“ မြန်မာလွှတ်တော်- ဝေါဟာရတစ်ခု အငြင်းပွားမှုကြောင့် ခုံရုံးတစ်ဖွဲ့လုံး နှုတ်ထွက်ခဲ့ရပုံ”

 3632

ရဲထွန်း (သီပေါ) (NP News) - စက်တင်ဘာ ၂

ထိုင်းနိုင်ငံမှာ ဝန်ကြီးချုပ်ရဲ့သက်တမ်းနဲ့ပတ်သက်ပြီး အငြင်းပွားကြလို့- ဖြေရှင်းပေးဖို့ အခြေခံဥပဒေဆိုင်ရာခုံရုံးကို ရောက်သွားတဲ့ကိစ္စရေးရင်းနဲ့ ကျွန်တော်တို့နိုင်ငံရဲ့ ပထမအကြိမ်လွှတ်တော်ကာလမှာ “ပြည်ထောင်စုအဆင့် အဖွဲ့အစည်း” ဆိုတဲ့စကားလုံးရဲ့ အဓိပ္ပာယ်သတ်မှတ်ချက်ကို အခြေခံဥပဒေဆိုင်ရာခုံရုံးက အဓိပ္ပာယ်ဖွင့်ဆိုတာနဲ့ ပတ်သက်ပြီး မကျေမလည်ဖြစ်ရာကစလို့ - ခုံရုံးတစ်ဖွဲ့လုံးကို လွှတ်တော်ကိုယ်စားလှယ်တွေက စွပ်စွဲပြစ်တင် ဖြုတ်ချဖို့လုပ်ကြတဲ့ကိစ္စကို ပြန်သတိရလာမိပါတယ်။ အဲဒီတုန်းက ခုံရုံးအဖွဲ့ရဲ့ ဥက္ကဋ္ဌဟာ လက်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုးပါ။

ပြဿနာ စဖြစ်ပုံ
ပြဿနာရဲ့အစကတော့ သမ္မတ ဦးသိန်းစိန်က ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံးကို “ပြည်ထောင်စုအဆင့် အဖွဲ့ အစည်း” ဆိုတဲ့ဝေါဟာရကို အနက်အဓိပ္ပာယ်ဖွင့်ပေးစေလိုကြောင်း တင်သွင်းရာကစတာပါ။ သမ္မတ ရဲ့ ကိုယ်စား ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာထွန်းရှင်က ၂ဝ၁၂ ခုနှစ် ဖေဖော်ဝါရီလ (၂) ရက်၊ နေ့စွဲနဲ့ လက်မှတ် ရေးထိုး တင်သွင်းခဲ့ရာ- နောက်ဆုံးအပိုဒ် (၁ဝ) မှာ ….
“သို့ဖြစ်ပါ၍ အောက်ပါပြဿနာကို အဆုံးအဖြတ်ချမှတ်ပေးပါရန် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၂၂ (က) နှင့် ၃၂၅ (က) တို့အရ တင်သွင်းအပ်ပါကြောင်း”
“လွှတ်တော်အသီးသီးက ဖွဲ့စည်းထားသည့် ကော်မတီ၊ ကော်မရှင်နှင့် အဖွဲ့တို့အား ပြည်ထောင်စုအဆင့် အဖွဲ့အစည်းအဖြစ်ထည့်သွင်းအဓိပ္ပာယ်ဖွင့်ဆိုခြင်းသည် ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ညီညွတ် ခြင်းရှိ၊ မရှိ”
(သို့မဟုတ်)
“ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့က ဖွဲ့စည်းပုံအခြေခံဥပဒေက ပေးထားသော အခွင့်အာဏာဖြင့်ဖွဲ့စည်းထားသည့် ကော်မတီ၊ ကော်မရှင်နှင့် အဖွဲ့များသည် ပြည်ထောင်စု အဆင့် အဖွဲ့အစည်းများတွင် အကျုံးဝင်ခြင်းရှိ၊ မရှိ” လို့ ပါရှိပါတယ်။

ခုံရုံးရဲ့ ဆုံးဖြတ်ချက်
အဲဒီလို တင်သွင်းတဲ့အခါ ခုံရုံးရဲ့ဆုံးဖြတ်ချက်က “အခြေခံဥပဒေနှင့် ညီညွတ်မှုရှိသည်”ဆိုလျှင် လွှတ်တော် များက ပြဋ္ဌာန်းတဲ့ ဥပဒေများမှာ အထက်ဖော်ပြပါစကားရပ်ကို ဆက်လက်သုံးစွဲနိုင်ပါတယ်။
“အခြေခံဥပဒေနှင့် ညီညွတ်မှုမရှိ” လို့ဆုံးဖြတ်ခဲ့ရင်၊ ဆက်လက်ပြဋ္ဌာန်းမယ့်ဥပဒေများမှာ ဒီစကားရပ်ကို သုံးစွဲလို့ မရတော့သလို၊ ယခင်ပြဋ္ဌာန်းပြီး ဥပဒေများပါ ဒီစကားရပ်ဟာလည်း ပျက်ပြယ်သွားမှာဖြစ်ပါတယ်။
သမ္မတကိုယ်စား ရှေ့နေချုပ်က အဲဒီလိုတင်သွင်းပြီးတဲ့နောက်၊ ပြည်ထောင်စုလွှတ်တော် အမျိုးသား လွှတ်တော်နဲ့ ပြည်သူ့လွှတ်တော် အကြီးအမှူးတွေရဲ့ကိုယ်စား ဒုတိယအကြီးအမှူးနှစ်ယောက်က ပြန်လည်ရှင်းလင်းလွှာကို ဖေဖော်ဝါရီလ (၁၇) ရက်မှာ တင်သွင်းခဲ့ပါတယ်။ တင်သွင်းတဲ့ဘက်နဲ့ ပြန်လည်ရှင်းလင်းတဲ့ဘက်တို့ရဲ့ နောက်ဆုံး အပြီးသတ်လျှောက်လဲချက်တွေကို ဖေဖော်ဝါရီလ (၂၄) ရက်မှာ ပြုလုပ်ခဲ့ကြပါတယ်။
အဲဒီနောက် ခုံရုံးက ၂ဝ၁၂ ခုနှစ်၊ မတ်လ (၂၈) ရက်မှာ “ လွှတ်တော်အသီးသီးကဖွဲ့စည်းထားသည့် ကော်မတီ၊ ကော်မရှင်နှင့် အဖွဲ့တို့အား ပြည်ထောင်စုအဆင့်အဖွဲ့အစည်းအဖြစ်ထည့်သွင်း အဓိပ္ပာယ်ဖွင့်ဆိုခြင်းသည် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ညီညွတ်ခြင်းမရှိကြောင်း” အပြီးသတ်ဆုံးဖြတ်ချက်ချမှတ်လိုက်ပါတယ်။

အခြေခံဥပဒေမှာ မပါဝင်တဲ့ ပြည်ထောင်စုအဆင့် အဖွဲ့အစည်း သတ်မှတ်ချက်
ဒီနေရာမှာ ဒီဆုံးဖြတ်ချက်မှန်/မမှန် သိရှိနိုင်ဖို့အတွက် ၂ဝဝ၈ အခြေခံဥပဒေမှာ “ပြည်ထောင်စုအဆင့်အဖွဲ့ အစည်း” ဆိုတာနဲ့ပတ်သက်ပြီး ဘယ်လိုဖွင့်ဆိုထားသလဲဆိုတာ အရင်ရှင်းပြပါ့မယ်။
၂ဝဝ၈ အခြေခံဥပဒေမှာ “ပြည်ထောင်စုအဆင့်အဖွဲ့အစည်းဆိုသည်မှာ” ဆိုပြီး သီးသန့်အဓိပ္ပာယ်ဖွင့်ဆိုထားချက် မပါရှိပေမယ့်….
(၁) ပြည်ထောင်စုအစိုးရအဖွဲ့
(၂) အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ
(၃) ဘဏ္ဍာရေးကော်မရှင်
(၄) ပြည်ထောင်စုတရားလွှတ်တော်ချုပ်
(၅) နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး
စတာတွေကို အခြေခံဥပဒေပါ ပြဌာန်းချက်များအရ ဖွဲ့စည်းထားပါတယ်။

(၁) ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်
(၂) ပြည်ထောင်စုရာထူးဝန်အဖွဲ့ တို့ကို သမ္မတက ခန့်အပ်တာဝန်ပေးပြီး
(၁) ပြည်ထောင်စု ဝန်ကြီးဌာနများ
(၂) ပြည်ထောင်စု ရှေ့နေချုပ်ရုံး
(၃) ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး စတာတွေကိုတော့ ပြည်ထောင်စုအစိုးရက ဖွဲ့စည်းပါတယ်။
အထက်မှာဖော်ပြခဲ့တဲ့ အဖွဲ့အစည်းတွေဟာ အခြေခံဥပဒေအရလည်းကောင်း၊ သမ္မတနဲ့ ပြည်ထောင်စုအစိုးရ တို့ကလည်းကောင်း ဖွဲ့စည်းပေးတဲ့ အုပ်ချုပ်ရေး၊ တရားစီရင်ရေးနဲ့ ရွေးကောက်ပွဲဆိုင်ရာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းတွေလို့ ပြောရမှာဖြစ်ပါတယ်။
အခြားတဖက်မှာ..
ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်တို့မှာ ကော်မတီ၊ ကော်မရှင်နဲ့ အဖွဲ့များဖွဲ့စည်းရေးနဲ့ပတ်သက်ပြီး ပြဋ္ဌာန်းထားတဲ့အခြေခံဥပဒေပုဒ်မ ၁၁၅ နဲ့ ၁၄၇ တို့မှာ အဲဒီကော်မတီ၊ ကော်မရှင်နဲ့ အဖွဲ့များကို “ပြည်ထောင်စု အဆင့်အဖွဲ့အစည်း” လို့ ရည်ညွှန်းသုံးနှုန်းတာမရှိသလို၊ အခြေခံဥပဒေရဲ့ အခြားမည်သည့်နေရာတွင်မှ “လွှတ်တော် က ဖွဲ့စည်းပေးတဲ့ကော်မတီ၊ ကော်မရှင်နဲ့အဖွဲ့တွေကို ပြည်ထောင်စုအဆင့်အဖွဲ့အစည်း” လို့ ရည်ညွှန်းသုံးနှုန်းတာ မရှိပါဘူး။

ဒါ့အပြင် အခြေခံဥပဒေ ပုဒ်မ ၇၇ (ဂ) မှာ “ ပြည်ထောင်စုလွှတ်တော်အစည်းအဝေး၌ ဆွေးနွေးဆောင် ရွက်ဆဲ အကြောင်းအရာ တစ်ရပ်ရပ်နှင့်စပ်လျဉ်း၍ လိုအပ်လျှင် ဖွဲ့စည်းပုံအခြေခံဥပဒေအရဖွဲ့စည်းသည့် ပြည်ထောင်စု အဆင့်အဖွဲ့အစည်းတစ်ရပ်ရပ်ကို ကိုယ်စားပြုသောအဖွဲ့အစည်းများ (သို့မဟုတ်) ပုဂ္ဂိုလ်များကို ပြည်ထောင်စု လွှတ်တော်သို့ တက်ရောက်ရှင်းလင်းတင်ပြစေရန် ဖိတ်ကြားခွင့်ရှိသည်” လို့ ပြဋ္ဌာန်းထားတဲ့အတွက် “ပြည်ထောင်စု အဆင့် အဖွဲ့အစည်းတစ်ရပ်ရပ်” ဆိုတဲ့ဝေါဟာရဟာ လွှတ်တော်က ဖွဲ့စည်း တဲ့ကော်မတီ၊ ကော်မရှင်နဲ့ အဖွဲ့များကို ဆိုလိုတာမဟုတ်ဘဲ အထက်ကဖော်ပြခဲ့တဲ့ အုပ်ချုပ်ရေး၊ တရားစီရင်ရေးနဲ့ ရွေးကောက်ပွဲဆိုင်ရာ ပြည်ထောင်စု အဆင့်အဖွဲ့အစည်းတွေကိုသာ ရည်ညွှန်းတာဖြစ်ကြောင်း ထင်ရှားပါတယ်။

ဒါပေမယ့်…. အခြေခံဥပဒေမှာ ပြဋ္ဌာန်းမထားပေမဲ့ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာဥပဒေ၊ ပြည်သူ့လွှတ်တော် ဆိုင်ရာဥပဒေ၊ အမျိုးသားလွှတ်တော်ဆိုင်ရာဥပဒေ၊ ပြည်ထောင်စုရှေ့နေချုပ်ဥပဒေနဲ့ ပြည်ထောင်စုစာရင်း စစ်ချုပ်ဥပဒေတွေမှာ “ပြည်ထောင်စုအဆင့်အဖွဲ့အစည်းဆိုသည်မှာ လွှတ်တော်အသီးသီးက ဖွဲ့စည်းထား သည့် ကော်မတီ၊ ကော်မရှင်နှင့် အဖွဲ့များကိုလည်းကောင်း ဆိုသည်” ဆိုပြီး ပြဋ္ဌာန်းထားပါတယ်။ ဒီဥပဒေတွေဟာ ၂ဝ၁၁ ခုနှစ်ကမှပေါ်ပေါက်လာတဲ့ ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေများ မဟုတ်ကြဘဲ၊ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (နအဖ) က ပြဋ္ဌာန်းပေးခဲ့တဲ့ဥပဒေများ သာဖြစ်ကြပါတယ်။
ဒါကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးရဲ့ ယခုဆုံးဖြတ်ချက်ဟာ ယခင် နအဖ ကပြဋ္ဌာန်းပေးခဲ့တဲ့ ဥပဒေပါ ပြဋ္ဌာန်းချက်ကို - အခြေခံဥပဒေနဲ့ ညီ၊ မညီ သုံးသပ်ဆုံးဖြတ်ရာ ရောက်သွားပါတယ်။
အခြေခံဥပဒေပုဒ်မ ၃၂၂ မှာဖော်ပြထားတဲ့ ခုံရုံးရဲ့လုပ်ငန်းတာဝန်တွေထဲမှာ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်း ချက်များကို အဓိပ္ပာယ်ဖွင့်ခြင်းနဲ့ လွှတ်တော်အသီသီးက ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေများဟာ အခြေခံဥပဒေနဲ့ ညီညွတ် မှုရှိ၊ မရှိ စီစစ်တဲ့ တာဝန်ပါဝင်ပေမဲ့၊ ယခင်က ပြဋ္ဌာန်းထားတဲ့ ဥပဒေများကို အခြေခံဥပဒေနဲ့ ညီ၊ မညီ စီစစ်သုံးသပ် ရန်တာဝန်မပါ ရှိပါဘူး။

လွှတ်တော်အတွင်းမှ တုံ့ပြန်မှုများ -
“လွှတ်တော်အသီးသီးကဖွဲ့စည်းထားသည့် ကော်မတီ၊ ကော်မရှင်နှင့်အဖွဲ့တို့အား ပြည်ထောင်စုအဆင့်အဖွဲ့ အစည်းအဖြစ်ထည့်သွင်း အဓိပ္ပာယ်ဖွင့်ဆိုခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ညီညွတ်ခြင်းမရှိ ကြောင်း” အခြေခံဥပဒေဆိုင်ရာခုံရုံးက ဆုံးဖြတ်လိုက်တဲ့အတွက် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များ အကြားမှာ မကျေနပ်သံများ ပေါ်ထွက်လာပါတယ်။
အဲဒီအချိန်မှာ ၂ဝ၁၂ ခုနှစ် ဧပြီလ ကြားဖြတ်ရွေးကောက်ပွဲမှာ အနိုင်ရရှိထားတဲ့ NLD ပါတီက လွှတ်တော်ကိုယ်စား လှယ်တွေလည်း ပြည်ထောင်စုလွှတ်တော်ထဲမှာ ရောက်ရှိလာကြပါပြီ။

လွှတ်တော်ကိုယ်စားလှယ်များရဲ့ မကျေနပ်ချက်တွေက….
- လွှတ်တော်မတိုင်မီက နအဖ ပြဋ္ဌာန်းပေးခဲ့တဲ့ ဥပဒေများမှာ “ပြည်ထောင်စုအဆင့်အဖွဲ့အစည်း” လို့ အသိအမှတ်ပြုပြဋ္ဌာန်းထားပါလျက် “ ပြည်ထောင်စုအဆင့် ဆိုတာကို အသိအမှတ်မပြုပယ်ဖျက်ခံရတယ်”
- “ဥပဒေပြုရေးအဖွဲ့အစည်းအပေါ် အုပ်ချုပ်ရေးအဖွဲ့အစည်းက အကြောင်းမဲ့ ထိုးနှက်လာတယ်” (၂၄-၄-၂ဝ၁၂ ရက်မှ ၂၆-၄-၂ဝ၁၂ ရက်နေ့ထိ လွှတ်တော်အစည်း အဝေးများတွင် ပြောကြားချက်များ)
- အခြေခံဥပဒေပုဒ်မ ၃၂၅ (က) အရ သမ္မတက ခုံရုံးသို့ တိုက်ရိုက်တင်သွင်းရမည်ဟု ပြဋ္ဌာန်းထားပါလျက် ဥပဒေနဲ့ အညီမလုပ်ဘဲ၊ သမ္မတကိုယ်စား ပြည်ထောင်စုရှေ့နေချုပ်က လက်မှတ်ရေးထိုးတင်သွင်းတယ်။
- နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက ပြဋ္ဌာန်းထားတဲ့ ဥပဒေပါ ပြဋ္ဌာန်းချက်ကို အဓိပ္ပာယ်ဖွင့်ဆိုပေးရန် သို့မဟုတ် အခြေခံဥပဒေနှင့်ညီ၊ မညီ စီစစ်ရန် ခုံရုံးက တာဝန်မရှိပါဘဲလျက် လက် ခံဆုံးဖြတ်ချက်ချမှတ်တယ်။
စသဖြင့် သမ္မတကိုရော၊ ခုံရုံးအပေါ်မှာပါ မကျေမနပ် ဝေဖန်မှုများ ရှိလာကြပါတယ်။ ဒီလို မကျေမနပ် ဖြစ်တာထက် ဒီဆုံးဖြတ်ချက်ကို ပျက်ပြယ်သွားအောင်မလုပ်နိုင်ရင် ၊ လွှတ်တော်အနေနဲ့ ပြည်ထောင်စုအဆင့် အုပ်ချုပ်ရေး ဆိုင်ရာ အဖွဲ့အစည်းများအပေါ် အပြန်အလှန်ထိန်းကျောင်းမှုလည်း လုပ်နိုင်တော့မှာမဟုတ်ဘူးလို့ တွေးလာကြပါ တယ်။

စွပ်စွဲပြစ်တင်ရန် ကြိုးပမ်းလာကြခြင်း
လက်တွေ့သာဓကအားဖြင့် ပြည်ထောင်စုဝန်ကြီးတချို့ဟာ လွှတ်တော်ကိုယ်စားလှယ်များရဲ့မေးခွန်းတွေကို လာဖြေတဲ့အခါ ဆောင့်ကြီးအောင့်ကြီး မလေးမစားပြောဆိုတာ၊ ကောင်းမွန်စွာ ရှင်းလင်းပြတာမျိုးမလုပ်ဘဲ တိုတို ပြတ်ပြတ်တစ်ခွန်းထဲ ဖြေကြားတာ၊ စတာတွေလုပ်လာလို့ လွှတ်တော်ဥက္ကဋ္ဌက သတိပေးရတဲ့အထိ ဖြစ်ခဲ့ပါတယ်။
ဒါ့အပြင် ဩဂုတ်လ ၂ဝ ရက်က ကျင်းပတဲ့ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ၊ “ ပြည်သူလူထုက တိုင်ကြားတဲ့ ကိစ္စများနဲ့ပတ်သက်ပြီး ပြည်ထောင်စုတရားလွှတ်တော်ချုပ်နဲ့ သက်ဆိုင်ရာ ဝန်ကြီးဌာန များကို ပေးပို့မေးမြန်းခဲ့ ပေမယ့် ပြန်လည်ဖြေကြားတာ နည်းပါးကြောင်း၊ ဖြေကြားရင်လည်း မည်ကာမတ္တာ ဝတ် ကျေတန်းကျေသာပါရှိ ကြောင်း၊ တာဝန်ယူမှု တာဝန်ခံမှု မရှိသလို၊ အလေးအနက်ထား ပြန်ကြားမှု မရှိကြောင်း၊ ဒါကြောင့် လွှတ်တော် ကော်မတီများအနေနဲ့ ပြည်သူတွေက ပေးအပ်လိုက်တဲ့တာဝန်ထမ်းဆောင်ရာမှာ အခက်အခဲများဖြစ်ရကြောင်း” ဆွေးနွေးကြပါတယ်။

ပြဿနာမှာ စစ်အာဏာရှင်အုပ်ချုပ်ရေးစနစ်နဲ့ အသားကျနေတဲ့ အကျင့်ဆိုးများကို အပြန်အလှန်ထိန်း ကျောင်းတဲ့ စနစ်ဖြင့် ပြင်ဆင်ရမှာကို ပြင်ဆင်လိုစိတ်မရှိကြဘဲ၊ ပြည်သူတွေရဲ့ကိုယ်စား မေးခွန်း ထုတ်တာကို မခံနိုင်ဖြစ်နေကြ ခြင်းဖြစ်ပါတယ်။ အဲဒီအချိန်မှာ ခုံရုံးရဲ့ဆုံးဖြတ်ချက်ကြောင့် လွှတ်တော်အဖွဲ့အစည်းများနဲ့ လွှတ်တော်ကိုယ်စား လှယ်များအပေါ် ပိုမိုမလေးမစားလုပ်လာခြင်းဖြစ်တယ် လို့ လွှတ်တော်ကိုယ်စား လှယ်များက ယူဆကြပါတယ်။
ဒါကြောင့် လွှတ်တော်ကိုယ်စားလှယ်များက ခုံရုံးရဲ့ဆုံးဖြတ်ချက် ပျက်ပြယ်သွားစေချင်ကြပါတယ်။

“နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ ဆုံးဖြတ်ချက်သည် အပြီးအပြတ်အတည်ဖြစ်သည်”လို့ အခြေခံ ဥပဒေပုဒ်မ ၃၂၄ မှာပြဋ္ဌာန်းထားတဲ့အတွက် ယခုဆုံးဖြတ်ချက် ပျက်ပြယ်သွားအောင် ဘယ်လိုလုပ်ရမလဲဆိုတာ နည်းလမ်းတွေရှာလာကြပါတယ်။ နောက်ဆုံးတော့ ခုံရုံးတစ်ဖွဲ့လုံးကို အခြေခံဥပဒေ ၃၃၄ (က) ပါပြဋ္ဌာန်းချက် (၂) နှင့် (၅) တို့အရစွပ်စွဲပြစ်တင်ကြရန် ပြင်ဆင်ကြပါတယ်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌရဲ့ ညှိနှိုင်းဆောင်ရွက်ချက်
၂ဝ၁၂ ခုနှစ် ဧပြီလ ၂၆ ရက်မှာ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ၁၉၁ ဦးတို့ကလက်မှတ် ရေးထိုးပြီး ခုံရုံးဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်များကို စွပ်စွဲပြစ်တင်ရန် အရေးကြီးအဆိုတင်ဖို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌထံတင်ပြရာမှာ ဥက္ကဋ္ဌက ခေတ္တဆိုင်းငံ့ထားရန်ပြန်ကြားပြီး သမ္မတနှင့် ညှိနှိုင်းဆောင်ရွက်ပေးပါတယ်။ သမ္မတဆီကိုပြည်သူ့လွှတ်တော် ကော်မတီဥက္ကဋ္ဌများနဲ့ လွှတ်တော်တွင်း အင်အားကြီးပါတီ ပြည်ခိုင်ဖြိုးရဲ့ ဗဟိုအတွင်းရေးမှူးအဖွဲ့တို့ကို စေလွှတ်ပြီး လွှတ်တော်တွင်းက အခြေအနေတွေကို ပြောပြညှိနှိုင်းစေပါတယ်။ အဲဒီအခါ သမ္မတက အဆင်ပြေကျေနပ်မှုရရှိ အောင် ဆောင်ရွက်သွားမယ်လို့ ပြန်ကြား ခဲ့တယ်လို့ ဆိုပါတယ်။

သို့သော်လည်း လေးလတာမျှစောင့်ဆိုင်းပြီး မည်သို့မျှအကြောင်းထူးမလာတဲ့အခါ ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ၃ဝ၁ ဦးက ခုံရုံးကို စွပ်စွဲပြစ်တင်ဖို့ ဒုတိယအကြိမ်စုပေါင်းလက်မှတ်ရေးထိုးပြီး ဩဂုတ်လ (၈) ရက်မှာ တင်ပြန်ပါတယ်။ ဒါပေမယ့် လွှတ်တော်ဥက္ကဋ္ဌက စွပ်စွဲပြစ်တင်တဲ့ အထိမဖြစ်စေလိုတဲ့ အတွက် သမ္မတထံ သဝဏ်လွှာပေးပို့ပြီး ညှိနှိုင်းပြန်ပါတယ်။
အဲဒီနောက် ဩဂုတ်လ (၁၄) ရက်မှာ သမ္မတဆီကပြန်ကြားစာရလို့ လွှတ်တော်ကို ဥက္ကဋ္ဌက ဖတ်ကြားတင်ပြပါ တယ်။ သမ္မတရဲ့ ပြန်ကြားစာ အနှစ်ချုပ်မှာ….
- လွှတ်တော်ကဖွဲ့စည်းတဲ့ ကော်မတီ၊ ကော်မရှင်နဲ့ အဖွဲ့တွေဟာ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းဟုတ် ၊ မဟုတ်ခုံရုံးသို့မေးရခြင်းမှာ ဟုတ်ခဲ့လျှင် ပြည်ထောင်စုအဆင့်နဲ့လျော်ညီတဲ့ငွေကြေးနဲ့ အုပ်ချုပ်ရေးဆိုင်ရာကိစ္စများ အစိုးရအဖွဲ့အနေဖြင့် စီမံဆောင်ရွက်ပေးရန်အတွက်ဖြစ်ကြောင်း။
- ခုံရုံးက ဆုံးဖြတ်ပြီးဖြစ်တဲ့အတွက် မိမိရဲ့ တင်သွင်းလွှာကို ပြန်လည် ရုတ်သိမ်းရန်မှာလည်း မဖြစ်နိုင် တော့ ကြောင်း။
- အခြေခံဥပဒေဆိုင်ရာခုံရုံးဟာ လွတ်လပ်တဲ့ တရားစီရင်ရေး အင်စတီကျူးရှင်းတစ်ခုဖြစ်တဲ့အတွက် ခုံရုံး ဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်များကို နှုတ်ထွက် အနားယူစေရန်မှာလည်း သမ္မတအနေနဲ့ ဆောင်ရွက်မရတဲ့ကိစ္စဖြစ်ကြောင်း။
- ဒါကြောင့် လွှတ်တော်က ခုံရုံးကို စွပ်စွဲပြစ်တင်ဖြုတ်ချတဲ့ နည်းလမ်းအစား အခြေခံဥပဒေ အခန်း (၁၂) ပါ အတိုင်း အခြေခံဥပဒေကို ပြင်ဆင်တဲ့နည်းနဲ့ မည်သူ့ကိုမျှထိခိုက်မှုမရှိစေဘဲ ဆောင်ရွက်နိုင်ကြောင်း။
- ဤအဖွဲ့အစည်းနှစ်ခုမှာ သီးခြားစီလွတ်လပ်သော အဖွဲ့အစည်းနှစ်ခုဖြစ်၍ မိမိတို့ဆန္ဒအရ ကြိုက်နှစ်သက် သည့် နိုင်ငံရေးလမ်းကြောင်းကို ရွေးချယ်နိုင်ခွင့်ရှိကြောင်း ဖော်ပြထားပါတယ်။
သမ္မတအဆိုပြုတဲ့အကြံညဏ်မှာ ကောင်းမွန်သင့်မြတ်တယ်လို့ ထင်မြင်စရာရှိပေမဲ့ အခြေခံဥပဒေကို ပြင်ဆင် ရန်မှာ ၇၅ ရာခိုင်နှုန်း ကျော်ထောက်ခံမဲရရှိမှ ပြင်ဆင်နိုင်မှာဖြစ်တဲ့အတွက် ထောက်ခံမဲ အလုံအလောက်ရရှိဖို့က မသေချာပါဘူး။ အထူးသဖြင့် ဒီပြဿနာစပေါ်ကတည်းက တပ်မတော်သား ကိုယ်စားလှယ်တွေက ခုံရုံးဘက်က ရပ်ခဲ့ကြတာပါ။ ဒါကြောင့် မူလက စဉ်းစားထားကြတဲ့အတိုင်း လွှတ်တော်က စွပ်စွဲပြစ်တင်ဖြုတ်ချတဲ့ နည်းလမ်းကို သာ အကောင်းဆုံးလို့ ရွေးချယ်လိုက်ကြပါတော့တယ်။

အဲဒီနောက် စွပ်စွဲပစ်တင်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေအတိုင်း အမျိုးသားလွှတ်တော်က စတင်ပြီး ၂၈-၈-၂ဝ၁၂ ရက်နေ့မှာ အဆိုကို အတည်ပြုပါတယ်။
စွပ်စွဲပြစ်တင်ရေးဖြစ်စဉ်အတွင်း အထူးသတိထားထိန်းကျောင်းခံရတဲ့ အမှန်တရားရှာသူ ကျွန်တော်အဲဒီ ၂၈ ရက် မတိုင်ခင် ဩဂုတ်လ ၂၃ ရက်က ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ “ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးအနေဖြင့် ခုံရုံးဥပဒေများအရ၊ လုပ်ပိုင်ခွင့်မရှိဘဲ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး၊ တည်ဆဲဥပဒေ ပါပြဋ္ဌာန်းချက်များကိုဆန့်ကျင်၍ မှားယွင်းစွာ ဆုံးဖြတ် ခဲ့ခြင်းဖြစ်ပါသဖြင့် မှားယွင်းစွာဆောင်ရွက်မိကြောင်းကို နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးက ကြေညာချက်ထုတ်ပြန်ပေးရေးအတွက် ပြည်ထောင်စု လွှတ်တော်က တိုက်တွန်းပေးရန်” အရေးကြီးအဆိုကို တင်သွင်းဆုံးဖြတ်ခဲ့ကြပါသေးတယ်။

မူလ အစက အဲဒီအဆိုကို တင်သွင်းဆွေးနွေးဆုံးဖြတ်ဖို့ မဟုတ်ဘဲ မီဒီယာတွေမှာ ခုံရုံးကို စွပ်စွဲပြစ်တင်တာဟာ မှားယွင်းကြောင်း ရေးသားနေတာတွေကို အရေးယူပိတ်ပင်ဖို့ လွှတ်တော်မှာ အဆိုတင်ဆွေးနွေးကြဖို့ပါ။ အထူးသဖြင့် သတင်းစာမှာပါတဲ့ ဒေါက်တာ သီတာဦးရေးတဲ့ ဆောင်းပါးကိုပါ။ အဲဒီလိုလုပ်ကြဖို့ ကော်မတီဥက္ကဋ္ဌ ဦးသိန်းဇော်နဲ့ လွှတ်တော်အမတ်တချို့ ကျွန်တော့်ကိုလာရောက်တိုင်ပင်တဲ့အခါ ကျွန်တော်က ဒါက သိပ်ကောင်းတဲ့အကြံဉာဏ်မဟုတ်ဘူး။ မီဒီယာတွေက လွတ်လပ်စွာ ရေးသားခွင့်ရှိတာဘဲ။ ဒီလိုလုပ်လိုက်ရင် မီဒီယာတွေဟာ လွှတ်တော်ရဲ့ရန်သူတွေဖြစ်သွားလိမ့်မယ်လို့ အကြံပြုပြောလိုက်တာကြောင့် လွှတ်တော် ဥက္ကဋ္ဌကို သွားတင်ပြပြီး အစီအစဉ်ပြောင်း သွားတာပါ။ နောက်တော့ ပြောင်းလဲသွားတဲ့အဲဒီအစီအစဉ် အတိုင်း ကျွန်တော့်ကို လည်း ဝင်ရောက်ဆွေးနွေးပါလို့ ဦးသိန်းဇော်က မှာပါတယ်။
အဲဒီ ၂၈ ရက်နေ့အဆိုကို ဝင်ရောက်ဆွေးနွေးဖို့ အခြေခံဥပဒေနဲ့ ဥပဒေတွေကို ပြန်ဖတ်တော့ (အထူးသဖြင့် စိုင်းစံမင်းရဲ့ ထောက်ပြချက်ကလေးကြောင့် ပိုပြီးအာရုံစိုက်ဖတ်မိတာပါ) ထူးခြားချက်တွေ ထပ်တွေ့ပါတယ်။ အဲဒီ အချင်းချင်းပဋိပက္ခဖြစ်နေတဲ့ ဥပဒေပြဋ္ဌာန်းချက်ကိုတွေ့လိုက်တဲ့အခါ အလွန်ကိုပျော်သွားလိုက်တာ “ငါတွေ့ပြီ၊ ငါတွေ့ပြီ” လို့ အော်ပြီး ရေချိုးခန်းထဲက ဝစ်လစ်စလစ် ပြေးထွက်တဲ့ အာခီးမီးဒီစ် ကိုတောင်သတိရလိုက်ပါတယ်။ ဒါပေမဲ့…ပေါ့လေ။ အခြေအနေတွေက မတူပါဘူး။
သေသေချာချာ စဉ်းစားချိန်ရလို့ စဉ်းစားကြည့်လိုက်တဲ့အခါ ခုံရုံးရဲ့ အမှားဟာ အမှားကြီးမဟုတ်ဘူး။ ကယ်တင်လို့ ရတယ်။ ထွက်ပေါက်ပေးလို့ရတယ်။ ဒါကို ကျွန်တော်မြင် လာပါတယ်။ ဒီအမြင်ကို လွှတ်တော်မှာ ပြောမလား? ပြောရင် လွှတ်တော်က လုပ်နေတဲ့စွပ်စွဲပြစ်တင် ဖြုတ်ချရေးအစီအစဉ်က ပျက်သွားမယ်။ မပျက်ရင်တောင် စွပ်စွဲ ပြစ်တင်မှုကို မဲခွဲတဲ့အခါ ထောက်ခံမဲ လျော့သွား နိုင်ပါတယ်။

ကျွန်တော်က လူပုဂ္ဂိုလ်စွဲ၊ ပါတီစွဲ၊ ဂိုဏ်းဂဏစွဲနဲ့ ရပ်တည်သူမဟုတ်ဘဲ အမှန်တရားရှာတဲ့သူပါ။ အဲဒီတော့ ဘယ်သူကြိုက်ကြိုက် မကြိုက်ကြိုက် အချက်အလက်အမှန်ကို ကိုယ်တွေ့တဲ့အတိုင်း ကိုယ်ပြောရမှာဘဲ။ ဒီလို ဆုံးဖြတ်ပြီး ကျွန်တော်တွေ့ရှိချက်ကို အကျဉ်းချုပ်ရေးပြီး ၄-၅ ရွက် ပရင့်ထုတ်ပါတယ်။ ပြည်သူ့လွှတ်တော်ထဲက နီးစပ်တဲ့ သူတချို့ကို ပေးဖတ်ပါတယ်။ သူရ ဦးအောင်ကို၊ သူကမှတဆင့် ဒေါ်အောင်ဆန်းစု ကြည်ကိုပေးလိုက်လို့၊ နောက်ထပ်တစ်ရွက်လာတောင်းပါတယ်။ NDF က ဒုတိယဥက္ကဋ္ဌ ဦးစိုးဝင်းကိုပေးလိုက်တာလည်း ကျွန်တော် မှတ်မိပါတယ်။
သူတို့က သိပ်စိတ်ဝင်စားသွားပါတယ်။ ဦးစိုးဝင်းက လွှတ်တော် ဥက္ကဋ္ဌ ကိုသွားပြပါတယ်။ သူရဦးအောင်ကိုလည်း ဦးရွှေမန်းကို သွားပြောတယ်ထင်ပါတယ်။ Street View Journal က ကျွန်တော့်အသိ သတင်းထောက်ကိုတော့ အရင်ညနေကတည်းက အီးမေးလ်ကနေ ပို့လိုက်ပြီးသားပါ။
အဲဒီနောက်တော့... အခြေအနေတွေက ကျွန်တော်မျှော်လင့်ထားသလို မဟုတ်တော့ပါဘူး။ ပြည်ထောင်စု လွှတ်တော်မှာ ကျွန်တော်စကားပြောခွင့် မရတော့ပါဘူး။ တစ်ပါတီ တစ်ယောက်ဘဲဆွေးနွေးခွင့် ပြုမယ်ဆိုပြီး ပြောဆိုခွင့်ကို ပိတ်လိုက်ပါတယ်။ ခုံရုံးကိုလည်း မကယ်နိုင်တော့ပါဘူး။ ဘယ်လိုကယ်လို့ ရမှာလဲဆိုတဲ့ အဲဒီအကြောင်းပြောရင် ရှည်မှာမို့ နောက်ထပ် သီးသန့်တစ်ပုဒ် ရေးပါ့မယ်။

ခုံရုံးအဖွဲ့ နှုတ်ထွက်ခြင်းနဲ့ ဆုံးဖြတ်ချက် ပျက်ပြယ်ကြောင်းကြေညာခြင်း
၂၈ ရက်နေ့မှာ အမျိုးသားလွှတ်တော်က ခုံရုံးကို စွပ်စွဲပြစ်တင်တဲ့အဆို အတည်ပြုပြီးတဲ့နောက် လုပ်ထုံး လုပ်နည်း အရ ပြည်သူ့လွှတ်တော်ကို ပေးပို့ပြီး၊ ၂၉ ရက်နေ့မှာ ပြည့်သူ့လွှတ်တော်က စုံစမ်းစစ်ရေးအဖွဲ့ကို အဖွဲ့ဝင် ၁၅ ဦးနဲ့ ဖွဲ့စည်းပါတယ်။ အဲဒီနောက်ပိုင်း ခုံရုံးတစ်ဖွဲ့လုံးက လာရောက်အစစ်ဆေးခံတာ မရှိပါဘူး။ ဒါကြောင့် ၆-၉-၂ဝ၂၂ ရက်မှာ ပြည်သူ့လွှတ်တော်က စုံစမ်းစစ်ဆေးရေးအစီရင်ခံစာကို တင်သွင်းပြီး အတည်ပြုလိုက်ပါတယ်။ အဲဒီနောက် လွှတ်တော်က ခုံရုံးအဖွဲ့ကို ဆက်လက်တာဝန်ထမ်း ဆောင်ရန်မသင့်ကြောင်း ကြေညာလိုက်ပါတယ်။
သူ့လုပ်ထုံးလုပ်နည်းအရ လွှတ်တော်ရဲ့ဆုံးဖြတ်ချက်ကို သမ္မတထံပေးပို့ပြီး သမ္မတက အခြေခံဥပဒေ ဆိုင်ရာခုံရုံး အဖွဲ့ကိုတာဝန်မှ ရပ်စဲရမှာဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီလို မလုပ်တော့ဘဲ ၁၆-၁ဝ-၂ဝ၁၂ ရက်မှာ ခုံရုံးအဖွဲ့ဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်တွေဟာ ဆန္ဒအလျောက်နှုတ်ထွက်ခွင့်တောင်းတာကို ခွင့်ပြုလိုက်ကြောင်း သမ္မတက ပြည်ထောင်စု လွှတ်တော် နာယက ဆီကို သဝဏ်လွှာပေးပို့လိုက်ပါတယ်။
အဲဒီနောက်ပိုင်းမှာတော့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ပြည်ထောင်စုလွှတ်တော်နာယကထံ ပေးပို့တဲ့ “ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ ၂ဝ၁၂ ခုနှစ်တင်သွင်းလွှာအမှတ်(၁) အပေါ်အဓိပ္ပာယ်ဖွင့်ဆို ဆုံးဖြတ်ချက် သည် မူလကပင် ပျက်ပြယ်သောအမိန့်ဖြစ်ကြောင်း” ပြည်ထောင်စုလွှတ်တော်ရဲ့အတည်ပြုကြေညာချက်ကို နာယက က ၅-၁၁-၂ဝ၁၂ ရက်မှာ သမ္မတထံပေးပို့လိုက်ပါတယ်။

Zawgyi Version;
“ ျမန္မာလႊတ္ေတာ္- ေဝါဟာရတစ္ခု အျငင္းပြားမႈေၾကာင့္ ခုံ႐ုံးတစ္ဖြဲ႕လုံး ႏႈတ္ထြက္ခဲ့ရပုံ”
ရဲထြန္း (သီေပါ) (NP News) - စက္တင္ဘာ ၂

ထိုင္းႏိုင္ငံမွာ ဝန္ႀကီးခ်ဳပ္ရဲ႕သက္တမ္းနဲ႔ပတ္သက္ၿပီး အျငင္းပြားၾကလို႔- ေျဖရွင္းေပးဖို႔ အေျခခံဥပေဒဆိုင္ရာခုံ႐ုံးကို ေရာက္သြားတဲ့ကိစၥေရးရင္းနဲ႔ ကြၽန္ေတာ္တို႔ႏိုင္ငံရဲ႕ ပထမအႀကိမ္လႊတ္ေတာ္ကာလမွာ “ျပည္ေထာင္စုအဆင့္ အဖြဲ႕အစည္း” ဆိုတဲ့စကားလုံးရဲ႕ အဓိပၸာယ္သတ္မွတ္ခ်က္ကို အေျခခံဥပေဒဆိုင္ရာခုံ႐ုံးက အဓိပၸာယ္ဖြင့္ဆိုတာနဲ႔ ပတ္သက္ၿပီး မေက်မလည္ျဖစ္ရာကစလို႔ - ခုံ႐ုံးတစ္ဖြဲ႕လုံးကို လႊတ္ေတာ္ကိုယ္စားလွယ္ေတြက စြပ္စြဲျပစ္တင္ ျဖဳတ္ခ်ဖို႔လုပ္ၾကတဲ့ကိစၥကို ျပန္သတိရလာမိပါတယ္။ အဲဒီတုန္းက ခုံ႐ုံးအဖြဲ႕ရဲ႕ ဥကၠ႒ဟာ လက္ရွိ ျပည္ေထာင္စု ေ႐ြးေကာက္ပြဲေကာ္မရွင္ ဥကၠ႒ ဦးသိန္းစိုးပါ။

ျပႆနာ စျဖစ္ပုံ
ျပႆနာရဲ႕အစကေတာ့ သမၼတ ဦးသိန္းစိန္က ဖြဲ႕စည္းပုံအေျခခံ ဥပေဒဆိုင္ရာခုံ႐ုံးကို “ျပည္ေထာင္စုအဆင့္ အဖြဲ႕ အစည္း” ဆိုတဲ့ေဝါဟာရကို အနက္အဓိပၸာယ္ဖြင့္ေပးေစလိုေၾကာင္း တင္သြင္းရာကစတာပါ။ သမၼတ ရဲ႕ ကိုယ္စား ျပည္ေထာင္စုေရွ႕ေနခ်ဳပ္ ေဒါက္တာထြန္းရွင္က ၂ဝ၁၂ ခုႏွစ္ ေဖေဖာ္ဝါရီလ (၂) ရက္၊ ေန႔စြဲနဲ႔ လက္မွတ္ ေရးထိုး တင္သြင္းခဲ့ရာ- ေနာက္ဆုံးအပိုဒ္ (၁ဝ) မွာ ….
“သို႔ျဖစ္ပါ၍ ေအာက္ပါျပႆနာကို အဆုံးအျဖတ္ခ်မွတ္ေပးပါရန္ ဖြဲ႕စည္းပုံအေျခခံဥပေဒပုဒ္မ ၃၂၂ (က) ႏွင့္ ၃၂၅ (က) တို႔အရ တင္သြင္းအပ္ပါေၾကာင္း”
“လႊတ္ေတာ္အသီးသီးက ဖြဲ႕စည္းထားသည့္ ေကာ္မတီ၊ ေကာ္မရွင္ႏွင့္ အဖြဲ႕တို႔အား ျပည္ေထာင္စုအဆင့္ အဖြဲ႕အစည္းအျဖစ္ထည့္သြင္းအဓိပၸာယ္ဖြင့္ဆိုျခင္းသည္ ဖြဲ႕စည္းပုံအေျခခံ ဥပေဒပါ ျပ႒ာန္းခ်က္မ်ားႏွင့္ ညီၫြတ္ ျခင္းရွိ၊ မရွိ”
(သို႔မဟုတ္)
“ျပည္ေထာင္စုလႊတ္ေတာ္၊ ျပည္သူ႔လႊတ္ေတာ္ႏွင့္ အမ်ိဳးသားလႊတ္ေတာ္တို႔က ဖြဲ႕စည္းပုံအေျခခံဥပေဒက ေပးထားေသာ အခြင့္အာဏာျဖင့္ဖြဲ႕စည္းထားသည့္ ေကာ္မတီ၊ ေကာ္မရွင္ႏွင့္ အဖြဲ႕မ်ားသည္ ျပည္ေထာင္စု အဆင့္ အဖြဲ႕အစည္းမ်ားတြင္ အက်ဳံးဝင္ျခင္းရွိ၊ မရွိ” လို႔ ပါရွိပါတယ္။

ခုံ႐ုံးရဲ႕ ဆုံးျဖတ္ခ်က္
အဲဒီလို တင္သြင္းတဲ့အခါ ခုံ႐ုံးရဲ႕ဆုံးျဖတ္ခ်က္က “အေျခခံဥပေဒႏွင့္ ညီၫြတ္မႈရွိသည္”ဆိုလွ်င္ လႊတ္ေတာ္ မ်ားက ျပ႒ာန္းတဲ့ ဥပေဒမ်ားမွာ အထက္ေဖာ္ျပပါစကားရပ္ကို ဆက္လက္သုံးစြဲႏိုင္ပါတယ္။
“အေျခခံဥပေဒႏွင့္ ညီၫြတ္မႈမရွိ” လို႔ဆုံးျဖတ္ခဲ့ရင္၊ ဆက္လက္ျပ႒ာန္းမယ့္ဥပေဒမ်ားမွာ ဒီစကားရပ္ကို သုံးစြဲလို႔ မရေတာ့သလို၊ ယခင္ျပ႒ာန္းၿပီး ဥပေဒမ်ားပါ ဒီစကားရပ္ဟာလည္း ပ်က္ျပယ္သြားမွာျဖစ္ပါတယ္။
သမၼတကိုယ္စား ေရွ႕ေနခ်ဳပ္က အဲဒီလိုတင္သြင္းၿပီးတဲ့ေနာက္၊ ျပည္ေထာင္စုလႊတ္ေတာ္ အမ်ိဳးသား လႊတ္ေတာ္နဲ႔ ျပည္သူ႔လႊတ္ေတာ္ အႀကီးအမႉးေတြရဲ႕ကိုယ္စား ဒုတိယအႀကီးအမႉးႏွစ္ေယာက္က ျပန္လည္ရွင္းလင္းလႊာကို ေဖေဖာ္ဝါရီလ (၁၇) ရက္မွာ တင္သြင္းခဲ့ပါတယ္။ တင္သြင္းတဲ့ဘက္နဲ႔ ျပန္လည္ရွင္းလင္းတဲ့ဘက္တို႔ရဲ႕ ေနာက္ဆုံး အၿပီးသတ္ေလွ်ာက္လဲခ်က္ေတြကို ေဖေဖာ္ဝါရီလ (၂၄) ရက္မွာ ျပဳလုပ္ခဲ့ၾကပါတယ္။
အဲဒီေနာက္ ခုံ႐ုံးက ၂ဝ၁၂ ခုႏွစ္၊ မတ္လ (၂၈) ရက္မွာ “ လႊတ္ေတာ္အသီးသီးကဖြဲ႕စည္းထားသည့္ ေကာ္မတီ၊ ေကာ္မရွင္ႏွင့္ အဖြဲ႕တို႔အား ျပည္ေထာင္စုအဆင့္အဖြဲ႕အစည္းအျဖစ္ထည့္သြင္း အဓိပၸာယ္ဖြင့္ဆိုျခင္းသည္ ဖြဲ႕စည္းပုံ အေျခခံဥပေဒပါ ျပ႒ာန္းခ်က္မ်ားႏွင့္ ညီၫြတ္ျခင္းမရွိေၾကာင္း” အၿပီးသတ္ဆုံးျဖတ္ခ်က္ခ်မွတ္လိုက္ပါတယ္။

အေျခခံဥပေဒမွာ မပါဝင္တဲ့ ျပည္ေထာင္စုအဆင့္ အဖြဲ႕အစည္း သတ္မွတ္ခ်က္
ဒီေနရာမွာ ဒီဆုံးျဖတ္ခ်က္မွန္/မမွန္ သိရွိႏိုင္ဖို႔အတြက္ ၂ဝဝ၈ အေျခခံဥပေဒမွာ “ျပည္ေထာင္စုအဆင့္အဖြဲ႕ အစည္း” ဆိုတာနဲ႔ပတ္သက္ၿပီး ဘယ္လိုဖြင့္ဆိုထားသလဲဆိုတာ အရင္ရွင္းျပပါ့မယ္။
၂ဝဝ၈ အေျခခံဥပေဒမွာ “ျပည္ေထာင္စုအဆင့္အဖြဲ႕အစည္းဆိုသည္မွာ” ဆိုၿပီး သီးသန႔္အဓိပၸာယ္ဖြင့္ဆိုထားခ်က္ မပါရွိေပမယ့္….
(၁) ျပည္ေထာင္စုအစိုးရအဖြဲ႕
(၂) အမ်ိဳးသားကာကြယ္ေရးႏွင့္လုံၿခဳံေရးေကာင္စီ
(၃) ဘ႑ာေရးေကာ္မရွင္
(၄) ျပည္ေထာင္စုတရားလႊတ္ေတာ္ခ်ဳပ္
(၅) ႏိုင္ငံေတာ္ဖြဲ႕စည္းပုံအေျခခံဥပေဒဆိုင္ရာခုံ႐ုံး
စတာေတြကို အေျခခံဥပေဒပါ ျပဌာန္းခ်က္မ်ားအရ ဖြဲ႕စည္းထားပါတယ္။

(၁) ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္
(၂) ျပည္ေထာင္စုရာထူးဝန္အဖြဲ႕ တို႔ကို သမၼတက ခန႔္အပ္တာဝန္ေပးၿပီး
(၁) ျပည္ေထာင္စု ဝန္ႀကီးဌာနမ်ား
(၂) ျပည္ေထာင္စု ေရွ႕ေနခ်ဳပ္႐ုံး
(၃) ျပည္ေထာင္စု စာရင္းစစ္ခ်ဳပ္႐ုံး စတာေတြကိုေတာ့ ျပည္ေထာင္စုအစိုးရက ဖြဲ႕စည္းပါတယ္။
အထက္မွာေဖာ္ျပခဲ့တဲ့ အဖြဲ႕အစည္းေတြဟာ အေျခခံဥပေဒအရလည္းေကာင္း၊ သမၼတနဲ႔ ျပည္ေထာင္စုအစိုးရ တို႔ကလည္းေကာင္း ဖြဲ႕စည္းေပးတဲ့ အုပ္ခ်ဳပ္ေရး၊ တရားစီရင္ေရးနဲ႔ ေ႐ြးေကာက္ပြဲဆိုင္ရာ ျပည္ေထာင္စုအဆင့္ အဖြဲ႕အစည္းေတြလို႔ ေျပာရမွာျဖစ္ပါတယ္။
အျခားတဖက္မွာ..
ျပည္သူ႔လႊတ္ေတာ္နဲ႔ အမ်ိဳးသားလႊတ္ေတာ္တို႔မွာ ေကာ္မတီ၊ ေကာ္မရွင္နဲ႔ အဖြဲ႕မ်ားဖြဲ႕စည္းေရးနဲ႔ပတ္သက္ၿပီး ျပ႒ာန္းထားတဲ့အေျခခံဥပေဒပုဒ္မ ၁၁၅ နဲ႔ ၁၄၇ တို႔မွာ အဲဒီေကာ္မတီ၊ ေကာ္မရွင္နဲ႔ အဖြဲ႕မ်ားကို “ျပည္ေထာင္စု အဆင့္အဖြဲ႕အစည္း” လို႔ ရည္ၫႊန္းသုံးႏႈန္းတာမရွိသလို၊ အေျခခံဥပေဒရဲ႕ အျခားမည္သည့္ေနရာတြင္မွ “လႊတ္ေတာ္ က ဖြဲ႕စည္းေပးတဲ့ေကာ္မတီ၊ ေကာ္မရွင္နဲ႔အဖြဲ႕ေတြကို ျပည္ေထာင္စုအဆင့္အဖြဲ႕အစည္း” လို႔ ရည္ၫႊန္းသုံးႏႈန္းတာ မရွိပါဘူး။

ဒါ့အျပင္ အေျခခံဥပေဒ ပုဒ္မ ၇၇ (ဂ) မွာ “ ျပည္ေထာင္စုလႊတ္ေတာ္အစည္းအေဝး၌ ေဆြးေႏြးေဆာင္ ႐ြက္ဆဲ အေၾကာင္းအရာ တစ္ရပ္ရပ္ႏွင့္စပ္လ်ဥ္း၍ လိုအပ္လွ်င္ ဖြဲ႕စည္းပုံအေျခခံဥပေဒအရဖြဲ႕စည္းသည့္ ျပည္ေထာင္စု အဆင့္အဖြဲ႕အစည္းတစ္ရပ္ရပ္ကို ကိုယ္စားျပဳေသာအဖြဲ႕အစည္းမ်ား (သို႔မဟုတ္) ပုဂၢိဳလ္မ်ားကို ျပည္ေထာင္စု လႊတ္ေတာ္သို႔ တက္ေရာက္ရွင္းလင္းတင္ျပေစရန္ ဖိတ္ၾကားခြင့္ရွိသည္” လို႔ ျပ႒ာန္းထားတဲ့အတြက္ “ျပည္ေထာင္စု အဆင့္ အဖြဲ႕အစည္းတစ္ရပ္ရပ္” ဆိုတဲ့ေဝါဟာရဟာ လႊတ္ေတာ္က ဖြဲ႕စည္း တဲ့ေကာ္မတီ၊ ေကာ္မရွင္နဲ႔ အဖြဲ႕မ်ားကို ဆိုလိုတာမဟုတ္ဘဲ အထက္ကေဖာ္ျပခဲ့တဲ့ အုပ္ခ်ဳပ္ေရး၊ တရားစီရင္ေရးနဲ႔ ေ႐ြးေကာက္ပြဲဆိုင္ရာ ျပည္ေထာင္စု အဆင့္အဖြဲ႕အစည္းေတြကိုသာ ရည္ၫႊန္းတာျဖစ္ေၾကာင္း ထင္ရွားပါတယ္။

ဒါေပမယ့္…. အေျခခံဥပေဒမွာ ျပ႒ာန္းမထားေပမဲ့ ျပည္ေထာင္စုလႊတ္ေတာ္ဆိုင္ရာဥပေဒ၊ ျပည္သူ႔လႊတ္ေတာ္ ဆိုင္ရာဥပေဒ၊ အမ်ိဳးသားလႊတ္ေတာ္ဆိုင္ရာဥပေဒ၊ ျပည္ေထာင္စုေရွ႕ေနခ်ဳပ္ဥပေဒနဲ႔ ျပည္ေထာင္စုစာရင္း စစ္ခ်ဳပ္ဥပေဒေတြမွာ “ျပည္ေထာင္စုအဆင့္အဖြဲ႕အစည္းဆိုသည္မွာ လႊတ္ေတာ္အသီးသီးက ဖြဲ႕စည္းထား သည့္ ေကာ္မတီ၊ ေကာ္မရွင္ႏွင့္ အဖြဲ႕မ်ားကိုလည္းေကာင္း ဆိုသည္” ဆိုၿပီး ျပ႒ာန္းထားပါတယ္။ ဒီဥပေဒေတြဟာ ၂ဝ၁၁ ခုႏွစ္ကမွေပၚေပါက္လာတဲ့ ျပည္ေထာင္စုလႊတ္ေတာ္က ျပ႒ာန္းလိုက္တဲ့ ဥပေဒမ်ား မဟုတ္ၾကဘဲ၊ ႏိုင္ငံေတာ္ ေအးခ်မ္းသာယာေရးႏွင့္ ဖြံ႕ၿဖိဳးေရးေကာင္စီ (နအဖ) က ျပ႒ာန္းေပးခဲ့တဲ့ဥပေဒမ်ား သာျဖစ္ၾကပါတယ္။
ဒါေၾကာင့္ ဖြဲ႕စည္းပုံအေျခခံဥပေဒဆိုင္ရာ ခုံ႐ုံးရဲ႕ ယခုဆုံးျဖတ္ခ်က္ဟာ ယခင္ နအဖ ကျပ႒ာန္းေပးခဲ့တဲ့ ဥပေဒပါ ျပ႒ာန္းခ်က္ကို - အေျခခံဥပေဒနဲ႔ ညီ၊ မညီ သုံးသပ္ဆုံးျဖတ္ရာ ေရာက္သြားပါတယ္။
အေျခခံဥပေဒပုဒ္မ ၃၂၂ မွာေဖာ္ျပထားတဲ့ ခုံ႐ုံးရဲ႕လုပ္ငန္းတာဝန္ေတြထဲမွာ ဖြဲ႕စည္းပုံအေျခခံဥပေဒပါ ျပဌာန္း ခ်က္မ်ားကို အဓိပၸာယ္ဖြင့္ျခင္းနဲ႔ လႊတ္ေတာ္အသီသီးက ျပ႒ာန္းလိုက္တဲ့ ဥပေဒမ်ားဟာ အေျခခံဥပေဒနဲ႔ ညီၫြတ္ မႈရွိ၊ မရွိ စီစစ္တဲ့ တာဝန္ပါဝင္ေပမဲ့၊ ယခင္က ျပ႒ာန္းထားတဲ့ ဥပေဒမ်ားကို အေျခခံဥပေဒနဲ႔ ညီ၊ မညီ စီစစ္သုံးသပ္ ရန္တာဝန္မပါ ရွိပါဘူး။

လႊတ္ေတာ္အတြင္းမွ တုံ႔ျပန္မႈမ်ား -
“လႊတ္ေတာ္အသီးသီးကဖြဲ႕စည္းထားသည့္ ေကာ္မတီ၊ ေကာ္မရွင္ႏွင့္အဖြဲ႕တို႔အား ျပည္ေထာင္စုအဆင့္အဖြဲ႕ အစည္းအျဖစ္ထည့္သြင္း အဓိပၸာယ္ဖြင့္ဆိုျခင္းသည္ ဖြဲ႕စည္းပုံအေျခခံဥပေဒပါ ျပ႒ာန္းခ်က္မ်ားႏွင့္ ညီၫြတ္ျခင္းမရွိ ေၾကာင္း” အေျခခံဥပေဒဆိုင္ရာခုံ႐ုံးက ဆုံးျဖတ္လိုက္တဲ့အတြက္ ျပည္ေထာင္စုလႊတ္ေတာ္ကိုယ္စားလွယ္မ်ား အၾကားမွာ မေက်နပ္သံမ်ား ေပၚထြက္လာပါတယ္။
အဲဒီအခ်ိန္မွာ ၂ဝ၁၂ ခုႏွစ္ ဧၿပီလ ၾကားျဖတ္ေ႐ြးေကာက္ပြဲမွာ အႏိုင္ရရွိထားတဲ့ NLD ပါတီက လႊတ္ေတာ္ကိုယ္စား လွယ္ေတြလည္း ျပည္ေထာင္စုလႊတ္ေတာ္ထဲမွာ ေရာက္ရွိလာၾကပါၿပီ။

လႊတ္ေတာ္ကိုယ္စားလွယ္မ်ားရဲ႕ မေက်နပ္ခ်က္ေတြက….
- လႊတ္ေတာ္မတိုင္မီက နအဖ ျပ႒ာန္းေပးခဲ့တဲ့ ဥပေဒမ်ားမွာ “ျပည္ေထာင္စုအဆင့္အဖြဲ႕အစည္း” လို႔ အသိအမွတ္ျပဳျပ႒ာန္းထားပါလ်က္ “ ျပည္ေထာင္စုအဆင့္ ဆိုတာကို အသိအမွတ္မျပဳပယ္ဖ်က္ခံရတယ္”
- “ဥပေဒျပဳေရးအဖြဲ႕အစည္းအေပၚ အုပ္ခ်ဳပ္ေရးအဖြဲ႕အစည္းက အေၾကာင္းမဲ့ ထိုးႏွက္လာတယ္” (၂၄-၄-၂ဝ၁၂ ရက္မွ ၂၆-၄-၂ဝ၁၂ ရက္ေန႔ထိ လႊတ္ေတာ္အစည္း အေဝးမ်ားတြင္ ေျပာၾကားခ်က္မ်ား)
- အေျခခံဥပေဒပုဒ္မ ၃၂၅ (က) အရ သမၼတက ခုံ႐ုံးသို႔ တိုက္႐ိုက္တင္သြင္းရမည္ဟု ျပ႒ာန္းထားပါလ်က္ ဥပေဒနဲ႔ အညီမလုပ္ဘဲ၊ သမၼတကိုယ္စား ျပည္ေထာင္စုေရွ႕ေနခ်ဳပ္က လက္မွတ္ေရးထိုးတင္သြင္းတယ္။
- ႏိုင္ငံေတာ္ေအးခ်မ္းသာယာေရးႏွင့္ ဖြံ႕ၿဖိဳးေရးေကာင္စီက ျပ႒ာန္းထားတဲ့ ဥပေဒပါ ျပ႒ာန္းခ်က္ကို အဓိပၸာယ္ဖြင့္ဆိုေပးရန္ သို႔မဟုတ္ အေျခခံဥပေဒႏွင့္ညီ၊ မညီ စီစစ္ရန္ ခုံ႐ုံးက တာဝန္မရွိပါဘဲလ်က္ လက္ ခံဆုံးျဖတ္ခ်က္ခ်မွတ္တယ္။
စသျဖင့္ သမၼတကိုေရာ၊ ခုံ႐ုံးအေပၚမွာပါ မေက်မနပ္ ေဝဖန္မႈမ်ား ရွိလာၾကပါတယ္။ ဒီလို မေက်မနပ္ ျဖစ္တာထက္ ဒီဆုံးျဖတ္ခ်က္ကို ပ်က္ျပယ္သြားေအာင္မလုပ္ႏိုင္ရင္ ၊ လႊတ္ေတာ္အေနနဲ႔ ျပည္ေထာင္စုအဆင့္ အုပ္ခ်ဳပ္ေရး ဆိုင္ရာ အဖြဲ႕အစည္းမ်ားအေပၚ အျပန္အလွန္ထိန္းေက်ာင္းမႈလည္း လုပ္ႏိုင္ေတာ့မွာမဟုတ္ဘူးလို႔ ေတြးလာၾကပါ တယ္။

စြပ္စြဲျပစ္တင္ရန္ ႀကိဳးပမ္းလာၾကျခင္း
လက္ေတြ႕သာဓကအားျဖင့္ ျပည္ေထာင္စုဝန္ႀကီးတခ်ိဳ႕ဟာ လႊတ္ေတာ္ကိုယ္စားလွယ္မ်ားရဲ႕ေမးခြန္းေတြကို လာေျဖတဲ့အခါ ေဆာင့္ႀကီးေအာင့္ႀကီး မေလးမစားေျပာဆိုတာ၊ ေကာင္းမြန္စြာ ရွင္းလင္းျပတာမ်ိဳးမလုပ္ဘဲ တိုတို ျပတ္ျပတ္တစ္ခြန္းထဲ ေျဖၾကားတာ၊ စတာေတြလုပ္လာလို႔ လႊတ္ေတာ္ဥကၠ႒က သတိေပးရတဲ့အထိ ျဖစ္ခဲ့ပါတယ္။
ဒါ့အျပင္ ဩဂုတ္လ ၂ဝ ရက္က က်င္းပတဲ့ျပည္သူ႔လႊတ္ေတာ္အစည္းအေဝးမွာ၊ “ ျပည္သူလူထုက တိုင္ၾကားတဲ့ ကိစၥမ်ားနဲ႔ပတ္သက္ၿပီး ျပည္ေထာင္စုတရားလႊတ္ေတာ္ခ်ဳပ္နဲ႔ သက္ဆိုင္ရာ ဝန္ႀကီးဌာန မ်ားကို ေပးပို႔ေမးျမန္းခဲ့ ေပမယ့္ ျပန္လည္ေျဖၾကားတာ နည္းပါးေၾကာင္း၊ ေျဖၾကားရင္လည္း မည္ကာမတၱာ ဝတ္ ေက်တန္းေက်သာပါရွိ ေၾကာင္း၊ တာဝန္ယူမႈ တာဝန္ခံမႈ မရွိသလို၊ အေလးအနက္ထား ျပန္ၾကားမႈ မရွိေၾကာင္း၊ ဒါေၾကာင့္ လႊတ္ေတာ္ ေကာ္မတီမ်ားအေနနဲ႔ ျပည္သူေတြက ေပးအပ္လိုက္တဲ့တာဝန္ထမ္းေဆာင္ရာမွာ အခက္အခဲမ်ားျဖစ္ရေၾကာင္း” ေဆြးေႏြးၾကပါတယ္။

ျပႆနာမွာ စစ္အာဏာရွင္အုပ္ခ်ဳပ္ေရးစနစ္နဲ႔ အသားက်ေနတဲ့ အက်င့္ဆိုးမ်ားကို အျပန္အလွန္ထိန္း ေက်ာင္းတဲ့ စနစ္ျဖင့္ ျပင္ဆင္ရမွာကို ျပင္ဆင္လိုစိတ္မရွိၾကဘဲ၊ ျပည္သူေတြရဲ႕ကိုယ္စား ေမးခြန္း ထုတ္တာကို မခံႏိုင္ျဖစ္ေနၾက ျခင္းျဖစ္ပါတယ္။ အဲဒီအခ်ိန္မွာ ခုံ႐ုံးရဲ႕ဆုံးျဖတ္ခ်က္ေၾကာင့္ လႊတ္ေတာ္အဖြဲ႕အစည္းမ်ားနဲ႔ လႊတ္ေတာ္ကိုယ္စား လွယ္မ်ားအေပၚ ပိုမိုမေလးမစားလုပ္လာျခင္းျဖစ္တယ္ လို႔ လႊတ္ေတာ္ကိုယ္စား လွယ္မ်ားက ယူဆၾကပါတယ္။
ဒါေၾကာင့္ လႊတ္ေတာ္ကိုယ္စားလွယ္မ်ားက ခုံ႐ုံးရဲ႕ဆုံးျဖတ္ခ်က္ ပ်က္ျပယ္သြားေစခ်င္ၾကပါတယ္။

“ႏိုင္ငံေတာ္ဖြဲ႕စည္းပုံအေျခခံဥပေဒဆိုင္ရာခုံ႐ုံး၏ ဆုံးျဖတ္ခ်က္သည္ အၿပီးအျပတ္အတည္ျဖစ္သည္”လို႔ အေျခခံ ဥပေဒပုဒ္မ ၃၂၄ မွာျပ႒ာန္းထားတဲ့အတြက္ ယခုဆုံးျဖတ္ခ်က္ ပ်က္ျပယ္သြားေအာင္ ဘယ္လိုလုပ္ရမလဲဆိုတာ နည္းလမ္းေတြရွာလာၾကပါတယ္။ ေနာက္ဆုံးေတာ့ ခုံ႐ုံးတစ္ဖြဲ႕လုံးကို အေျခခံဥပေဒ ၃၃၄ (က) ပါျပ႒ာန္းခ်က္ (၂) ႏွင့္ (၅) တို႔အရစြပ္စြဲျပစ္တင္ၾကရန္ ျပင္ဆင္ၾကပါတယ္။

ျပည္သူ႔လႊတ္ေတာ္ဥကၠ႒ရဲ႕ ညႇိႏႈိင္းေဆာင္႐ြက္ခ်က္
၂ဝ၁၂ ခုႏွစ္ ဧၿပီလ ၂၆ ရက္မွာ ျပည္သူ႔ လႊတ္ေတာ္ကိုယ္စားလွယ္ ၁၉၁ ဦးတို႔ကလက္မွတ္ ေရးထိုးၿပီး ခုံ႐ုံးဥကၠ႒နဲ႔ အဖြဲ႕ဝင္မ်ားကို စြပ္စြဲျပစ္တင္ရန္ အေရးႀကီးအဆိုတင္ဖို႔ ျပည္သူ႔လႊတ္ေတာ္ဥကၠ႒ထံတင္ျပရာမွာ ဥကၠ႒က ေခတၱဆိုင္းငံ့ထားရန္ျပန္ၾကားၿပီး သမၼတႏွင့္ ညႇိႏႈိင္းေဆာင္႐ြက္ေပးပါတယ္။ သမၼတဆီကိုျပည္သူ႔လႊတ္ေတာ္ ေကာ္မတီဥကၠ႒မ်ားနဲ႔ လႊတ္ေတာ္တြင္း အင္အားႀကီးပါတီ ျပည္ခိုင္ၿဖိဳးရဲ႕ ဗဟိုအတြင္းေရးမႉးအဖြဲ႕တို႔ကို ေစလႊတ္ၿပီး လႊတ္ေတာ္တြင္းက အေျခအေနေတြကို ေျပာျပညႇိႏႈိင္းေစပါတယ္။ အဲဒီအခါ သမၼတက အဆင္ေျပေက်နပ္မႈရရွိ ေအာင္ ေဆာင္႐ြက္သြားမယ္လို႔ ျပန္ၾကား ခဲ့တယ္လို႔ ဆိုပါတယ္။

သို႔ေသာ္လည္း ေလးလတာမွ်ေစာင့္ဆိုင္းၿပီး မည္သို႔မွ်အေၾကာင္းထူးမလာတဲ့အခါ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စား လွယ္ ၃ဝ၁ ဦးက ခုံ႐ုံးကို စြပ္စြဲျပစ္တင္ဖို႔ ဒုတိယအႀကိမ္စုေပါင္းလက္မွတ္ေရးထိုးၿပီး ဩဂုတ္လ (၈) ရက္မွာ တင္ျပန္ပါတယ္။ ဒါေပမယ့္ လႊတ္ေတာ္ဥကၠ႒က စြပ္စြဲျပစ္တင္တဲ့ အထိမျဖစ္ေစလိုတဲ့ အတြက္ သမၼတထံ သဝဏ္လႊာေပးပို႔ၿပီး ညႇိႏႈိင္းျပန္ပါတယ္။
အဲဒီေနာက္ ဩဂုတ္လ (၁၄) ရက္မွာ သမၼတဆီကျပန္ၾကားစာရလို႔ လႊတ္ေတာ္ကို ဥကၠ႒က ဖတ္ၾကားတင္ျပပါ တယ္။ သမၼတရဲ႕ ျပန္ၾကားစာ အႏွစ္ခ်ဳပ္မွာ….
- လႊတ္ေတာ္ကဖြဲ႕စည္းတဲ့ ေကာ္မတီ၊ ေကာ္မရွင္နဲ႔ အဖြဲ႕ေတြဟာ ျပည္ေထာင္စုအဆင့္အဖြဲ႕အစည္းဟုတ္ ၊ မဟုတ္ခုံ႐ုံးသို႔ေမးရျခင္းမွာ ဟုတ္ခဲ့လွ်င္ ျပည္ေထာင္စုအဆင့္နဲ႔ေလ်ာ္ညီတဲ့ေငြေၾကးနဲ႔ အုပ္ခ်ဳပ္ေရးဆိုင္ရာကိစၥမ်ား အစိုးရအဖြဲ႕အေနျဖင့္ စီမံေဆာင္႐ြက္ေပးရန္အတြက္ျဖစ္ေၾကာင္း။
- ခုံ႐ုံးက ဆုံးျဖတ္ၿပီးျဖစ္တဲ့အတြက္ မိမိရဲ႕ တင္သြင္းလႊာကို ျပန္လည္ ႐ုတ္သိမ္းရန္မွာလည္း မျဖစ္ႏိုင္ ေတာ့ ေၾကာင္း။
- အေျခခံဥပေဒဆိုင္ရာခုံ႐ုံးဟာ လြတ္လပ္တဲ့ တရားစီရင္ေရး အင္စတီက်ဴးရွင္းတစ္ခုျဖစ္တဲ့အတြက္ ခုံ႐ုံး ဥကၠ႒နဲ႔ အဖြဲ႕ဝင္မ်ားကို ႏႈတ္ထြက္ အနားယူေစရန္မွာလည္း သမၼတအေနနဲ႔ ေဆာင္႐ြက္မရတဲ့ကိစၥျဖစ္ေၾကာင္း။
- ဒါေၾကာင့္ လႊတ္ေတာ္က ခုံ႐ုံးကို စြပ္စြဲျပစ္တင္ျဖဳတ္ခ်တဲ့ နည္းလမ္းအစား အေျခခံဥပေဒ အခန္း (၁၂) ပါ အတိုင္း အေျခခံဥပေဒကို ျပင္ဆင္တဲ့နည္းနဲ႔ မည္သူ႔ကိုမွ်ထိခိုက္မႈမရွိေစဘဲ ေဆာင္႐ြက္ႏိုင္ေၾကာင္း။
- ဤအဖြဲ႕အစည္းႏွစ္ခုမွာ သီးျခားစီလြတ္လပ္ေသာ အဖြဲ႕အစည္းႏွစ္ခုျဖစ္၍ မိမိတို႔ဆႏၵအရ ႀကိဳက္ႏွစ္သက္ သည့္ ႏိုင္ငံေရးလမ္းေၾကာင္းကို ေ႐ြးခ်ယ္ႏိုင္ခြင့္ရွိေၾကာင္း ေဖာ္ျပထားပါတယ္။
သမၼတအဆိုျပဳတဲ့အႀကံညဏ္မွာ ေကာင္းမြန္သင့္ျမတ္တယ္လို႔ ထင္ျမင္စရာရွိေပမဲ့ အေျခခံဥပေဒကို ျပင္ဆင္ ရန္မွာ ၇၅ ရာခိုင္ႏႈန္း ေက်ာ္ေထာက္ခံမဲရရွိမွ ျပင္ဆင္ႏိုင္မွာျဖစ္တဲ့အတြက္ ေထာက္ခံမဲ အလုံအေလာက္ရရွိဖို႔က မေသခ်ာပါဘူး။ အထူးသျဖင့္ ဒီျပႆနာစေပၚကတည္းက တပ္မေတာ္သား ကိုယ္စားလွယ္ေတြက ခုံ႐ုံးဘက္က ရပ္ခဲ့ၾကတာပါ။ ဒါေၾကာင့္ မူလက စဥ္းစားထားၾကတဲ့အတိုင္း လႊတ္ေတာ္က စြပ္စြဲျပစ္တင္ျဖဳတ္ခ်တဲ့ နည္းလမ္းကို သာ အေကာင္းဆုံးလို႔ ေ႐ြးခ်ယ္လိုက္ၾကပါေတာ့တယ္။

အဲဒီေနာက္ စြပ္စြဲပစ္တင္ျခင္းဆိုင္ရာ လုပ္ထုံးလုပ္နည္းေတြအတိုင္း အမ်ိဳးသားလႊတ္ေတာ္က စတင္ၿပီး ၂၈-၈-၂ဝ၁၂ ရက္ေန႔မွာ အဆိုကို အတည္ျပဳပါတယ္။
စြပ္စြဲျပစ္တင္ေရးျဖစ္စဥ္အတြင္း အထူးသတိထားထိန္းေက်ာင္းခံရတဲ့ အမွန္တရားရွာသူ ကြၽန္ေတာ္အဲဒီ ၂၈ ရက္ မတိုင္ခင္ ဩဂုတ္လ ၂၃ ရက္က က်င္းပတဲ့ ျပည္ေထာင္စုလႊတ္ေတာ္အစည္းအေဝးမွာ “ ႏိုင္ငံေတာ္ဖြဲ႕စည္းပုံ အေျခခံဥပေဒဆိုင္ရာ ခုံ႐ုံးအေနျဖင့္ ခုံ႐ုံးဥပေဒမ်ားအရ၊ လုပ္ပိုင္ခြင့္မရွိဘဲ လုပ္ေဆာင္ခဲ့ျခင္းျဖစ္ၿပီး၊ တည္ဆဲဥပေဒ ပါျပ႒ာန္းခ်က္မ်ားကိုဆန႔္က်င္၍ မွားယြင္းစြာ ဆုံးျဖတ္ ခဲ့ျခင္းျဖစ္ပါသျဖင့္ မွားယြင္းစြာေဆာင္႐ြက္မိေၾကာင္းကို ႏိုင္ငံေတာ္ဖြဲ႕စည္းပုံအေျခခံဥပေဒဆိုင္ရာခုံ႐ုံးက ေၾကညာခ်က္ထုတ္ျပန္ေပးေရးအတြက္ ျပည္ေထာင္စု လႊတ္ေတာ္က တိုက္တြန္းေပးရန္” အေရးႀကီးအဆိုကို တင္သြင္းဆုံးျဖတ္ခဲ့ၾကပါေသးတယ္။

မူလ အစက အဲဒီအဆိုကို တင္သြင္းေဆြးေႏြးဆုံးျဖတ္ဖို႔ မဟုတ္ဘဲ မီဒီယာေတြမွာ ခုံ႐ုံးကို စြပ္စြဲျပစ္တင္တာဟာ မွားယြင္းေၾကာင္း ေရးသားေနတာေတြကို အေရးယူပိတ္ပင္ဖို႔ လႊတ္ေတာ္မွာ အဆိုတင္ေဆြးေႏြးၾကဖို႔ပါ။ အထူးသျဖင့္ သတင္းစာမွာပါတဲ့ ေဒါက္တာ သီတာဦးေရးတဲ့ ေဆာင္းပါးကိုပါ။ အဲဒီလိုလုပ္ၾကဖို႔ ေကာ္မတီဥကၠ႒ ဦးသိန္းေဇာ္နဲ႔ လႊတ္ေတာ္အမတ္တခ်ိဳ႕ ကြၽန္ေတာ့္ကိုလာေရာက္တိုင္ပင္တဲ့အခါ ကြၽန္ေတာ္က ဒါက သိပ္ေကာင္းတဲ့အႀကံဉာဏ္မဟုတ္ဘူး။ မီဒီယာေတြက လြတ္လပ္စြာ ေရးသားခြင့္ရွိတာဘဲ။ ဒီလိုလုပ္လိုက္ရင္ မီဒီယာေတြဟာ လႊတ္ေတာ္ရဲ႕ရန္သူေတြျဖစ္သြားလိမ့္မယ္လို႔ အႀကံျပဳေျပာလိုက္တာေၾကာင့္ လႊတ္ေတာ္ ဥကၠ႒ကို သြားတင္ျပၿပီး အစီအစဥ္ေျပာင္း သြားတာပါ။ ေနာက္ေတာ့ ေျပာင္းလဲသြားတဲ့အဲဒီအစီအစဥ္ အတိုင္း ကြၽန္ေတာ့္ကို လည္း ဝင္ေရာက္ေဆြးေႏြးပါလို႔ ဦးသိန္းေဇာ္က မွာပါတယ္။
အဲဒီ ၂၈ ရက္ေန႔အဆိုကို ဝင္ေရာက္ေဆြးေႏြးဖို႔ အေျခခံဥပေဒနဲ႔ ဥပေဒေတြကို ျပန္ဖတ္ေတာ့ (အထူးသျဖင့္ စိုင္းစံမင္းရဲ႕ ေထာက္ျပခ်က္ကေလးေၾကာင့္ ပိုၿပီးအာ႐ုံစိုက္ဖတ္မိတာပါ) ထူးျခားခ်က္ေတြ ထပ္ေတြ႕ပါတယ္။ အဲဒီ အခ်င္းခ်င္းပဋိပကၡျဖစ္ေနတဲ့ ဥပေဒျပ႒ာန္းခ်က္ကိုေတြ႕လိုက္တဲ့အခါ အလြန္ကိုေပ်ာ္သြားလိုက္တာ “ငါေတြ႕ၿပီ၊ ငါေတြ႕ၿပီ” လို႔ ေအာ္ၿပီး ေရခ်ိဳးခန္းထဲက ဝစ္လစ္စလစ္ ေျပးထြက္တဲ့ အာခီးမီးဒီစ္ ကိုေတာင္သတိရလိုက္ပါတယ္။ ဒါေပမဲ့…ေပါ့ေလ။ အေျခအေနေတြက မတူပါဘူး။
ေသေသခ်ာခ်ာ စဥ္းစားခ်ိန္ရလို႔ စဥ္းစားၾကည့္လိုက္တဲ့အခါ ခုံ႐ုံးရဲ႕ အမွားဟာ အမွားႀကီးမဟုတ္ဘူး။ ကယ္တင္လို႔ ရတယ္။ ထြက္ေပါက္ေပးလို႔ရတယ္။ ဒါကို ကြၽန္ေတာ္ျမင္ လာပါတယ္။ ဒီအျမင္ကို လႊတ္ေတာ္မွာ ေျပာမလား? ေျပာရင္ လႊတ္ေတာ္က လုပ္ေနတဲ့စြပ္စြဲျပစ္တင္ ျဖဳတ္ခ်ေရးအစီအစဥ္က ပ်က္သြားမယ္။ မပ်က္ရင္ေတာင္ စြပ္စြဲ ျပစ္တင္မႈကို မဲခြဲတဲ့အခါ ေထာက္ခံမဲ ေလ်ာ့သြား ႏိုင္ပါတယ္။

ကြၽန္ေတာ္က လူပုဂၢိဳလ္စြဲ၊ ပါတီစြဲ၊ ဂိုဏ္းဂဏစြဲနဲ႔ ရပ္တည္သူမဟုတ္ဘဲ အမွန္တရားရွာတဲ့သူပါ။ အဲဒီေတာ့ ဘယ္သူႀကိဳက္ႀကိဳက္ မႀကိဳက္ႀကိဳက္ အခ်က္အလက္အမွန္ကို ကိုယ္ေတြ႕တဲ့အတိုင္း ကိုယ္ေျပာရမွာဘဲ။ ဒီလို ဆုံးျဖတ္ၿပီး ကြၽန္ေတာ္ေတြ႕ရွိခ်က္ကို အက်ဥ္းခ်ဳပ္ေရးၿပီး ၄-၅ ႐ြက္ ပရင့္ထုတ္ပါတယ္။ ျပည္သူ႔လႊတ္ေတာ္ထဲက နီးစပ္တဲ့ သူတခ်ိဳ႕ကို ေပးဖတ္ပါတယ္။ သူရ ဦးေအာင္ကို၊ သူကမွတဆင့္ ေဒၚေအာင္ဆန္းစု ၾကည္ကိုေပးလိုက္လို႔၊ ေနာက္ထပ္တစ္႐ြက္လာေတာင္းပါတယ္။ NDF က ဒုတိယဥကၠ႒ ဦးစိုးဝင္းကိုေပးလိုက္တာလည္း ကြၽန္ေတာ္ မွတ္မိပါတယ္။
သူတို႔က သိပ္စိတ္ဝင္စားသြားပါတယ္။ ဦးစိုးဝင္းက လႊတ္ေတာ္ ဥကၠ႒ ကိုသြားျပပါတယ္။ သူရဦးေအာင္ကိုလည္း ဦးေ႐ႊမန္းကို သြားေျပာတယ္ထင္ပါတယ္။ Street View Journal က ကြၽန္ေတာ့္အသိ သတင္းေထာက္ကိုေတာ့ အရင္ညေနကတည္းက အီးေမးလ္ကေန ပို႔လိုက္ၿပီးသားပါ။
အဲဒီေနာက္ေတာ့... အေျခအေနေတြက ကြၽန္ေတာ္ေမွ်ာ္လင့္ထားသလို မဟုတ္ေတာ့ပါဘူး။ ျပည္ေထာင္စု လႊတ္ေတာ္မွာ ကြၽန္ေတာ္စကားေျပာခြင့္ မရေတာ့ပါဘူး။ တစ္ပါတီ တစ္ေယာက္ဘဲေဆြးေႏြးခြင့္ ျပဳမယ္ဆိုၿပီး ေျပာဆိုခြင့္ကို ပိတ္လိုက္ပါတယ္။ ခုံ႐ုံးကိုလည္း မကယ္ႏိုင္ေတာ့ပါဘူး။ ဘယ္လိုကယ္လို႔ ရမွာလဲဆိုတဲ့ အဲဒီအေၾကာင္းေျပာရင္ ရွည္မွာမို႔ ေနာက္ထပ္ သီးသန႔္တစ္ပုဒ္ ေရးပါ့မယ္။

ခုံ႐ုံးအဖြဲ႕ ႏႈတ္ထြက္ျခင္းနဲ႔ ဆုံးျဖတ္ခ်က္ ပ်က္ျပယ္ေၾကာင္းေၾကညာျခင္း
၂၈ ရက္ေန႔မွာ အမ်ိဳးသားလႊတ္ေတာ္က ခုံ႐ုံးကို စြပ္စြဲျပစ္တင္တဲ့အဆို အတည္ျပဳၿပီးတဲ့ေနာက္ လုပ္ထုံး လုပ္နည္း အရ ျပည္သူ႔လႊတ္ေတာ္ကို ေပးပို႔ၿပီး၊ ၂၉ ရက္ေန႔မွာ ျပည့္သူ႔လႊတ္ေတာ္က စုံစမ္းစစ္ေရးအဖြဲ႕ကို အဖြဲ႕ဝင္ ၁၅ ဦးနဲ႔ ဖြဲ႕စည္းပါတယ္။ အဲဒီေနာက္ပိုင္း ခုံ႐ုံးတစ္ဖြဲ႕လုံးက လာေရာက္အစစ္ေဆးခံတာ မရွိပါဘူး။ ဒါေၾကာင့္ ၆-၉-၂ဝ၂၂ ရက္မွာ ျပည္သူ႔လႊတ္ေတာ္က စုံစမ္းစစ္ေဆးေရးအစီရင္ခံစာကို တင္သြင္းၿပီး အတည္ျပဳလိုက္ပါတယ္။ အဲဒီေနာက္ လႊတ္ေတာ္က ခုံ႐ုံးအဖြဲ႕ကို ဆက္လက္တာဝန္ထမ္း ေဆာင္ရန္မသင့္ေၾကာင္း ေၾကညာလိုက္ပါတယ္။
သူ႔လုပ္ထုံးလုပ္နည္းအရ လႊတ္ေတာ္ရဲ႕ဆုံးျဖတ္ခ်က္ကို သမၼတထံေပးပို႔ၿပီး သမၼတက အေျခခံဥပေဒ ဆိုင္ရာခုံ႐ုံး အဖြဲ႕ကိုတာဝန္မွ ရပ္စဲရမွာျဖစ္ပါတယ္။ ဒါေပမဲ့ အဲဒီလို မလုပ္ေတာ့ဘဲ ၁၆-၁ဝ-၂ဝ၁၂ ရက္မွာ ခုံ႐ုံးအဖြဲ႕ဥကၠ႒နဲ႔ အဖြဲ႕ဝင္ေတြဟာ ဆႏၵအေလ်ာက္ႏႈတ္ထြက္ခြင့္ေတာင္းတာကို ခြင့္ျပဳလိုက္ေၾကာင္း သမၼတက ျပည္ေထာင္စု လႊတ္ေတာ္ နာယက ဆီကို သဝဏ္လႊာေပးပို႔လိုက္ပါတယ္။
အဲဒီေနာက္ပိုင္းမွာေတာ့ ျပည္သူ႔လႊတ္ေတာ္ ဥကၠ႒က ျပည္ေထာင္စုလႊတ္ေတာ္နာယကထံ ေပးပို႔တဲ့ “ ႏိုင္ငံေတာ္ ဖြဲ႕စည္းပုံအေျခခံဥပေဒဆိုင္ရာခုံ႐ုံး၏ ၂ဝ၁၂ ခုႏွစ္တင္သြင္းလႊာအမွတ္(၁) အေပၚအဓိပၸာယ္ဖြင့္ဆို ဆုံးျဖတ္ခ်က္ သည္ မူလကပင္ ပ်က္ျပယ္ေသာအမိန႔္ျဖစ္ေၾကာင္း” ျပည္ေထာင္စုလႊတ္ေတာ္ရဲ႕အတည္ျပဳေၾကညာခ်က္ကို နာယက က ၅-၁၁-၂ဝ၁၂ ရက္မွာ သမၼတထံေပးပို႔လိုက္ပါတယ္။

Related news

© 2021. All rights reserved.