နေပြည်တော်တွင် (၁၁) ကြိမ်မြောက် သူရဲကောင်းစစ်သည်များအား အောက်မေ့ဖွယ်ဂါရဝပြုဆုတောင်းပွဲ နှင့် အလေးပြုအခမ်းအနား ကျင်းပ
146
NP News - ဒီဇင်ဘာ ၂
နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်တွင် တိုင်းပြည်တာဝန်ထမ်းဆောင်စဉ် အသက်ပေးလှူသွားခဲ့သည့် ခေတ်အဆက်ဆက်မှ သူရဲကောင်းစစ်သည်များအား အောက်မေ့ဖွယ်ဂါရဝပြုဆုတောင်းပွဲ နှင့် အလေးပြုအခမ်းအနားကို (၁၁) ကြိမ်မြောက်အဖြစ် ကျင်းပခဲ့ကြောင်း နစက၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါအခမ်းအနားကို ယမန်နေ့(ဒီဇင်ဘာ ၁ရက်)၊ နံနက်ပိုင်းက ဇေယျာသီရိမြို့နယ်ရှိ သူရဲကောင်းဗိမာန်(နေပြည်တော်)၌ ကျင်းပပြုလုပ်ခဲ့ပြီး ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီးဖုန်းမြတ်၊ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး စိုးမင်းဦးနှင့် တပ်မတော်အရာရှိကြီးများတက်ရောက်ခဲ့ကြောင်း သိရသည်။
ထို့ပြင် တိုင်းပြည်အတွက်အသက်ပေးခဲ့ရသည့် သူရဲကောင်းစစ်သည်များအား ရည်စူး၍ ဝမ်းနည်းခြင်းအထိမ်းအမှတ် ၂ မိနစ်ငြိမ်သက်ခြင်း၊ သူရဲကောင်းစစ်သည်များ မြင့်မြတ်သော ကောင်းမွန်ရာဘုံဘဝရောက်ရှိစေရန် မိုးပျံပူဖောင်းများ လွှတ်တင်ခြင်း၊ ထာဝရငြိမ်းချမ်းရေးရရှိစေရန်ရည်မှန်း၍ အထိမ်းအမှတ် ချိုးဖြူငှက်များ လွှတ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
zawgyi version
ေနျပည္ေတာ္တြင္ (၁၁) ႀကိမ္ေျမာက္ သူရဲေကာင္းစစ္သည္မ်ားအား ေအာက္ေမ့ဖြယ္ဂါရဝျပဳဆုေတာင္းပြဲ ႏွင့္ အေလးျပဳအခမ္းအနား က်င္းပ
NP News - ဒီဇင္ဘာ ၂
ေနျပည္ေတာ္ေကာင္စီနယ္ေျမ၊ ေဇယ်ာသီရိၿမိဳ႕နယ္တြင္ တိုင္းျပည္တာဝန္ထမ္းေဆာင္စဥ္ အသက္ေပးလႉသြားခဲ့သည့္ ေခတ္အဆက္ဆက္မွ သူရဲေကာင္းစစ္သည္မ်ားအား ေအာက္ေမ့ဖြယ္ဂါရဝျပဳဆုေတာင္းပြဲ ႏွင့္ အေလးျပဳအခမ္းအနားကို (၁၁) ႀကိမ္ေျမာက္အျဖစ္ က်င္းပခဲ့ေၾကာင္း နစက၏ သတင္းထုတ္ျပန္ခ်က္အရ သိရသည္။
အဆိုပါအခမ္းအနားကို ယမန္ေန႔(ဒီဇင္ဘာ ၁ရက္)၊ နံနက္ပိုင္းက ေဇယ်ာသီရိၿမိဳ႕နယ္ရွိ သူရဲေကာင္းဗိမာန္(ေနျပည္ေတာ္)၌ က်င္းပျပဳလုပ္ခဲ့ၿပီး ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး (ၾကည္း) မွ ဒုတိယဗိုလ္ခ်ဳပ္ႀကီးဖုန္းျမတ္၊ စစ္ေရးခ်ဳပ္ ဒုတိယဗိုလ္ခ်ဳပ္ႀကီး စိုးမင္းဦးႏွင့္ တပ္မေတာ္အရာရွိႀကီးမ်ားတက္ေရာက္ခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ တိုင္းျပည္အတြက္အသက္ေပးခဲ့ရသည့္ သူရဲေကာင္းစစ္သည္မ်ားအား ရည္စူး၍ ဝမ္းနည္းျခင္းအထိမ္းအမွတ္ ၂ မိနစ္ၿငိမ္သက္ျခင္း၊ သူရဲေကာင္းစစ္သည္မ်ား ျမင့္ျမတ္ေသာ ေကာင္းမြန္ရာဘုံဘဝေရာက္ရွိေစရန္ မိုးပ်ံပူေဖာင္းမ်ား လႊတ္တင္ျခင္း၊ ထာဝရၿငိမ္းခ်မ္းေရးရရွိေစရန္ရည္မွန္း၍ အထိမ္းအမွတ္ ခ်ိဳးျဖဴငွက္မ်ား လႊတ္ျခင္းတို႔ကို ေဆာင္႐ြက္ခဲ့ၾကေၾကာင္း သိရသည္။