“မန်းငြိမ်းမောင်ရေးတဲ့ ငြိမ်းချမ်းရေးစာ” (ဆောင်းပါး)

 933

မန်းငြိမ်းမောင်(ကိုကိုးကျွန်း) (NP News) - အောက်တိုဘာ ၃

ငြိမ်းချမ်းရေးဟာ ပြည်သူတစ်ရပ်လုံးအတွက် ချိုမြိန်အေးချမ်းလှပါတယ်။ ဒါပေမယ့် လူတချို့အတွက်တော့ ငြိမ်းချမ်းရေးဟာ ပူလောင်ခါးသက်ပါတယ်။

၂ဝ၁၃ ခုနှစ်၊ KNU ကရင်အမျိုးသားအစည်းအရုံးရဲ့ (၁၃)ကြိမ်မြောက် ကွက်ကရက်ဟာ မြန်မာ ပြည်ငြိမ်းချမ်းရေးရရှိစေရေးအတွက် အလှည့်အပြောင်း တွန်းအားတစ်ခု ဖြစ်ခဲ့ပါတယ်။ ကွန်ကရက်ကျင်းပစဉ် ကာလအတွင်း KNU ဥက္ကဋ္ဌနေရာရတဲ့အတွက် ရွေး ကောက်ခံရမယ့် ခေါင်းဆောင်ကို ကရင်တစ်မျိုးသားလုံးသည်မကဘဲ မြန်မာပြည်သူတစ်ရပ်လုံးက အလေးအနက် စိတ်ဝင်တစား စောင့်မျှော်ခဲ့ကြပါတယ်။ အဲ့ဒီအချိန်က သမ္မတကြီးဦးသိန်းစိန် ဦးဆောင်တဲ့ နိုင်ငံတော်အစိုးရအဖွဲ့က ပိုပြီးတော့ စိတ်ဝင်စားခဲ့ပါတယ်။ အတွင်းသတင်းများအရ KNU ဥက္ကဋ္ဌဟာ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးသာ ဥက္ကဋ္ဌနေရာကို ရွေးကောက်ခံရရင် နိုင်ငံတော်အစိုးရနဲ့ KNU တို့ရဲ့ တွေ့ဆုံဆွေးနွေးရေး ငြိမ်းချမ်းရေးဟာ လုံးဝအောင်မြင်မယ်လို့ နိုင်ငံတော်ခေါင်းဆောင်များက ယုံကြည်ခဲ့ကြတယ်လို့ ကြားသိခဲ့ရပါတယ်။

KNU ကွန်ကရစ်ရဲ့ ညီလာခံခေါင်းဆောင် ရွေးချယ်တင်မြှောက်ပွဲမှာ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးဟာ KNU ဥက္ကဋ္ဌအဖြစ် ရွေးချယ်တင်မြှောက်ခံခဲ့ရပါတယ်။ ညီလာခံအပြီး ရွေးချယ်တင်မြှောက်ခံခဲ့ရတဲ့ KNU ဥက္ကဋ္ဌကို နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က အထူး ဧည့်သည်တော်အဖြစ် ဖိတ်ကြားခဲ့ပါတယ်။ သမ္မတကြီးရဲ့ဖိတ်ကြားချက်အရ ၂ဝ၁၃ ခုနှစ်၊ ဇန်နဝါရီလ ၅ ရက်မှာ သမ္မတကြီးရဲ့ လယ်တော အိမ်ရာမှာ KNU ဥက္ကဋ္ဌနဲ့ ကိုယ် စားလှယ်များကို လက်ခံကြိုဆိုနှုတ်ဆက်ခဲ့ပါတယ်။ သမ္မတကြီးရဲ့ အောင်မြေလယ် တောအိမ်ရာက လက်ခံတွေ့ဆုံကြိုဆိုပွဲမှာ သမ္မတကြီးနဲ့အတူ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြတဲ့ ဦးစိုးသိန်း၊ ဦးအောင်မင်း၊ ဦးခင်ရီ၊ ဦးခင်မောင်စိုး၊ အခြားပြည်ထောင်စုဝန်ကြီးများနဲ့ ငြိမ်းချမ်းရေးအကျိုးတော်ဆောင်အဖွဲ့များ တက်ရောက်ခဲ့ကြပါတယ်။ KNU ဥက္ကဋ္ဌနဲ့ ကိုယ်စားလှယ် အဖွဲ့ဝင်များကတော့ KNU အထွေထွေအတွင်းရေးမှူး ဖဒိုစောကွယ်ထူးဝင်း(ယခု KNU ဒု-ဥက္ကဋ္ဌ)၊ KNU ဗဟိုအလုပ်အမှုဆောင်များ ဖြစ်ကြတဲ့ ဖဒိုစောရော်ဂျာခင်၊ မန်း ငြိမ်းမောင်၊ စောလှထွန်း၊ မန်းမန်းတို့ ပါဝင်တက်ရောက်ခဲ့ကြပါတယ်။ လယ်တောအိမ်ရာတွေ့ဆုံပွဲမှာ သမ္မတကြီး ဦးသိန်းစိန်က သူရဲ့ပြည်ထောင်စုဝန်ကြီးများနဲ့ တစ်ဦးချင်းမိတ်ဆက်ပေးပြီးတော့ သမ္မတကြီးဟာ KNU ဥက္ကဋ္ဌကြီးနဲ့ ကိုယ်စားလှယ်အဖွဲ့ကို တစ်ဦးချင်းလိုက်လံနှုတ်ဆက်ပါတယ်။

သမ္မတကြီးလိုက်လံနှုတ်ဆက်တဲ့ ကျွန်တော့်အလှည့်ရောက်တော့ သမ္မတကြီးကို လက်ဆွဲနှုတ်ဆက်ရင်း “သမ္မတကြီးခင်ဗျာ၊ သမ္မတကြီး လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့တဲ့ မန်းငြိမ်းမောင်ဟာ ကျွန်တော်ပါပဲ”၊ သမ္မတကြီးက အံ့သြဝမ်းသာပြီးတော့ မျက်နှာပြုံးရွှင်သွားပါတယ်။ တစ်ကယ်က ကျွန်တော်ဟာ နိုင်ငံတော်ပုန်ကန်မှု ပုဒ်မ ၁၂၂(၁)နဲ့ ပြစ်ဒဏ် နှစ် ၂ဝ ချမှတ်ခံခဲ့ရပါတယ်။ ကျွန်တော့်ကို ၂ဝ၁၂ခုနှစ်၊ မတ်လ ၁၃ရက်မှာ တစ်သက်တစ်ကျွန်းချခဲ့ပါတယ်။ တကယ်တမ်း ကျွန်တော်လွတ်ရမယ့်ရက်ဟာ ၂ဝ၃၂ခုနှစ်၊ မတ်လ ၁၃ ရက်ကျမှ တစ်သက်တစ်ကျွန်းပြစ်ဒဏ်ကနေ လွတ်မြောက်မှာဖြစ်ပါတယ်။ ဒါပေမယ့်လို့ ၂ဝ၁၂ခုနှစ်၊ မတ်လ ၁၆ ရက်မှာ သမ္မတကြီးရဲ့ အထူးလွတ်ငြိမ်း ချမ်းသာခွင့်အမိန့်နဲ့ လွတ်မြောက်ခဲ့ပါတယ်။ တစ်သက် တစ်ကျွန်းပြစ်ဒဏ်ကို (၄)ရက်ပဲကျခံခဲ့ရပါတယ်။ တစ်ကယ်ဆိုရင် ၂ဝ၂၃ ခုနှစ်အထိ ထောင်ထဲမှာနေရမယ်ဆိုရင် အခုကျွန်တော့် အသက် အရွယ်အရဆိုရင် အပြင်လူ့ပြည်လောကကြီးကို ပြန်ရောက်စရာအကြောင်းမရှိတော့ဘူး။ ထောင်ထဲမှာဘဲ ဘဝကပြီးဆုံးသွားမှာပါ။ ဒါကြောင့်မို့ ကျွန် တော်ဆုံးဖြတ်ချက်တစ်ခုချခဲ့ပါတယ်။ ကျန်တဲ့သက်တမ်းမှာ လူ့အဖွဲ့အစည်းအတွက် တိုင်းပြည်အတွက် တန်ဖိုးရှိတဲ့ အသက်ရှင်နေထိုင်မှုနဲ့ နေထိုင်သွားမယ်လို့ ဆုံးဖြတ် ချက်ချခဲ့ပါတယ်။ ဒါဟာရင်ထဲက မှန်သောသစ္စာစကား ဖြစ်ပါတယ်။

သမ္မတကြီးနဲ့ တွေ့ဆုံပွဲမှာ သမ္မတကြီးပြောကြားခဲ့တာကတော့ KNU အပါအဝင် တိုင်း ရင်းသားအားလုံးနဲ့ ငြိမ်းချမ်းရေးရအောင် တည်ဆောက်သွားမယ်၊ တိုင်းပြည်ငြိမ်းချမ်းမှသာ တိုင်းပြည်ကို အဘက်ဘက်မှတိုး တက်ဖွံ့ဖြိုးမှ ဆောင်ရွက်နိုင်မှာဖြစ်တယ်။ တိုင်း ရင်းသားတွေနဲ့ ငြိမ်းချမ်းရေးရရှိဖို့ဆိုရင် ယုံကြည်မှုတည်ဆောက်ဖို့ အလွန်အရေးကြီးပါတယ်။ ဒါကြောင့်မို့လို့ KNU ဥက္ကဋ္ဌကြီးနဲ့ ကိုယ်စားလှယ် အဖွဲ့ဟာ ကျွန်တော်တို့နဲ့ မကြာမကြာ လာရောက်တွေ့ဆုံပါလို့ ဖိတ်ကြားခဲ့ပါတယ်။ သမ္မတကြီးက ဆက်လက်ပြောကြားရာမှာ ငြိမ်းချမ်း ရေးတည်ဆောက်မှုမှာ အောင်မြင်ဖို့အတွက် တစ်ဖက်နဲ့တစ်ဖက် ခွင့်လွှတ်ခြင်း၊ သည်းခံခြင်းတွေ ကျွန်တော်တို့ လက်တွေ့ကျင့်သုံးနိုင်မှသာ ယုံကြည်မှုကိုတည်ဆောက်နိုင်မှာ ဖြစ်တယ်၊ ငြိမ်းချမ်းရေးအတွက် ရှေ့ကို တက်လှမ်းနိုင်မှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ အရေးပေါ်ကိစ္စရှိရင်လည်း အချိန်မရွေးလာရောက်ပါလို့လည်း အလေးအနက် ဖိတ်ကြားခဲ့ပါတယ်။

သမ္မတကြီးကိုတွေ့ဆုံနှုတ်ဆက်ပြီး နောက်တစ်နေ့ဖြစ်တဲ့ ၂ဝ၁၃ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက်မှာ KNU ဥက္ကဋ္ဌကြီးနဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို သွားရောက်တွေ့ဆုံ နှုတ်ဆက်ခဲ့ပါတယ်။ KNU ဥက္ကဋ္ဌကြီးနဲ့ ကိုယ်စားလှယ်အဖွဲ့ကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တပ်မတော်ခေါင်းဆောင်များဟာ ဇေယျာသီရိ ဗိမာန်ခန်းမရဲ့ အရှေ့မုဒ်ဦးအဝင်ဝမှာ ကြိုဆိုနှုတ်ဆက်ခဲ့ပါတယ်။ ဗိုလ်ချုပ်မှူးကြီးဟာ KNU ဥက္ကဋ္ဌကြီးကို ပွေ့ဖက်နှုတ်ဆက်ပြီးတော့ KNU ခေါင်းဆောင် ကိုယ်စားလှယ်များကို တစ်ဦးချင်းကြိုဆိုနှုတ်ဆက်ခဲ့ပါတယ်။ ကြိုဆိုနှုတ်ဆက်မှု ကျွန်တော့်အလှည့်ရောက်တော့ ဗိုလ်ချုပ်မှူးကြီးက “ဖထီးခင်ဗျားရဲ့အကြံပြုချက်တွေကြောင့် ငြိမ်းချမ်းရေးဟာ အခုလောက် မြန်ဆန်လာတာဖြစ်တယ်”လို့ပြောဆိုနှုတ်ဆက်ပါတယ်။

ကျွန်တော်က “တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ခင်ဗျာ၊ ကျွန်တော်ကို အဲ့လိုမချီးမွမ်းပါနဲ့” လို့ပြန်ပြောတော့ ဗိုလ်ချုပ်မှူးကြီးနဲ့ တပ်မတော်ခေါင်းဆောင်များဟာ အံ့သြသွားကြပါတယ်။ “ဘာဖြစ်လို့လဲဖထီး” လို့ ဆက်ပြောပါတယ်။ ကျွန်တော်က “ကာကွယ်ရေးဦးစီး ချုပ်ကြီး ကျွန်တော့်ကို အဲ့လို ချီးမွမ်းလို့ရှိရင် ကျွန်တော်ပြန်ရောက်သွားရင် ကျွန်တော့်ကိုဝိုင်းပြီးတော့ ထုကြမှာ” လို့ ကျွန်တော်အဲ့လိုလဲ ပြောလိုက်ရော ဗိုလ်ချုပ်ကြီးနဲ့ တပ်မတော်ခေါင်းဆောင်များဟာ “ဝါး” ကနဲဆိုပြီး သဘောကျပြီး ဝိုင်းရယ်ကြပါတယ်။ အဲ့ဒီ့တုန်းကတော့ ကျွန်တော်က ဗိုလ်ချုပ်မှူးကြီးကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ခင်ဗျာလို့ ပြောဆိုသုံးနှုန်းခဲ့ပါတယ်။ ဒီဘက်က ယဉ်ကျေးမှုကို သိပ်နားမလည်တော့ ဘယ်လိုပြောဆို သုံးနှုန်းရမလဲဆိုတာ မသိခဲ့ပါဘူး။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တပ်မတော်ခေါင်းဆောင်ကြီးများ၊ KNU ဥက္ကဋ္ဌကြီးနဲ့ ကိုယ်စားလှယ်အဖွဲ့ဝင်များဟာ နှစ်ဦးနှစ်ဖက် ရင်းနှီးပွင့်လင်းနွေးထွေးစွာ ငြိမ်းချမ်းရေးအတွက် အပြု သဘောဆောင်တဲ့ တွေ့ဆုံဆွေးနွေးမှုကို ပြုလုပ်နိုင်ခဲ့ပါတယ်။ ငြိမ်းချမ်းရေးအတွက် အလားအလာကောင်းတဲ့ မျှော်လင့်ချက်တွေလည်း ရရှိခဲ့ပါတယ်။

၂ဝ၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်မှာ ကျရောက်တဲ့(၆၆)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို တက် ရောက်ဖို့ နိုင်ငံတော်အစိုးရမှ KNU ကိုဖိတ်ကြားခဲ့ပါတယ်။ ပြည် ထောင်စုနေ့ ညစာစားပွဲကို KNU ကိုယ်စားလှယ်အပါအဝင် ငြိမ်းချမ်းရေးတည်ဆောက်နေတဲ့ EAO ကိုယ်စားလှယ်များဟာ တက်ရောက် ခဲ့ကြပါတယ်။ ကျွန်တော်တို့ တိုင်းရင်း သားကိုယ်စားလှယ်အဖွဲ့တွေနဲ့အတူ နိုင်ငံတော်အစိုးရရဲ့ ငြိမ်းချမ်းရေး တည် ဆောက်မှု ခေါင်းဆောင်များဖြစ်ကြတဲ့ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၊ ဦးအောင်မင်း၊ ဦးခင်ရီတို့က ကျွန်တော်တို့ကို အနီးကပ် ကြီးကြပ်စောင့်ရှောက်ပါတယ်။ မြို့တော်ခန်းမအရှေ့ ရင်ပြင်တွင်ပြုလုပ်သော ပြည်ထောင်စုညစာစားပွဲကို တက်ရောက်ကြတဲ့ ကိုယ်စား လှယ်များဟာ နိုင်ငံရေးပါတီကိုယ်စားလှယ်များ၊ အသိပညာရှင်အတတ်ပညာရှင်များ၊ လူမှုအသင်းအဖွဲ့ ကိုယ်စားလှယ်များ၊ အစရှိတဲ့ ကိုယ်စားလှယ်များ (၁ဝဝဝ)ကျော် တက်ရောက်ခဲ့ပါတယ်။ သမ္မတကြီးဦးသိန်းစိန်၊ ဒု-သမ္မတများဖြစ်ကြတဲ့ ဒေါက်တာစိုင်းမောက်ခမ်း၊ ဦးဉာဏ်ထွန်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးရွှေမန်း၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့် အစရှိတဲ့ နိုင်ငံတော်ခေါင်းဆောင်များဟာ ပြည်ထောင်စုညစာစားပွဲကို တက်ရောက်ကြတဲ့ ကိုယ်စားလှယ်များကို လိုက်လံနှုတ်ဆက်ပါတယ်။ ကျွန်တော်တို့ လက်နက်ကိုင် တိုင်းရင်းသားကိုယ်စားလှယ် အစုအဖွဲ့ကို နှုတ်ဆက်ဖို့ သမ္မတကြီးနဲ့အဖွဲ့ဟာ ရောက်ရှိလာပြီးတော့ လိုက်လံနှုတ်ဆက်ပါတယ်။ အဲ့ဒီ့အချိန်မှာ သမ္မတကြီးကို ကျွန်တော်က “သမ္မတကြီးက မကြာမကြာလာပါဆိုလို့ ကျွန်တော်တို့ အခု ထပ်မံပြီးတော့ ရောက်ရှိလာပါတယ်” လို့ ကျွန်တော်ပြောဆိုနှုတ်ဆက်တော့ သမ္မတကြီးနဲ့အတူပါလာတဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးရွှေမန်းနှင့် ကျွန်တော်တို့ အပြန်အလှန်နှုတ်ဆက် စကားပြောကြပါတယ်။

ကျွန်တော့်ကို “ဖထီး ခင်ဗျားအကြောင်းဟာ စာရေးဖို့ကောင်းတယ်”၊ “ကျွန်တော်ရေးထားတာရှိပါတယ် ဥက္ကဋ္ဌကြီး”၊ “ကျွန်တော်ဖတ်ချင်တယ် ဖထီး”၊ “ကျွန်တော်အားနာပါတယ် ဥက္ကဋ္ဌကြီး”၊ “အားမနာပါနဲ့ ပေးပါ ကျွန်တော်ဖတ်ချင်တယ်”၊ “ကျွန်တော် တစ်ကယ်ဘဲအားနာပါတယ် ဥက္ကဋ္ဌကြီး”၊ “ခင်ဗျားဘာလို့ဒီလောက်တောင် အားနာနေလဲ”၊ “ကျွန်တော့်စာအုပ်က အစိုးရမကောင်းကြောင်းတွေချည်းပဲ ရေးထားတာဖြစ်နေလို့ပါ”၊ သူက အံ့သြပြီးတော့ “ဟာအဲ့ဒါမှဖတ်ချင်တယ်” ဆိုပြီးပြောတော့ သမ္မတကြီးနဲ့ နိုင်ငံတော်ခေါင်းဆောင်များဟာ သဘောကျဝိုင်းရယ်ပြီးတော့ ပွဲကျသွားပါတယ်။

ကျွန်တော်ငယ်စဉ်က ကိုကိုးကျွန်းပို့ခံရတဲ့အကြောင်းနဲ့ ကိုကိုးကျွန်းကနေ ထွက်ပြေးလွတ်မြောက်ဖို့ ကြိုးပမ်းဆောင်ရွက်ခဲ့တဲ့ အကြောင်းကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၃ဝ ကျော်က မှတ်တမ်းပြု ရေးသားခဲ့ပါတယ်။ အဲ့ဒီ့ကာလတုန်းက ငယ်ဘဝ၊ ငယ်စိတ်၊ ငယ်ခံစားချက်နဲ့ ရေးခဲ့တာမို့လို့ အစွန်းမလွတ်ခဲ့တာတွေ ရှိခဲ့ပါတယ်။ ကျွန်တော်တို့ဟာ အသက်အရွယ်၊ အတွေ့အကြုံ၊ အချိန်ကာလတွေ ဖြတ်သန်းလာခဲ့တဲ့ အခါမှာ လောကကြီးအပေါ်မှာ လူတွေအပေါ်မှာ မှန်မှန်ကန်ကန် နှလုံးသွင်းနိုင်ခဲ့ပါတယ်။ ငယ်စဉ်အခါက ဖြတ်သန်းကြုံတွေ့ခဲ့ရတာ ခါးသီး နာကျည်းစရာတွေကိုလည်း ခွင့်လွတ်သည်းခံနိုင်ခဲ့ပါတယ်။ ဒီဝေဒနာတွေကို ကုစားပြီးတော့ လွှတ်ချနိုင်ခဲ့ပါတယ်။

ကျွန်တော်တို့တိုင်းပြည်မှာ နှစ်ပေါင်း ၇ဝ ကျော်ကြာ ပဋိပက္ခနွံထဲမှာ ဖြတ်သန်းခဲ့ရတဲ့ တိုင်းပြည်တစ်ပြည် လူ့အဖွဲ့အစည်းတစ်ခုအနေနဲ့ ရန်ငြိုးရန်စတွေ အာဃာတတွေ သံသယတွေဟာ အင်မတန်ကြီးမား နက်ရှိုင်းလှပါတယ်။ ဒီဝေဒနာတွေကို သည်းခံခြင်း၊ ခွင့်လွတ်ခြင်းနဲ့သာလျှင် ကျွန်တော်တို့လူ့အဖွဲ့အစည်း ကျွန်တော်တို့တိုင်းပြည်ကို စည်းလုံးညီညွတ်တဲ့ တိုင်းပြည်တစ်ပြည် လူ့အဖွဲ့အစည်း တစ်ခုအနေနဲ့ တည်ဆောက်နိုင်မှာဖြစ်တယ်။ ပြည်သူတစ်ရပ်လုံး ဆန္ဒပြင်းပြစွာ မျှော်မှန်းတမ်းတနေတဲ့ ငြိမ်းချမ်းရေးဟာလည်း ရရှိနိုင်မှာ ဖြစ်ပါတယ်။

zawgyi version
“မန္းၿငိမ္းေမာင္ေရးတဲ့ ၿငိမ္းခ်မ္းေရးစာ” (ေဆာင္းပါး)
မန္းၿငိမ္းေမာင္(ကိုကိုးကြၽန္း) (NP News) - ေအာက္တိုဘာ ၃

ၿငိမ္းခ်မ္းေရးဟာ ျပည္သူတစ္ရပ္လုံးအတြက္ ခ်ိဳၿမိန္ေအးခ်မ္းလွပါတယ္။ ဒါေပမယ့္ လူတခ်ိဳ႕အတြက္ေတာ့ ၿငိမ္းခ်မ္းေရးဟာ ပူေလာင္ခါးသက္ပါတယ္။

၂ဝ၁၃ ခုႏွစ္၊ KNU ကရင္အမ်ိဳးသားအစည္းအ႐ုံးရဲ႕ (၁၃)ႀကိမ္ေျမာက္ ကြက္ကရက္ဟာ ျမန္မာ ျပည္ၿငိမ္းခ်မ္းေရးရရွိေစေရးအတြက္ အလွည့္အေျပာင္း တြန္းအားတစ္ခု ျဖစ္ခဲ့ပါတယ္။ ကြန္ကရက္က်င္းပစဥ္ ကာလအတြင္း KNU ဥကၠ႒ေနရာရတဲ့အတြက္ ေ႐ြး ေကာက္ခံရမယ့္ ေခါင္းေဆာင္ကို ကရင္တစ္မ်ိဳးသားလုံးသည္မကဘဲ ျမန္မာျပည္သူတစ္ရပ္လုံးက အေလးအနက္ စိတ္ဝင္တစား ေစာင့္ေမွ်ာ္ခဲ့ၾကပါတယ္။ အဲ့ဒီအခ်ိန္က သမၼတႀကီးဦးသိန္းစိန္ ဦးေဆာင္တဲ့ ႏိုင္ငံေတာ္အစိုးရအဖြဲ႕က ပိုၿပီးေတာ့ စိတ္ဝင္စားခဲ့ပါတယ္။ အတြင္းသတင္းမ်ားအရ KNU ဥကၠ႒ဟာ ဗိုလ္ခ်ဳပ္ႀကီးေစာမူတူးေစးဖိုးသာ ဥကၠ႒ေနရာကို ေ႐ြးေကာက္ခံရရင္ ႏိုင္ငံေတာ္အစိုးရနဲ႔ KNU တို႔ရဲ႕ ေတြ႕ဆုံေဆြးေႏြးေရး ၿငိမ္းခ်မ္းေရးဟာ လုံးဝေအာင္ျမင္မယ္လို႔ ႏိုင္ငံေတာ္ေခါင္းေဆာင္မ်ားက ယုံၾကည္ခဲ့ၾကတယ္လို႔ ၾကားသိခဲ့ရပါတယ္။

KNU ကြန္ကရစ္ရဲ႕ ညီလာခံေခါင္းေဆာင္ ေ႐ြးခ်ယ္တင္ေျမႇာက္ပြဲမွာ ဗိုလ္ခ်ဳပ္ႀကီးေစာမူတူးေစးဖိုးဟာ KNU ဥကၠ႒အျဖစ္ ေ႐ြးခ်ယ္တင္ေျမႇာက္ခံခဲ့ရပါတယ္။ ညီလာခံအၿပီး ေ႐ြးခ်ယ္တင္ေျမႇာက္ခံခဲ့ရတဲ့ KNU ဥကၠ႒ကို ႏိုင္ငံေတာ္သမၼတ ဦးသိန္းစိန္က အထူး ဧည့္သည္ေတာ္အျဖစ္ ဖိတ္ၾကားခဲ့ပါတယ္။ သမၼတႀကီးရဲ႕ဖိတ္ၾကားခ်က္အရ ၂ဝ၁၃ ခုႏွစ္၊ ဇန္နဝါရီလ ၅ ရက္မွာ သမၼတႀကီးရဲ႕ လယ္ေတာ အိမ္ရာမွာ KNU ဥကၠ႒နဲ႔ ကိုယ္ စားလွယ္မ်ားကို လက္ခံႀကိဳဆိုႏႈတ္ဆက္ခဲ့ပါတယ္။ သမၼတႀကီးရဲ႕ ေအာင္ေျမလယ္ ေတာအိမ္ရာက လက္ခံေတြ႕ဆုံႀကိဳဆိုပြဲမွာ သမၼတႀကီးနဲ႔အတူ ျပည္ေထာင္စုဝန္ႀကီးမ်ား ျဖစ္ၾကတဲ့ ဦးစိုးသိန္း၊ ဦးေအာင္မင္း၊ ဦးခင္ရီ၊ ဦးခင္ေမာင္စိုး၊ အျခားျပည္ေထာင္စုဝန္ႀကီးမ်ားနဲ႔ ၿငိမ္းခ်မ္းေရးအက်ိဳးေတာ္ေဆာင္အဖြဲ႕မ်ား တက္ေရာက္ခဲ့ၾကပါတယ္။ KNU ဥကၠ႒နဲ႔ ကိုယ္စားလွယ္ အဖြဲ႕ဝင္မ်ားကေတာ့ KNU အေထြေထြအတြင္းေရးမႉး ဖဒိုေစာကြယ္ထူးဝင္း(ယခု KNU ဒု-ဥကၠ႒)၊ KNU ဗဟိုအလုပ္အမႈေဆာင္မ်ား ျဖစ္ၾကတဲ့ ဖဒိုေစာေရာ္ဂ်ာခင္၊ မန္း ၿငိမ္းေမာင္၊ ေစာလွထြန္း၊ မန္းမန္းတို႔ ပါဝင္တက္ေရာက္ခဲ့ၾကပါတယ္။ လယ္ေတာအိမ္ရာေတြ႕ဆုံပြဲမွာ သမၼတႀကီး ဦးသိန္းစိန္က သူရဲ႕ျပည္ေထာင္စုဝန္ႀကီးမ်ားနဲ႔ တစ္ဦးခ်င္းမိတ္ဆက္ေပးၿပီးေတာ့ သမၼတႀကီးဟာ KNU ဥကၠ႒ႀကီးနဲ႔ ကိုယ္စားလွယ္အဖြဲ႕ကို တစ္ဦးခ်င္းလိုက္လံႏႈတ္ဆက္ပါတယ္။

သမၼတႀကီးလိုက္လံႏႈတ္ဆက္တဲ့ ကြၽန္ေတာ့္အလွည့္ေရာက္ေတာ့ သမၼတႀကီးကို လက္ဆြဲႏႈတ္ဆက္ရင္း “သမၼတႀကီးခင္ဗ်ာ၊ သမၼတႀကီး လြတ္ၿငိမ္းခ်မ္းသာခြင့္ေပးခဲ့တဲ့ မန္းၿငိမ္းေမာင္ဟာ ကြၽန္ေတာ္ပါပဲ”၊ သမၼတႀကီးက အံ့ၾသဝမ္းသာၿပီးေတာ့ မ်က္ႏွာၿပဳံး႐ႊင္သြားပါတယ္။ တစ္ကယ္က ကြၽန္ေတာ္ဟာ ႏိုင္ငံေတာ္ပုန္ကန္မႈ ပုဒ္မ ၁၂၂(၁)နဲ႔ ျပစ္ဒဏ္ ႏွစ္ ၂ဝ ခ်မွတ္ခံခဲ့ရပါတယ္။ ကြၽန္ေတာ့္ကို ၂ဝ၁၂ခုႏွစ္၊ မတ္လ ၁၃ရက္မွာ တစ္သက္တစ္ကြၽန္းခ်ခဲ့ပါတယ္။ တကယ္တမ္း ကြၽန္ေတာ္လြတ္ရမယ့္ရက္ဟာ ၂ဝ၃၂ခုႏွစ္၊ မတ္လ ၁၃ ရက္က်မွ တစ္သက္တစ္ကြၽန္းျပစ္ဒဏ္ကေန လြတ္ေျမာက္မွာျဖစ္ပါတယ္။ ဒါေပမယ့္လို႔ ၂ဝ၁၂ခုႏွစ္၊ မတ္လ ၁၆ ရက္မွာ သမၼတႀကီးရဲ႕ အထူးလြတ္ၿငိမ္း ခ်မ္းသာခြင့္အမိန႔္နဲ႔ လြတ္ေျမာက္ခဲ့ပါတယ္။ တစ္သက္ တစ္ကြၽန္းျပစ္ဒဏ္ကို (၄)ရက္ပဲက်ခံခဲ့ရပါတယ္။ တစ္ကယ္ဆိုရင္ ၂ဝ၂၃ ခုႏွစ္အထိ ေထာင္ထဲမွာေနရမယ္ဆိုရင္ အခုကြၽန္ေတာ့္ အသက္ အ႐ြယ္အရဆိုရင္ အျပင္လူ႔ျပည္ေလာကႀကီးကို ျပန္ေရာက္စရာအေၾကာင္းမရွိေတာ့ဘူး။ ေထာင္ထဲမွာဘဲ ဘဝကၿပီးဆုံးသြားမွာပါ။ ဒါေၾကာင့္မို႔ ကြၽန္ ေတာ္ဆုံးျဖတ္ခ်က္တစ္ခုခ်ခဲ့ပါတယ္။ က်န္တဲ့သက္တမ္းမွာ လူ႔အဖြဲ႕အစည္းအတြက္ တိုင္းျပည္အတြက္ တန္ဖိုးရွိတဲ့ အသက္ရွင္ေနထိုင္မႈနဲ႔ ေနထိုင္သြားမယ္လို႔ ဆုံးျဖတ္ ခ်က္ခ်ခဲ့ပါတယ္။ ဒါဟာရင္ထဲက မွန္ေသာသစၥာစကား ျဖစ္ပါတယ္။

သမၼတႀကီးနဲ႔ ေတြ႕ဆုံပြဲမွာ သမၼတႀကီးေျပာၾကားခဲ့တာကေတာ့ KNU အပါအဝင္ တိုင္း ရင္းသားအားလုံးနဲ႔ ၿငိမ္းခ်မ္းေရးရေအာင္ တည္ေဆာက္သြားမယ္၊ တိုင္းျပည္ၿငိမ္းခ်မ္းမွသာ တိုင္းျပည္ကို အဘက္ဘက္မွတိုး တက္ဖြံ႕ၿဖိဳးမွ ေဆာင္႐ြက္ႏိုင္မွာျဖစ္တယ္။ တိုင္း ရင္းသားေတြနဲ႔ ၿငိမ္းခ်မ္းေရးရရွိဖို႔ဆိုရင္ ယုံၾကည္မႈတည္ေဆာက္ဖို႔ အလြန္အေရးႀကီးပါတယ္။ ဒါေၾကာင့္မို႔လို႔ KNU ဥကၠ႒ႀကီးနဲ႔ ကိုယ္စားလွယ္ အဖြဲ႕ဟာ ကြၽန္ေတာ္တို႔နဲ႔ မၾကာမၾကာ လာေရာက္ေတြ႕ဆုံပါလို႔ ဖိတ္ၾကားခဲ့ပါတယ္။ သမၼတႀကီးက ဆက္လက္ေျပာၾကားရာမွာ ၿငိမ္းခ်မ္း ေရးတည္ေဆာက္မႈမွာ ေအာင္ျမင္ဖို႔အတြက္ တစ္ဖက္နဲ႔တစ္ဖက္ ခြင့္လႊတ္ျခင္း၊ သည္းခံျခင္းေတြ ကြၽန္ေတာ္တို႔ လက္ေတြ႕က်င့္သုံးႏိုင္မွသာ ယုံၾကည္မႈကိုတည္ေဆာက္ႏိုင္မွာ ျဖစ္တယ္၊ ၿငိမ္းခ်မ္းေရးအတြက္ ေရွ႕ကို တက္လွမ္းႏိုင္မွာျဖစ္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။ အေရးေပၚကိစၥရွိရင္လည္း အခ်ိန္မေ႐ြးလာေရာက္ပါလို႔လည္း အေလးအနက္ ဖိတ္ၾကားခဲ့ပါတယ္။

သမၼတႀကီးကိုေတြ႕ဆုံႏႈတ္ဆက္ၿပီး ေနာက္တစ္ေန႔ျဖစ္တဲ့ ၂ဝ၁၃ ခုႏွစ္၊ ဇန္နဝါရီလ ၆ ရက္မွာ KNU ဥကၠ႒ႀကီးနဲ႔ ကိုယ္စားလွယ္အဖြဲ႕ဟာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ကို သြားေရာက္ေတြ႕ဆုံ ႏႈတ္ဆက္ခဲ့ပါတယ္။ KNU ဥကၠ႒ႀကီးနဲ႔ ကိုယ္စားလွယ္အဖြဲ႕ကို တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္နဲ႔ တပ္မေတာ္ေခါင္းေဆာင္မ်ားဟာ ေဇယ်ာသီရိ ဗိမာန္ခန္းမရဲ႕ အေရွ႕မုဒ္ဦးအဝင္ဝမွာ ႀကိဳဆိုႏႈတ္ဆက္ခဲ့ပါတယ္။ ဗိုလ္ခ်ဳပ္မႉးႀကီးဟာ KNU ဥကၠ႒ႀကီးကို ေပြ႕ဖက္ႏႈတ္ဆက္ၿပီးေတာ့ KNU ေခါင္းေဆာင္ ကိုယ္စားလွယ္မ်ားကို တစ္ဦးခ်င္းႀကိဳဆိုႏႈတ္ဆက္ခဲ့ပါတယ္။ ႀကိဳဆိုႏႈတ္ဆက္မႈ ကြၽန္ေတာ့္အလွည့္ေရာက္ေတာ့ ဗိုလ္ခ်ဳပ္မႉးႀကီးက “ဖထီးခင္ဗ်ားရဲ႕အႀကံျပဳခ်က္ေတြေၾကာင့္ ၿငိမ္းခ်မ္းေရးဟာ အခုေလာက္ ျမန္ဆန္လာတာျဖစ္တယ္”လို႔ေျပာဆိုႏႈတ္ဆက္ပါတယ္။

ကြၽန္ေတာ္က “တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ခင္ဗ်ာ၊ ကြၽန္ေတာ္ကို အဲ့လိုမခ်ီးမြမ္းပါနဲ႔” လို႔ျပန္ေျပာေတာ့ ဗိုလ္ခ်ဳပ္မႉးႀကီးနဲ႔ တပ္မေတာ္ေခါင္းေဆာင္မ်ားဟာ အံ့ၾသသြားၾကပါတယ္။ “ဘာျဖစ္လို႔လဲဖထီး” လို႔ ဆက္ေျပာပါတယ္။ ကြၽန္ေတာ္က “ကာကြယ္ေရးဦးစီး ခ်ဳပ္ႀကီး ကြၽန္ေတာ့္ကို အဲ့လို ခ်ီးမြမ္းလို႔ရွိရင္ ကြၽန္ေတာ္ျပန္ေရာက္သြားရင္ ကြၽန္ေတာ့္ကိုဝိုင္းၿပီးေတာ့ ထုၾကမွာ” လို႔ ကြၽန္ေတာ္အဲ့လိုလဲ ေျပာလိုက္ေရာ ဗိုလ္ခ်ဳပ္ႀကီးနဲ႔ တပ္မေတာ္ေခါင္းေဆာင္မ်ားဟာ “ဝါး” ကနဲဆိုၿပီး သေဘာက်ၿပီး ဝိုင္းရယ္ၾကပါတယ္။ အဲ့ဒီ့တုန္းကေတာ့ ကြၽန္ေတာ္က ဗိုလ္ခ်ဳပ္မႉးႀကီးကို တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ခင္ဗ်ာလို႔ ေျပာဆိုသုံးႏႈန္းခဲ့ပါတယ္။ ဒီဘက္က ယဥ္ေက်းမႈကို သိပ္နားမလည္ေတာ့ ဘယ္လိုေျပာဆို သုံးႏႈန္းရမလဲဆိုတာ မသိခဲ့ပါဘူး။

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္နဲ႔ တပ္မေတာ္ေခါင္းေဆာင္ႀကီးမ်ား၊ KNU ဥကၠ႒ႀကီးနဲ႔ ကိုယ္စားလွယ္အဖြဲ႕ဝင္မ်ားဟာ ႏွစ္ဦးႏွစ္ဖက္ ရင္းႏွီးပြင့္လင္းေႏြးေထြးစြာ ၿငိမ္းခ်မ္းေရးအတြက္ အျပဳ သေဘာေဆာင္တဲ့ ေတြ႕ဆုံေဆြးေႏြးမႈကို ျပဳလုပ္ႏိုင္ခဲ့ပါတယ္။ ၿငိမ္းခ်မ္းေရးအတြက္ အလားအလာေကာင္းတဲ့ ေမွ်ာ္လင့္ခ်က္ေတြလည္း ရရွိခဲ့ပါတယ္။

၂ဝ၁၃ ခုႏွစ္၊ ေဖေဖာ္ဝါရီလ ၁၂ ရက္မွာ က်ေရာက္တဲ့(၆၆)ႏွစ္ေျမာက္ ျပည္ေထာင္စုေန႔ အခမ္းအနားကို တက္ ေရာက္ဖို႔ ႏိုင္ငံေတာ္အစိုးရမွ KNU ကိုဖိတ္ၾကားခဲ့ပါတယ္။ ျပည္ ေထာင္စုေန႔ ညစာစားပြဲကို KNU ကိုယ္စားလွယ္အပါအဝင္ ၿငိမ္းခ်မ္းေရးတည္ေဆာက္ေနတဲ့ EAO ကိုယ္စားလွယ္မ်ားဟာ တက္ေရာက္ ခဲ့ၾကပါတယ္။ ကြၽန္ေတာ္တို႔ တိုင္းရင္း သားကိုယ္စားလွယ္အဖြဲ႕ေတြနဲ႔အတူ ႏိုင္ငံေတာ္အစိုးရရဲ႕ ၿငိမ္းခ်မ္းေရး တည္ ေဆာက္မႈ ေခါင္းေဆာင္မ်ားျဖစ္ၾကတဲ့ ျပည္ေထာင္စုဝန္ႀကီး ဦးစိုးသိန္း၊ ဦးေအာင္မင္း၊ ဦးခင္ရီတို႔က ကြၽန္ေတာ္တို႔ကို အနီးကပ္ ႀကီးၾကပ္ေစာင့္ေရွာက္ပါတယ္။ ၿမိဳ႕ေတာ္ခန္းမအေရွ႕ ရင္ျပင္တြင္ျပဳလုပ္ေသာ ျပည္ေထာင္စုညစာစားပြဲကို တက္ေရာက္ၾကတဲ့ ကိုယ္စား လွယ္မ်ားဟာ ႏိုင္ငံေရးပါတီကိုယ္စားလွယ္မ်ား၊ အသိပညာရွင္အတတ္ပညာရွင္မ်ား၊ လူမႈအသင္းအဖြဲ႕ ကိုယ္စားလွယ္မ်ား၊ အစရွိတဲ့ ကိုယ္စားလွယ္မ်ား (၁ဝဝဝ)ေက်ာ္ တက္ေရာက္ခဲ့ပါတယ္။ သမၼတႀကီးဦးသိန္းစိန္၊ ဒု-သမၼတမ်ားျဖစ္ၾကတဲ့ ေဒါက္တာစိုင္းေမာက္ခမ္း၊ ဦးဉာဏ္ထြန္း၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္၊ ဒုတိယတပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီးစိုးဝင္း၊ ျပည္သူ႔လႊတ္ေတာ္ ဥကၠ႒ ဦးေ႐ႊမန္း၊ အမ်ိဳးသားလႊတ္ေတာ္ ဥကၠ႒ ဦးခင္ေအာင္ျမင့္ အစရွိတဲ့ ႏိုင္ငံေတာ္ေခါင္းေဆာင္မ်ားဟာ ျပည္ေထာင္စုညစာစားပြဲကို တက္ေရာက္ၾကတဲ့ ကိုယ္စားလွယ္မ်ားကို လိုက္လံႏႈတ္ဆက္ပါတယ္။ ကြၽန္ေတာ္တို႔ လက္နက္ကိုင္ တိုင္းရင္းသားကိုယ္စားလွယ္ အစုအဖြဲ႕ကို ႏႈတ္ဆက္ဖို႔ သမၼတႀကီးနဲ႔အဖြဲ႕ဟာ ေရာက္ရွိလာၿပီးေတာ့ လိုက္လံႏႈတ္ဆက္ပါတယ္။ အဲ့ဒီ့အခ်ိန္မွာ သမၼတႀကီးကို ကြၽန္ေတာ္က “သမၼတႀကီးက မၾကာမၾကာလာပါဆိုလို႔ ကြၽန္ေတာ္တို႔ အခု ထပ္မံၿပီးေတာ့ ေရာက္ရွိလာပါတယ္” လို႔ ကြၽန္ေတာ္ေျပာဆိုႏႈတ္ဆက္ေတာ့ သမၼတႀကီးနဲ႔အတူပါလာတဲ့ ျပည္သူ႔လႊတ္ေတာ္ဥကၠ႒ ဦးေ႐ႊမန္းႏွင့္ ကြၽန္ေတာ္တို႔ အျပန္အလွန္ႏႈတ္ဆက္ စကားေျပာၾကပါတယ္။

ကြၽန္ေတာ့္ကို “ဖထီး ခင္ဗ်ားအေၾကာင္းဟာ စာေရးဖို႔ေကာင္းတယ္”၊ “ကြၽန္ေတာ္ေရးထားတာရွိပါတယ္ ဥကၠ႒ႀကီး”၊ “ကြၽန္ေတာ္ဖတ္ခ်င္တယ္ ဖထီး”၊ “ကြၽန္ေတာ္အားနာပါတယ္ ဥကၠ႒ႀကီး”၊ “အားမနာပါနဲ႔ ေပးပါ ကြၽန္ေတာ္ဖတ္ခ်င္တယ္”၊ “ကြၽန္ေတာ္ တစ္ကယ္ဘဲအားနာပါတယ္ ဥကၠ႒ႀကီး”၊ “ခင္ဗ်ားဘာလို႔ဒီေလာက္ေတာင္ အားနာေနလဲ”၊ “ကြၽန္ေတာ့္စာအုပ္က အစိုးရမေကာင္းေၾကာင္းေတြခ်ည္းပဲ ေရးထားတာျဖစ္ေနလို႔ပါ”၊ သူက အံ့ၾသၿပီးေတာ့ “ဟာအဲ့ဒါမွဖတ္ခ်င္တယ္” ဆိုၿပီးေျပာေတာ့ သမၼတႀကီးနဲ႔ ႏိုင္ငံေတာ္ေခါင္းေဆာင္မ်ားဟာ သေဘာက်ဝိုင္းရယ္ၿပီးေတာ့ ပြဲက်သြားပါတယ္။

ကြၽန္ေတာ္ငယ္စဥ္က ကိုကိုးကြၽန္းပို႔ခံရတဲ့အေၾကာင္းနဲ႔ ကိုကိုးကြၽန္းကေန ထြက္ေျပးလြတ္ေျမာက္ဖို႔ ႀကိဳးပမ္းေဆာင္႐ြက္ခဲ့တဲ့ အေၾကာင္းကို လြန္ခဲ့တဲ့ ႏွစ္ေပါင္း ၃ဝ ေက်ာ္က မွတ္တမ္းျပဳ ေရးသားခဲ့ပါတယ္။ အဲ့ဒီ့ကာလတုန္းက ငယ္ဘဝ၊ ငယ္စိတ္၊ ငယ္ခံစားခ်က္နဲ႔ ေရးခဲ့တာမို႔လို႔ အစြန္းမလြတ္ခဲ့တာေတြ ရွိခဲ့ပါတယ္။ ကြၽန္ေတာ္တို႔ဟာ အသက္အ႐ြယ္၊ အေတြ႕အႀကဳံ၊ အခ်ိန္ကာလေတြ ျဖတ္သန္းလာခဲ့တဲ့ အခါမွာ ေလာကႀကီးအေပၚမွာ လူေတြအေပၚမွာ မွန္မွန္ကန္ကန္ ႏွလုံးသြင္းႏိုင္ခဲ့ပါတယ္။ ငယ္စဥ္အခါက ျဖတ္သန္းႀကဳံေတြ႕ခဲ့ရတာ ခါးသီး နာက်ည္းစရာေတြကိုလည္း ခြင့္လြတ္သည္းခံႏိုင္ခဲ့ပါတယ္။ ဒီေဝဒနာေတြကို ကုစားၿပီးေတာ့ လႊတ္ခ်ႏိုင္ခဲ့ပါတယ္။

ကြၽန္ေတာ္တို႔တိုင္းျပည္မွာ ႏွစ္ေပါင္း ၇ဝ ေက်ာ္ၾကာ ပဋိပကၡႏြံထဲမွာ ျဖတ္သန္းခဲ့ရတဲ့ တိုင္းျပည္တစ္ျပည္ လူ႔အဖြဲ႕အစည္းတစ္ခုအေနနဲ႔ ရန္ၿငိဳးရန္စေတြ အာဃာတေတြ သံသယေတြဟာ အင္မတန္ႀကီးမား နက္ရႈိင္းလွပါတယ္။ ဒီေဝဒနာေတြကို သည္းခံျခင္း၊ ခြင့္လြတ္ျခင္းနဲ႔သာလွ်င္ ကြၽန္ေတာ္တို႔လူ႔အဖြဲ႕အစည္း ကြၽန္ေတာ္တို႔တိုင္းျပည္ကို စည္းလုံးညီၫြတ္တဲ့ တိုင္းျပည္တစ္ျပည္ လူ႔အဖြဲ႕အစည္း တစ္ခုအေနနဲ႔ တည္ေဆာက္ႏိုင္မွာျဖစ္တယ္။ ျပည္သူတစ္ရပ္လုံး ဆႏၵျပင္းျပစြာ ေမွ်ာ္မွန္းတမ္းတေနတဲ့ ၿငိမ္းခ်မ္းေရးဟာလည္း ရရွိႏိုင္မွာ ျဖစ္ပါတယ္။

Picture

Ko Moe

03/09/2022 16:14

သည်းခံခြင်း ခွင့်လွတ်ခြင်းမရှိလျှင် မောင်နှမအရင်းပင်လျှင် ငြိမ်းချမ်းဖို့ မဖြစ်နိုင်ပါဘူး ခင်ဗျာ။

Related news

© 2021. All rights reserved.