စစ်ကိုင်းရှိ တစညပါတီရုံးအား ဒရုန်းယာဉ်ဖြင့် လက်လုပ်ဗုံးပစ်ချ တိုက်ခိုက်ခဲ့၍ အမျိုးသမီးတစ်ဦး သေဆုံး

791

NP News - သြဂုတ် ၂၈
စစ်ကိုင်းတိုင်းရှိ မြို့နယ်တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီရုံးအား ဒရုန်းယာဉ်ဖြင့် လက်လုပ်ဗုံးပစ်ချခဲ့ရာ (၁၄)နှစ် အရွယ် မိန်းကလေး တစ်ဦးသေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်း ရရှိသည်။
ဖြစ်စဉ်မှာ သြဂုတ်လ ၂၆ ရက်၊ နံနက် ၁၁နာရီခွဲအချိန်တွင် မြင်းမူမြို့နယ်၊ အသောကရပ်ကွက်ရှိ မြို့နယ်တိုင်းရင်းသား စည်းလုံးညီညွတ်မှုပါတီရုံးတွင် ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ဆိုသည်။
၎င်းဖြစ်စဉ်မှာ ထီးဆောင်းကျေးရွာဘက်မှနေ၍ အကြမ်းဖက်များက ဒရုန်းယာဉ်ဖြင့် အဆိုပါရုံးအား လက်လုပ်ဗုံးပစ်ချခဲ့ခြင်းဖြစ်ပြီး လက်လုပ်ဗုံးမှာ ရုံးဝင်ပေါက်အနီးရှိ ဓာတ်ကြိုးအား ထိမှန်ပေါက်ကွဲခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ပြောသည်။
ပေါက်ကွဲမှုကြောင့် ရုံးအဝင်၌ ထိုင်နေသည့် မကူးကူးလွင်(၁၄)နှစ်သည် မိုင်းစထိမှန်ဒဏ်ရာများရရှိခဲ့ပြီး စစ်ကိုင်းခရိုင်ပြည်သူ့ ဆေးရုံကြီးသို့ ပို့ဆောင်ဆေးကုသစဉ် သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ဆိုထားသည်။
အလားတူ ညနေ ၄နာရီအချိန်ခန့်တွင် ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်၊ အမှတ်(၉)ရပ်ကွက်ရှိ မြို့နယ်လျှပ်စစ်ရုံးတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့က ဆက်လက် ထုတ်ပြန်ထားသည်။
ဖြစ်စဉ်မှာ အင်စိန်လမ်းမကြီးအတိုင်း လမ်းလျှောက်လာသည့် အမျိုးသား (၁)ဦးက အဆိုပါလမ်းနှင့် ပေ ၂၀ခန့်အကွာရှိ မြို့နယ်လျှပ်စစ်ရုံး အဆောက်အဦအား လက်ပစ်ဗုံးဖြင့် ပစ်ပေါက်ထွက်ပြေးခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ဆိုသည်။
၎င်းလက်ပစ်ဗုံးသည် ရုံးအတွင်းကျရောက်ပေါက်ကွဲခဲ့၍ ပေါက်ကွဲမှုကြောင့် အဆောက်အဦး၏ အလျား ၂ပေ၊ အနံ ၁ပေခန့်ရှိသော လေကာပြတင်းပေါက်မှန် တစ်ချပ်ပျက်စီးခဲ့ကြောင်း ရဲတပ်ဖွဲ့မှ သိရသည်။
ထို့ပြင် အဆိုပါ လျှပ်စစ်ရုံးနှင့် 119 စတိုးဆိုင်ကြားတွင် ပလပ်စတစ်ဖော့ဗူး အဖြူရောင်ဖြင့် ထည့်ထားသော လက်လုက်ဗုံးတစ်လုံးအား ထပ်မံတွေ့ရှိခဲ့သဖြင့် ဖယ်ရှားရှင်းလင်းခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ဆိုထားသည်။

zawgyi version
စစ္ကိုင္းရွိ တစညပါတီ႐ုံးအား ဒ႐ုန္းယာဥ္ျဖင့္ လက္လုပ္ဗုံးပစ္ခ် တိုက္ခိုက္ခဲ့၍ အမ်ိဳးသမီးတစ္ဦး ေသဆုံ
NP News - ၾသဂုတ္ ၂၈
စစ္ကိုင္းတိုင္းရွိ ၿမိဳ႕နယ္တိုင္းရင္းသား စည္းလုံးညီၫြတ္ေရးပါတီ႐ုံးအား ဒ႐ုန္းယာဥ္ျဖင့္ လက္လုပ္ဗုံးပစ္ခ်ခဲ့ရာ (၁၄)ႏွစ္ အ႐ြယ္ မိန္းကေလး တစ္ဦးေသဆုံးခဲ့ေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕မွ သတင္း ရရွိသည္။
ျဖစ္စဥ္မွာ ၾသဂုတ္လ ၂၆ ရက္၊ နံနက္ ၁၁နာရီခြဲအခ်ိန္တြင္ ျမင္းမူၿမိဳ႕နယ္၊ အေသာကရပ္ကြက္ရွိ ၿမိဳ႕နယ္တိုင္းရင္းသား စည္းလုံးညီၫြတ္မႈပါတီ႐ုံးတြင္ ျဖစ္ပြားခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မွ ဆိုသည္။
၎ျဖစ္စဥ္မွာ ထီးေဆာင္းေက်း႐ြာဘက္မွေန၍ အၾကမ္းဖက္မ်ားက ဒ႐ုန္းယာဥ္ျဖင့္ အဆိုပါ႐ုံးအား လက္လုပ္ဗုံးပစ္ခ်ခဲ့ျခင္းျဖစ္ၿပီး လက္လုပ္ဗုံးမွာ ႐ုံးဝင္ေပါက္အနီးရွိ ဓာတ္ႀကိဳးအား ထိမွန္ေပါက္ကြဲခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မွ ေျပာသည္။
ေပါက္ကြဲမႈေၾကာင့္ ႐ုံးအဝင္၌ ထိုင္ေနသည့္ မကူးကူးလြင္(၁၄)ႏွစ္သည္ မိုင္းစထိမွန္ဒဏ္ရာမ်ားရရွိခဲ့ၿပီး စစ္ကိုင္းခ႐ိုင္ျပည္သူ႔ ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ေဆးကုသစဥ္ ေသဆုံးခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မွ ဆိုထားသည္။
အလားတူ ညေန ၄နာရီအခ်ိန္ခန႔္တြင္ ရန္ကုန္တိုင္း၊ လႈိင္ၿမိဳ႕နယ္၊ အမွတ္(၉)ရပ္ကြက္ရွိ ၿမိဳ႕နယ္လွ်ပ္စစ္႐ုံးတြင္ ေပါက္ကြဲမႈျဖစ္ပြားခဲ့ေၾကာင္း ရဲတပ္ဖြဲ႕က ဆက္လက္ ထုတ္ျပန္ထားသည္။
ျဖစ္စဥ္မွာ အင္စိန္လမ္းမႀကီးအတိုင္း လမ္းေလွ်ာက္လာသည့္ အမ်ိဳးသား (၁)ဦးက အဆိုပါလမ္းႏွင့္ ေပ ၂၀ခန႔္အကြာရွိ ၿမိဳ႕နယ္လွ်ပ္စစ္႐ုံး အေဆာက္အဦအား လက္ပစ္ဗုံးျဖင့္ ပစ္ေပါက္ထြက္ေျပးခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မွ ဆိုသည္။
၎လက္ပစ္ဗုံးသည္ ႐ုံးအတြင္းက်ေရာက္ေပါက္ကြဲခဲ့၍ ေပါက္ကြဲမႈေၾကာင့္ အေဆာက္အဦး၏ အလ်ား ၂ေပ၊ အနံ ၁ေပခန႔္ရွိေသာ ေလကာျပတင္းေပါက္မွန္ တစ္ခ်ပ္ပ်က္စီးခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မွ သိရသည္။
ထို႔ျပင္ အဆိုပါ လွ်ပ္စစ္႐ုံးႏွင့္ 119 စတိုးဆိုင္ၾကားတြင္ ပလပ္စတစ္ေဖာ့ဗူး အျဖဴေရာင္ျဖင့္ ထည့္ထားေသာ လက္လုက္ဗုံးတစ္လုံးအား ထပ္မံေတြ႕ရွိခဲ့သျဖင့္ ဖယ္ရွားရွင္းလင္းခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မွ ဆိုထားသည္။း