“ခုံရုံး စွပ်စွဲပြစ်တင်ရေးဖြစ်စဉ်အတွင်း ရှာဖွေတွေ့ရှိတဲ့ ဂျာအေးသူ့အမေရိုက် ဥပဒေများ” (ဆောင်းပါး)

 695

ရဲထွန်း (သီပေါ) (NP News) - အောက်တိုဘာ ၄

ပြည်သူ့လွှတ်တော်ဆိုင်ရာဥပဒေ ပုဒ်မ ၂ (စ)
“ပြည်ထောင်စုအဆင့်အဖွဲ့အစည်းဆိုသည်မှာ၊ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖွဲ့စည်းသော ပြည်ထောင်စုအစိုးရအဖွဲ့ ၊ အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၊ ဘဏ္ဍာရေးကော်မရှင်၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင် ရာခုံရုံး၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ ပြည်ထောင်စုစာရင်းစစ်ချုပ်နှင့် ပြည် ထောင်စုရာထူးဝန်အဖွဲ့တို့ကိုလည်းကောင်း၊ ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ် တော်နှင့် အမျိုးသားလွှတ်တော်တို့က ဖွဲ့စည်းသည့် ကော်မတီ၊ ကော်မရှင်နှင့်အဖွဲ့တို့ကိုလည်းကောင်းဆိုသည်။”

အထက်မှာဖော်ပြထားတဲ့ ပြဋ္ဌာန်းချက်ကို ပြည်သူ့လွှတ်တော်ဆိုင်ရာဥပဒေတစ်ခုတည်းမှာသာမကဘဲ၊ ပြည်ထောင်စု လွှတ်တော်ဆိုင်ရာဥပဒေနဲ့ အမျိုးသားလွှတ်တော်ဆိုင်ရာဥပဒေတွေမှာပါ ထည့်သွင်းပြဋ္ဌာန်းထားတဲ့အပြင်၊ ပြည်ထောင်စုရှေ့နေချုပ်ဥပဒေနဲ့ ပြည်ထောင်စု စာရင်းစစ်ချုပ်ဥပဒေတွေမှာလည်း ထည့်သွင်းပြဋ္ဌာန်းထားပါတယ်။

ဒီပြဋ္ဌာန်းချက်ဟာ နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ (နအဖ) က ၂ဝဝ၈ ခုနှစ်အခြေခံဥပဒေအရ ပေါ်ပေါက်လာတော့မည့် နိုင်ငံတော်အဖွဲ့အစည်းတွေအတွက် အဆင်သင့်အသုံးပြုနိုင်အောင်ရည်ရွယ်ပြီး ၂ဝ၁၂ ခုနှစ် အောက်တိုဘာလ ၂၁ ရက်နေ့စွဲနဲ့ ထုတ်ပြန်ကြေငြာပြဋ္ဌာန်းလိုက်တဲ့ ဥပဒေနဲ့ နည်းပဒေပြဋ္ဌာန်းချက် (၂၂) ခုထဲက (၅) ခုထဲမှာ ပါဝင်နေတဲ့ပြဋ္ဌာန်းချက်ပါ။

ကျွန်တော့်အမြင်အရကတော့ အခြေခံဥပဒေမှာ ထည့်သွင်းဖို့ ကျန်နေရစ်ခဲ့လို့ ဥပဒေများမှာ ထည့်သွင်းအဓိပ္ပာယ်ဖွင့်ဆိုတာလို့ဘဲယူဆပါတယ်။ ဒါ့အပြင် ပြည်သူ့လွှတ်တော်ဆိုင်ရာဥပဒေ အခန်း ၅၊ လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယ ဥက္ကဋ္ဌ ခေါင်းစဉ်ပါ အခန်းထဲက ပုဒ်မ ၁၇ မှာ
“ဥက္ကဋ္ဌ သို့မဟုတ် ဒုတိယဥက္ကဋ္ဌသည် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းတစ်ရပ်ရပ်တွင် တာဝန်ပေးအပ်ခြင်းခံရပါက ဥက္ကဋ္ဌ သို့မဟုတ် ဒုတိယ ဥက္ကဋ္ဌအဖြစ်မှ နှုတ်ထွက်ပြီးဖြစ် သည်ဟု မှတ်ယူရမည်။”

ဒီပြဋ္ဌာန်းချက်က အမျိုးသားလွှတ်တော်ဆိုင်ရာဥပဒေ ပုဒ်မ ၁၇ မှာလည်း ပြဋ္ဌာန်းထားပါတယ်။ ဒီပုဒ်မ ၁၇ နဲ့ အထက်မှာဖော်ပြခဲ့တဲ့ ပုဒ်မ ၂ (စ) အရဆိုရင် လွှတ်တော် ဥက္ကဋ္ဌနဲ့ ဒုတိယ ဥက္ကဋ္ဌတွေဟာ ‘လွှတ်တော်အသီသီးက ဖွဲ့စည်းထားတဲ့ ကော်မတီ၊ ကော်မရှင်နဲ့ အဖွဲ့များ အပါအဝင် မည်သည့် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းတစ်ရပ်ရပ်မှာမှ တာ ဝန်ထမ်းဆောင်လို့မရဘူး။ တာဝန်ထမ်းဆောင်တာနဲ့ ဥက္ကဋ္ဌ သို့မဟုတ် ဒုတိယ ဥက္ကဋ္ဌ တာဝန်က နှုတ်ထွက်ပြီး ဖြစ်တယ်လို့ မှတ်ယူရမှာဖြစ်ပါတယ်။

ဒီအထိကတော့ ပြဿနာမရှိသေးပါ။ ဒါပေမဲ့ ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေနဲ့ အမျိုးသားလွှတ်တော်ဆိုင်ရာ နည်းဥပဒေ၊ လွှတ်တော်အခွင့်အရေးကော်မတီဆိုတဲ့ အခန်း (၁ဝ) ပုဒ်မ ၅၄ မှာ...
“လွှတ်တော်အခွင့်အရေးကော်မတီကို ၁၅ ဦးထက်မပိုသော လွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းရမည်။ ယင်းသို့ဖွဲ့စည်းရာတွင် လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ သည်၊ ရာထူးအလျောက် ကော်မတီ၏ ဥက္ကဋ္ဌ အဖြစ်ဆောင်ရွက်ရမည်”

ဒီနည်းဥပဒေပြဌာန်းချက်အရ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်တို့ရဲ့ ဒုတိယ ဥက္ကဋ္ဌတွေဟာ အလိုအလျောက် လွှတ်တော်အခွင့်အရေးကော်မတီရဲ့ ဥက္ကဋ္ဌတွေဖြစ်လာကြမယ်။ တနည်းပြောရရင် ပုဒ်မ ၂ (စ) အရ ပြည်ထောင်စုအဆင့် အဖွဲ့အစည်း တစ်ရပ်ရဲ့ ဥက္ကဋ္ဌတွေဖြစ်လာကြပါလိမ့်မယ်။ ဒါဆိုရင် ပုဒ်မ ၁၇ အရ ဒုတိယ ဥက္ကဋ္ဌ တာဝန်ကနေ နှုတ်ထွက် ကြရပါလိမ့်မယ်။

အဲဒီပြဋ္ဌာန်းချက်တွေအရ ဥပဒေ၊ နည်းဥပဒေတွေနဲ့ အညီလုပ်ဆောင်နေမယ်ဆိုရင်တော့ လွှတ်တော်သာ သက်တမ်းကုန်သွားမယ်။ ဘယ်သူမှ လွှတ်တော်အခွင့်အရေးကော်မတီရဲ့ ဥက္ကဋ္ဌ အဖြစ်တာဝန်ထမ်းဆောင်လိုက်ရတော့မှာ မဟုတ်ပါဘူး။ လွှတ် တော် ဒုတိယဥက္ကဋ္ဌ ဖြစ်လိုက်တာနဲ့ အလိုအလျောက် လွှတ်တော်အခွင့်အရေးကော်မတီရဲ့ ဥက္ကဋ္ဌဖြစ်မယ်။ လွှတ်တော်အခွင့်အရေးကော်မတီဝင်ဖြစ်လိုက်တာနဲ့ ပုဒ်မ ၂ (စ) အရ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းဝင်ဖြစ်မယ်။ ပြည်ထောင်စုအဖွဲ့အစည်းဝင်ဖြစ်သွားရင် ပုဒ်မ ၁၇ အရ ဒုတိယ ဥက္ကဋ္ဌ အဖြစ်ကနေ နှုတ်ထွက်၊ ဒုတိယ ဥက္ကဋ္ဌ တာဝန်က နှုတ်ထွက်လိုက်တာနဲ့ လွှတ်တော် အခွင့်အရေးကော်မတီ ဥက္ကဋ္ဌ အဖြစ်ကနေပြုတ်၊ ဂျာအေး သူ့အမေရိုက်၊ မုံ့လုံးစက္ကူကပ် ပေါ့ဗျာ။ ချာလပတ်ကို လည်နေတော့မှာ၊ ရီလည်း ရီရပါတယ်။

အဲဒီမှာတင် လွှတ်တော်က ဖွဲ့စည်းထားတဲ့ ကော်မတီ၊ ကော်မရှင်နဲ့ အဖွဲ့တွေကို ပြည် ထောင်စုအဆင့်အဖွဲ့အစည်းများလို့ အခြားအုပ်ချုပ်ရေးဆိုင်ရာ၊ တရားစီရင်ရေးဆိုင်ရာ၊ ရွေးကောက်ပွဲဆိုင်ရာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းတွေနဲ့ အတန်းအစားတစ်ခုထဲ (The same category) အတူထားလိုက်တာရဲ့ အားနည်းချက်ကို ရှင်းရှင်းကြီးမြင် လိုက်ရပါတယ်။

“ရေလိုက်ငါးလိုက် အများကြိုက်နေမလား၊ ကိုယ်မှန်တယ်လို့ယူဆတဲ့အတိုင်းပြောမလား”

ဒါကြောင့် ဒီပြဿနာကို ပြေလည်အောင်ဖြေရှင်းလိုတယ်ဆိုရင် “ပြည်ထောင်စုလွှတ် တော်၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့ကဖွဲ့စည်းထားသည့် ကော်မတီ၊ ကော်မရှင်နှင့်အဖွဲ့တို့ကို ပြည်ထောင်စုအဆင့် လွှတ်တော်ဆိုင်ရာအဖွဲ့အစည်းးများဖြစ်ကြသည်”ဆိုပြီး သက်ဆိုင်ရာ ဥပဒေတွေမှာ ပြင်ဆင်ပြဋ္ဌာန်းလိုက်ရင် မူလက ရည်ညွှန်းထားတဲ့ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများဆိုတာတွေနဲ့လည်း ကွဲကွဲပြားပြားဖြစ်သွားမယ်။ နောက်ပြီး တိုင်းဒေသကြီးလွှတ်တော်နဲ့ ပြည်နယ်လွှတ်တော်တွေက ဖွဲ့စည်းထားတဲ့ ကော်မတီ၊ ကော်မရှင်နဲ့ အဖွဲ့တွေကိုလည်း တိုင်းဒေသကြီး/ ပြည်နယ်အဆင့် လွှတ်တော်ဆိုင်ရာအဖွဲ့အစည်းများလို့ အဓိပ္ပာယ်ဖွင့်ဆိုလိုက်ရင် အဆင့်အတန်းကို လည်းဖော်ပြပြီးဖြစ်၊ အခြားအဖွဲ့အစည်းတွေနဲ့လည်း ကွဲကွဲပြားပြားဖြစ်သွားပါလိမ့်မယ်။ ဒါဆိုရင် အခြေခံဥပဒေဆိုင်ရာ ခုံရုံးဆုံးဖြတ်ချက်ကို မှားတယ်၊ မှန်တယ်လည်း အငြင်း ပွားစရာမလိုတော့သလို၊ ခုံရုံးရဲ့ဆုံးဖြတ်ချက် မပျက်ပြယ်ရင်လည်း အရေးမကြီးတော့တာကြောင့် ခုံရုံးကို စွပ်စွဲပစ်တင်စရာလည်း မလိုတော့ပါဘူး။

ဒါပေမဲ့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကတော့ ခုံရုံးဥက္ကဋ္ဌနဲ့ တစ်ဖွဲ့လုံးကို စွပ်စွဲပြစ်တင်ဖြုတ်ချဖို့ ဆုံးဖြတ်ထားပြီး ဖြစ်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်အများစုကလည်း သူတို့ဟာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များဖြစ်တာကြောင့် ပြည်ထောင်စုအဆင့်ဆိုတာ အငြင်းပွားစရာမလိုပါလျက်နဲ့ လွှတ်တော်ကဖွဲ့စည်းထားတဲ့ ကော်မတီ၊ ကော်မ ရှင်နဲ့ အဖွဲ့တွေကို ပြည်ထောင်စုအဆင့်အဖွဲ့အစည်းလို့ အဓိပ္ပာယ်ဖွင့်ဆိုတာဟာ အခြေ ခံဥပဒေနဲ့မညီဘူးလို့ ဆုံးဖြတ်တဲ့အပေါ်မှာ တော်တော် စိတ်ဆိုးဒေါသထွက်နေကြတာပါ။ ဒီလိုအခြေအနေအောက်မှာ တင်ပြမဲ့ ကျွန်တော့်အမြင်ကိုအများက လက်ခံနိုင်ကြပါ့မလား။ လွှတ်တော် ဥက္ကဋ္ဌကကော ကြည်ဖြူပါ့မလား။ ကျွန်တော် စဉ်းစားရပါပြီ။ အဲဒီညက တော်တော် နဲ့ အိပ်မပျော်တာ အမှတ်ရနေမိပါတယ်။

နောက်ဆုံးမှာတော့ ကျွန်တော်ဟာ ပါတီစွဲ၊ လူမျိုးစွဲ၊ အယူဝါဒစွဲ၊ ပုဂ္ဂိုလ်စွဲ ၊ ဂိုဏ်းဂဏစွဲ မရှိတဲ့ အချက်အလက်မှ အမှန်ရှာသူ (I’m a seeker of truth from facts) သာဖြစ်တယ်ဆိုတာ ပြတ်ပြတ်သားသားဆုံးဖြတ်ချက်ချလိုက်ပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်လိုက် ပါတော့တယ်။

ဒါကြောင့် ကျွန်တော်ဟာ ၂၇-၈-၂ဝ၁၂ ရက် (တနင်္လာနေ့) ပြည်ထောင်စုလွှတ်တော်မှာ ပျော်ဘွယ် ဦးမြင့်စိုး တင်သွင်းတဲ့ “ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးသည် မှားယွင်းစွာဆောင်ရွက်ခဲ့မိကြောင်း ကြေငြာချက်ထုတ်ပြန်ပေးရေး” အရေးကြီးအဆိုကို ဆွေးနွေးတဲ့အခါ ကျွန်တော့်ရဲ့အမြင်ကို ပြောပြဖို့ဆုံးဖြတ်လိုက်ပါတယ်။ ကျွန်တော်တွေ့ရှိတဲ့ အ ချက်အလက် အတိုချုပ်ကိုလည်း ၄-၅ ရွက်ပရင့်ထုတ်ပြီး လွှတ်တော်ထဲက အချို့ကို ပေး ဖတ်လိုက်ပါတယ်။ သူရဦးအောင်ကို ကိုပေးလိုက်တဲ့စာရွက်ကို ဒေါ်အောင်ဆန်းစုကြည်က တောင်းယူလိုက်တာကြောင့် ကျွန်တော့်ဆီက နောက်တရွက်ထပ်လာယူပါတယ်။ NDF ပါတီဒုတိယ ဥက္ကဋ္ဌ ဦးစိုးဝင်းကို ပေးလိုက်တာလည်း ကျွန်တော်မှတ်မိပါတယ်။ သူတို့က သိပ်စိတ်ဝင်စားကြပြီး လွှတ်တော် ဥက္ကဋ္ဌကို သွားပြကြပါတယ်။ Street View ဂျာနယ်က အသိသတင်းထောက်ကိုတော့ ကျွန်တော်ဆောင်းပါးရေးပို့နေကြ အီးမေးလ်ကတဆင့် ပို့လိုက်ပါပြီ။

အဲဒီနောက်မှာတော့ လွှတ်တော်ထဲက ကျွန်တော့်ရဲ့လွတ်လပ်စွာပြောဆိုခွင့်တွေဟာ ပညာသားပါပါ ပိတ်ဆို့ခံရပါတော့တယ်။

zawgyi version
“ခုံ႐ုံး စြပ္စြဲျပစ္တင္ေရးျဖစ္စဥ္အတြင္း ရွာေဖြေတြ႕ရွိတဲ့ ဂ်ာေအးသူ႔အေမ႐ိုက္ ဥပေဒမ်ား” (ေဆာင္းပါး)
ရဲထြန္း (သီေပါ) (NP News) - ေအာက္တိုဘာ ၄

ျပည္သူ႔လႊတ္ေတာ္ဆိုင္ရာဥပေဒ ပုဒ္မ ၂ (စ)
“ျပည္ေထာင္စုအဆင့္အဖြဲ႕အစည္းဆိုသည္မွာ၊ ဖြဲ႕စည္းပုံအေျခခံဥပေဒအရ ဖြဲ႕စည္းေသာ ျပည္ေထာင္စုအစိုးရအဖြဲ႕ ၊ အမ်ိဳးသား ကာကြယ္ေရးႏွင့္ လုံၿခဳံေရးေကာင္စီ၊ ဘ႑ာေရးေကာ္မရွင္၊ ျပည္ေထာင္စုတရားလႊတ္ေတာ္ခ်ဳပ္၊ ႏိုင္ငံေတာ္ ဖြဲ႕စည္းပုံအေျခခံဥပေဒဆိုင္ ရာခုံ႐ုံး၊ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္၊ ျပည္ေထာင္စုစာရင္းစစ္ခ်ဳပ္ႏွင့္ ျပည္ ေထာင္စုရာထူးဝန္အဖြဲ႕တို႔ကိုလည္းေကာင္း၊ ျပည္ေထာင္စုလႊတ္ေတာ္၊ ျပည္သူ႔လႊတ္ ေတာ္ႏွင့္ အမ်ိဳးသားလႊတ္ေတာ္တို႔က ဖြဲ႕စည္းသည့္ ေကာ္မတီ၊ ေကာ္မရွင္ႏွင့္ အဖြဲ႕တို႔ကိုလည္းေကာင္းဆိုသည္။”

အထက္မွာေဖာ္ျပထားတဲ့ ျပ႒ာန္းခ်က္ကို ျပည္သူ႔လႊတ္ေတာ္ဆိုင္ရာဥပေဒတစ္ခုတည္းမွာသာမကဘဲ၊ ျပည္ေထာင္စု လႊတ္ေတာ္ဆိုင္ရာဥပေဒနဲ႔ အမ်ိဳးသားလႊတ္ေတာ္ဆိုင္ရာဥပေဒေတြမွာပါ ထည့္သြင္းျပ႒ာန္းထားတဲ့အျပင္၊ ျပည္ေထာင္စုေရွ႕ေနခ်ဳပ္ဥပေဒနဲ႔ ျပည္ေထာင္စု စာရင္းစစ္ခ်ဳပ္ဥပေဒေတြမွာလည္း ထည့္သြင္းျပဌာန္းထားပါတယ္။

ဒီျပ႒ာန္းခ်က္ဟာ ႏိုင္ငံေတာ္ေအးခ်မ္းသာယာေရးႏွင့္ဖြံ႕ၿဖိဳးေရးေကာင္စီ (နအဖ) က ၂ဝဝ၈ ခုႏွစ္အေျခခံဥပေဒအရ ေပၚေပါက္လာေတာ့မည့္ ႏိုင္ငံေတာ္အဖြဲ႕အစည္းေတြအတြက္ အဆင္သင့္အသုံးျပဳႏိုင္ေအာင္ရည္႐ြယ္ၿပီး ၂ဝ၁၂ ခုႏွစ္ ေအာက္တိုဘာလ ၂၁ ရက္ေန႔စြဲနဲ႔ ထုတ္ျပန္ေၾကျငာျပ႒ာန္းလိုက္တဲ့ ဥပေဒနဲ႔ နည္းပေဒျပ႒ာန္းခ်က္ (၂၂) ခုထဲက (၅) ခုထဲမွာ ပါဝင္ေနတဲ့ျပ႒ာန္းခ်က္ပါ။

ကြၽန္ေတာ့္အျမင္အရကေတာ့ အေျခခံဥပေဒမွာ ထည့္သြင္းဖို႔ က်န္ေနရစ္ခဲ့လို႔ ဥပေဒမ်ားမွာ ထည့္သြင္းအဓိပၸာယ္ဖြင့္ဆိုတာလို႔ဘဲယူဆပါတယ္။ ဒါအျပင္ ျပည္သူ႔လႊတ္ေတာ္ဆိုင္ရာဥပေဒ အခန္း ၅၊ လႊတ္ေတာ္ဥကၠ႒ႏွင့္ ဒုတိယ ဥကၠ႒ ေခါင္းစဥ္ပါ အခန္းထဲက ပုဒ္မ ၁၇ မွာ
“ဥကၠ႒ သို႔မဟုတ္ ဒုတိယဥကၠ႒သည္ ျပည္ေထာင္စုအဆင့္အဖြဲ႕အစည္းတစ္ရပ္ရပ္တြင္ တာဝန္ေပးအပ္ျခင္းခံရပါက ဥကၠ႒ သို႔မဟုတ္ ဒုတိယ ဥကၠ႒အျဖစ္မွ ႏႈတ္ထြက္ၿပီးျဖစ္ သည္ဟု မွတ္ယူရမည္။”

ဒီျပ႒ာန္းခ်က္က အမ်ိဳးသားလႊတ္ေတာ္ဆိုင္ရာဥပေဒ ပုဒ္မ ၁၇ မွာလည္း ျပ႒ာန္းထားပါတယ္။ ဒီပုဒ္မ ၁၇ နဲ႔ အထက္မွာေဖာ္ျပခဲ့တဲ့ ပုဒ္မ ၂ (စ) အရဆိုရင္ လႊတ္ေတာ္ ဥကၠ႒နဲ႔ ဒုတိယ ဥကၠ႒ေတြဟာ ‘လႊတ္ေတာ္အသီသီးက ဖြဲ႕စည္းထားတဲ့ ေကာ္မတီ၊ ေကာ္မရွင္နဲ႔ အဖြဲ႕မ်ား အပါအဝင္ မည္သည့္ ျပည္ေထာင္စုအဆင့္အဖြဲ႕အစည္းတစ္ရပ္ရပ္မွာမွ တာ ဝန္ထမ္းေဆာင္လို႔မရဘူး။ တာဝန္ထမ္းေဆာင္တာနဲ႔ ဥကၠ႒ သို႔မဟုတ္ ဒုတိယ ဥကၠ႒ တာဝန္က ႏႈတ္ထြက္ၿပီး ျဖစ္တယ္လို႔ မွတ္ယူရမွာျဖစ္ပါတယ္။

ဒီအထိကေတာ့ ျပႆနာမရွိေသးပါ။ ဒါေပမဲ့ ျပည္သူ႔လႊတ္ေတာ္ဆိုင္ရာ နည္းဥပေဒနဲ႔ အမ်ိဳးသားလႊတ္ေတာ္ဆိုင္ရာ နည္းဥပေဒ၊ လႊတ္ေတာ္အခြင့္အေရးေကာ္မတီဆိုတဲ့ အခန္း (၁ဝ) ပုဒ္မ ၅၄ မွာ...
“လႊတ္ေတာ္အခြင့္အေရးေကာ္မတီကို ၁၅ ဦးထက္မပိုေသာ လႊတ္ေတာ္ကိုယ္စားလွယ္မ်ားျဖင့္ ဖြဲ႕စည္းရမည္။ ယင္းသို႔ဖြဲ႕စည္းရာတြင္ လႊတ္ေတာ္ ဒုတိယ ဥကၠ႒ သည္၊ ရာထူးအေလ်ာက္ ေကာ္မတီ၏ ဥကၠ႒ အျဖစ္ေဆာင္႐ြက္ရမည္”

ဒီနည္းဥပေဒျပဌာန္းခ်က္အရ ျပည္သူ႔လႊတ္ေတာ္နဲ႔ အမ်ိဳးသားလႊတ္ေတာ္တို႔ရဲ႕ ဒုတိယ ဥကၠ႒ေတြဟာ အလိုအေလ်ာက္ လႊတ္ေတာ္အခြင့္အေရးေကာ္မတီရဲ႕ ဥကၠ႒ေတြျဖစ္လာၾကမယ္။ တနည္းေျပာရရင္ ပုဒ္မ ၂ (စ) အရ ျပည္ေထာင္စုအဆင့္ အဖြဲ႕အစည္း တစ္ရပ္ရဲ႕ ဥကၠ႒ေတြျဖစ္လာၾကပါလိမ့္မယ္။ ဒါဆိုရင္ ပုဒ္မ ၁၇ အရ ဒုတိယ ဥကၠ႒ တာဝန္ကေန ႏႈတ္ထြက္ ၾကရပါလိမ့္မယ္။

အဲဒီျပ႒ာန္းခ်က္ေတြအရ ဥပေဒ၊ နည္းဥပေဒေတြနဲ႔ အညီလုပ္ေဆာင္ေနမယ္ဆိုရင္ေတာ့ လႊတ္ေတာ္သာ သက္တမ္းကုန္သြားမယ္။ ဘယ္သူမွ လႊတ္ေတာ္အခြင့္အေရးေကာ္မတီရဲ႕ ဥကၠ႒ အျဖစ္တာဝန္ထမ္းေဆာင္လိုက္ရေတာ့မွာ မဟုတ္ပါဘူး။ လႊတ္ ေတာ္ ဒုတိယဥကၠ႒ ျဖစ္လိုက္တာနဲ႔ အလိုအေလ်ာက္ လႊတ္ေတာ္အခြင့္အေရးေကာ္မတီရဲ႕ ဥကၠ႒ျဖစ္မယ္။ လႊတ္ေတာ္အခြင့္အေရးေကာ္မတီဝင္ျဖစ္လိုက္တာနဲ႔ ပုဒ္မ ၂ (စ) အရ ျပည္ေထာင္စုအဆင့္အဖြဲ႕အစည္းဝင္ျဖစ္မယ္။ ျပည္ေထာင္စုအဖြဲ႕အစည္းဝင္ျဖစ္သြားရင္ ပုဒ္မ ၁၇ အရ ဒုတိယ ဥကၠ႒ အျဖစ္ကေန ႏႈတ္ထြက္၊ ဒုတိယ ဥကၠ႒ တာဝန္က ႏႈတ္ထြက္လိုက္တာနဲ႔ လႊတ္ေတာ္ အခြင့္အေရးေကာ္မတီ ဥကၠ႒ အျဖစ္ကေနျပဳတ္၊ ဂ်ာေအး သူ႔အေမ႐ိုက္၊ မုံ႔လုံးစကၠဴကပ္ ေပါ့ဗ်ာ။ ခ်ာလပတ္ကို လည္ေနေတာ့မွာ၊ ရီလည္း ရီရပါတယ္။

အဲဒီမွာတင္ လႊတ္ေတာ္က ဖြဲ႕စည္းထားတဲ့ ေကာ္မတီ၊ ေကာ္မရွင္နဲ႔ အဖြဲ႕ေတြကို ျပည္ ေထာင္စုအဆင့္အဖြဲ႕အစည္းမ်ားလို႔ အျခားအုပ္ခ်ဳပ္ေရးဆိုင္ရာ၊ တရားစီရင္ေရးဆိုင္ရာ၊ ေ႐ြးေကာက္ပြဲဆိုင္ရာ ျပည္ေထာင္စုအဆင့္ အဖြဲ႕အစည္းေတြနဲ႔ အတန္းအစားတစ္ခုထဲ (The same category) အတူထားလိုက္တာရဲ႕ အားနည္းခ်က္ကို ရွင္းရွင္းႀကီးျမင္ လိုက္ရပါတယ္။

“ေရလိုက္ငါးလိုက္ အမ်ားႀကိဳက္ေနမလား၊ ကိုယ္မွန္တယ္လို႔ယူဆတဲ့အတိုင္းေျပာမလား”

ဒါေၾကာင့္ ဒီျပႆနာကို ေျပလည္ေအာင္ေျဖရွင္းလိုတယ္ဆိုရင္ “ျပည္ေထာင္စုလႊတ္ ေတာ္၊ ျပည္သူ႔လႊတ္ေတာ္ႏွင့္ အမ်ိဳးသားလႊတ္ေတာ္တို႔ကဖြဲ႕စည္းထားသည့္ ေကာ္မတီ၊ ေကာ္မရွင္ႏွင့္အဖြဲ႕တို႔ကို ျပည္ေထာင္စုအဆင့္ လႊတ္ေတာ္ဆိုင္ရာအဖြဲ႕အစည္းးမ်ားျဖစ္ၾကသည္”ဆိုၿပီး သက္ဆိုင္ရာ ဥပေဒေတြမွာ ျပင္ဆင္ျပ႒ာန္းလိုက္ရင္ မူလက ရည္ၫႊန္းထားတဲ့ ျပည္ေထာင္စုအဆင့္အဖြဲ႕အစည္းမ်ားဆိုတာေတြနဲ႔လည္း ကြဲကြဲျပားျပားျဖစ္သြားမယ္။ ေနာက္ၿပီး တိုင္းေဒသႀကီးလႊတ္ေတာ္နဲ႔ ျပည္နယ္လႊတ္ေတာ္ေတြက ဖြဲ႕စည္းထားတဲ့ ေကာ္မတီ၊ ေကာ္မရွင္နဲ႔ အဖြဲ႕ေတြကိုလည္း တိုင္းေဒသႀကီး/ ျပည္နယ္အဆင့္ လႊတ္ေတာ္ဆိုင္ရာအဖြဲ႕အစည္းမ်ားလို႔ အဓိပၸာယ္ဖြင့္ဆိုလိုက္ရင္ အဆင့္အတန္းကို လည္းေဖာ္ျပၿပီးျဖစ္၊ အျခားအဖြဲ႕အစည္းေတြနဲ႔လည္း ကြဲကြဲျပားျပားျဖစ္သြားပါလိမ့္မယ္။ ဒါဆိုရင္ အေျခခံဥပေဒဆိုင္ရာ ခုံ႐ုံးဆုံးျဖတ္ခ်က္ကို မွားတယ္၊ မွန္တယ္လည္း အျငင္း ပြားစရာမလိုေတာ့သလို၊ ခုံ႐ုံးရဲ႕ဆုံးျဖတ္ခ်က္ မပ်က္ျပယ္ရင္လည္း အေရးမႀကီးေတာ့တာေၾကာင့္ ခုံ႐ုံးကို စြပ္စြဲပစ္တင္စရာလည္း မလိုေတာ့ပါဘူး။

ဒါေပမဲ့ ျပည္သူ႔လႊတ္ေတာ္ ဥကၠ႒ကေတာ့ ခုံ႐ုံးဥကၠ႒နဲ႔ တစ္ဖြဲ႕လုံးကို စြပ္စြဲျပစ္တင္ျဖဳတ္ခ်ဖို႔ ဆုံးျဖတ္ထားၿပီး ျဖစ္ပါတယ္။ လႊတ္ေတာ္ကိုယ္စားလွယ္အမ်ားစုကလည္း သူတို႔ဟာ ျပည္ေထာင္စုလႊတ္ေတာ္ကိုယ္စားလွယ္မ်ားျဖစ္တာေၾကာင့္ ျပည္ေထာင္စုအဆင့္ဆိုတာ အျငင္းပြားစရာမလိုပါလ်က္နဲ႔ လႊတ္ေတာ္ကဖြဲ႕စည္းထားတဲ့ ေကာ္မတီ၊ ေကာ္မ ရွင္နဲ႔ အဖြဲ႕ေတြကို ျပည္ေထာင္စုအဆင့္အဖြဲ႕အစည္းလို႔ အဓိပၸာယ္ဖြင့္ဆိုတာဟာ အေျခ ခံဥပေဒနဲ႔မညီဘူးလို႔ ဆုံးျဖတ္တဲ့အေပၚမွာ ေတာ္ေတာ္ စိတ္ဆိုးေဒါသထြက္ေနၾကတာပါ။ ဒီလိုအေျခအေနေအာက္မွာ တင္ျပမဲ့ ကြၽန္ေတာ့္အျမင္ကိုအမ်ားက လက္ခံႏိုင္ၾကပါ့မလား။ လႊတ္ေတာ္ ဥကၠ႒ကေကာ ၾကည္ျဖဴပါ့မလား။ ကြၽန္ေတာ္ စဥ္းစားရပါၿပီ။ အဲဒီညက ေတာ္ေတာ္ နဲ႔ အိပ္မေပ်ာ္တာ အမွတ္ရေနမိပါတယ္။

ေနာက္ဆုံးမွာေတာ့ ကြၽန္ေတာ္ဟာ ပါတီစြဲ၊ လူမ်ိဳးစြဲ၊ အယူဝါဒစြဲ၊ ပုဂၢိဳလ္စြဲ ၊ ဂိုဏ္းဂဏစြဲ မရွိတဲ့ အခ်က္အလက္မွ အမွန္ရွာသူ (I’m a seeker of truth from facts) သာျဖစ္တယ္ဆိုတာ ျပတ္ျပတ္သားသားဆုံးျဖတ္ခ်က္ခ်လိုက္ၿပီး ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္လိုက္ ပါေတာ့တယ္။

ဒါေၾကာင့္ ကြၽန္ေတာ္ဟာ ၂၇-၈-၂ဝ၁၂ ရက္ (တနလၤာေန႔) ျပည္ေထာင္စုလႊတ္ေတာ္မွာ ေပ်ာ္ဘြယ္ ဦးျမင့္စိုး တင္သြင္းတဲ့ “ဖြဲ႕စည္းပုံအေျခခံဥပေဒဆိုင္ရာခုံ႐ုံးသည္ မွားယြင္းစြာေဆာင္႐ြက္ခဲ့မိေၾကာင္း ေၾကျငာခ်က္ထုတ္ျပန္ေပးေရး” အေရးႀကီးအဆိုကို ေဆြးေႏြးတဲ့အခါ ကြၽန္ေတာ့္ရဲ႕အျမင္ကို ေျပာျပဖို႔ဆုံးျဖတ္လိုက္ပါတယ္။ ကြၽန္ေတာ္ေတြ႕ရွိတဲ့ အ ခ်က္အလက္ အတိုခ်ဳပ္ကိုလည္း ၄-၅ ႐ြက္ပရင့္ထုတ္ၿပီး လႊတ္ေတာ္ထဲက အခ်ိဳ႕ကို ေပး ဖတ္လိုက္ပါတယ္။ သူရဦးေအာင္ကို ကိုေပးလိုက္တဲ့စာ႐ြက္ကို ေဒၚေအာင္ဆန္းစုၾကည္က ေတာင္းယူလိုက္တာေၾကာင့္ ကြၽန္ေတာ့္ဆီက ေနာက္တ႐ြက္ထပ္လာယူပါတယ္။ NDF ပါတီဒုတိယ ဥကၠ႒ ဦးစိုးဝင္းကို ေပးလိုက္တာလည္း ကြၽန္ေတာ္မွတ္မိပါတယ္။ သူတို႔က သိပ္စိတ္ဝင္စားၾကၿပီး လႊတ္ေတာ္ ဥကၠ႒ကို သြားျပၾကပါတယ္။ Street View ဂ်ာနယ္က အသိသတင္းေထာက္ကိုေတာ့ ကြၽန္ေတာ္ေဆာင္းပါးေရးပို႔ေနၾက အီးေမးလ္ကတဆင့္ ပို႔လိုက္ပါၿပီ။

အဲဒီေနာက္မွာေတာ့ လႊတ္ေတာ္ထဲက ကြၽန္ေတာ့္ရဲ႕လြတ္လပ္စြာေျပာဆိုခြင့္ေတြဟာ ပညာသားပါပါ ပိတ္ဆို႔ခံရပါေတာ့တယ္။

Related news

© 2021. All rights reserved.