါင္ရပ္ကြက္ေန ခင္ေမာင္ထိုက္(ခ) ကုလား (၂၅) ႏွစ္၊ ဝမ္ေကာင္းရပ္ကြက္ေန မ်ိဳးမင္းထက္(၂၈) ႏွစ္တို႔ကို ၎တို႔ေနအိမ္ အသီးသီးတြင္ ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။

၎တို႔ေနအိမ္မ်ားမွ ေျခာက္လွန႔္ေတာင္းယူမႈမ်ားလုပ္ေဆာင္ရာတြင္ အသုံးျပဳသည့္ Alphard အမ်ိဳးအစား အျဖဴေရာင္ ေမာ္ေတာ္ယာဥ္ တစ္စီး၊ M 16 ပုံစံတူ (ေလေသနတ္) တစ္လက္၊ ပစၥတိုေသနတ္အတို (ေလေသနတ္) တစ္လက္၊ ေျပာက္ၾကားဦးထုပ္ (၁) လုံး၊ ေျပာက္ၾကား ယူနီေဖာင္း (၂) စုံတို႔ကိုလည္း ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။

စစ္ေဆးေပၚေပါက္ခ်က္အရ ယခုႏွစ္ စက္တင္ဘာလအတြင္း တာခ်ီလိတ္ၿမိဳ႕ ၊ ဝမ္ေကာင္းရပ္ကြက္ရွိ အငွားေနအိမ္လိုင္းခန္းတစ္ခုမွ ေဇာ္ၿဖိဳးလြင္ (ခ) တာေလ၊ သိန္းထိုက္ေအာင္(ခ) အရွည္ႀကီး၊ သီဟႏွင့္ မဲႀကီး (ဖမ္းဆီးရန္က်န္)တို႔ (၄) ဦးက ဖုန္း (၂) လုံးႏွင့္ ထိုင္းဘတ္ေငြ (၂၀၀၀၀) ခန႔္အားလည္းေကာင္း၊ ေအာက္တိုဘာလအတြင္း ရန္ေအာင္ေျမရပ္ကြက္ရွိ ေနအိမ္တစ္အိမ္မွ ေဇာ္ၿဖိဳးလြင္ (ခ) တာေလ၊ သိန္းထိုက္ေအာင္(ခ) အရွည္ႀကီး၊ မိုးႏွင္းလွ်ံ(ခ) ဘဦး၊ မ်ိဳးမင္းထက္၊ မ်ိဳးဦး(ခ) ေဝယံႏွင့္ မဲႀကီး(ဖမ္းဆီးရန္က်န္) တို႔ (၆)ဦးက ဖုန္း (၆) လုံးႏွင့္ ထိုင္းဘတ္ေငြ (၂၀၀၀၀) ခန႔္အားလည္း ေကာင္း၊ ေဆးခမ္းရပ္ကြက္ရွိ ေနအိမ္တစ္အိမ္မွ ဖုန္း (၇) လုံးႏွင့္ ထိုင္းဘတ္ေငြ (၁၄၀၀၀) ခန္႔အားလည္းေကာင္း၊ ဝိန္းေက်ာက္ရပ္ကြက္ရွိ ေနအိမ္တစ္အိမ္မွ ေဇာ္ၿဖိဳးလြင္(ခ) တာေလ၊ မိုးႏွင္းလွ်ံ(ခ) ဘဦး၊ ဝင္းသက္ေအာင္(ခ) ဝင္းမင္းသန႔္ႏွင့္ မဲႀကီး(ဖမ္းဆီးရန္က်န္) တို႔ (၄)ဦးက ဖုန္း(၅)လုံးႏွင့္ ထိုင္းဘတ္ေငြ (၇၀၀၀) ခန႔္အားလည္းေကာင္း၊ ႏိုဝင္ဘာလအတြင္း ဝိန္းေက်ာက္ရပ္ကြက္ရွိ ေနအိမ္တစ္အိမ္မွ ေဇာ္ၿဖိဳးလြင္(ခ) တာေလ၊ သိန္းထိုက္ေအာင္(ခ) အရွည္ႀကီး၊ သီဟႏွင့္ ခင္ေမာင္ထိုက္ (ခ)ကုလားတို႔ (၄)ဦးက ဖုန္း (၄) လုံးႏွင့္ ထိုင္းဘတ္ေငြ (၁၂၀၀၀) ခန႔္အားလည္းေကာင္း လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားႏွင့္ အုပ္ခ်ဳပ္ေရးပိုင္းဆိုင္ရာ တာဝန္ရွိသူမ်ား အေယာင္ေဆာင္ကာ ေျခာက္လွန္႔ေတာင္းယူခဲ့ေၾကာင္း သိရသည္။

ထို႔သို႔ အေယာင္ေဆာင္ေျခာက္လွန႔္ေတာင္းယူရာတြင္ ေဇာ္ၿဖိဳးလြင္(ခ) တာေလ၊ သိန္းထိုက္ေအာင္(ခ) အရွည္ႀကီးႏွင့္ မဲႀကီး (ဖမ္းဆီးရန္က်န္) တို႔က လုံၿခဳံေရးတပ္ဖြဲ႕ယူနီေဖာင္းမ်ားဝတ္ဆင္ၿပီး က်န္ က်ဴးလြန္သူ(၆) ဦးက အုပ္ခ်ဳပ္ေရးပိုင္းဆိုင္ရာ တာဝန္ရွိသူမ်ား ဟန္ေဆာင္ကာ M16 ပုံစံတူ (ေလေသနတ္) တစ္လက္၊ ပစၥတို ေသနတ္ (ေလေသနတ္) တစ္လက္ႏွင့္အတူ ဝင္းသက္ေအာင္ ပိုင္ဆိုင္သည့္ Alphard အမ်ိဳးအစား အျဖဴေရာင္ေမာ္ေတာ္ယာဥ္တို႔ ကို အသုံးျပဳ၍ လုံၿခဳံေရးအရ ဧည့္စာရင္းစစ္မည္ျဖစ္ေၾကာင္း အေၾကာင္းျပကာ ေျခာက္လွန႔္ေတာင္းယူခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

က်ဴးလြန္သူမ်ားက စုစုေပါင္း ဖုန္း(၂၄) လုံးႏွင့္ ထိုင္းဘတ္ေငြ (၇၃၀၀၀) တို႔ကို ေျခာက္လွန႔္ေတာင္းယူခဲ့ၿပီး လက္ရွိတြင္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားမွ ၎တို႔ေျခာက္လွန႔္ေတာင္းယူရရွိခဲ့သည့္ လက္ကိုင္ဖုန္းမ်ားႏွင့္ ေငြေၾကးမ်ားအား သိမ္းဆည္းရမိႏိုင္ေရး ဆက္လက္ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။
ဖမ္းဆီးရမိထားသည့္ က်ဴးလြန္သူ ေဇာ္ၿဖိဳးလြင္(ခ) တာေလပါ (၈) ဦးတို႔ကိုလည္း သက္ဆိုင္ရာရဲစခန္းမ်ား၌ ျပစ္မႈတစ္ခုခ်င္းစီအလိုက္ အမႈအသီးသီး ေရးဖြင့္ထားေၾကာင္း သိရၿပီး ထြက္ေျပးတိမ္းေရွာင္ေနသည့္ မဲႀကီးအားလည္း အျမန္ဆုံး ဖမ္းဆီးရမိေရးဆက္လက္ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.